ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)
ပြည်တွင်းကလူတွေ စိတ်ဝင်စားမစားတော့မသိ။ ဇန်န၀ါရီတလလုံးနီးပါး ‘စင်ပြိုင်အစိုးရဖွဲ့မည်’ ဟူသည့် အသံ တွေပဲ ပြည်ပတွင် ဆူညံနေခဲ့သည်။ တချို့က လက်ရှိအဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးဘက်မှ ထောက်ခံဆွေးနွေးကြသည်။ တချို့က ပြည်ထောင်စုမြန်မာနိုင်ငံအမျိုး သားကောင်စီ (NCUB) မှ ဖွဲ့စည်းမည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ ထောက်ခံဆွေးနွေးကြ သည်။ ကျနော်ကမူ မည်သည့်ဘက်ကမျှ ထောက်ခံဆွေးနွေးခြင်းမပြု၊ စိတ်လည်းမ၀င်စားလှဘဲ အားတက်သ ရော ဆွေးနွေးနေကြသည့် အသံများကိုသာ မပျင်းမရိ နားထောင်နေဖြစ်ခဲ့သည်။
ကျနော့်အနေနှင့် စိတ်မ၀င်စား၊ မဆွေးနွေးဖြစ်သည့်အကြောင်းမှာ NCGUB ကိုပဲ ပြင်ဆင်ဖွဲ့စည်းဖွဲ့စည်း၊ NCUB ကပဲ NUG ဖွဲ့ဖွဲ့ မြန်မာ့ဒီမိုကရေစီရေး အဆုံးသတ်တိုက်ပွဲအတွက် ယခုအနေအထားထက် ဘာမျှထူးလာမည်မ ဟုတ်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ နယ်မြေမရှိ၊ စစ်တပ်မရှိ၊ ပြည်ပရောက် သန်းနှင့်ချီသည့် အောက် ခြေလူထုကို စည်းရုံးမှုလုံးဝမရှိ (အင်အားတည်ဆောက်မှုမရှိ)၊ နိုင်ငံတကာအစိုးရများက တွန်းတင်ပေးချင် လောက်အောင် Figure နှင့် အရည်အချင်းရှိသည့် ခေါင်းဆောင်မျိုး ပြည်ပတွင်မရှိပါဘဲနှင့် ဘယ့်အတွက် ကြောင့် အစိုးရဖွဲ့ချင် ၀န်ကြီးများလုပ်ချင်နေကြသနည်း၊ ရှိပြီးသား အန်စီဂျီယူဘီအစိုးရသည်ပင် အနှစ် ၂၀ လုံး လုံး လူရယ်စရာ နောက်ပြောင်စရာ ဖြစ်ခဲ့သည်ကို သင်ခန်းစာမယူနိုင်ကြ၍လော … စသည်ဖြင့် တယောက် တည်း မေးခွန်းထုတ်နေမိပါသည်။
ကျနော့်အနေနှင့် ယခုအချိန်သည် ပြည်ပရှိအဖွဲ့အစည်းအားလုံးအနေနှင့် ညီညွတ်သည့် တခုတည်းသော တပ် ပေါင်းစု ဖွဲ့စည်းလုပ်ဆောင်နိုင်စွမ်း မရှိလျှင်တောင် လွတ်မြောက်နယ်မြေရှိ အောက်ခြေမြန်မာလူထုကြီးကို အ ဖွဲ့အစည်းအလိုက် တတ်နိုင်သမျှ အပြင်းအထန် စည်းရုံးလှုံ့ဆော်ပြီး နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို နည်း လမ်းမျိုးစုံဖြင့် တိုက်ဖျက်နိုင်အောင် လုပ်ဆောင်ရမည့်အချိန်ဟု မြင်မိပါသည်။ ကိုယ်အားသန်သည့် တိုက်ဖျက် နည်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်နိုင်အောင် အောက်ခြေလူထုနှင့် ရသလောက် အားစုရမည့်အချိန် ဟု မြင်ပါသည်။ ထို့အပြင် ပြည်တွင်း၌ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာလျှင် စက်တင်ဘာအရေးတော်ပုံတုန်းကကဲ့ သို့ ကြက်သေသေမနေကြဘဲ အဆင်သင့် ၀န်းရံတိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ထားကြဖို့လိုသည်ဟု မြင်မိပါ သည်။ ထိုသို့မဟုတ်ဘဲ ဘာမှဖြစ်လာမည်မဟုတ်သည့် စင်ပြိုင်အစိုးရဖွဲ့စည်းရေး ကိစ္စရပ်များနှင့်သာ အချိန် ကုန်၊ ငွေကုန်၊ လူရယ်စရာ အဖြစ်ခံနေကြသည်ကို အံ့အားသင့်နေမိပါသည်။
ဤတွင် စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ကျနော်၏ အမြင်ကို အနည်းငယ် ဆွေးနွေးချင်ပါသည်။ ကျ နော်၏သဘောထားကို ဆွေးနွေးရလျှင် စင်ပြိုင်အစိုးရဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုသည်ကို စစ်အစိုးရ ဖြုတ် ချရေးအတွက် အသုံးဝင်ထိရောက်သည့် နည်းဗျူဟာတရပ်အဖြစ် လက်ခံပါသည်။ တွေ့ဆုံဆွေးနွေးရေးနည်း လမ်း ဖြစ်နိုင်ခြေနည်းပါးမှုနှင့် နအဖ၏ လမ်းပြမြေပုံအစီအစဉ်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဤထိပ်တိုက်ရင် ဆိုင်ခြင်း နည်းလမ်းကို စဉ်းစားရခြင်း ဖြစ်ပါသည်။ သို့သော် ပြည်တွင်း၌ စင်ပြိုင်ဖွဲ့၍ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ် မှသာလျှင် အကျိုးထူးမည်ဟု ထင်မြင်မိပါသည်။ ထိုသို့ အစိုးရဖွဲ့မည့် အုပ်စုအနေနှင့် စင်ပြိုင်ဖွဲ့ရသည့် ရည်ရွယ် ချက်အား အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၊ ပြည်တွင်း ပြည်ပ အင်အားစုအသီးသီးနှင့် နိုင်ငံတကာက ထောက်ခံအောင် ရသည့်နည်းလမ်းဖြင့် ကြိုတင်အသိပေး ညှိ နှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လိုမည်ဖြစ်ပါသည်။ (စင်ပြိုင်ဖွဲ့ရာတွင် အများကလက်ခံသည့် ပုဂ္ဂိုလ်များပါဝင်ရန်နှင့် လုံခြုံသည့်နေရာမှ စိန်ခေါ်ကြေညာရန်လည်း အထူးအရေးကြီးသည်ဟု မြင်ပါသည်)
ထိုသို့ ပြည်တွင်းပြည်ပ အင်အားစုအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိအောင် ကြိုးပမ်းပြီးလျှင် (ဤအချိန်တွင် စစ်တပ်ကွဲချင်လည်း ကွဲနိုင်သည်။ မကွဲလျှင်လည်း ပြဿနာမရှိ) နအဖစစ်အုပ်စုအား သူပုန် အုပ်စုအဖြစ် ကြေညာ၍ ကုလသမဂ္ဂထံ စစ်ရေးအရ ကြားဝင်အကူအညီပေးဖို့ အလျင်အမြန်တောင်းခံရပါမည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအကျဉ်းသားများကို လွတ်မြောက်ရေးကို လုပ်ဆောင်ရပါမည်။ ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာလျှင် တွေ့ဆုံဆွေးနွေးမှုမှတဆင့် အားလုံး