Wednesday, March 25, 2009

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏ အမြင်

မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ
ရေးသားသူ - ကျော်ဝင်း၊ ဘာသာပြန်သူ - ကျော်လင်းဦး
(ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်နိုင်ရန် Freedom News Group ဘလော့မှ ကူးယူဖော်ပြသည်)

က။ လက်ရှိအခြေအနေ

လက်ရှိအခြေအနေအောက်မှာ ...

၁။ အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ နိုင်ငံရေးအရ ရှေ့မတိုးနိုင်ဘဲ သေနေတဲ့ အနေအထားကို ရင် ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင်ရပ်တည်ဖို့ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၀င်ရုံမှတပါး အခြားမရှိပါ။

၂။ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုဟာ အတိုက်အခံ အုပ်စု အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင် မ၀င်ဆိုတဲ့အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အုပ်စုကတော့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက်ပြီး အကောင်အထည်ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ပြဿနာဟာ မဟာဗျူဟာဆိုင်ရာ ပြ ဿနာမဟုတ်ဘဲ၊ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာဆိုတာ မ ဟာဗျူဟာမြောက် လိုအပ်ချက်ရဲ့ လက်အောက်ခံအဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာ က ကျင့်ဝတ်သိက္ခာထက် ပိုအခရာကျပါတယ်။

၃။ အနောက်က ပံ့ပိုးပေးနေတဲ့ မြန်မာ့ဒီမိုကရေစီရေးအပေါ် ထောက်ခံမှုဟာလည်း လျှော့ကြိုးကုန်ချိန်ကို ရောက်နေပါပြီ။ အဲဒီအကန့်အသတ်ကိုကျော်ပြီး နောက်ထပ်လုပ်စရာတနည်းသာ ကျန်ပါတော့တယ်။ အဲဒါက တော့ နီယိုကွန်များရဲ့ နည်းနာအတိုင်း စစ်ရေးအရအရေးယူဖို့ပါပဲ။ ဒါပေမယ့် ဒါဟာလည်း အီရတ်မှာ မအောင် မြင်တဲ့ ပေါ်လစီဖြစ်နေပါတယ်။

အထက်မှာဖေါ်ပြခဲ့တဲ့ လက်ရှိအခြေအနေတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒါတွေက အမှန် တရားတွေပါပဲ။ နိုင်ငံရေးဆိုတာ အမှန်တရားကို အခြေခံရတဲ့ ကစားနည်းတမျိုးပါ။

ခ။ အနေအထားများ

၁။ စစ်တပ်ရဲ့အခန်းကဏ္ဍ

၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်တခုလုံးကို သိမ်းပိုက်ထားခဲ့ပါတယ်။ စစ်တပ်ကို နိုင်ငံ ရေးအင်အားစုအဖြစ်ကနေ စစ်တပ်သက်သက်အင်အားစုအဖြစ် ပြောင်းလဲဖို့ဟာ ဒီမိုရရေစီးရေးလှုပ်ရှားမှုတခု လုံးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် ရေ တိုမှာ လုပ်လို့ဖြစ်နိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဒါဟာ ကာလတကန့်ထိ သွားရမယ့် လုပ်ငန်းစဉ်ဖြစ်သလို သတ္တိရှိဖို့တင်မက စိတ်ရှည်သည်းခံနိုင်ဖို့လည်း လိုပါတယ်။ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက် မပြည့်မြောက် သေးခင်ကာလမှာ ပြုပြင်ပြောင်းလဲရေး ကြားကာလတရပ်ကို ဖြတ်သန်းရဦးမှာပါ။ အဲဒီကာလမှာ ကျနော်တို့ ဟာ မလွှဲမရှောင်သာဘဲ စစ်တပ်နဲ့လက်တွဲပြီး လုပ်ဆောင်သွားရမယ့် အနေအထားရှိပါတယ်။

၂။ လူလတ်တန်းစားတို့၏ အခန်းကဏ္ဍ

ခေတ်မီတိုးတက်ရေးအတွက် မြန်မာအပါအ၀င် အရှေ့တိုင်းမှာ သွားတဲ့လမ်းဟာ အနောက်နဲ့အလွန်ကွာခြားပါ တယ်။ အနောက်မှာ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်ကဖြစ်ခဲ့တဲ့ စက်မှုတော်လှန်ရေးလို၊ ဉာဏ်အလင်းသစ်လှုပ် ရှားမှုလို အဖြစ်အပျက်မျိုး မြန်မာပြည်မှာ မပေါ်ပေါက်ခဲ့ဖူးပါဘူး။ မြန်မာပြည်မှာ ခေတ်မီတိုးတက်တဲ့ လူမှုပုံစံ ဟာ အနောက်တိုင်း ကိုလိုနီဝါဒကနေ တဆင့်ပေါ်ပေါက်လာတာမျိုးပါ။ ဒါကြောင့် မြန်မာပြည်က စီးပွားရေးသ မား လူလတ်တန်းစားတွေဟာ အနောက်မှာလို လွတ်လပ်တဲ့ လူမှုအင်အားစုတရပ် ဖြစ်မလာခဲ့ပါဘူး။ သူတို့ဟာ အုပ်ချုပ်သူလူတန်းစားကိုသာ မှီခိုခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်းမှတော့ စစ်တပ်ကို မှီခိုခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ဒီလူတန်းစားအပေါ် အားထားလို့မရပါဘူး။ မြန်မာ ပြည်မှာ နိုင်ငံရေးအရ အတက်ကြွဆုံး လူတန်းစားကတော့ ပညာတတ်လူလတ်တန်းစားပဲ ဖြစ်ပါတယ်။

