မြင့်သိန်းကြူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အတွင်း နိုင်ငံခြားသားဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တရားရုံးမှာ တရားစွဲဆိုလိုက်ကြောင်း၊ အမှုမှာ ထောင်ဒဏ် ၅ နှစ်ထိ ကျခံနိုင် ကြောင်း မေလ ၁၄ ရက်နေ့ ည ဗွီအိုအေသတင်းမှာ ကြားလိုက်ရပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦး ဉာဏ်ဝင်းက အိမ်အတွင်း၌ရောက်သူ အမေရိကန်နိုင်ငံသားရဲ့ ရူး ကြောင်ကြောင် လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဟုတ်ကောင်းဟုတ် မှာပါ။ ဒါပေမယ့် ဒီလိုကြားရတဲ့အချိန်မှာ ကျနော်ခံစားမိတာကတော့ ဦးဉာဏ်ဝင်းရဲ့ ပြောဆိုချက်အပေါ် စိတ်ပျက်စွာနဲ့ အန်အယ်လ်ဒီက ဦး ဆောင်သူအပေါ် အားကိုးချင်စိတ် နည်းလာတာပါပဲ။
ဘာဖြစ်လို့လဲဆိုရင် ဒီလိုပြောဆိုချက်က စစ်အစိုးရရဲ့ လုပ်ရပ်ဟာ တ ရားဝင်အပြစ်ဆိုစရာမရှိ မှန်ကန်တယ်လို့ ထုတ်မပြောသော်လည်း ပြောသလို သဘောသက်ရောက်နေပါ တယ်။ တဆက်တည်း လက်ခံတွေ့ဆုံသူ (တကယ်တွေ့ဆုံသလား ကျနော်သေချာမသိပါ) ဒေါ်အောင်ဆန်း စုကြည်ကို မှားသလို အထင်ရောက်စေပါတယ်။
ကျနော့်အထင်တော့ အရူးဝင်ဝင်၊ အကောင်းဝင်ဝင် တာဝန်ရှိသူက စစ်အစိုးရပါ။ ရူးတဲ့သူဖြစ်ဖြစ် ဒေါ်အောင် ဆန်းစုကြည်ကို ကြည်ညိုတဲ့သူဖြစ်ဖြစ် အထဲကိုဝင်တွေ့ချင်တာ စကားပြောဆိုချင်တာ အပြစ်ဆိုစရာမရှိပါ။ လူ သားတယောက်ရဲ့ အခွင့်အရေးပါ။ အတွေ့မခံစေချင်ရင် တားမြစ်ရမှာက စစ်အစိုးရပါ။ အဲဒီလိုတားမြစ်ဖို့လည်း စစ်အစိုးရက လုံခြုံရေးတာဝန်ယူထားတာပါ။ ဒါကြောင့် တစုံတယောက် တိတ်တဆိတ် အိမ်ထဲဝင်ရောက်မှုမှာ တရားခံဟာ စစ်အစိုးရသာလျှင်ဖြစ်ပါတယ်။
လူတွေ အိမ်ခြံဝင်းထဲ မ၀င်ရအောင် တားမြစ်ထားတာဟာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ပါ၊ လူတွေလာမတွေ့ ရအောင်လည်း ဒေါ်အောင်ဆန်းစုကြည်က တားမြစ်မထားပါ။ ဒါဆိုရင် အိမ်ထဲကို တစုံတယောက် ၀င်လာရင် (ရိုးသားစွာဖြစ်စေ မရိုးသားစွာဖြစ်စေ) နအဖကို အကြောင်းကြားနေစရာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်မ ရှိပါ။ ဒါကြောင့် ဒီကိစ္စဟာ မလိုလားအပ်တဲ့ ကိစ္စဖြစ်ရင်လည်း စစ်အစိုးရရဲ့ တာဝန်သာဖြစ်တယ်။ စစ်အစိုးရကို အပြစ်ဆိုစရာသာဖြစ်တယ်။