ပါဝင်နိုင်မည့် အများသဘောတူလက်ခံသည့် ညွန့်ပေါင်းအစိုးရသစ် ထပ်မံဖွဲ့စည်းဖို့ လိုမည်ဖြစ်ပါသည်။ ထိုညွန့် ပေါင်းအစိုးရမှတဆင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးဆီသို့ ဦးတည်ရမည် ဖြစ်ပါ သည်။ (ပြည်ပအင်အားစုများအနေနှင့် ကြေညာမည့်စင်ပြိုင်အစိုးရဖွဲ့ကို အားလုံးကထောက်ခံမှုပြုအောင်သာ ၀ိုင်းဝန်း စည်းရုံးလှုံ့ဆော်ပေးသင့်သည်ဟု ရိုးသားစွာ ထင်မြင်မိပါသည်။)
စင်ပြိုင်အစိုးရဖွဲ့ရန် တိုက်တွန်းခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံကာလကို ပြန်အ မှတ်ရမိသည်။ ရွှေဝါရောင်အရေးတော်ပုံ အရှိန်မြင့်နေစဉ် တရက်၌ ကျနော်၏ ဘလော့ဂ်တွင် ‘နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မည်’ ဟူသည့် နှိုးဆော်ချက်တခုကို တင်လိုက်ပါသည်။ တိုက်ပွဲအခြေအနေအရ စင်ပြိုင် အစိုးရတခု မဖြစ်မနေဖွဲ့ဖို့လိုသည်ဟု တိုက်တွန်းသည့်သဘော ရေးသားနှိုးဆော်လိုက်ခြင်းသည်။ ပြည်သူ့ဆီက မန်းဒိတ်ရထားသည့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်တွေက စင်ပြိုင်အစိုးရမဖွဲ့လျှင် ထိုစဉ်က အ ဖမ်းဆီးမခံရသေးဘဲ အပြင်တွင် လွတ်မြောက်နေသည့် ကိုဌေးကြွယ်တို့ (၈၈) အုပ်စုကို သံဃာတော်များ၊ သ ပိတ်ကော်မတီဝင်များနှင့် အမြန်ညှိနှိုင်း၍ လုံခြုံသည့်တနေရာမှ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကျနော်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။
ထိုနှိုးဆော်ချက်ကို ဖတ်ပြီး ရယ်မောချင်သူတွေ၊ မေးခွန်းထုတ်ချင်သူတွေ အတော်များများရှိနိုင်သည်ကို ကျ နော် မျှော်လင့်ပြီးသားဖြစ်သည်။ သို့သော် ရခဲလတ်သည့် အခြေအနေအရ ဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးအဆင့် မြှင့်မှုတခုကို ဖြစ်ပေါ်စေလို၍ ထိုသို့ အလျင်အမြန် တိုက်တွန်းရခြင်းဖြစ်ပါသည်။ ကျနော်၏ နှိုးဆော်ချက်ကို ထောက်ခံသည့်သူများကလည်း ထောက်ခံကြောင်း အီးမေးလ်တွေပို့ကြသည်။ တော်တော်များများဆီကလည်း လက်မခံသည့်သဘော အသံတချို့ ထွက်ပေါ်လာသည်။
ဘယ်လိုလက်မခံသည့် အသံတွေလဲဆိုလျှင် …
(၁) ‘ဟာ ကိုဌေးကြွယ်တို့အုပ်စုက ငယ်ပါသေးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဘယ်ဖြစ်နိုင်ဦးမှာတုန်း’
(၂) ‘အန်အယ်လ်ဒီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့ ဥစ္စာပဲ၊ ဖွဲ့ချင်းဖွဲ့ရင် သူတို့ပဲ အစိုးရဖွဲ့ရမှာပေါ့’
