ဆလိုင်းကိုကိုဦး
သူငယ်ချင်း မောင်ဘဦးရေ …
ဒပ်ဗလင်ညီလာခံလည်း ပြီးသွားပြီ၊ ထူးမခြားနားပါပဲ။ မဲဆွယ်တာတွေနဲ့ မဲဝယ်တာတွေ့ စုံလို့ပါပဲ။ ဒီမိုကရေစီ တောင်မရသေးဘူး။ ဖောက်ပြန်မှုတွေနဲ့ အစပြုလို့ပါပဲလား။ ကိုယ်အစွမ်းအစနဲ့ အမတ်ဖြစ်လာသလား ရှစ်လေး လုံးရဲ့ ကောင်းမှုကြောင့် အမတ်ဖြစ်လာသလား ဆိုတာကိုလည်း ပြန်စမ်းစစ်ကြပါဦး။
“To those who cling to power through corruption and deceit
and the silencing of dissent, know that you are on the wrong
side of history”
US President Barack Obama
ခြစားမှု၊ လိမ်လည်လှည့်ဖြားမှုတွေအတွင်းမှာနေပြီး သဘောထားကွဲလွဲမှုတွေကို ဆိတ်ငြိမ်သွားအောင်လုပ်ရင်း အာဏာကိုဖက်တွယ်ထားတဲ့သူတွေဟာ မိမိဟာ သမိုင်းရဲ့အမှားဘက်အခြမ်းမှာ ရှိနေကြတာကို သိနေကြတာ ပါပဲ။ ဆီလျော်အောင် ပြန်ဆိုပေမယ့် လိုအပ်ရင် မူရင်းစာသားကို ခံစားနိုင်ပါတယ်။
ဘဦးရေ ...
ဦးစိန်ဝင်းအစိုးရဟာ ဒီလိုအစိုးရမဟုတ်ဘူးလား။ အတိုက်အခံကိုလည်း မလိုလား ခြစားနေသူအများနဲ့ ၀ိုင်းရံ နေမှတော့ သူတို့ဟာ သမိုင်းရဲ့ အမှားဘက်အခြမ်းဘက်မှာရှိနေတယ်ဆိုတာ သိသင့်နေပါပြီ။ အသိတရားရပြီး ပြင်ဆင်လာမယ်ဆိုရင်တော့ ၀မ်းပန်းတသာ ကြိုဆိုပေးရမှာ ငါတို့တာဝန်ဖြစ်သလို ဆက်လက်ပြီး ဆင်ကန်း တောတိုးလုပ်နေရင်တော့ အမှန်တရားကိုလိုလားတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ထောပနာသြဘာသံ တွေကို ကြားကြရမှာအမှန်ပါပဲ။ သူတို့ဟာ အတိုက်အခံဝေဖန်သူတွေရဲ့ အသံတွေကို ဥပက္ခာပြုပြီး စားဖား တွေ၊ ဖော်လံဖားတွေရဲ့ မြှောက်ပင့်မှုတွေကြားမှာ နိုင်ငံရေးအောင်ပွဲခံနေကြသူမို့ သူတို့နဲ့ထိုက်တန်တဲ့ သမိုင်း သူတို့ရကြမှာ အမှန်ပါပဲ။
ဘဦးရေ ...
