ဓာတ်ပုံ - SAW နှင့် ကိုလတ်
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်တွေကို နောင်မျိုးဆက်တွေ အတုယူနိုင်ဖို့၊ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးတွေ ထွန်းပေါက် လာစေဖို့၊ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် စွန့်လွှတ်အနစ်နာခံတဲ့ မျိုးဆက်တွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ် ပြီး ထိုင်း-မြန်မာနယ်စပ်က မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်တွေအတွက် (Social Action For Women) အဖွဲ့က ဖွင့်လှစ်ထားတဲ့ SAW စာသင်ကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
No comments:
Post a Comment