၃။ ဒီမိုကရက်တစ်အင်အားစုများ၏ ရင့်ကျက်မှု

ဒါပေမယ့် ပညာတတ်လူတန်းစားအပါအ၀င် ဒီမိုကရက်တစ်အင်အားစုများရဲ့ ရင့်ကျက်မှုကတော့ သိပ်မ ကောင်းလှပါဘူး။ ၁၉၆၂ ကတည်းက နှစ်ပေါင်း ၅၀ လောက် နိုင်ငံရေးအရ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေ မှာ နေခဲ့ရတာကြောင့် မြန်မာလူထု(သာမန်ရိုးရိုးလူထုနဲ့ ပါတီဝင်များအပါအ၀င်)ရဲ့ ဒီမိုကရေစီရေးဆိုင်ရာ ဗဟု သုတတွေဟာ အားနည်းလှပါတယ်။ ဒါ့အပြင် မာ့စ်ဝါဒလို အစွန်းရောက်အတွေးအခေါ်များရဲ့ လွှမ်းမိုးမှုဟာ နိုင် ငံရေးနဲ့ စာပေးအသိုင်းအ၀ိုင်းမှာ သိပ်ကြီးမားတာကြောင့် လူထုအုံကြွမှုတိုင်းဟာ အစွန်းရောက်သွားရပြီး အာ ဏာရှင်တို့က အမြစ်ပြတ်ချေမှုန်းရင် ချေမှုန်း၊ ဒါမှမဟုတ်ရင် အကြမ်းဖက်တော်လှန်တဲ့အတွက် ပြည်တွင်းစစ် ကို ဦးတည်သွားစေပါတယ်။ ဒီလိုဖြစ်ရပ်တိုင်းဟာ မမျှော်လင့်ဘဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးနေပါတယ်။

၎။ အဖွဲ့အစည်းများ၏ အားနည်းချက်များ

၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အရပ်သားအုပ်ချုပ်ရေးကို ရပ်ဆိုင်းလိုက်ပါတယ်။ စစ်အစိုးရဟာ တပါတီစနစ်ကို အသက်သွင်းခြင်းအားဖြင့် စစ်တပ်ရဲ့အာဏာကို စုစည်းလိုက်နိုင်ပါတယ်။ အဲဒီကတည်းက နိုင်ငံရေးစနစ်မှာ ထိန်းညှိစောင့်ကြပ်ပေးမယ့် ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ မထွန်းကားတော့ပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုအပြီးမှာ နိုင်ငံရေးပါတီ တော်တော်များများ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် NLD အပါအ၀င် အားလုံးဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ် စုဖွဲ့လာအောင် မစွမ်း ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ် အား နည်းနေတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်လို့ ပြောရင်ရနိုင်ပါတယ်။

၅။ လူထုအခြေပြုအဖွဲ့အစည်းများ၏ အားနည်းချက်များ

မြန်မာပြည်မှာ ရိုးရာအစဉ်အလာအားဖြင့် လူထုအခြေပြုတဲ့ အဖွဲ့အစည်းများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ အစည်းအားလုံးဟာ ဘာသာရေးကိုအခြေခံတဲ့ အဖွဲ့အစည်းတွေဖြစ်နေပြီး ခေတ်မီဒီမိုကရေစီ သဘောတရား တွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ၂၀ ရာစုအကုန်ပိုင်းနဲ့ ၂၁ ရာစုအစောပိုင်းလောက်မှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများဆိုပြီး လူထုအခြေပြုအဖွဲ့အစည်းပုံစံသစ်တမျိုး ပေါ်ပေါက်လာ ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းတွေဟာ စနစ်တကျစုစည်းနိုင်တဲ့ အင်အားမရှိဘဲ သိက္ခာပိုင်းနဲ့နိုင်ငံရေးပုံ သဏ္ဍာန် လျော့နည်းတာကြောင့် စီးပွားရေးအဖွဲ့အစည်း၊ ဒါမှမဟုတ် စီးပွားရေးတပိုင်း အဖွဲ့အစည်းတွေအဖြစ် လျော့ကျသွားပါတော့တယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒီလို သမိုင်းကြောင်း နောက်ခံ အချက်အလက်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဂုဏ်ရည်တရပ်လိုဖြစ်နေပါပြီ။

