Sunday, April 5, 2009

ယောက္ခမတွေ စောစောသေတဲ့ တိုင်းပြည်

ဂျင်ဂလိ

ဂျင်ဂလိတို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကလေးတို့ကအစ ၀န်ကြီး၊ ၀န်ကလေးတို့အလယ် ညွှန် ချုပ်၊ ညွှန်မှူးတို့အဆုံး အားလုံးအားလုံးသော ဋ္ဌာနဆိုင်ရာ ကိုယ်တော်ချောကြီး ကိုယ်တော်ချောကလေးများ ဟာ နေပြည်တော်၊ ၀င်ဒါမီယာ၊ ကုန်းမြင့်သာ၊ ဗိုလ်ချုပ်ရွာ၊ ၀ါးတီးပလာဇာ၊ စားဖားအိမ်ရာ စတဲ့ သာမန်လူတွေ အနားတောင်မသီနိုင်တဲ့ အိမ်ကြီးရခိုင်တွေမှာ တခမ်းတနား နေကြပါတယ်။ ဒါပေမယ့် သူရို့သူရို့တတွေ တ ရားဝင်ရကြတဲ့ လစာတွေကတော့ (လစာမတိုးခင်ကဆိုရင်) ကြက်တုပ်ကွေး ဖြစ်ချင်တယ်ဆိုရင်တောင် ဖြစ် ခွင့်မသာတဲ့ အနေအထားမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကြက်တုပ်ကွေးဖြစ်ချင်ရင် အနည်းဆုံး ကြက်ရိုးတော့ နေ့စဉ် ၀ယ်ကိုက်နိုင်မှကိုး။

သူရို့လေးတွေ အမှန်တကယ်ရတဲ့ လစာနဲ့ ကြက်ရိုးဝယ်ကိုက်မယ်ဆိုရင် လက်ရှိ သကြားမင်းဖင်ကို တက် ဆောင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် လမကုန်ခင် သူရို့မိသားစုတွေ ဗိုက်မှောက်နေရကိန်း ရှိပါတယ်။ ဒါပေမယ့် သူရို့သူရို့တတွေကတော့ ပရာဒိုတွေ လင်ခူဇာတွေ တ၀ီဝီ၊ ဟန်းဖုန်းတွေ တတီတီနဲ့ ကြက်တုပ်ကွေးကို ရှောင်ရှားနေကြပါတယ်။ သူရို့သူရို့တတွေ အဲဒီလို နေနိုင်ထိုင်နိုင်ကြတာကို တိုင်းသူပြည်သား လူအများတို့ ကတော့ ထူးပြီး မအံ့သြကြပါဘူး။ သူရို့တတွေ တိုင်းပြည်ဘဏ္ဍာတွေကို မတော်မတရား ခိုးယူပြီး ကြွယ်ဝချမ်း သာနေကြတယ် ဆိုတာကို ပြည်သူလူထုက အူမချေးခါးပါမကျန် သိပြီးလို့ဖြစ်ပါတယ်။

ပြည်သူလူထုက သို့ဂလိုအနို့ဂလို မအံ့သြကြပေမယ့် ဂျင်ဂလိမိတ်ဆွေ ဖော်ရိန်နာတဦးကတော့ တအံ့တသြ ဖြစ်နေပါတယ်။ အဆိုပါ ကိုယ်တော်ချောကြီး ကိုယ်တော်ချောကလေးတွေ စာရင်းမရှိအင်းမရှိ ချမ်းသာကြွယ် ၀နေပုံကို မိတ်ဆွေဖော်ရိန်နာကြီးက တရက်မှာ ဘီယာဆိုင်ထိုင်ရင်း ဂျင်ဂလိကို မေးပါတယ်။ သူက မြန်မာစ ကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ကာရာအိုကေဆိုင်တွေမှာပါ ဂျင်ဂလိကို တူးပို့တူးပို့သီချင်းတွေ ဆိုပြ တတ်သူပါ။ ဟာသလည်း ပြောတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူပါ။ သူမြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာကို အံ့သြပြီး မေးကြည့်မိတော့ မြန်မာပြည်ကို မလာခင်ကတည်းက သူတိုင်းပြည်မှာ မြန်မာစာ ကို အထူးပြုသင်ကြားခဲ့တာပါတဲ့။ သူက မြန်မာရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို စိတ်ဝင်စားလို့ မြန်မာပြည် ကို လာလေ့လာတာပါတဲ့။

အဲဒီနေ့က ဘီယာသောက်နေရင်း သူက ဂျင်ဂလိကို ပြောတယ်။ မြန်မာပြည်မှာရှိတဲ့ အစိုးရအရာရှိတွေဟာ အ ရမ်းချမ်းသာကြတာပဲနော်တဲ့။ သူတို့နေထိုင်တဲ့ အိမ်တွေ၊ ခြံတွေကလည်း အကြီးကြီးတွေ ကားတွေကလည်း အပျံစားတွေပဲတဲ့။ သူတို့ရတဲ့လစာနဲ့ ဘယ်လိုလုပ်ပြီး အဲဒီလိုနေနိုင်တာလဲဆိုတာကို သိချင်လို့ သူနဲ့ခင်မင်တဲ့ အရာရှိတွေကို မေးမြန်းကြည့်တော့ အဆိုပါလူကြီးမင်းတွေက ယောက္ခမသေလို့ အမွေရထားတာလို့ ဖြေကြ တာများတယ်တဲ့။ အဲဒါဟုတ်ပါ့မလားလို့ သူက ဂျင်ဂလိကို ရယ်ဖြဲဖြဲနဲ့ မေးတယ်။ အဲဒီမှာ ဂျင်ဂလိက သူ့ကို နောက်ချင်တာနဲ့ ဟုတ်တယ်လို့ ပြောလိုက်ပြီး အဲဒီအကြောင်းစပ်ထားတဲ့ သီချင်းတပုဒ်ရှိကြောင်း ပြောလိုက် တယ်။ သူက ဆိုပြပါဦးဆိုတာနဲ့ သီချင်းတပုဒ်ကို အပြောင်အပျက်လုပ်ပြီး ဆိုပြလိုက်တယ်။

အဆိုတော်တင်တင်မြရဲ့ “ချစ်သူတို့ လျှောက်သောလမ်းကလေး” သီချင်းထဲက စာသားကိုဖျက်ပြီး “အချစ် ဦးရေ xxx ယောက္ခမသေမှ အမွေရ xxx ပွတာပဲ ဟေ xxx အသည်းနှလုံးက ဒီလောက်ချစ်ကြ xxx လို့ ဂျင်ဂလိက ဆိုပြလိုက်တယ်။ သူက ဂျင်ဂလိ ဆိုပြတာကို နားထောင်ပြီး နောက်မှန်းသိတယ်။ ဒါပေမယ့် သူ ပြန်ပြောလိုက်တဲ့ ဟာသကြောင့် နှစ်ယောက်စလုံး တ၀ါးဝါးပွဲကျခဲ့ကြလေရဲ့။ သူပြောလိုက်ပုံကတော့ “ဒီလိုဆို ငါ့သမီးကို မင်းတို့ဆီက အရာရှိပေါက်စတွေနဲ့ ပေးစားလို့မဖြစ်ဘူး၊ ငါ စောစောသေပြီး အမွေတွေ ပေးခဲ့ရလိမ့် မယ်၊ မင်းတို့တိုင်းပြည်က ယောက္ခမတွေ စောစောသေတဲ့ တိုင်းပြည်ပဲ” တဲ့။

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)

1 comment:

Unknown said...

သကြားမင်းကိုမကြောက်ဘူးလား......