(၃) ‘ကိုဌေးကြွယ်တို့ အစိုးရဖွဲ့မယ်ဆိုရင် ကျနော်တို့ကတော့ လက်မခံနိုင်ဘူး’ ဆိုသည့် အသံဗလံများပဲ ဖြစ် သည်။
နံပါတ် (၁) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် စင်ပြိုင်အစိုးရ ဖွဲ့ဖို့လိုသည်ဆိုသည်ကို လက် ခံသည့် သဘောတွေ့ရသည်။ သို့သော် အသက်အရွယ် ငယ်ရွယ်မှုအပေါ် ထိုသူများ စိုးရိမ်နေပုံပေါ်သည်။ သူ တို့စိုးရိမ်သည့် အသက်အရွယ်ငယ်ရွယ်မှုနှင့် ပတ်သက်၍ စောဒကတက်ရမည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း နန်းရင်းဝန်ဖြစ်စဉ်က အသက် (၃၂) နှစ်သာ ရှိသေးသည်။ အခု ကိုဌေးကြွယ်တို့အုပ်စုတွေက လေးဆယ်ကျော် တန်း ပညာတတ်တွေဖြစ်သည်ဟု ကျနော်က ပြန်လည်ရှင်းပြချင်ပါသည်။
နံပါတ် (၂) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် သူတို့လည်း စင်ပြိုင်အစိုးရဖွဲ့ဖို့လိုသည်ဆို သည့် သဘောထားအား လက်ခံသည်ကို တွေ့ရသည်။ သို့သော် စင်ပြိုင်အစိုးရ ဖွဲ့ချင်းဖွဲ့လျှင် လူထုက မဲပေး ရွေးချယ်ထားသည့် သူများကိုသာ ဖွဲ့စေချင်ပုံပေါ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်ကို ပြောပြချင်ပါ သည်။
ကျနော်၏ အမြင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာဦးဝင်းတင်တို့ အထိန်းသိမ်းခံနေရသည့် ကာလတ လျှောက်လုံး အပြင်တွင် ဦးဆောင်နေသည့် အန်အယ်လ်ဒီဗဟိုကော်မတီ၏ နိုင်ငံရေးစွမ်းဆောင်ရည်ကို အကဲ ဖြတ်ပြီး ပြောခြင်းဖြစ်သည်။ သူတို့တလျှောက်လုံး စွမ်းဆောင်ခဲ့သည်များကို သုံးသပ်ပြီး …
(က) စင်ပြိုင်အစိုးရဖွဲ့ချင်သည့် ဆန္ဒ၊ ဖွဲ့ရဲလောက်သည့် သတ္တိမျိုး အန်အယ်လ်ဒီဗဟိုကော်မတီဝင်များတွင် ရှိ မည်ဟု လုံးဝမထင်ခြင်း။
(ခ) ရုတ်ချည်း ဖြစ်ပေါ်လာသည့် ရွှေဝါရောင်အရေးတော်ပုံအတွင်း အသံတိတ်ပြုမူနေသည့် အန်အယ်လ်ဒီဗဟို ကော်မတီ၏ သဘောထားဆုံးဖြတ်ချက်ကို လက်မခံ မစောင့်ဆိုင်းတော့ဘဲ ရွေးကောက်ခံကိုယ်စားလှယ်များ ထဲမှ အမတ်အချို့ဦးဆောင်ပြီး ညီညီညွတ်ညွတ်နှင့် စင်ပြိုင်အစိုးရ ကြေညာလောက်သည့် ပြင်ဆင်မှုမျိုးလည်း မတွေ့ရခြင်း … စသည့် အကဲဖြတ်ချက်များကြောင့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စင်ပြိုင် အစိုးရဖွဲ့မည်ဟု ကျနော် မထင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအခြေအနေက အလျင်အမြန် ဆုံးဖြတ်ပြီး လက်ဦးမှုယူကာ တိုက်ရမည့် အနေအထားကို ရောက်နေ သည်။ ထိုသို့ စင်ပြိုင်အစိုးရဖွဲ့ပြီး