Saturday, April 25, 2009
ပက်ခြင်မပြည့်တဲ့လမ်း
အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်
ကောင်းကင်က
မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်
မီးရထားဘီးတွေက
သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်။
မလှဲဘူး
လွှင့်တုန်းပါပဲ
အလံလည်း အသံတွေဝင်လို့
စွဲစွဲမြဲမြဲ ချစ်စိတ်မပြယ်။
ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်
မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်
ခုလည်း … တိုင်းပြည်က ပြေးပြန်တယ်။
အ၀င်ဆိုးလိုက်တာ …
အ၀င်ဆိုးလိုက်တာ … …
အ၀င်ဆိုးလိုက်တာ … … …
ငရဲမှာ ပြဒါးဖမ်းကြ
ငရဲမှာ အပ်ပျောက်ရှာကြ။
တမွန်းတည့်မကတဲ့ခေတ်
တရားသဖြင့်
ပန်းတို့ပွင့်ရန် …
အို ... အသင်ဒေ၀ဒတ်
သံသရာအဆက်ဆက်
ခြစ်ရာများ
ချစ်ခဲ့တယ်။ ။
သစ်ကောင်းအိမ်
Subscribe to:
Post Comments (Atom)
2 comments:
သေသေချာချာ ပြုစုသိမ်းဆည်းထား ဆရာလွဏ်းရေ။
ကျနော်တို့ ခေတ်ရဲ့ မြန်မာကဗျာတွေ။
ကောင်းလိုက်တာအကိုရေ။ ခိုက်တယ်ဗျာ။
Post a Comment