မင်္ဂလာပါ ...
ကျနော် ဒီမေးလ်ကို ရေးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ရိုဟင်ဂျာဆိုတဲ့ နိုင်ငံခြားသားတွေအရေးကို ရခိုင် တိုင်းရင်းသားတွေအရေးထက် ပိုမိုထောက်ခံဖော်ပြနေတဲ့ ဒေါက်တာလွဏ်းဆွေဘလော့ဂ် (အမှန်အတိုင်း ပြောရရင် ဒီတစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရေးဝက်ဘ်ဆိုက် အားလုံးပါပါတယ်) ကို ဖတ်ဖြစ်တဲ့အ တွက်ကြောင့်ပါ။ နိုင်ငံတကာက ဒီရိုဟင်ဂျာဆိုသူတွေကို ဘယ်လောက်ပဲ အလေးပေး ဖော်ပြဖော်ပြ၊ ဒီလိုမြန် မာဘာသာနဲ့ တင်ထားတဲ့ မြန်မာနိုင်ငံဒီမိုကရေစီအတွက် ဆောင်ရွက်နေတဲ့ မျိုးချစ်ဆိုတဲ့ ဘလော့ဂ်တွေက ရ ခိုင်တိုင်းရင်းသားတွေ ဘယ်လိုဘယ်ပုံ ဒုက္ခရောက်နေတယ်ဆိုတာကို နည်းနည်းလေးမှ မဖော်ပြဘဲ ဒီတိုင်းတ ပါးက ကျူးကျော်ဝင်ရောက်လာတဲ့ ဒီရိုဟင်ဂျာဆိုသူတွေရဲ့ အရေးကို နအဖကို ဆန့်ကျင်ရုံသက်သက် ဘယ် သူ့အကျိုးကိုမှမကြည့် ထောက်ပံ့ကြေးရရင်ပြီးရော တင်ပြနေတာကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။
ဒီရိုဟင်ဂျာဆိုသူတွေအရေးကိစ္စမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒကို နည်းနည်းလေးမှ ဖော်ပြခြင်းမပြုဘဲ ရို ဟင်ဂျာဆိုသူတွေကို ဒီလောက်ထောက်ပံ့ ပြောဆိုနေတယ်ဆိုတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒ ကို လုံးဝမျက်ကွယ်ပြု အရေးမဆိုက် မဖက်မလုပ်တဲ့ သဘောပါပဲ။ အဲဒီနေရာမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသား တွေ ဘယ်လိုနေထိုင်နေကြရတယ်၊ ဘယ်လိုကနေ ဘယ်လိုကြောင့် ဒီလိုမျိုးအခြေအနေမျိုးတွေထိ ဖြစ်လာ တယ်ဆိုတာကို လုံးဝမဖော်ပြဘဲ ဒီရိုဟင်ဂျာဆိုသူတွေကို ဒီလောက်ထောက်ခံအားပေးနေတယ်ဆိုတော့ ဒီ ၀က်ဘ်ဆိုက်တွေဟာ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားမပြုတော့ဘူးလို့ဘဲ ယူဆပါတယ်။
အခုလို ဖော်ပြနေပုံတွေက အဲဒီဒေသမှာ ရိုဟင်ဂျာဆိုသူတွေပဲ ဒုက္ခခံနေကြရပြီး ရခိုင်လူမျိုးတွေကျတော့ ဒုက္ခ မရောက်တဲ့ ပုံစံမျိုးနဲ့ ရခိုင်လူမျိုးတွေရဲ့ အရေးကို လုံးဝကို ဖော်ပြခြင်းမပြုပါဘူး။ သူတို့ဘာသူတို့ ဘယ်ဘာ သာပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် သူတို့ရဲ့ နေရပ်ရင်းဟာ ရခိုင်ပြည်မဟုတ်ပါဘူး ရခိုင်တွေ မဟုတ်ပါဘူး။ ဘင်္ဂ လားဒေ့ရှ်ကပါ။ ဘင်္ဂလီတွေပါ။