မတိုက်လျှင် (အလျင်အမြန် အကောင်အထည်မဖော်လျှင်) ၈၈ အရေးတော်ပုံ တုန်းကကဲ့သို့ပင် ဒိုင်စားတော့မည့်အခြေအနေ ဖြစ်လာတော့မည်ကို ကျနော်ကြိုမြင်နေသည်။ ထိုသို့မြင်သည့် အတွက် အပြင်တွင် အဖမ်းမခံရဘဲ တစုတစည်းတည်း ရှိနေသည့် (လူထုနှင့် နိုင်ငံတကာကလည်း အတိုင်းအ တာတခုအထိ အသိအမှတ်ပြု လေးစားပြီးသားဖြစ်သည့်) ကိုဌေးကြွယ်တို့ ၈၈ မျိုးဆက်အဖွဲ့ကိုပဲ (နောက်ဆုံး ပိတ် စဉ်းစားမိပြီး) စင်ပြိုင်အစိုးရ အမြန်ဖွဲ့ဖို့ ကျနော် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
နံပါတ် (၃) အသံဗလံနှင့် ပတ်သက်၍ သုံးသပ်ရလျှင် ထိုသူတို့သည်လည်း စင်ပြိုင်အစိုးရဖွဲ့ပြီး တိုက်ရမည်ကို လက်ခံသည်ဟု ထင်ရသည်။ သို့သော် ပုဂ္ဂလိက အမြင်တွေကို ရှေ့တန်းတင် စဉ်းစားထားသည်ဟု ကျနော်က ထင်သည်။ ကိုဌေးကြွယ်တို့ အဖွဲ့ကို ‘စမောတွေပဲ ရှိသေးတယ်’ဟု ထင်မြင်တာကြောင့်လည်း ဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေးအရ မကြိုက်တာကြောင့်လည်း ပြောတာဖြစ်နိုင်သည်။ တခြား သူတို့လက်ခံသည့် လူများနှင့် စင်ပြိုင် အစိုးရ ဖွဲ့မည်ဆိုလျှင် လက်ခံမည့်သဘောကို တွေ့ရသည်။ စစ်တုရင်သဘောနှင့် ပြောရလျှင် ကျနော် ဘာ အဓိပ္ပါယ်နှင့် အဆိုပါရွှေ့ကွက်အား ရွှေ့ခိုင်းသည်ကို ထိုသူတို့ သဘောမပေါက်၍လည်း သူ့လူငါ့လူ ဆိုသည့် အနေအထားကို စဉ်းစားနေခြင်းဖြစ်မည်ဟု ကျနော်ထင်သည်။
အသံဗလံများကို ခြုံငုံသုံးသပ်ကြည့်လျှင် စင်ပြိုင်အစိုးရတခုဖွဲ့ပြီးတိုက်မှ တိုက်ပွဲကိုအဆုံးသတ်နိုင်မည်ဆိုသည့် နည်းဗျူဟာကိုတော့ အားလုံးနီးပါး လက်ခံသည့်သဘော တွေ့ရသည်။ နို့မဟုတ်လျှင် လက်ဝှေ့စင်ပေါ် ကိုယ့် ဘက်ကို ကိုယ်စားပြုပြီး ထိုးမည့်လူ တက်မသွားဘဲ စင်ပေါ်က ပြိုင်ဘက်ကို ဆင်းတော့ဟု သံပြိုင်အော်နေကြ သည်နှင့် တူနေလိမ့်မည်။ ကျနော်မေးလိုက်ချင်ပါသည်။ ကိုယ့်ဘက်က ယှဉ်ပြိုင်ထိုးသတ်မည့်သူ စင်ပေါ်တက် မသွားဘဲ အသံကုန် အော်ဟစ်နေရုံနှင့် ပြိုင်ဘက်က ဆင်းမတဲ့လား။ သေအောင်သာအော် သန်းရွှေက အနေ သာကြီးဟု ပြောလိမ့်မည် ထင်သည်။ ဆင်းတော့ ပြေးလိမ့်မည်မဟုတ်။ အဲသည့်အတွက် ငပိန်ညောင်ပဲဖြစ်ပ စေ ကိုယ့်ဘက်သားအနေနှင့် ကျနော် တက်ထိုးခိုင်းရခြင်းဖြစ်သည်။