ဂ။ နိုင်ငံရေး ပုံသဏ္ဍန်ကားချပ်

ဒီအခြေအနေအောက်မှာ ဘာများလုပ်နိုင်မလဲ။ ဒီမေးခွန်းကိုဖြေဖို့ရာ စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုများ ဘက် ၂ ဘက်လုံးရဲ့ အခန်ကဏ္ဍနဲ့ ရပ်တည်ချက်ကို လေ့လာဖို့လိုပါလိမ့်မယ်။

စစ်တပ်ဖက်

န၀တ နောက်ပိုင်းအခေါ် နအဖက အောင်မြင်စွာပြောဆိုနေတာကတော့ သူတို့ဟာ အာဏာသိမ်းပြီးတက်လာ တဲ့ အစိုးရဖြစ်တယ်ဆိုတာပါပဲ။ ဒါက ၁၉၆၂ တုန်းက ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းခဲ့တဲ့ အနေအထားနဲ့ လက်ရှိ နအဖတို့ရဲ့ ကွာခြားချက်ပါပဲ။ တကယ်တမ်းသဘာဝအားဖြင့် လက်ရှိစစ်ဗိုလ်ချုပ်များရဲ့ အနေအထားဟာ အ ပြောင်းအလဲ ကြားကာလမှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ အကယ်၍များ တတ်နိုင်ရင် သူတို့အာဏာ ကို ဆက်လက်မြဲနေဖို့အတွက် ဒီမိုကရေစီအပြောင်းအလဲကို မသွားချင်ပါဘူး။ ဒါပေမယ့် ပြည်တွင်းပြည်ပ ဖိ အားတွေကြောင့် ဒီမိုကရေစီအပြောင်းအလဲဟာ ရှောင်လွှဲလို့မရဘူးဆိုတာ သူတို့နားလည်ထားပါတယ်။ သူတို့ ရဲ့ အချက် (၇) ချက်ပါတဲ့ လမ်းပြမြေပုံဟာ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်ပါတယ်။ သူတို့ရဲ့ မူလရည်ရွယ်ချက်ဟာ အချိန်ကို တတ်နိုင်သလောက် စွဲဆန့်ဖို့ဖြစ်ပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းကြောင့် လမ်းမြမြေပုံကို တက်သုတ်ရိုက် အကောင်အထည်ဖေါ်နေရပြီး လတ်တလောအခြေအနေကို ရောက်နေတာပါ။

ဒီအမြင်အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာလှုပ်ရှားမှုရဲ့ရလဒ်တခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ် လျူရှုလို့မဖြစ်ပါဘူး။ နအဖရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိအခြေခံဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီအင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းသည်ဖြစ်ပစေ၊ ကျနော်တို့ ဒါကို ဂရုတစိုက်နဲ့ အ သုံးချသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့လို့ပါ။

နအဖအလိုကျ အုပ်စုတွေလည်း ဒီရွေးကောက်ပွဲမှာ သေချာပေါက်ပါမှာပါ။

ဒီမိုကရေစီအင်အားစုများဘက်

သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်ပေါ်မူတည်ပြီး အုပ်စုလေးစု ကွဲသွား နိုင်ပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီဘက်တော်သားတွေဖြစ်ပေမယ့် သူတို့ရဲ့အတွေးအခေါ် ကွားသွား တာနဲ့အမျှ ရလဒ်တွေကလည်း ကွာခြားသွားမှာပါ။

၁။ ပထမအုပ်စု

ဒီအုပ်စုဟာ အတိုက်အခံလှုပ်ရှားမှုရဲ့ ခေါင်းမာသမားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ဟာ ၂၀၁၀ ရွေး ကောက်ပွဲကို ဆန့်ကျင်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ကိုလည်း ငြင်းဆန်ပါလိမ့်မယ်။ အများအားဖြင့် ပြည်ပရောက်အင် အားစုများသာ ဖြစ်ပါတယ်။ (ကျနော့်အထင် သူတို့မှာ သူတို့ကိုယ်ပိုင် အကျိုးစီးပွားရှိပုံရပါတယ်။) NLD ခေါင်း ဆောင်အချို့လည်း ဒီအုပ်စုမှာပါဝင်ပါတယ်။

၂။ ဒုတိယအုပ်စု

သူတို့ဟာလည်း ခေါင်းမာသမားတွေဖြစ်ပေမယ့် လာမယ့်ရွေးကောက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့် အ ဆင့်တရပ်အနေနဲ့ သဘောထားပုံရပါတယ်။ သူတို့ရဲ့အမြင်အရ လာမယ့်ရွေးကောက်ပွဲဟာ ပဋိပက္ခပိုမိုကြီး ထွားစေမယ့် နည်းဗျူဟာဆိုင်ရာ ကစားကွင်းတရပ်သာ ဖြစ်ပါတယ်။ NLD ခေါင်းဆောင်တချို့နဲ့ ဗကပတို့ဟာ ဒီအမျိုးအစားထဲမှာ ရှိပါ တယ်။