ပြီးတော့ ကမ္ဘာပေါ်မှာ ဒီနိုင်ငံမှာမွေးတိုင်း ဒီနိုင်ငံသားမဖြစ်တဲ့ နိုင်ငံတွေ အများကြီးပါ။ လူသားချင်းစာနာစိတ်နဲ့ ဖော်ပြတယ်ဆိုရင်တောင်မှ ရခိုင်လူမျိုးတွေလည်း ဘယ်လိုဒုက္ခရောက်နေတယ်ဆိုတာပါ ဖော်ပြရမှာပေါ့။ မြန် မာပြည်နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုနှင့်အတူ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသကဲ့သို့ ရို ဟင်ဂျာများသည် ရသင့်ရထိုက်သည့် အခွင့်အရေးထက် ပိုမိုရရှိရန် ခြေပုန်းခုတ်နေကြပါတယ်။
မြန်မာပြည်နိုင်ငံရေး အကျပ်အတည်းကို အခွင့်ကောင်းယူ၍ တချို့လူမျိုးများ ဥပမာ “၀” လူမျိုးများသည် နအ ဖနှင့်ပေါင်း၍ မြန်မာတိုင်းရင်းသားအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ရရှိရန် ရှမ်းလူမျိုးများကို ခြေတော်တင် မျိုးဖျောက်ရင်း လူပါးဝနေကြသလို တချို့လူမျိုးများကလည်း ဒီမိုကရေစီအုပ်စုများနှင့်ပေါင်း၍ ဒီမိုကရေစီအုပ် စုများကို အသုံးချကာ တကယ်ဖြစ်ခဲ့သည့် သမိုင်းအမှန်များကို ပြောင်းပစ်ရန် ကြိုးစားနေကြကြောင်း၊ တချို့ မြန်မာသမိုင်းမှာ တခါမှ ပြည်နယ်မရှိခဲ့သည့်လူမျိုးများကလည်း ပြည်နယ်ရယူဖို့ လက်ခမောင်းခတ်နေကြပါ တယ်။
ဒါတွေကိုစဉ်းစားသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ ပိုက်ဆံရတိုင်းသာ ရေးနေမယ်ဆိုရင်တော့ ဒီပြည်ပရောက် ဒီ မိုကရေစီအင်အားစုတွေကို ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ နည်းသထက်နည်းလာပြီး နောက်ဆုံး အာဖျံကွီး တွေအဆင့်ကိုသာ ရောက်သွားပါလိမ့်မယ်။
လေးစားလျက် ...
ရခိုင်လူငယ်တစ်ဦး
ရခိုင်လူငယ်တစ်ဦးခင်ဗျား …
စိတ်ထဲ မကြေမလည် ခံစားနေရတဲ့ အကြောင်းကိစ္စတချို့နဲ့ ပတ်သက်ပြီး အခုလို တကူးတက စာရေးသားပေး ပို့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပထမဦးဆုံးအနေနဲ့ “ကျနော့်ရဲ့ဘလော့ဂ်မှာ ရို ဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အလေးပေးဖော်ပြနေတယ်” ဆိုတဲ့ ပေးစာပါ စွပ်စွဲချက်အပေါ် ရှင်းလင်းဖြေကြား လိုပါတယ်။
ရခိုင်လူငယ်တဦးအနေနဲ့ ကျနော့်ရဲ့ဘလော့ဂ်ကို သေသေချာချာ လေ့လာဖတ်ရှုဖြစ်ခဲ့မယ်ဆိုရင် ကျနော့်ရဲ့ဘ လော့ဂ်မှာ နေ့စဉ် သတင်းမီဒီယာဝက်ဘ်ဆိုက်တွေက တင်ဆက်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းပေါင်း စုံ စုဆောင်းဖော်ပြပေးနေတာကို သိရှိပြီးဖြစ်မယ်လို့ ယူဆပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ကျနော့်ရဲ့ဘ လော့ဂ်မှာ တင်ဆက်ပေးခဲ့တာတွေဟာလည်း အဆိုပါ သတင်းမီဒီယာဝက်ဘ်ဆိုက်တွေမှာ တက်လာတဲ့ သ တင်းပေါင်းစုံကို စုဆောင်းတင်ဆက်ပေးခြင်းထဲက အစိတ်အပိုင်းတခုမျှသာ ဖြစ်ပါတယ်။ တခြားလူမျိုးစုတွေရဲ့ အရေးကိစ္စသတင်းများဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ ဘလော့ဂ်ရဲ့အာဘော် တခုမှ မပါပါ။
ကျနော့်ရဲ့ ဘလော့ဂ်အီးမေးလ် (lunswe@gmail.com) သို့ ရောက်ရှိလာတဲ့ ကဗျာ၊ ၀တ္ထု၊ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးစာမူများကိုသာ ဘလော့ဂ်ရဲ့စာမူများအဖြစ် ဖော်ပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဲသလို အီး မေးလ်မှတဆင့် ရောက်ရှိလာတဲ့ စာမူတွေထဲမှာ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်းပါးပေါင်း မြောက်မြားစွာ လက်ခံရရှိခဲ့ပေမယ့် ဘလော့ဂ်စာမူအနေနဲ့ တပုဒ်တလေမျှ ဖော်ပြတင်ဆက်ပေးခြင်း မရှိခဲ့ပါ။ အကြောင်းက တော့ … ကျနော့်ရဲ့ဘလော့ဂ်ဟာ လူမျိုးစုတစုချင်းစီ (ရိုဟင်ဂျာကို လူမျိုးစုအဖြစ် မြန်မာနိုင်ငံသားအဖြစ် လက် ခံသည်ဖြစ်၊ လက်မခံသည်ဖြစ်စေ) ရဲ့ အရေးကိစ္စနဲ့ ပတ်သက်တဲ့ စာမူတွေကို ဇောင်းပေးဖော်ပြနေတဲ့ ဘ လော့ဂ်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စစ်အာဏာရှင်စနစ် အောက်မှ ပြိုင်တူလွတ်မြောက်ရေးကို ဦးတည်ရေးသားတဲ့ အကြောင်းအရာတွေကိုသာ ဦးစားပေးဖော်ပြခဲ့၊ ဖော်ပြနေတဲ့ ဘလော့ဂ်ဖြစ်လို့ပါပဲ (စစ်အာဏာရှင်စနစ်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး စစ်မှန်တဲ့ ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်မှသာ ရခိုင်လူငယ်တစ်ဦးရဲ့ ပေးစာမှာ ဆွေးနွေးထားတဲ့ ပြဿနာအ၀၀ကို စ နစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ပါ)။ ဒီလောက်ဆိုရင် ကျနော့်ရဲ့ ဘလော့ဂ်က ရိုဟင်ဂျာအ ရေး အလေးပေး ဖော်ပြနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး သံသယရှင်းလောက်ပြီလို့ ယူဆပါတယ်။