တက်ထိုးမည့်သူ ပေါ်လာလျှင် ကျနော့်တို့ အနေအထားက အားပေးသည့် လက်ခုပ်သံနှင့်ပင် ငပိန်ညောင် အ နိုင်ရမည့် အနေအထား ဖြစ်သည်။ ကိုဌေးကြွယ်တို့အဖွဲ့ကို စင်ပြိုင်အစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့ခြင်းမှာလည်း ထိုသ ဘောပင်ဖြစ်သည်။ ကျနော်တဦးတည်းအနေနှင့် ကြိုက်လွန်းလှ၍လည်း မဟုတ်။ တိုက်ပွဲအခြေအနေအရ အ လျင်အမြန် လက်ဦးမှုယူမှ ဖြစ်တော့မည်ဟု တွေးမိ၍သာ နည်းဗျူဟာတခုအနေနှင့် ဖြစ်နိုင်ခြေကို စဉ်းစားပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ နအဖအကြောက်ဆုံးမှာလည်း ထိုတိုက်ကွက်ကိုပင် ဖြစ်သည်။ လူထုနှင့် နိုင်ငံတ ကာက အလျင်အမြန် ၀ိုင်းထောက်ခံလျှင် သူတို့ဆင်းပြေးရမည် ဆိုသည်ကို နအဖလူလည်များ သိနေသည် လေ။ ဒါကို ကျနော့်တို့ဘက်က နှစ်ကြိမ်နှစ်ခါတိတိ အကောင်အထည်မဖော်နိုင်ခဲ့၍ အခုလို မအီမလည် အနေ အထားနှင့် ၀ဋ်ဒုက္ခ ဆက်ခံနေရခြင်းဖြစ်သည်။
သေချာသည်ကတော့ မကြာမတင် အချိန်အတွင်းမှာ လူထုအုံကြွမှုကြီးတခု ဖြစ်ကိုဖြစ်လာဦးမှာ သေချာသ လောက်ရှိနေသည်။ ဆရာကြီးဦးဝင်းတင်ကိုယ်တိုင်လည်း ဟိုတလောလေးကပင် ဟောကိန်းထုတ်သံကို ကြား လိုက်ရသည်။ ဘယ်ယူဂျီ ဘယ်အဖွဲ့အစည်းက လှုံ့ဆော်ဆော် မဆော်ဆော် လူထုဆင်းရဲမွဲတေပြီး ငတ်ပြတ် နေသည့် အကြောင်းတရားကြောင့်ပင် အုံကြွမှုက တနည်းတဖုံ ထပ်ဖြစ်လာဦးမှာ သေချာသည်။ ထိုအခါကျ လျှင်သာ နိုင်ငံရေးကို ဦးဆောင်ဦးရွက် အခန်းကဏ္ဍကနေ တာဝန်ယူ လှုပ်ရှားဆောင်ရွက်နေသူများအနေနှင့် ၈၈ နှင့် စက်တင်ဘာအရေးတော်ပုံတုန်းကလို လက်နှေးမနေကြဘဲ ယခုဆော်သြနေသည့် စင်ပြိုင်အစိုးရ တိုက်ကွက်ကြီးနှင့် မြန်မြန်ထက်ထက် လက်ဦးမှုယူပြီး ပွဲသိမ်းနိုင်ပါစေ၊ ပြည်ပက အင်အားစုများကလည်း တ ညီတညွတ်တည်း ၀ိုင်းရံအောင်ပွဲခံနိုင်ကြပါစေဟု အကြံပြုပြောကြားလိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ
Friday, February 6, 2009
စင်ပြိုင်အစိုးရတိုက်ကွက်
Subscribe to:
Post Comments (Atom)
5 comments:
ဆရာရေ ဆရာပြောတာတွေ တော်တော် ကောင်းပါတယ် ဖြစ်နိုင်လောက်တဲ့လမ်းပါ၊ ဟိုလူကြီးတွေက အဲတာလေးလောက်တောင် မစဉ်းစားနိုင်ကြတာ အံ့သြစရာ၊ ဆရာရေးတာကို တခု ထဲနဲ့တင်ထောက်ခံတယ်ဆရာ၊ လွတ်မြောက်နယ်မြေမှာရှိတဲ့ ပြည်သူတွေကို စည်းရုံးမှုမရှိတာ အဆိုးဆုံးပါ ၊သူတိုကတွေအောက်ခြေကိုမဆင်းတာ (မဆင်းခြင်တာလို့ထင်ပါတယ်) အဓိက အလုပ်ကိုမလုပ်တာဘဲလို့ ကျနော်လဲမြင်တယ်ဆရာ
i dont believe them anymore...........just shout and talk , never be reality.shoud fine another way and give way for new generation......
