ရေးသားတင်ပြသူ - 88GTF (88generationtaskforce)
(ရေးသူ၏ အာဘော်သာဖြစ်သည်)
“ရေးလိုက်ဖတ်လိုက်နဲ့ အချိန်ကုန်နေပြီးလား”… မိတ်ဆွေတယောက်က မေးလာတယ်။ ဒီတော့ ပြောစရာတွေ ကျန်သေးတာနဲ့ ပြောနေကြတာရယ်၊ သိချင်တာတွေရှိတာနဲ့ ဖတ်နေရင်း ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားအဖြေထုတ် ရမှာရယ်၊ လက်တွေ့ကျကျ လုပ်ရမှာရယ် မေ့နေပြီဗျာလို့ အဖြေပေးလိုက်ပါတယ်။
ထပ်မေးလာပြန်တယ် …“ယနေ့ခေတ်လူငယ်တွေ ကျောင်းသားတွေ ဖောက်ပြန်မှားယွင်းနေမယ်ဆိုရင် ဘယ် သူ့မှာ အပြစ်ရှိမလဲ”… အုပ်ချုပ်သူလို့ ပြောမလို့ နောက်ထပ်ဖြည့်ပြီး စဉ်းစားလိုက်တော့ နိုင်ငံသားတိုင်းမှာပေါ့ လို့ ဖြေချိန်မှာ မိတ်ဆွေက လက်မခံတော့ဘဲ ငြင်းချက်ထုတ်လာတယ်။
ကျုပ်မှာ အပြစ်မရှိဘူးတဲ့။ ဒါနဲ့ပဲ စိတ်ထဲမှာကောက်ချက်ချဖြစ်တယ် … သြော် ငါတို့ နိုင်ငံသူနိုင်ငံသားတွေက လူကြီးလူငယ်မဟူ တာဝန်မယူချင်ဘူး၊ အပြစ်ရှိတယ်၊ အမှားလုပ်မိတယ်ဆိုတာ လက်ခံဖို့ ၀န်လေးနေတော့ နိုင်ငံတော်ကြီးကို ပြုပြင်ဖို့ဆိုတာ အဝေးကြီးလို့ စဉ်းစားရင်း ပြန်ပြောလိုက်တယ် … ကိုယ်တိုင်ပြုပြင်ပေါ့ဗျာ။
ဒါနဲ့မေးလာပြန်တယ် … ဘာပြုပြင်ရမှာလဲ၊ ပြောင်းလဲဖို့လိုတာကို ကိုယ်ဘာသာ စဉ်းစားပြောင်းလဲ ပြုပြင်ပေါ့၊ ဘယ်သူပြောလို့၊ ဘယ်ဝါပြောလို့၊ ခေါင်းဆောင်ပြောလို့၊ အဖွဲ့အစည်းကပြောလို့၊ ဖမ်းမှာကို မလိုလားလို့၊ ဆင်း ရဲမှာမလိုလားလို့၊ လိုအပ်နေလို့၊ ငတ်နေလို့ ဖြစ်စဉ်မှာနေရတာပါဆိုတဲ့ ဆင်ခြေကို အကာအကွယ်ယူပြီး ရပ် တည်အသက်ရှင်ကြဦးမယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲဖြစ်မှာမဟုတ်ဘူး။ ဒါတွေကို အကျယ်ဆက်ရှင်းပြချင် တယ်။ မိတ်ဆွေ အချိန်ရှိရင်ပေါ့ …
မိတ်ဆွေက ပြောလာတယ်။ မဖြစ်ဘူးတဲ့ လက်ရှိထမင်းစားရဖို့ လက်ရှိပိုင်ဆိုင်နေတဲ့ ဒုက္ခနဲ့ဘ၀မှာ မြန်မာနိုင်ငံ သားတွေ ပျော်နေကြပြီ၊ နေတတ်သွားပြီ၊ မပျော်ဘူး အစဉ်မပြေဘူးလို့ ပါးစပ်က ပြောနေပေမယ့် အကြံအဖန် ဂွင်ရှိတယ်၊ သိပ်အားမစိုက်ဘဲ ပေါင်းရိုက်ရင်မြတ်တယ်ဆိုတာနဲ့ ပြောနေတဲ့ အမှန်တရား ဖြစ်သင့်တာတွေ ရင် ထဲမှာသိမ်းပြီး ဖောက်ပြန်လိုက်ကြတာပဲ။ ဒီတော့ ပြုပြင်ပြောင်းလဲဖို့ ကိုယ်တယောက်ထဲ လုပ်နေတယ်ဆိုတိုင်း တာဝန်မကျေဘူးဗျ … လူတိုင်းနိုင်ငံသားတိုင်း လုပ်လာနိုင်ဖို့ လုပ်လာချင်ဖို့ ပြတ်ပြတ်သားသား ဦးဆောင်ပြော ဆို ပြောင်းလဲရဲတဲ့ သူတွေများလာဖို့ ခင်ဗျား စတင်ပြီး လုပ်မလားတဲ့။
ကျနော်ရှိထားတဲ့ အဖြေကို ပြန်ပြောလိုက်ပါတယ်။ ဆင်ဖြစ်အောင်လုပ်နေတယ်ဗျာ … ဒါမှလည်း လမ်းဖြစ်မှာ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ကြိုပမ်းတဲ့သူတွေ အများကြီးပါ … အချို့သူတွေက လေထဲမှာ အလုပ် ဖြစ်ပြီး စားဖားအုပ်စုတွေနဲ ညီညွှတ်ရေးယူထားတတ်ရင် သူရဲကောင်းကြီးဖြစ်မယ်၊ နံမည်ရ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်ကြီးတွေ ဖြစ်သွားပြီး … တဦးတယောက် မခံနိုင်လို့ ထပြီးလုပ်တဲ့ လူတွေကတော့ ချောင်းထိုးခံရတယ်၊ စ ကားမပေါက်ဘူးပေါ့ … အမှန်တရားအတွက် အနာဂတ်နိုင်ငံတော်အတွက် ရဲရင့်ပြတ်သားတဲ့သူတွေ၊ ပြည်သူ နဲ့အတူ လက်တွဲတိုက်ပွဲဖော်နိုင်မယ့်သူတွေ ရှာနေတယ်ဗျာ။
ပြန်ပြောလာတဲ့ အပြောက ဒီလိုပဲလုပ်မနေနဲ့၊ တိုးတိုးလုပ်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ အဆုံးသတ်ရေး မှာ လူလည်လုပ်ကြမယ့် နိုင်ငံရေးစားဖားတွေကိစ္စ အရင်ရှင်းရင်မကောင်းဘူးလားတဲ့။ မိတ်ဆွေရေ … စစ်အာ ဏာရှင်တွေကို ပြတ်ပြတ်သားသား စိမ်ခေါ်တိုက်ပွဲဖော်စမ်းပါ။ နောက်မှ ဆက်ရှင်းရမယ့် နိုင်ငံရေး ပြဿနာ တွေကို ဖြေးဖြေးချင်း စကားဝိုင်းတွေမှာ ပြောကြတာပေါ့။ လောပြီး ဖောက်ပြန်သူတိုင်း လိုက်တိုက်ခိုက် ရှင်း လင်းနေရရင်တော့ ကျုပ်တို့ဆံပင်ဖြူ သွားကျိုးပြီး အသက်သေသွားမယ်၊ စစ်အာဏာရှင်စံနစ်ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ကြီးစိုးဦးမှာဗျ။