ဒုတိယတချက်အနေနဲ့ “ရခိုင်လူမျိုးတွေအရေးကျတော့ မဖော်ပြဘူး” ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြားလိုပါ တယ်။ ရခိုင်လူငယ်တစ်ဦးအနေနဲ့ ရခိုင်ရေးရာသတင်းတွေကို ရိုဟင်ဂျာသတင်းတွေလိုပဲ ဝေေ၀ဆာဆာ ဖတ် ရှုလိုတယ်ဆိုရင် ကျနော့်ဘလော့ဂ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာသတင်းတွေ စုဆောင်းတင်ဆက်ပေးတဲ့ “မြန် မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍမှာ ပါလာမှပဲ ဖတ်ရှုရဖို့ရှိပါတယ်။ အဲဒီလို ဖတ်ရှုရဖို့ဆိုတာကလည်း ရိုဟင် ဂျာသတင်းတွေကို သတင်းမီဒီယာတွေက စိတ်ဝင်တစား ဝေေ၀ဆာဆာ ဖော်ပြသလို ရခိုင်ရေးရာသတင်းတွေ ကိုလည်း သတင်းမီဒီယာတွေ စိတ်ဝင်တစားနဲ့ ဝေေ၀ဆာဆာ ဖော်ပြလာအောင် ရခိုင်လူငယ်တစ်ဦးလို စိတ် အားထက်သန်သူတွေက ၀ိုင်းဝန်းကြိုးပမ်းကြဖို့လိုမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် သတင်းကိုယ်နှိုက်က မီဒီယာ တွေ စိတ်ဝင်တစား ဖော်ပြချင်လောက်အောင် ဆွဲဆောင်မှုရှိဖို့ လိုမယ်လို့လည်း ထင်ပါတယ်၊
တတိယအချက်အနေနဲ့ “ပိုက်ဆံရတိုင်းသာ ရေးသားနေမယ်ဆိုရင်တော့” ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဖြေ ကြားလိုပါတယ်။ တခြားသတင်းမီဒီယာများ ပိုက်ဆံဘယ်လိုရနေလဲ၊ ပိုက်ဆံရလို့ ရေးသားနေကြတာလား ဆို တာတော့ ကျနော် ခရေစေ့တွင်းကျ သိရှိတဲ့ ကိစ္စမဟုတ်လို့ ထင်မြင်ချက်မပေးလိုပါ။ ကျနော်ရဲ့ဘလော့ဂ်နဲ့ ပတ်သက်ပြီး ကျနော်အာမခံနိုင်တဲ့ ကိစ္စကိုသာ ပြောကြားလိုပါတယ်။ ကျနော့်ရဲ့ ဘလော့ဂ်ဟာ ဂူဂဲလ် (Google) ရဲ့ ကျေးဇူးကြောင့် အခမဲ့ ရေးသားတင်ဆက်ခွင့်ရနေတဲ့ မီဒီယာတခုဖြစ်ပါတယ်။ အဲသလို အခမဲ့ တင်ဆက်ခွင့်ရနေတဲ့အပေါ် ခါးညောင်းခံ၊ ဇက်ကြောတက်ခံ၊ မျက်စိပျက် အိပ်ရေးပျက် အလုပ်ပျက်ခံကာ မြန်မာပြည်ဒီမိုကရေစီရရှိရေးဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီး တစိုက်မတ်မတ် လုပ်ဆောင်နေ ခြင်းမျှသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ထို့အတွက် ကျနော့်ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ ကိုက်ညီ တဲ့ မည်သည့်စာမူကိုမဆို တံစို့လက်ဆောင် ပေးစရာမလိုဘဲ အခမဲ့ ဖော်ပြပေးနေမှာဖြစ်သလို ကျနော့်ယုံ ကြည်ချက်၊ ရပ်တည်ချက်နဲ့ မကိုက်ညီတဲ့ စာမူဆိုရင်လည်း ဘယ်လိုဖိအားမျိုးပဲပေးပေး ဖော်ပြပေးမှာမဟုတ် ကြောင်း အသိပေးပြောကြားလိုပါတယ်။
တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
Sunday, April 19, 2009
ရခိုင်လူငယ်တစ်ဦးရဲ့ ပေးစာအပေါ် ပြန်ကြားချက် (၁၈-၄-၀၉)
Subscribe to:
Post Comments (Atom)
12 comments:
ဆရာလွမ်းဆွေရဲ့ ဖြေရှင်းချက် သိပ်ကောင်းပါတယ်။
Yes i agreed with Thanhtut .