ကျနော့်အထင်အရ ဒီအုပ်စုနှစ်စုရဲ့ ရလဒ်ဟာ တမျိုးတည်းဖြစ်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားစေမယ့် အ ကြမ်းဖက် တော်လှန်ရေးနည်းလမ်းသာ ဖြစ်ပါတယ်။

၃။ တတိယအုပ်စု

ဒီအုပ်စုမှာတော့ အလယ်အလတ်ကျတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ပြီးတော့ တတိယအင်အားစုလို့ လူသိ များပါတယ်။ သူတို့ဟာ လာမယ့်ရွေးကောက်ပွဲကို မဟာဗျူဟာအရ ရှုမြင်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် လက်ရှိနိုင်ငံရေးသေနေတဲ့ အနေအထားကို ထိုးဖောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ သူတို့က စစ်တပ်နဲ့ ဘုံရပ်တည်ချက် ရှာလိုသူတွေဖြစ်ပြီး (အဲဒီရပ်တည်ချက်ဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ကောင်းဖြစ်မယ်။) အဲဒီရပ်တည်ချက်ကနေတဆင့် အချင်းချင်း နားလည်ယုံကြည်မှုကို တည်ဆောက်ကာ နိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဘက်ကို ဦးတည်သွားမယ်လို့ ယုံကြည်သူ တွေပါ။ ကျနော့်အမြင်အရ သူတို့ရဲ့ အယူအဆဟာ အနာဂတ်ဒီမိုကရေစီအရေးအတွက် အဖြစ်နိုင်ဆုံး ရေစီး ကြောင်းတခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဒီမိုကရေစီအင်အားစုတွေကြားမှာ အားအနည်း ဆုံးအုပ်စု ဖြစ်နေပါတယ်။ သူတို့ဟာ အခုအထိ နိုင်ငံရေး အင်အားစုတရပ်အဖြစ် မဖွဲ့စည်း မရပ်တည်သေးပေး မယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မကြာခင်မှာ နိုင်ငံရေးစင်မြင့်တခုကို တည်ဆောက်လာနိုင်ပါတယ်။

၎။ စတုတ္ထအုပ်စု

ဒီအုပ်စုမှာတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းအုပ်စုတွေ ပါပါတယ်။ သူတို့အားလုံးနီးပါးဟာ လက်ရှိရွေးကောက် ပွဲနည်းလမ်းကို အသုံးချပြီး သူတို့ရဲ့ တရားဝင်မှုပြဿနာကို ဖြေရှင်းပါလိမ့်မယ်။ သူတို့ဟာ တတိယအုပ်စုအ တွက် အရေးပါတဲ့ မဟာမိတ်တွေလည်း ဖြစ်လာပါလိမ့်မယ်။

နိဂုံး

တကယ်တမ်းအားဖြင့် နအဖရဲ့ လမ်းပြမြေပုံဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စပါ။ စစ်တပ်ဟာ သူတို့ရဲ့ လမ်းပြမြေပုံ ကို ပစ်ချပြီး အတိုက်အခံနဲ့ ပြေလည်ဖို့ တခြားနည်းလမ်းကို စဉ်းစားမှာမဟုတ်ပါဘူး။ မည်သည့်နိုင်ငံရေးရလဒ် မဆို စစ်တပ်က ဦးဆောင်တဲ့ အပြောင်းအလဲကြားကာလ ဖြစ်စဉ်အတိုင်းသွားမှာပါ။ ဒီဖြစ်စဉ်ကို ဆန့််ကျင်တာ ဟာ နိုင်ငံရေးအရှိတရားကို ဆန့်ကျင်တာပါပဲ။ စစ်တပ်မပါတဲ့ ဒီမိုကရေစီခရီးလမ်းကို ဆက်သွားဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေကို ရှာဖွေရတဲ့ အနုပညာတရပ်ပါ။ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ အ ချက်ကတော့ အရှိတရားနဲ့ ပေါင်းစပ်ပြီး ဖြစ်နိုင်ချေကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားရွေးချယ်ဖို့ပါပဲ။

မှတ်ချက် ။ ။ ဤဘာသာပြန်ဆောင်းပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom News Group ၏ အာဘော်မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် ဆင်ခြင်သုံးသပ်နိုင်ရန်ဖြစ်ပါသည်။

“မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ” စာတမ်းကို ရေးသားပြုစုသူမှာ ၂၀၀၀ပြည့်နှစ်က နိုင်ငံ၏ စီးပွားရေးအမည်ရှိ နာမည်ကျော် ပွဲဦးထွက်စာအုပ်ကို ထုတ်ဝေခဲ့သည့် နိုင်ငံတကာအတွေးအမြင် အ ယူအဆများကို မြန်မာပြည်သူများနှင့် မိတ်ဆက်ပေးနေသည့် စာရေးဆရာကျော်ဝင်း ဖြစ်သည်။

ဘာသာပြန်သူမှာ ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ဦးကျော်လင်းဦး ဖြစ် သည်။ ဦးကျော်လင်းဦးသည် ၁၉၉၈ ပြည်သူ့လွှတ်တော်ခေါ်ယူရေးအတွက် ကျောင်းသားများ၏ အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်သည်။ လှုပ်ရှားမှုများအတွင်း စစ်ထောက်လှမ်းရေး၏ ဖမ်း ဆီးမှုမှ ထွက်ပြေးတိမ်းရှောင်နေစဉ် မြန်မာ့စာနယ်ဇင်းများ၌ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့ပြီး ဦးကျော်ဝင်း စတင်တည်ထောင်သော စံပယ်ဖြူမဂ္ဂဇင်း၌လည်း ရေးသားခဲ့သူဖြစ်သည်။

ကျော်ဝင်း၏ အတ္ထုပ္ပတ္တိ (၁၉၅၂ - )
(www.myanmarbookshop.com မှ ကူးယူဖော်ပြသည်)
၁၉၅၂ - ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ အဘ - ဦးဘစိန်၊ အမိ - ဒေါ်အုန်းစိန်တို့က မွေး ဖွားသည်။ မွေးချင်း ၇ ယောက်တွင် အငယ်ဆုံးဖြစ်သည်။ အမည်ရင်း မောင်ကျော်ဝင်း ဖြစ်သည်။
၁၉၅၇ - ငယ်စဉ်က မြောက်ရပ်ကြီး မူလတန်းကျောင်းတွင် စတင်ပညာသင် ကြားခဲ့။
၁၉၆၇ - မုံရွာမြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှ ၁၀ တန်းအောင်။
၁၉၆၈ - ၇၆ - မန္တလေးဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ခဲ့။
၁၉၇၅ - ၇၆ - မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့။
၁၉၆၉ - ကျောင်းသားဘ၀တွင်ပင် ကျူရှင်ဆရာလုပ်ခဲ့။
၁၉၈၅ - ၈၇ - မန္တလေးတက္ကသိုလ် စာပေးစာယူသင်တန်းတို့တွင် ဆက်လက်ပညာသင်ယူခဲ့။
၁၉၈၆ - မကြူကြူမြင့်နှင့် အိမ်ထောင်ပြု (သားသမီး ၃ ဦး ထွန်းကားခဲ့)။
၁၉၉၇ - ဇွန်လထုတ် 'သင့်ဘ၀မဂ္ဂဇင်း'ပါ 'စိန်ခေါ်နေသောဖွံ့ဖြိုး’ဆောင်းပါးဖြင့် စာပေလောကသို့ စရောက်ခဲ့။ အမည်ရင်း ကျော်ဝင်းအပြင် ၀င်းနောင်၊ လင်းထက်ဇော်၊ စိုးရိမ်၊ မိုးကောင်း စသောနာမည်များဖြင့် မဂ္ဂဇင်း၊ ဂျာ နယ်များတွင် လူမှုစီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ နိုင်ငံတကာရေးရာ ဆောင်းပါးများ၊ ဘာသာပြန်များ ရေး သားလျက်ရှိ။
၂၀၀၀ - ပြည့်နှစ်တွင် မုံရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး စာပေလုပ်ငန်းတခုတည်းသာ လုပ်ကိုင်ခဲ့။
၂၀၀၀ - ဖေဖော်ဝါရီလတွင် ပထမဆုံးလုံးချင်းစာအုပ်'' နိုင်ငံ၏ စီးပွားရေး'' စာအုပ်ထွက်ခဲ့။ ထိုစဉ်မှစ၍ နှစ်စဉ် လုံးချင်းစာအုပ်များ ထွက်ခဲ့။ ''သင့်ဘ၀မဂ္ဂဇင်း'' တွင် အယ်ဒီတာလုပ်။
၂၀၀၁ - ၂၀၀၃ - စံပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာချုပ်။
၂၀၀၁ - ''ထောင်စု၊ ရာစု၊ ဆယ်စုများ''၊ ကမ္ဘာလုံးစီးပွားရေး၊ အဝေးမြင် စာအုပ်များထွက်။
၂၀၀၂ - ဒါဝင်မိတ်ဆက်၊ ကမ္ဘာကြီးရဲ့ မနက်ဖြန်၊ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း စာအုပ်များထွက်။
၂၀၀၃ - ပင့်ကူအိမ် လူ့အဖွဲ့အစည်း၊ သူတို့အက်ဆေး၊ အတောင်ပါသော စကားလုံးများ၊ တော်ဖလာနှင့် စကား စမြည်၊ ၂၁-ရာစု ဒစ်ပလိုမေစီ၊ လူများဖြစ်ရပ်များနှင့် တူရှူချက်များ၊ ရေစီးကြောင်းများ ပြောင်းလဲချိန် စသော စာအုပ်များ ထွက်။
၂၀၀၃ - ၂၀၀၄ - ခေတ်ဆန်းဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - ၂၀၀၆ - မိုးဂျာနယ် အယ်ဒီတာချုပ်။
၂၀၀၄ - စိန်ခေါ်ကြသူများ၊ ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ နှစ်ပေါင်းနှစ်ထောင်က ဘိဇနက်စကား၊ ထောင်စု-ရာ စု-ဆယ်စုများ(ဒု-အကြိမ်)၊ ပုံရိပ်-ရှုခင်း-အမှတ်ရချက်နှင့် ခေတ်ရေစီး၊ ပညာရှင်များရဲ့ ၂၁-ရာစု၊ အီရတ်-အ လွန်၊ ဘိဇနက်ဂျာနယ်လစ်ဇင်၊ ကောင်းကင်တွင် စင်တင်မည့် ဒရမ်မာသစ်၊ အင်တာဗျူး၊ ဂလိုဘယ်အမြင်- ဂ လိုဘယ်လိုက်ဇေးရှင်း၊ ၂၁-ရာစု သားရွှေဥ၊ ခေတ်ပြိုင်ဘောဂဗေဒ၊ ရာဇ၀င်တွင်ရစ်မယ့် စကားဝိုင်းများ၊ အယ် ဒီတာစကား- အယ်ဒီတာအကြိုက် စာအုပ်များထွက်။
၂၀၀၅ - သူတို့အမြင် သူတို့အပြော၊ ဂျပန်အိပ်မက်၊ နိုင်ငံ၏ စီးပွားရေး (ဒု-အကြိမ်)၊ ကမ္ဘာ့အစီအစဉ်သစ် ရှာပုံ တော်၊ အာရှစီးပွားရေး အနှစ်လေးဆယ်၊ နိုင်ငံတည်ဆောက်ရေး ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း၊ ပေါက္ခရ၀ဿမိုး၊ ပလာတိုရဲ့ မြင်းနှစ်ကောင်၊ သစ္စာရှာဖို့ မြင်းစီးသူ၊ အက်ဆေးဆရာရဲ့ ဖြတ်သန်းခြင်း စသော စာ အုပ်များ ထွက်။
၂၀၀၆ - ဇွန်လမှစ၍ The Wave မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေလျက်ရှိ။ ''ကမ္ဘာပြားပြီ (၃-တွဲ)'' ထွက်။
၂၀၀၆ ခုနှစ် - အမျိုးသားစာပေ(ဘာသာပြန်သုတ)ဆု ရရှိ။
၂၀၀၇ - ထိ ရေးသားပြီး လုံးချင်းစာအုပ်ပေါင်း ၆၀ ရှိပြီ။