DON'T CRY & COMPLAIN TOO MUCH....HOW DO U NO ABOUT US WHAT WE DID IN THE PAST.....IF U R REALLY A MAN....COME ON-- COME TO THE GROUND----COME--FIGHT--DIE---NO ONE BLOCKING U R WAYS
DO U REALLY NO U R JUST A PIECE OF SHIT---NO I DON'T THINK SO--arm struggle is not enough--if u really love u r country---go fucking hijack & hit the fucking tower---kill the white & Chinese--(tell fucking ko ko oo --fucking the same shit--he fucking ate white money before naing aung eats ---shit---shit---a son of bitch---just keep crying & yelling at each other---u think u fucking
ကျမအရမ်းပြောချင်နေသော အကြောင်းအရာကိုပြောသွားသော ဆရာ့ကို အထူးပဲကျေးဇူးတင်မိပါတယ်။ ကျမရဲ့ အမြင်ကိုလည်းဆွေးနွေးပါရစေ။ ကျမ ကမြန်မာပြည်က သာမန်လူငယ်တယောက်ပါ။
(၁) အဝေးရောက်ညွန့်ပေါင်းအစိုးရ ရှက်သင့်ပါပြီ။ အော်နေကြတာတွေ ကိုယ့်အချင်းချင်းတိုက်ခိုက်နေကြ တာတွေရပ်တန်းကရပ်ကြပါ လို့ပြည်တွင်းက လူတွေကိုယ်စားပြောချင်ပါတယ်။ နောက်ပြီး ပြည်ပရောက်အတိုက် အခံအားလုံး အသံကောင်းဟစ်နေတာလို့ဘဲမြင်ပါတယ်။ စစ်အစိုးရ ဒါတော့မှန်တယ် လို့တောင်ထောက်ခံလိုက်ချင်ပါ သေးတယ်။ တခုခု ဖြစ်ပြီ ဆိုရင် မီဒီယာ တက်အော်ဖို့ လောက်သာ စိတ်ဝင်စား သူတွေလို့ဘဲမြင်ပါတယ်။ မြန်မာပြည်တွင်းမှ လူငယ်များ ဘာတွေတွေးနေလဲ ဘာလုပ်ချင်ကြလဲ သူတို့စိတ်မ၀င်စားကြပါ။ ထို့ကြောင့် မြန်မာပြည် ကိုယ်စားပြောချင်ပါတယ်။ တော်ကြပါလို့။
(၂) နောက်ပြီး NLD ပါ။ NLD လူကြီးမင်းများ မလုပ်ချင်ရင် မလုပ်ရဲရင် ဖယ်ပေးလိုက်ပါ။ ဟန်တင်းပြီး ထိုင်မနေကြပါနဲ့ လို့ဘဲ ပြောချင်ပါတယ်။ ကျမလည်း NLD အားတောက်လျှောက်အထင်းကြီးခဲ့ သမျှ ရွှေဝါရောင်တော် လှန်ရေးမှာဘဲ သိလိုက်ရပါတယ်။ ကျေးဇူး အထူးတင်ပါတယ် ဆရာ။
(၃)စင်ပြိုင်းအစိုးရ ဘာ ကြောင့်ဖွဲ့သင့်တယ် ဘယ်လိုလုပ်သင့်တယ် ဆိုတာ ကျမ မသိပါဘူး။ ကျမ မှာနိုင်ငံရေး သမားလည်းမဟုတ် တော့ မသိပါဘူး။ ပြည်တွင်း ကသာမန်လူငယ်တယောက်ပါ။
(၄)ပြည်တွင်းရော ပြည်ပအတိုက်အခံအားလုံး UN ကိုအားကိုးလွန်းကြပါတယ်။ မြန်မာထက် အရေးကြီးသော Issue တွေအများကြီးပါ။ ကျမတို့ ဒီ့ထက်ပိုကြိုးစားကြရမှာပါ။ စစ်အစိုးရကတော့ ဘယ်သူတွေဘာပြောပြော ၂၀၁၀ ရွေးကောင်ပွဲကိုဖြစ်အောက်လုပ်လိမ့်မယ်လို့ ကျမကတော့မြင်ပါတယ်။
(၅) ၈၈ မျိုးဆက်ကျောင်းသားအုပ်စုကတော့ NLD ထက်လုပ်ရည်ကိုင်ရည်ရှိပါသေးတယ်။ သူတို့ကြောင့်ရွှေဝါရောင်တော်လှန်ရေးဖြစ်မြောက်ခဲ့ရတာပါ။