မီဒီယာဆို တာ စိတ်ခံစားချက်ကို ရှေ့တန်းတင် လုပ်ရတာမျိုး မဟုတ်ကြောင်း ရခိုင်လူငယ်တစ်ဦး သိပါစေ။ဒေါက်တာလွဏ်းဆွေရေ ဒီလို စွပ်စွလာတဲ့ လူတွေ ရှိမှ ကိုယ့် ယူဆချက် ရှင်းလင်းပြတ်သား ကြောင်း ပြောခွင့် ရတာ သူတို့ကို ကျေဇူးတင်လိုက်။
စိတ်မပျက်နဲ့ ။်အမှန်တရားရဲ့ ဘက်တော်သားတွေ အများကြီး အားပေးနေတယ်။
မီဒီယာဆို တာ စိတ်ခံစားချက်ကို ရှေ့တန်းတင် လုပ်ရတာမျိုး မဟုတ်ကြောင်း ရခိုင်လူငယ်တစ်ဦး သိပါစေ။ဒေါက်တာလွဏ်းဆွေရေ ဒီလို စွပ်စွဲလာတဲ့ လူတွေ ရှိမှ ကိုယ့် ယူဆချက် ရှင်းလင်းပြတ်သား ကြောင်း ပြောခွင့် ရတာ သူတို့ကို ကျေဇူးတင်လိုက်။
စိတ်မပျက်နဲ့ ။်အမှန်တရားရဲ့ ဘက်တော်သားတွေ အများကြီး အားပေးနေတယ်။
မီဒီယာဆို တာ စိတ်ခံစားချက်ကို ရှေ့တန်းတင် လုပ်ရတာမျိုး မဟုတ်ကြောင်း ရခိုင်လူငယ်တစ်ဦး သိပါစေ။ဒေါက်တာလွဏ်းဆွေရေ ဒီလို စွပ်စွလာတဲ့ လူတွေ ရှိမှ ကိုယ့် ယူဆချက် ရှင်းလင်းပြတ်သား ကြောင်း ပြောခွင့် ရတာ သူတို့ကို ကျေဇူးတင်လိုက်။
စိတ်မပျက်နဲ့ ။်အမှန်တရားရဲ့ ဘက်တော်သားတွေ အများကြီး အားပေးနေတယ်။
ရခိုင် အမျိုးသားရေးဆိုင်ရာ တွေကိုစိတ်ဝင်စားပါတယ်။ သမိုင်းအစဉ်လာ၊ ယဉ်ကျေးမှုအစဉ်လာကြီးမားခဲ့လို့လဲ သိပ်လေးစားမိပါတယ်။ ရိုဟင်ဂျာအရေး တွေ သတင်းစာမျက်နှာတွေပေါ်နေရာယူလာတဲ့ အခါမှာ ရိုဟင်ဂျာတွေအတွက် အနည်းနှင့်အများဆိုသလို အကျိုးမြတ်ဖြစ်ထွန်းတယ်လို့ သုံးသပ်မိပါတယ်။ သတင်းစာမျက်နှာတွေပေါ်မှာ ရိုဟင်ဂျာအရေးကို ရေးသားလာတဲ့အခါ ရခိုင်အမျိုးသားတွေအတွက်ရော ၊ ရိုဟင်ဂျာတွေအတွက်ပါ မီဒီယာအသုံးချနိုင်မှု အခွင့်အရေးဟာ ဆတူရှိနေပါတယ်။ ဒါဟာ ရခိုင်အမျိုးသားတွေအတွက် သိပ်ကောင်းတဲ့အခွင့်ရေး လို့မြင်တယ်။ ဒါပေမယ့် ထင်သလို အသုံးမချတတ်ပါလားလို့ ဘဲတည့်တည့်ပြောချင်တယ်။
နာမည်ကြီး အင်တာနက် သတင်းဌာန တစ်ခုမှာ အင်္ဂလန်ရောက် ဆရာတော်တစ်ပါးရဲ့ အင်တာဗျူးတစ်ခု ကိုအပြင်လူအနေနှင့် သုံးသပ်မိပါတယ်။ ရခိုင်အမျိုးသားရေးစိတ်ကိုလေးစားပါတယ်။ ဒါပေသိ ထက်ကနဲဆို ဟိုဟိုဒီဒီ အပြစ်တင်တဲ့အခါမှာ၊ ရခိုင်တွေဟာ ထိုင်းတွေလိုဘဲ တစ်နေရာထဲ၊ လူမျိုးတစ်မျိုးထဲ ကို ထိပ်ဆုံးအဖြစ် လက်ညိုးထိုးတတ်နေပါသေးတယ်။ လက်ရှိစစ်အစိုးရဟာ ဗမာတစ်မျိုးသားလုံးကို လုံးဝ ကိုယ်စားမပြုပါဘူး။
