သက်ကယ်ရိတ်ဖို့ သွားခဲ့တယ်
သစ်ကောင်းအိမ်
ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး။
တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့မစို့ရလို့
လင်းနို့အဖြစ်နဲ့သာ ကျေနပ်နေရ။
ညပြက်ကြီး …
တောတိုးသွားတဲ့ကြောင်
တောကြောင်ပြန်ဖြစ်ခဲ့။
မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေ ပျံသန်းလာတော့မယ်။ ။
သစ်ကောင်းအိမ်
(၁၁ ရက်၊ မတ်လ၊ ၂၀၀၉)
သစ်ကောင်းအိမ်
ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး။
တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့မစို့ရလို့
လင်းနို့အဖြစ်နဲ့သာ ကျေနပ်နေရ။
ညပြက်ကြီး …
တောတိုးသွားတဲ့ကြောင်
တောကြောင်ပြန်ဖြစ်ခဲ့။
မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေ ပျံသန်းလာတော့မယ်။ ။
သစ်ကောင်းအိမ်
(၁၁ ရက်၊ မတ်လ၊ ၂၀၀၉)
No comments:
Post a Comment