ဒီတော့ မိတ်ဆွေက ဆိုလာပြန်တယ် … ပြည်သူတွေမှာ သွေးမရှိတော့ဘူး၊ ဖောက်ပြန်သူ အရမ်းများနေပြီ ဒါမှ လည်း နေရာတိုင်းလိုလိုမှာ အသက်ရှင်ရပ်တည်လို့ရမှာဖြစ်တယ်။ ကြည့်လေဗျာ နအဖမှာ တပ်ချုပ်ကြီးနဲ့ ပြေ လည်ဖို့ လိုအပ်တဲ့ ဖောက်ပြန်မှုတွေ လုပ်ကြရတယ်။ နအဖဘာလဲ ဘယ်သူလဲဆိုတာ တော်တော်များများ သိနေပြီဆိုတော့ ပြောလည်းနားထောင်းချင်မဟုတ်လို့ ဒီလောက်ပဲထားဗျာ။ ဒါနဲ့ စကားဆက်လိုက်ပြန်တယ်။
အဖွဲ့ချုပ်မှာ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ပြေလည်ဖို့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရေး၊ စစ်အာဏာရှင်အပြီးသတ်ချေမှုန်း ရေး ဆိုတာမျိုး ပြောလို့ကိုမရဘူး၊ ဆက်ပြီးတော့ ရှင်းလိုက်တာက ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာ နည်နေ့မှာ ဦးဆောင်သူတွေ သွေးကြောင်တာ အားလုံးအသိပဲ မဟုတ်လား။ ဒီပဲယင်းမှာလည်း ကြည့်လေဗျာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး မရှိတာနဲ့ အဖွဲ့ချုပ်ခေါင်းဆောင်နေတဲ့သူတွေ ရပ်တည်ရှင်သန်ရေးအတွက် စာရွက်ပေါ်မှာ ပါးပါးလေးပြောပြီး ဘယ်သူများ လာကယ်လိမ့်မလဲဆိုပြီး စောင့်နေခဲကြတယ်။ ဒါကြောင့်လည်း ပြည်သူ့ယုံကြည်ကိုယ်စားမှုမရတဲ့ အဖွဲ့ချုပ်ဖြစ်သွားတာပေါ့။ အခု ဦးဝင်းတင်ထွက်လာမှ လမ်းကြောင်းမှန်ကို ရောက်ဖို့ ကြိုးပမ်းနေရတဲ့ အနေအထားပဲ ရှိပါသေးတယ်။ မရသေးပါဘူးဗျာ…
မိတ်ဆွေက ဆက်ပြီးဆိုပြန်သတဲ့။ နိုင်ငံပြင်ပမှာရှိတဲ့ ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရကလည်း ဒေါ်အောင်ဆန်းစု ကြည် သိက္ခာအတွက်လောက် နိုင်ငံတကာပေးထားတဲ့ ထောက်ပံငွေနဲ့ ရပ်ခံပြီး ပြောပေးရုံထက် ပိုလာမယ့်အ လုပ် ဘာမှမလုပ်ဘူးဗျာ။ ကိုသောင်းထွန်းတို့အနေနဲ့ နယူးယောက်မှာ လုပ်ချင်တာလုပ်လို့ရနေပြီ။ တိုင်းပြည် ပြောင်းခြင်း ကောင်းခြင်း ဆိုးခြင်းက သူတို့အတွက် ဘာမှမထိခိုက်သလို၊ မြန်မာပြည်မပြန်လို့လည်း ဘာမှမ ဖြစ်တော့ဘူး။ လက်ရှိသူရနေတဲ့ လခနဲ့ နေရာ၊ ဂုဏ်အတွက် ပင်ပန်းနေရတာပါ။