ကျွန်တော့ကိုယ်ပိုင်အမြင်ကတော့ ခွဲထွတ်ရေး ဆိုတာထက် တိုးတက်ရေး၊ လုံချုံးရေးဆိုတာကို အရင်လုပ်ယူရမယ်လို့ မြင်ပါတယ်။
ရခိုင်အမျိုးသားတွေအတွက် ကိုယ်ပိုင်အခွင့်အရေးတွေ တောင်းဆိုတဲ့အခါ ဘယ်အစိုးရဘဲအုပ်ချူပ်နေပါစေ ကိုယ်တိုင်လုပ်ယူရမယ့် အရာပါ။ နည်းလမ်းဟောင်းကမအောင်မြင်ဘူးဆိုရင် နောက်ထပ် နည်းဗျူဟာသစ်ကိုပြင်သင့်တယ်။
ရခိုင်ပြည်နယ်ဟာ ဟောင်ကောင် ၊ မကာအို ကိုအတုယူမလား ဒါမှမဟုတ် ဂါဇာ ကမ်းမြှောင်ကို အတုယူမလားဆိုတာ ရခိုင်တွေ အလုပ် လုပ်၊မလုပ် ပေါ်မှာပိုပြီးမူတည်တယ်။
မြန်မာပြည်နယ်စပ်တွေထဲမှာ ရခိုင်ပြည်နယ်စပ်ဟာ ရိုဟင်ဂျာအများဆုံးတွေ့ရတဲ့ နယ်စပ်ဖြစ်နေတယ်။ နယ်စပ်မြို့တွေထဲမှာ အဆိုးဆုံး ။ အခြားနယ်စပ်မြို့တွေ မှာ ဒီလိုကျူးကျော်လာတဲ့ သူတွေကို ကာကွယ်ထိမ်းချူပ်ရာမှာ ဒေသခံ တိုင်းရင်းသားတွေကသာ အဓိက အကျဆုံးပါ။ လ ဝ က လည်းမဟုတ်ဘူး ။ နယ်စပ် အုပ်ချူပ်ရေးတာဝန်ခံတွေလဲမဟုတ်ဘူး ။
ကျွန်တော်ကိုတိုင် အိန္ဒိယနယ်စပ် " တမူး " မှာမွေးတယ်။ သိပ်ဆင်းရဲတဲ့ ၊ သိပ်တိုးတက်မှုနှေးကွေးတဲ့ မြို့ပါ။ ဒါပေသိ ဟိုဘက် အိန္ဒယ ဘက်အခြမ်းကလူတွေဟာ သာလို့တောင်ဆင်းရဲသေးတယ် ၊ သူပုံ အကြမ်းဘက် ဆူပူမှုတွေပိုများတယ်။ အိန္ဒယ ရိုဟင်ဂျာတွေ မရှိပါ။
ဒီလို ရိုဟင်ဂျာတွေဝင်လာတာဟာ နယ်စပ်တစ်ဘက်နိုင်ငံကလူတွေ ဆင်းရဲလွန်းလို့ပါဆိုပြီး အကြောင်းပြရင် အပြည့်ဝ မမှန်ပါ။ မြန်မာ အိန္ဒယ နယ်စပ်မှာ အိန္ဒယဘက်အခြမ်းဟာ လျှပ်စစ်မီး ၊ ဆက်သွယ်ရေးကောင်းပေမယ့် လူနေမှုအဆင့်တန်းမြန်မာဘက်ခြမ်းလောက်အဆင့်မမြင့်ပါ။ မလုံချုံပါ။ ရိုဟင်ဂျာတွေဝင်လာဖူးပါတယ်။ ၁၉၉၄-၁၉၉၅ လောက်မှာပါ။ စနစ်တကျ ဖြေရှင်းနိုင်ခဲ့တာ ဟာ ဘယ် လ ဝ က ၊ ဘယ် စစ်ဗိုလ် အကူညီမှမပါဘူး ။
ဒီလိုဘဲ မြန်မာပြည်ထဲကို ဆင်းရဲတဲ့ နီပေါတွေ ကချင်ပြည်နယ်ဘက်ကဝင်လာဖူးတယ်။ ချမ်းသာတဲ့ တရုတ်တွေ ရှမ်ပြည်ဘက်ကဝင်လာဖူးတယ်။ ဒါပေသိ ဒေသခံ တိုင်းရင်းသားတွေရဲ့အခွင့်ရေးတွေ ဆုံးရှုံးရလောက်အောင် အခြေနေဆိုးတဲ့အထိမရောက်ခဲ့ပါ။
ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် လို့ မဆိုလိုပါ။ ကချင်ပြည်နယ် မှာရှိတဲ့ နယ်စပ်မြို့တွေ၊ ရှမ်းနယ်စပ်မြို့တွေ ၊ ထိုင်း မြန်မာနယ်စပ်မြို့တွေကို လေ့လာကြည့်ပါ။
တည့်တည့်ပြောရရင် မြန်မာနယ်စပ်မြို့ထဲမှာ ရခိုင်နယ်စပ်ဟာ လူမျိုးခြား၊ ဘာသာခြားတွေ ဝင်ရောက်အခြေစိုက်နေထိုင်မှုအများဆုံးဆိုတာထင်ရှားနေတယ်။
ရခိုင်ပြည်နယ် ရှိ ယခင် ဒေသခံတွေ နေထိုင်ခဲ့တဲ့ ရွာ ၊ မြို့တွေ ယခုအချိန်မှာ ရိုဟင်ဂျာ အမည်ခံတွေ အခြေစိုက်ရာတွေ ဖြစ်လာခဲ့တာ ဟာစိုးရိမ်စရာပါ။
နိုင်ငံသားတစ်ယောက်အနေနှင့် တရားဝင်နိုင်ငံရွှေ့ပြောင်းနေထိုင်မှုကို လက်ခံပါတယ်။ စည်းကမ်းမှန် ၊ နည်းလမ်းမှန်ဖြစ်ဖို့လိုပါတယ်။
ဒီလို စည်းမဲ၊့ ကမ်းမဲ့ ကျူးကျော်လာတဲ့ ပြသနာဟာ ရခိုင်အမျိုးသားတွေရဲ့ ပြဿနာဆိုတာထက် မြန်မာတစ်မျိုးသားလုံးရဲ့ပြသနာပါ။ ထက်ကနဲဆို ထိုးတတ်တဲ့ လက်ညှိုးကိုအသာထားလို့ ပြဿနာကုစားဖို့ရာ အဖြေမှန်ကိုဝိုင်းရှာကြရပါမယ်။ အကူညီနှင့် ပူးပေါင်းမှုတွေ လုပ်ရပါမယ်။
" ဝ " တွေဘယ်လိုလုပ်လို့ ဘယ်လို ဖြစ်လာတယ်ဆိုတာလဲ အတုယူသင့် ယူရပါမယ်။ ဆေးခါးကြီးသောက်ဖို့ အခြေနေမျိုးကြုံလာရင်လည်း သောက်လိုက်ပါ။
( နိုင်ငံရေးဆိုတာကို စိတ်မဝင်စားပေမယ့် အမျိုးသားရေးယဉ်ကျေးမှုကို သိပ်စိတ်ဝင်စားအလေးထားတဲ့ လူတစ်ယောက်)
ဖတ်ရပြန်ပြီ ရိုဟင်ဂျာနှင့် ရခိုင် ပြဿနာ။
မတူတဲ့အယူအဆပြသနာတွေကို အခုလို ယဉ်ယဉ်ကျေးကျေးဆွေးနွေး ငြင်းခုံကြတာမြင်ရတော့ ၀မ်းသာတယ်ဗျာ။
ဦးလွမ်းဆွေ ဒီမိုကရေရရှိဖို့အတွက် ဦးလွမ်းဆွေ ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တွေ အတိုင်းလုပ်
ရင် ရမယ်လို့ဆိုလိုတဲ့ အဓိပ္ပါယ်ပါလား။
ဘာလို့လဲဆိုတော့ ဦးလွမ်းဆွေဟာ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတဲ့သူတစ်ယောက်လို့ လည်းပြောပြီးတော့ ဦးလွမ်းဆွေရဲ့ဘလော့ဂ်မှာ ကိုယ့်ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တို့နဲ့ ကိုက်ညီမှ ဖော်ပြပေးတယ်ဆိုတာတော့ ဒီမိုကရေစီလုံးဝမဖြစ်နိုင်ဘူးထင်ပါတယ်။