ယခုအခါ အမှတ် ၂၀၊ အခန်း ၂၂၊ ပြည်ရိပ်မွန်အိမ်ရာ၊ ၇ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းတွင် ဇနီး ဒေါ်ကြူကြူမြင့်၊ သမီး ပွင့်သစ်ငြိမ်းချမ်း၊ မျိုးဆက်ငြိမ်းချမ်းနှင့် သား ခွန်းဆက်ငြိမ်းချမ်းတို့နှင့်အတူ နေထိုင် ရင်း စာပေများ ရေးသားပြုစုလျက်ရှိ။ ဆက်သွယ်ရန် တဆင့်ဖုန်း - ၅၁၄၅၁၇။

ထင်ရှားသည့် စာအုပ်အချို့

၁။ ကမ္ဘာပြားပြီ (၃-တွဲ)
၂။ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း
၃။ ထောင်စုသစ် အိုင်ဒီယာများ
၎။ ပင့်ကူအိမ် လူ့အဖွဲ့အစည်း
၅။ ကမ္ဘာ့အစီအစဉ်သစ်ရှာပုံတော်
၆။ ၂၁ ရာစု သားရွှေဥ
၇။ သစ္စာရှာဖို့ မြင်းစီးသူ
၈။ အတောင်ပါသော စကားလုံးများ
၉။ ဦးနှောက်မုန်တိုင်းဆင်ခြင်း
၁၀။ နှင်းခဲပျော်ချိန် (အာရင်ဘတ်၏ ၀တ္ထု)

5 comments:

Unknown said...