နယ်စပ်မှာကလည်း တပ်ပေါင်းစုပေါင်းမြောက်များစွာ ဆရာကြီးလို့အမည်ခံထားတဲ့ ဟန်ဆောင်တော်လှန်ရေး သမားတွေကတော့ စီမံချက်-စီမံကိန်း၊ လှုံဆော်မှု၊ ပညာပေးရေးဆိုတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ အလျှူရှင်တွေထံ ရေး တင်ပြီး ဝေစားမျှစားလုပ် ရိုက်စားနေကြတာဗျ။ တကယ်အနစ်နာခံပြီး လုပ်နေသူတွေကတော့ ထောင်ထဲမှာ ရယ်၊ ပြည်တွင်းမှာရယ် အများဆုံးဖြစ်နေပေမယ့် အခွင့်အရေးယူနေတဲ့ သူတွေက နယ်စပ်နဲ့ နိုင်ငံတကာမှာ များနေတယ်။ ဝေဖန်လေကန်သူတွေ အကြံပြုသူတွေများနေတော့ တော်လှန်ရေးဆိုတာ အဝေးကြီးဖြစ်နေ တယ်ဗျာ …
ဒီကြားထဲ အချောင်နဲ့ နိုင်ငံသြဇာအာဏာများ ရလေမလားလို့ ကြိုးပမ်းချင်သူတွေကလည်း လူးလား ပြေးတက် တိုးဝင်နေတာကို ခင်ဗျာလည်းသိမှာပါ။
ဒါတွေအားလုံးကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲဖို့ ကျုပ်တို့ ဆက်ဆွေးနွေးတာပေါ့လို့ ပြောပြီး … စကားဝိုင်း ရပ်လိုက်မိတယ် ။
ရေးသားတင်ပြသူ - 88GTF
Sunday, March 22, 2009
အမည်ခံခေါင်းဆောင်များ ပြန်လည်စဉ်းစား
Subscribe to:
Post Comments (Atom)
6 comments:
ဟုတ်ပ ....အားရပါးရကို ထောက်ခံလိုက်ပါတယ်...အခုဖြစ်နေတဲ့ ...အဖြစ်ကတော့ ..အဲလိုပါဘဲ...အမှန်တရားပါ ဒါ တကယ့်အမှန်တရားပါ...နိုင်ငံတကာမှာရှိနေကြတဲ့ လုပ်စား(နိုင်ငံရေးသမားဆိုသူများ) ကြီးကြီးငယ်ငယ်ပေါ့ဗျာ စဉ်းစားကြပေါ့ဗျာ အချိန်က သိပ်မရှိတော့ပါဘူး...လုပ်သင့်တာကိုလုပ်ကြရအောင်ပါ...
ကြိုက်တယ်...
အဲဒီလိုတွေးတယ်..။
ခေါင်းဆောင်တွေထဲမှာလဲပြင်
နောက်လိုက်တွေလဲပြင်
ယုံကြည်မှုကို ဘက်လိုက်ဆောင်ရွက်နေသ၍ အောင်မြင်မှုလဲဝေးနေမှာပဲ။ဆံဖြူသွားကျိုးချိန်၊ နောက်ဆုံးနေဝင်ချိန်တောင် စစ်အာဏာရှင်တွေလက်ထဲ ပက်လက်မျောနေရမှာ မြန်မာပြည်သူလူထုပါပဲ။ အပြင်မှာအော်ချင်တိုင်းအော်လေ...သူတို့တွေက ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘူး။အလကားကောင်တွေလို့ နားလည်ပြီးသား။အထဲကအနီးကပ်ကိုဘဲ အဓိကထားတာ။အတွင်းစည်းသူရဲကောင်းတွေကျဆုံး နေသ၍ ရည်မှန်းချက်ပန်းတိုင် ဝေးနေဦးမှာပဲ။ကိုယ်အသိစိတ်နဲ့ ကိုယ်တာဝန် ကျေပြီလားလို့ ကိုယ့်ကို ကိုယ် ပြန်မေးတာအကောင်းဆုံး။အဖြေကလဲ ရှိပြီးသားပါပဲ။