ဒီကိစ္စဟာ သွေးရိုးသားရိုးလို့ ကျနော်တော့ လုံးဝမယူဆပါဘူး။ မပြေးသော် ကန်ရာရှိဆိုသလို အခြေအနေနဲ့ အချိန်အခါက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေပါတယ်။ ကလိန်ကကျစ်ဉာဏ်နဲ့ ရက်စက်လော်မာထားတာပါ။ အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးကတောင် ဘာအကြောင်းပြချက်မှမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ် ပေးဖို့တောင်းဆိုတာပါ။ ဒါနဲ့တောင် စစ်အစိုးရကို အပြစ်ဆိုစရာမဟုတ်သလို ပြောဆိုဖြေကြားနေတာဟာ အန် အယ်လ်ဒီရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ် ဟုတ်မှဟုတ်ပါ့မလားလို့ သံသယရှိချင်စရာပါ။
ယုတ်စွအဆုံး အခုကိစ္စနဲ့ပတ်သက်ပြီး စစ်အစိုးရပြောသမျှ အမှန်တွေချည်းဆိုဦးတော့ တလျှောက်လုံး မတရား သဖြင့်ပြုမူနေတာက သူတို့သာဖြစ်တယ်။ ဥပဒေတွေအမျိုးမျိုးထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူ အပေါ် မတရား အနိုင်ကျင့်နေတာသာဖြစ်တယ်။ အခုအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရဖို့ ရက် သတ္တတပတ်သာ လိုတော့တာဖြစ်သလို၊ ဖမ်းချုပ်ထားတာကိုယ်နှိုက်က လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုး ဖောက်ထားတာဖြစ်ပါတယ်။
အန်အယ်လ်ဒီနဲ့ အတိုက်အခံတို့အနေနဲ့ ဒါကိုသာလျှင် စွဲစွဲမြဲမြဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ သူတို့အာဏာမြဲနေသရွေ့ ဆက်လက်တည်မြဲနေဖို့အတွက် နောင်လည်း ဒါမျိုးတွေဖြစ်ဦးမှာပါ။ မတရားမှုကို ဆန့်ကျင်တော်လှန်ဖို့ ဒီလိုကိစ္စမျိုးပေါ်ပေါက်တဲ့ ဒီအချိန်အခါဟာ အခွင့်ကောင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထု မ ခံမရပ်နိုင်မှု မြင့်တက်နေချိန်မှာ အန်အယ်လ်ဒီက ဦးဆောင်ပဲ့ကိုင်ပြီး ရဲရဲရင့်ရင့် ချီတက်တော်လှန်ရမှာ ဖြစ်ပါ တယ်။
၂၀၀၉ ခုနှစ်မှာ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပေါ်စေဖို့ ဒီဖြစ်ရပ်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နိုင်ငံတ ကာရဲ့ ခံစားချက်ကလည်း ပြည်သူတွေနဲ့ တသားထဲဖြစ်နေတဲ့အချိန်ပါ။ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိ အရ ဆုပ်ကိုင်နိုင်ပါစေလို့ပဲ ကျနော့်အနေနဲ့ မျှော်လင့်ဆုတောင်းမိပါတယ်။
မြင့်သိန်းကြူ
၁၅.၅.၂၀၀၉
Friday, May 15, 2009
ဦးဉာဏ်ဝင်းရဲ့ စိတ်ပျက်ဖွယ်ရာ နှုတ်ထွက်စကားများနဲ့ အပြောင်းအလဲအတွက် အားတက်ဖွယ်ဖြစ်ရပ်
Subscribe to:
Post Comments (Atom)
1 comment:
အားကိုးရမလားလို့ ရှေ့နေခေါ်ပါတယ် သူ့ကို ထောင်ထဲက လူက ပြန်အားပေးနေရတယ်ဆိုမှတော့ ဒါကို ဂုဏ်ယူစရာ မီဒီယာကို ချပြောနေသေးတယ်
Post a Comment