ကျမ မြန်မာပြည်ကိုချစ်တဲ့ မြည်မာပြည်သူ သာမန်လူငယ်ပါ။ မှားတာရှိရင်လည်းခွင့်လွှတ်ပါ။ နောက်ဆုံးတခု က “thitlu” သူဘယ်သူလဲ ကျမ မသိပါ။ ပြောချင်တာက ယဉ်ကျေးပါ။ ပညာတတ် ပီသပါ။ ကိုယ့်ကို.ယ်ကိုလည်းလေးစားပါ။ သူများကိုလည်းလေးစားပါ။ ကိုယ့်မိဘ ကိုလည်းလေးစားပါ။
ကျေးဇူးတင်ပါတယ်။
ကျမအရမ်းပြောချင်နေသော အကြောင်းအရာကိုပြောသွားသော ဆရာ့ကို အထူးပဲကျေးဇူးတင်မိပါတယ်။ ကျမရဲ့ အမြင်ကိုလည်းဆွေးနွေးပါရစေ။ ကျမ ကမြန်မာပြည်က သာမန်လူငယ်တယောက်ပါ။
(၁) အဝေးရောက်ညွန့်ပေါင်းအစိုးရ ရှက်သင့်ပါပြီ။ အော်နေကြတာတွေ ကိုယ့်အချင်းချင်းတိုက်ခိုက်နေကြ တာတွေရပ်တန်းကရပ်ကြပါ လို့ပြည်တွင်းက လူတွေကိုယ်စားပြောချင်ပါတယ်။ နောက်ပြီး ပြည်ပရောက်အတိုက် အခံအားလုံး အသံကောင်းဟစ်နေတာလို့ဘဲမြင်ပါတယ်။ စစ်အစိုးရ ဒါတော့မှန်တယ် လို့တောင်ထောက်ခံလိုက်ချင်ပါ သေးတယ်။ တခုခု ဖြစ်ပြီ ဆိုရင် မီဒီယာ တက်အော်ဖို့ လောက်သာ စိတ်ဝင်စား သူတွေလို့ဘဲမြင်ပါတယ်။ မြန်မာပြည်တွင်းမှ လူငယ်များ ဘာတွေတွေးနေလဲ ဘာလုပ်ချင်ကြလဲ သူတို့စိတ်မ၀င်စားကြပါ။ ထို့ကြောင့် မြန်မာပြည် ကိုယ်စားပြောချင်ပါတယ်။ တော်ကြပါလို့။
(၂) နောက်ပြီး NLD ပါ။ NLD လူကြီးမင်းများ မလုပ်ချင်ရင် မလုပ်ရဲရင် ဖယ်ပေးလိုက်ပါ။ ဟန်တင်းပြီး ထိုင်မနေကြပါနဲ့ လို့ဘဲ ပြောချင်ပါတယ်။ ကျမလည်း NLD အားတောက်လျှောက်အထင်းကြီးခဲ့ သမျှ ရွှေဝါရောင်တော် လှန်ရေးမှာဘဲ သိလိုက်ရပါတယ်။ ကျေးဇူး အထူးတင်ပါတယ် ဆရာ။
(၃)စင်ပြိုင်းအစိုးရ ဘာ ကြောင့်ဖွဲ့သင့်တယ် ဘယ်လိုလုပ်သင့်တယ် ဆိုတာ ကျမ မသိပါဘူး။ ကျမ မှာနိုင်ငံရေး သမားလည်းမဟုတ် တော့ မသိပါဘူး။ ပြည်တွင်း ကသာမန်လူငယ်တယောက်ပါ။
(၄)ပြည်တွင်းရော ပြည်ပအတိုက်အခံအားလုံး UN ကိုအားကိုးလွန်းကြပါတယ်။ မြန်မာထက် အရေးကြီးသော Issue တွေအများကြီးပါ။ ကျမတို့ ဒီ့ထက်ပိုကြိုးစားကြရမှာပါ။ စစ်အစိုးရကတော့ ဘယ်သူတွေဘာပြောပြော ၂၀၁၀ ရွေးကောင်ပွဲကိုဖြစ်အောက်လုပ်လိမ့်မယ်လို့ ကျမကတော့မြင်ပါတယ်။
(၅) ၈၈ မျိုးဆက်ကျောင်းသားအုပ်စုကတော့ NLD ထက်လုပ်ရည်ကိုင်ရည်ရှိပါသေးတယ်။ သူတို့ကြောင့်ရွှေဝါရောင်တော်လှန်ရေးဖြစ်မြောက်ခဲ့ရတာပါ။
ကျမ မြန်မာပြည်ကိုချစ်တဲ့ မြည်မာပြည်သူ သာမန်လူငယ်ပါ။ မှားတာရှိရင်လည်းခွင့်လွှတ်ပါ။ နောက်ဆုံးတခု က “thitlu” သူဘယ်သူလဲ ကျမ မသိပါ။ ပြောချင်တာက ယဉ်ကျေးပါ။ ပညာတတ် ပီသပါ။ ကိုယ့်ကို.ယ်ကိုလည်းလေးစားပါ။ သူများကိုလည်းလေးစားပါ။ ကိုယ့်မိဘ ကိုလည်းလေးစားပါ။
ကျေးဇူးတင်ပါတယ်။
Post a Comment