အားရတယ် တော်လှန်သူတိုင်း အခု-ယနေ့ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက် အကောင်အထည်ဖော်ကြမှ နိုင်ငံနဲလူမျိုး အနာဂတ်အတွက် အချိန်မှီပြန်လည်ပြုပြင် ပြောင်းလဲနိုင်မှာဖြစ်တယ်၊
ဒေါက်တာလွဏ်းဆွေ ကိုယ်တိုင်ရေးပြီး တင်ပြထားတာလား၊ ဘယ်လိုဘဲဖြစ်ပါစေ ဒီလိုတင်ပြမှုမျိုး ရှိသင့်သလို၊ ခေါင်းဆောင်နှင့်စစ်အာဏာရှင်လက်မခံ မကြိုက်နှစ်သူတိုင်း ဖတ်ရှူပြီး တော်လှန်ပြုပြင်ပြောင်းလဲ နိုင်ရေးအားလုံးစုပေါင်း ပြိုင်တူတွန်းကြရမယ်။ လက်ခံတယ် တင်ပြမှုနဲစဉ်းစားချက်အပေါ်မှာ... ကြိုက်တယ် ရဲရင့်ပြတ်သားတယ် ဆိုလိုချင်တာထိတယ်။
သိပ်ကောင်းတဲ့ ဝေဖန်ချက်ဘဲ။ မြန်မာနိုင်ငံပြောင်း လဲရေးမှာ အခုလို သုံးသပ်ချက်တွေက အရေးပါ ပါတယ်။ မောင်သာရရေးတဲ့ ကြောင်ကို ဘယ်သူ ချုဆွဲပေးမလဲ စာအုပ်ခေါင်းစဉ်ကို ပြန်သတိရပါ။။ လက်ရှိခေါ်င်းဆောင်တွေက မစစ်မှန်ဘူး။ ငါလုပ်ရင်တော့ လက်ရှိခေါင်းဆောင်တွေ ထက် ကောင်းအောင် လုပ်နိုင်တယ်။ လုပ်ပြမယ်ဆိုရင်လဲ ထွက်လာဖို့ လိုတယ်။။ တာဝန်ခံဖို့ လဲလိုတယ်။။ လူအများစုမဟုတ်ရင်တောင် ရာခိုင်နှုန်းတခုအရ လက်ခံနိုင်သူလဲဖြစ်ရမယ်။ နှစ် 20 သမိုင်း တလျှောက်လောက်မှာတော့ လူတွေ အသိအမှတ်ပြုနိုင်တဲ့ သူလဲဖြစ်ရမှာပေါ့။။ လူထုကတော့ သူတို့ ကို တကယ်ဦးဆောင်မဲ့သူကို မျှော်နေကြမှာဘဲ။ သူတို့ ကလဲ သူတို့ ရပ်တည်နိုင် ဖို့ အတွက် ကောင်းတာရော မကောင်းတာရော ရွေးချယ်နေကြမှာဘဲ။။ ခေါင်းမိုးလုံရင် ကြီးယက်လုံအောင်လုပ်ရတာ မခက်ပါဘူး။။ ဝေဖန်နေသူတွေ။။ ၀န်လိုင်းမှာပြောနေသူတွေထဲက ပြည်တွင်းပြည်ပပေါ့လေ တကယ်လုပ်နိုင်မဲ့သူတွေ။။ အဆင်သင် ဖြစ်နေသူတွေ ထွက်လာခဲ့တော့လေ။ လက်သီးဆုပ်ပြီး ထွက်ပြလိုက်လေ။ ရွေးချယ်ကြည့်ရအောင်။ အဲလိုရွေးချယ်ခွင့်လို့ ရရင် တော့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်လို့ပြော လို့ ရမှာပေါ့ ။။ အခုတော့ ပြောနေကြပေမဲ့ လက်တွေ့ ထွက်လာပြီးဦးဆောင်ပေးမဲ့သူလဲ မတွေရသေးဘူး။