ကျော်ဝင်းတယောက် ဒဿနအမူးပြေလို့ သူ့ဖင်သူ ပြန်စမ်းကြည့်ရင် ခရေပွင့်မရှိတော့တဲ့ ဟောင်းလောင်းပေါက်ကြီး စမ်းမိလိမ့်မယ်ထင်တယ်။ အတွေးအခေါ်ချွတ်ခြုံကျရင် ကုရာနတ္ထိဆေးမရှိဘူးဆိုတာ ကျော်ဝင်းနဲ့မှပဲ သဘောပေါက်တော့တယ်။ သနားစရာပဲ။ ကျော်ဝင်းလိုလူတွေကို နအဖက စားအုန်းဆီလောက်တော့ သုံးပေးမယ်လို့ အကောင်းဘက်လှည့်ပြီး မျှော်လင့်ရတာပဲ (နအဖ သိပ်စိတ်ကောင်းဝင်လွန်းရင်ပေါ့လေ)။ ကံကောင်းပါစေ ကျော်ဝင်းကြီးများ၊ ကျော်ဝင်းလတ်များ၊ ကျော်ဝင်းလေးများခင်ဗျား။

soeaung said...

စစ်တပ်ရဲ့ အခန်းကဏ္ဍဟာနိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်
ရေးတာဝန်ကိုတာဝန်ယူရမဲ့တာဝန်ပါ၊ဒါကိုနိုင်ငံရေးသမားတိုင်းနားလည်ပြီးသားပါ။
တနည်းအားဖြင့်ပြောရလျှင်ဒါဟာစစ်တပ်နိုင်ငံရေးမှာအော်တိုမစ်တစ်ကဲလီးပါပြီးသားပါ။
စစ်တပ်နိုင်ငံရေးနှစ်သီးစားလို့ မရပါဘူး။

eagle said...

ဦးကျော်ဝင်းရဲ့ လည်စင်းအညံခံအရှုံးပေးဝါဒကို (၀ါ၊ ပူးသတ်ပဲပြောပြော၊ပေါင်းစားပဲပြောပြော၊ အီးဗော်လှူးရှင်းပဲခေါ်ခေါ်) ကျနော်လည်း လက်မခံပါ။ ထိုရေးသားချက်များအပေါ်တုံန်ပြန်ရာမှာ
ကျနော်တို့အနေနဲ့ အချက်အလက်တိတိကျကျနဲ့ လူကြီးလူကောင်းဆန်စွာ ဆန်ကျင့်ကန့်ကွက်ဖို့လိုပါတယ်။
ဒီမိုကရေစီရဲ့သဘောသဘာဝကိုက မတူသည်များကိုဆွေးနွေးအဖြေရှာခြင်းပါ။

eagle said...

္ဒဲ္ဒ္ဒ..မဟာဗျူဟာဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာဆိုတာ မ ဟာဗျူဟာမြောက် လိုအပ်ချက်ရဲ့ လက်အောက်ခံအဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာ က ကျင့်ဝတ်သိက္ခာထက် ပိုအခရာကျပါတယ်။...

