နေ့စွဲ၊ ၁၁-၂-၀၉
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့က ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှတဆင့် ထုတ်လွှင့်ခဲ့သော “အင်္ဂါ ၀တ်ပြုဆုတောင်းသူများ”၏ ပန်ကြားချက်အား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) မှ အလေးအနက် ကြိုဆိုအပ်ပါသည်။
ဖေဖော်ဝါရီလသည် ပြည်ထောင်စုကြီးတခုလုံးအတွက် ညီညွတ်ရေးကို ဖော်ဆောင်ပေးနိုင်ခဲ့သော သမိုင်းဝင် နေ့ရက်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလဒ် အရ ပြည်သူလူထုအကျိုး သယ်ပိုးရန် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမျိုးသားညွန့်ပေါင်းအစိုးရသည် လူထုက ဖြစ်စေလိုသော ညီညွတ်ရေးအား လေးအနက်ထားပါသည်။ ညီညွတ်ရေးအတွက် ရည်ရွယ်ကာ “ညွန့်ပေါင်းအ စိုးရ” ဟူ၍ ဖြစ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။
အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်တွင် ကျင်းပခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ညီလာခံ၌လည်း လွှတ် တော်ကိုယ်စားလှယ်များအတွင်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ အကောင်းဆုံးအဖြေရှာခြင်း၊ အားလုံးလက် ခံဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ဆက်လက်၍လည်း ပိုမိုတူညီ၊ ညီညွတ်မည့် လုပ်ငန်းရပ်ကို ပါ သဘောတူခဲ့ကြပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွင်း၌သာမက ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများအပြင် နိုင်ငံတ ကာရောက် မြန်မာ့လူမှုအဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းတိုင်ပင်သည့် အစည်းအဝေးကြီးတရပ်ကိုလည်း အောင် မြင်စွာ ကျင်းပခဲ့ပါသေးသည်။ ယင်းအစည်းအဝေးကြီးမှ “ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့် များ” ဟူသည့် (မာလာဟိုက်) ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်၏ အချုပ်မှာ “ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရန်ဟူသည့် ဘုံရည်မှန်းချက်များ ကို ဖော်ဆောင်ရန် ညီညွတ်သော ခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ်တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။” ဟုဖြစ်ရာ ဖွဲ့စည်းမှုဆိုင်ရာ ညီညွတ်မှုကိုသာမက လုပ် ငန်းဆိုင်ရာ တူညီမှုအတွက်ကိုပါ အတူတကွ ဆောင်ရွက်ရန်ဖြစ်ပါသည်။
သို့အတွက် အမျိုးသားညွန့်ပေါင်းအစိုးရအနေဖြင့် ညီညွတ်ရေးအတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်တွင်းခေါင်းဆောင်မှုနှင့် လုပ်ဖော်ကိုင်ဖက်များအား လေးစားစွာကတိပြုထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)
Media contact: ဒေါက်တာတင့်ဆွေ၊ +91 981-000-3286
Thursday, February 12, 2009
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)မှ ညီညွတ်ရေး ပန်ကြားချက်အား ကြိုဆိုခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment