အဲဒီလိုသင်္ကြန်ယိမ်းများ
စိုးနေလင်း
ကြားတယ် မြင်တယ်
ဘယ်သူ လူ
ဘယ်သူ ဘီလူး
မိစ္ဆာပူးဝင်နေသော သူများမှအပ ...။
(ဆိုကြပါစို့)
အပေါစား သရဲကားတခုထဲမှာလို
အားလုံးဖုတ်ဝင်နေသော မြို့ကြီးတမြို့
တချို့သစ္စာဖောက် တချို့ကိုယ်ကျိုးရှာ
တချို့လူစိတ်ပျောက် တချို့ဦးနှောက်ပျက်
(သက်တောင့်သက်သာ နေထိုင်ရင်းနဲ့)
တန်ဖိုးအားလုံးကို ဖျက်ပစ်ချင်နေကြသူတို့သာ
စူပါမားကက်တွေမှာ ကံစမ်းမဲဖောက်
(သင်္ကြန်အမြောက်နဲ့)
အလျှောက်ကောင်းဖို့ ဆွေးနွေးနေကြလေရဲ့။ ။
စိုးနေလင်း
စိုးနေလင်း
ကြားတယ် မြင်တယ်
ဘယ်သူ လူ
ဘယ်သူ ဘီလူး
မိစ္ဆာပူးဝင်နေသော သူများမှအပ ...။
(ဆိုကြပါစို့)
အပေါစား သရဲကားတခုထဲမှာလို
အားလုံးဖုတ်ဝင်နေသော မြို့ကြီးတမြို့
တချို့သစ္စာဖောက် တချို့ကိုယ်ကျိုးရှာ
တချို့လူစိတ်ပျောက် တချို့ဦးနှောက်ပျက်
(သက်တောင့်သက်သာ နေထိုင်ရင်းနဲ့)
တန်ဖိုးအားလုံးကို ဖျက်ပစ်ချင်နေကြသူတို့သာ
စူပါမားကက်တွေမှာ ကံစမ်းမဲဖောက်
(သင်္ကြန်အမြောက်နဲ့)
အလျှောက်ကောင်းဖို့ ဆွေးနွေးနေကြလေရဲ့။ ။
စိုးနေလင်း
1 comment:
ဖတ်ပြီးတော့ တမျိုးပဲဗျ။
သိပ်များများ မပြောတော့ဘူး အရသာပျက်သွားမှာ စိုးတယ်။
Post a Comment