ကျင့်ဝတ်သိက္ခာဆိုတာ မဟာဗျူဟာရဲ့ အောက်မှာဆိုတဲ့ ဦးကျော်ဝင်းရဲ့ ဒဿနဟာ နအဖနဲ့တူတူပဲပါ ဘာကြောင့်လဲဆိုတော့ နအဖဟာလည်း ကျင့်ဝတ်သိက္ခာမရှိပဲ နိုင်ငံအာဏာကို မတရား သိမ်းယူထားလို့ပါ။ ကျင့်ဝတ်မရှိပဲ လူထုကိုနှိပ်စက်သတ်ဖြတ်နေတဲ့ အဏာရှင်စစ်အုပ်စုဖြစ်နေလို့ပါ။ ဦးကျော်ဝင်းခင်ဗျား
.. ကျင့်ဝတ်သိက္ခာနဲ့ တန်းဖိုးဆိုတာ လူတစ်ဦးချင်းဖြစ်စေ လူ.အဖွဲ.အစည်းတစ်ခုမှာဖြစ်စေတည်ရှိပါတယ်။ လူအများက လက်ခံသတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာတွေကို မလေးစားရင် ချိုးဖေါက်ရင် အဲဒီလူဟာ ထိုလူ.အဖွဲ.အစည်းရဲ့အပြစ်ဒဏ်ခတ်မှုကို ရင်ဆိုင်ရပါမယ်။ ၈၈ဖြစ်ပေါ်လာတာ၊စက်တင်ဘာအရေးအခင်းဖြစ်
ပေါ်လာတာ နိုင်ငံရေးကျင့်ဝတ်သိက္ခာအပေါ်အခြေခံပြီး အာဏာရှင်ကိုဆန့်ကျင်တဲ့ လူထုကတု့န်ပြန်တဲ့ အရေးအခင်းတွေပါ။ဘယ်သူကမှမြောက်ပေးလို့
ပေါ်လာတာမဟုတ်ပါ။ လူထုကပြန်လည်တုံန်ပြန်တဲ့
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်ရာမှာ မဟာဗျူဟာမြောက်နည်းမျိုးစုံကိုသုံးဖို့လိုတာကို လူတိုင်းနားလည်းလက်ခံပေမဲ့ အခု ဦးကျော်ဝင်းတင်ပြတဲ့၂၀၁၀ ရွေးကောက်ပွဲအပေါ်အမြင်ဟာ လူထုအပေါ်၊နိုင်ငံရေးအပေါ် ကျင့်ဝတ်သိက္ခာချိုးဖေါက်တဲ့အမြင်ပါ။နိုင်ငံရေးဆိုတာ ကျင့်ဝတ်သိက္ခာမဲ့စွာ ဆောင်ရွက်ရတဲ့အလုပ် မဟုတ်ပါဘူး။ နိုင်ငံရေးမှာ ကစားတယ်ဆိုတဲ့ အယူအဆဟာလည်း ကလိမ်ကျတဲ့ လောင်းကစားသမားတစ်ဦးညဏ်ဆိုးနဲ့အတူတူပါပဲ။
လူထုကိုလိမ်ပြီး နိုင်ငံရေး လုပ်လို့ရတဲ့ဆိုတဲ့ အတွေးအခေါ်ပါ။ အဲဒီလို နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်တဲ့လူတွေဟာလဲ ဘယ်တော့မှ လူထုခေါင်းဆောင်၊နိုင်ငံခေါင်းဆောင်၊
အမျိုးသားခေါင်းဆောင်ဖြစ်မလားပါဘူး။ ကျင့်ဝတ်သိက္ခာကို တန်ဖိုးထားတဲ့ ဗိုလ်ချုပ်လိုခေါင်းဆောင်မျိုးတွေ၊ ထောင်ထဲကိုရင်ကော့ပြီဝင်သွားတဲ့မင်းကိုနိုင်နဲ့၈၈
ကျောင်းသားခေါင်းဆောင်တွေ၊မိသားစုဘ၀ရောမိမိဘဝ
တစ်ခုလုံးကို စွန့်လွှတ်ပြီး ဆောင်ရွက်နေတဲ့ ဒေါ်စုလို
အမျိုးသားခေါင်းဆောင်တွေဟာ ၊မြန်မာပြည်မှာမှ မဟုတ်ပါဘူး နိုင်ငံတိုင်းမှာရှိပါတယ်။ စက်တင်ဘာ
အရေးအခင်းမှာ သွေးမြေကျဖမ်းစီးခံခဲ့ရတဲ့ ရဟန်းသံဃာနဲ့ပြည်သူတွေဟာ ကျင့်ဝတ်သိက္ခာအပေါ် တန်ဖိုးထားပြီး ယုံကြည်ချက်နဲ့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဦးကျော်ဝင်းပြောသလို
”အန်အယ်လ်ဒီရပ်တည်ဖို့အတွက် စစ်အစိုးရဲရဲ့
ရွေးကောက်ပွဲကို ၀င်ရုံမှတပါးအခြားမရှိပါ”ဆိုတဲ့
အတွေးအခေါ်ဟာ တိုက်မနေပါနဲ့ကွာ ရွေးကောက်ပွဲဝင်လိုက်ပါ လောလောဆယ်တိုက်လဲ မနိုင်နိုင်ဘူးဆိုတဲ့ အရှူးံပေးလက်မြောက်ရေး
အယူအဆပါ။ အဲဒီအယူအဆမျိုးနဲ့ဆို ဘယ်နိုင်ငံမှ လွတ်မြောက်ခဲ့မှာ မဟုတ်ပါဘူး။
ှရှင်းတာကို ရှုပ်အောင်မလုပ်ပါနဲ့ဦးကျော်ဝင်းခင်ဗျား။
နအဖကမတရားကျင့်ပတဲ့၂၀၁၀ ရွေးကောက်ပွဲကြောင့်
အန်အယ်လ်ဒီတည်ရှိသည်ဖြစ်စေ၊မတည်ရှိသည်ဖြစ်စေ၊
နအဖစစ်အုပ်စုဆက်လက်တည်ရှိသည်ဖြစ်စေ၊
မတည်ရှိသည်ဖြစ်စေ၊ ၂၀၁၀ရွေးကောက်ပွဲမကလို့ ဘယ်မတရားတဲ့ရွေးကောက်ပွဲဖြစ်စေ ကျင်းပပြီးတက်လာတဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့မှန်သမျှကို နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ၊ ယုံကြည်ချက်အရ
ကျနော်တို့အနေနဲ့ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။

အေသင် said...

DRအောင်သူငြီင်္မ် ။ဒေါက်တာဇာနည်
အတူတူပဲ။ နအဖ ၂၀၁၀ လက်ခံ
သူတွေ ။ ဒီလူတွေ ကိုလဲချေမှူန်ရ
မယ်။

တော်လှန်ရေး ရဲဘော်