ဓာတ်ပုံ - ကိုလတ်
မြန်မာနှစ်ဆန်းတရက်နေ့ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က မယ်တော်ဆေးခန်းတွင် န၀မအကြိမ်မြောက် စု ပေါင်းသက်ကြီးပူဇော်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ စုပေါင်းသက်ကြီးပူဇော်ပွဲသို့ မဲဆောက်ဒေ သရောက် ရွှေ့ပြောင်းအလုပ်သမား မိသားစုဝင်များမှ မိဘဘိုးဘွားများ၊ မယ်တော်ဆေးခန်း မိသားစုဝင်များမှ မိဘဘိုးဘွားများ၊ မဲဆောက်ဒေသရှိ တော်လှန်ရေးအဖွဲ့အစည်း မိသားစုဝင်များမှ မိဘဘိုးဘွားများ၊ ဒေသခံ ထိုင်းရွာသူကြီးနှင့်တကွ စုစုပေါင်းဘိုးဘွား ၃၀၀ ကျော် တက်ရောက်ပူဇော်ကန်တော့ခံခဲ့ပါသည်။ (န၀မအ ကြိမ်မြောက် စုပေါင်းသက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအတွက် မယ်တော်ဆေးခန်း၊ မဲဆောက်ဒေသရှိ အဖွဲ့ အ စည်းများ၊ မဲဆောက်ဒေသရှိ မြန်မာနိုင်ငံသားအလုပ်သမားများ၊ Japan, Australia, USA, Canadar နိုင်ငံ ရောက် မျိုးချစ်မြန်မာနိုင်ငံသားများ၏ လှူဒါန်းငွေများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်)
မဲဆောက်မြို့ သင်္ကြန်ဇာဏီမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မှု
No comments:
Post a Comment