ဦးလွမ်းဆွေရဲ့ဒီမိုကရေစီဟာ စစ်အစိုးရပြောတဲ့
စစ်မှန်သောဒီမိုကရေစီပါလား ဦးလွမ်းဆွေ
ဦးလွမ်းဆွေ ဒီမိုကရေရရှိဖို့အတွက် ဦးလွမ်းဆွေ ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တွေ အတိုင်းလုပ်
ရင် ရမယ်လို့ဆိုလိုတဲ့ အဓိပ္ပါယ်ပါလား။
ဘာလို့လဲဆိုတော့ ဦးလွမ်းဆွေဟာ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတဲ့သူတစ်ယောက်လို့ လည်းပြောပြီးတော့ ဦးလွမ်းဆွေရဲ့ဘလော့ဂ်မှာ ကိုယ့်ရဲ့ယုံကြည်ချက်၊ ရပ်တည်ချက်တို့နဲ့ ကိုက်ညီမှ ဖော်ပြပေးတယ်ဆိုတာတော့ ဒီမိုကရေစီလုံးဝမဖြစ်နိုင်ဘူးထင်ပါတယ်။
ဦးလွမ်းဆွေရဲ့ဒီမိုကရေစီဟာ စစ်အစိုးရပြောတဲ့
စစ်မှန်သောဒီမိုကရေစီပါလား ဦးလွမ်းဆွေ
တမြေထဲမှာ သီချင်းစီဒီလေးနားထောင်ဖြစ်တယ်။ နအဖ စစ်အုပ်စုအောက်မှာ အနုပညာလွတ်လပ်ခွင့်ကလည်း ခပ်ခက်ခက်ပါ။ သူ့အတွက် ၀ါဒဖြန့်ပေးနေရတာကိုး။ အဲလိုကို နအဖက အနိုင်ကျင့်နေတာ။ ထားပါလေ တမြေထဲမှာကို နားထောင်တော့ အကြိုက်ဆုံးက ရခိုင်သီချင်းဖြစ်နေတယ်။ ဆိုတာ အမျိုးသားဇာတိမာန်ေ၇ာ အနုပညာပါပါလို့ပါ။ အဲဒီသီချင်းလေးမှာ ရခိုင်ဆိုသည်မှာကား အမျိုးသီလကို စောင့်လျှောက်သူ... တဲ့ အင်မတန်လှတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ။ ဆက်နားထောင်တော့ လာပါလာ ...ရောက်အောင်လာ... ရခိုင်စည်တော်ကြီးတီးချိန်မှာ ... လာပါလာပါ ရောက်အောင်လာ ..ရခိုင်ဆိုတဲ့အသိ ရှိရင်လာ ...တဲ့ ခံစားနေတဲ့နှလုံးသား ကြက်သီးဖြန်းဖြန်းထသွားတယ်။ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတွေကို ခေါ်နေပါလား။ ဒီလိုပဲ ကရင်၊ချင်း၊ ကချင်၊ ဗမာ လူမျိုးစုပေါင်းစုံကို ခေါ်နေတာလား... ခက်နေတာက အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်စနစ်ကို ညီညီညွတ်ညွတ် နဲ့ အမြစ်ဖြုတ် တိုက်ပွဲမ၀င်နိုင်သရွေ့တော့ ...လာပါလာ ရောက်အောင်လာ ...
I totally agree. Exile media seems eager to present Rohingya and those politicians are also desperate to pose themselves as Rohingyas' sympthathizers as if
Democracy == Rohingya
Post a Comment