ကိုယ့်တော်လှန်ရေး အသိုင်းအ၀ိုင်းထဲတောင်မှာ တောင်ပြင်မရဘဲနဲ့ တော့ မြန်မာပြည်ကြီးကို ပြောင်းလဲဖို့ မစဉ်းစားနဲ့တော့။။ ပြည်ပကလူတွေကတော့ တတိယနိုင်ငံများရဲ့ ဒုတိယတန်းစားလူတန်းစားအဖြစ်သာ ပျော်မွေ့ နေပေတော့ဘဲ မြန်မာပြည်သူလူထုလဲ စစ်အာဏာရှင်တွေလက်ထဲမှာ ပက်လက်မျောနေပစေတာ့လေ။။
သိပ်ကောင်းတဲ့ ဝေဖန်ချက်ဘဲ။ မြန်မာနိုင်ငံပြောင်း လဲရေးမှာ အခုလို သုံးသပ်ချက်တွေက အရေးပါ ပါတယ်။ မောင်သာရရေးတဲ့ ကြောင်ကို ဘယ်သူ ချုဆွဲပေးမလဲ စာအုပ်ခေါင်းစဉ်ကို ပြန်သတိရပါ။။ လက်ရှိခေါ်င်းဆောင်တွေက မစစ်မှန်ဘူး။ ငါလုပ်ရင်တော့ လက်ရှိခေါင်းဆောင်တွေ ထက် ကောင်းအောင် လုပ်နိုင်တယ်။ လုပ်ပြမယ်ဆိုရင်လဲ ထွက်လာဖို့ လိုတယ်။။ တာဝန်ခံဖို့ လဲလိုတယ်။။ လူအများစုမဟုတ်ရင်တောင် ရာခိုင်နှုန်းတခုအရ လက်ခံနိုင်သူလဲဖြစ်ရမယ်။ နှစ် 20 သမိုင်း တလျှောက်လောက်မှာတော့ လူတွေ အသိအမှတ်ပြုနိုင်တဲ့ သူလဲဖြစ်ရမှာပေါ့။။ လူထုကတော့ သူတို့ ကို တကယ်ဦးဆောင်မဲ့သူကို မျှော်နေကြမှာဘဲ။ သူတို့ ကလဲ သူတို့ ရပ်တည်နိုင် ဖို့ အတွက် ကောင်းတာရော မကောင်းတာရော ရွေးချယ်နေကြမှာဘဲ။။ ခေါင်းမိုးလုံရင် ကြီးယက်လုံအောင်လုပ်ရတာ မခက်ပါဘူး။။ ဝေဖန်နေသူတွေ။။ ၀န်လိုင်းမှာပြောနေသူတွေထဲက ပြည်တွင်းပြည်ပပေါ့လေ တကယ်လုပ်နိုင်မဲ့သူတွေ။။ အဆင်သင် ဖြစ်နေသူတွေ ထွက်လာခဲ့တော့လေ။ လက်သီးဆုပ်ပြီး ထွက်ပြလိုက်လေ။ ရွေးချယ်ကြည့်ရအောင်။ အဲလိုရွေးချယ်ခွင့်လို့ ရရင် တော့ စစ်မှန်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်လို့ပြော လို့ ရမှာပေါ့ ။။ အခုတော့ ပြောနေကြပေမဲ့ လက်တွေ့ ထွက်လာပြီးဦးဆောင်ပေးမဲ့သူလဲ မတွေရသေးဘူး။
ကိုယ့်တော်လှန်ရေး အသိုင်းအ၀ိုင်းထဲတောင်မှာ တောင်ပြင်မရဘဲနဲ့ တော့ မြန်မာပြည်ကြီးကို ပြောင်းလဲဖို့ မစဉ်းစားနဲ့တော့။။ ပြည်ပကလူတွေကတော့ တတိယနိုင်ငံများရဲ့ ဒုတိယတန်းစားလူတန်းစားအဖြစ်သာ ပျော်မွေ့ နေပေတော့ဘဲ မြန်မာပြည်သူလူထုလဲ စစ်အာဏာရှင်တွေလက်ထဲမှာ ပက်လက်မျောနေပစေတော့လေ။။
Post a Comment