တကယ်တော့ အစစ်အမှန်တော်လှန်ရေးအကျိုးကို သယ်ပိုးလိုသူတွေဟာ ဦးစိန်ဝင်းနဲ့ ရှစ်လေးလုံးအမတ်တွေ ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့ကို ကြည့်လို့မရသလို ကိုမောင်မောင်ကိုလည်း အကြီးအကျယ် လုံးဝဆန့်ကျင်နေ ကြသူတွေပါ။ ဦးစိန်ဝင်းနဲ့ အစိုးရဟာ ယခင်တုန်းက ဇော်ဦး၊ ဦးစိုးပိုင်၊ ကိုမောင်မောင်၊ ဦးဟန်ညောင်ရွှေ၊ ကို သောင်ထွန်း၊ ကိုနိုင်အောင်တို့ကို အမာခံထားပြီး နိုင်ငံတကာက ငွေကြေးတွေကို မအောင်မြင်ခဲ့တဲ့ ပရောဂျက် ပေါင်းများစွာနဲ့ တင်တောင်းပြီး ဒီမိုကရေစီအတွက်ရလာတဲ့ ငွေကြေးတွေကို စိတ်ရှည်လက်ရှည် ဖြုန်းတီးနေ ကြတာပါ။
ကိုမောင်မောင်က ငွေရှာကောင်းခဲ့လို့ အန်စီယူဘီမှာ အတွင်းရေးမှုးဖြစ်သွားပြီးမှ ဦးစိန်ဝင်းတို့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားကြတာပါပဲ။ ကိုမောင်မောင် အတွင်းရေးမှုးလုပ်နေတဲ့ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ဟာ လည်း အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အလုပ်သမားဝန်ကြီး ဦးလှဦး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တစ်ခုပါ။ တကယ်တော့ သူတို့အားလုံးဟာ အရင်တုန်းက အလွန်ချစ်ခင်ကြတဲ့ နိုင်ငံရေးမဟာမိတ်တွေပါပဲ၊ နိုင်ငံတကာ က ဒီမိုကရေစီကိုထောက်ခံတယ်ဆိုပြီး မဖြစ်စလောက်ထောက်ပံ့ပေးနေတဲ့ ဒေါ်လာနဲ့ ယူရိုနောက်ကိုလိုက်ရင်း အရင်းအမြစ်နေရာချင်းတူနေလို့ ခွာပြဲခဲ့ကြတာလို့ဆိုရမှာပဲ။
ဘဦးရေ ...
နိုင်ငံရေးအရ အဓိကျတဲ့ နေရာရယူထားတဲ့ လူတွေရဲ့ အဓိကအားနည်းချက်ကတော့ ငွေရှာနေရာယူ နိုင်ငံရေး ဖြစ်နေလို့ပဲ။ တချို့ခေါင်းဆောင်တွေဆိုရင် အဖွဲ့အစည်းနှစ်ခုအောက်က လခနှစ်ခုတောင်ယူပြီး နိုင်ငံရေးလုပ် နေပါတယ်လို့ ပြောသံကြားနေရပါတယ်။ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ နာမည်ထွက်ခဲ့လို့ အမေရိကန် တက္ကသိုလ်တစ်ခုမှာ စာသင်ကြားခွင့် ပိတ်ပင်ခံခဲ့ရသူတစ်ဦးဟာ တပ်ပေါင်းစုငယ်တစ်ခုမှာ ဥက္ကဌဖြစ်နေသလို နယ်စစ်မှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမှာ ဒုဥက္ကဌနေရာယူပြီး လခနဲ့ ဒီမိုကရေစီအရေးလုပ်နေပါသ တဲ့။ ကြားလို့မှ ကောင်းပါရဲ့လား။ ဒီလိုပဲ လခကို အနည်းနဲ့အများဆိုသလို ယူထားကြသူတွေ တော်တော်များ များရှိကြပါတယ်။ တကယ်လို့ မိမိဟာ တော်လှန်ရေးအကျိုးစီးပွားကိုလိုလားပြီး ရိုးသားမှုရှိတာကို ဖေါ်ပြလိုပါ က မိမိအနေနှင့် မည်မျှဝင်ငွေရှိကြောင်း၊ ဘယ်လောက်လခရယူကြောင်းကို အများသူငါ သံသယကင်းရှင်း အောင် အတိအလင်း ဖေါ်ပြသင့်ကြပါတယ်။ အနည်းဆုံးတော့ လခပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ မှတ်တမ်းတင်ထားသင့်ပါတယ်။ ပြီးတော့ မိမိတို့ကိုယ်စားပြုရာတပ်ပေါင်းစုတွေမှာလည်း အချက်အလက်အား ဖြင့် ပေးပို့မှတ်တမ်းတင်ထားသင့်ပါတယ်။ ငွေကြေးဆိုင်ရာစီးဆင်းမှု၊ အသုံးစရိတ်မှန်ကန်မှုရှိမရှိကိုလည်း စစ် ဆေးနိုင်အောင် စိစစ်ရေးအဖွဲ့ကို လွတ်လပ်သောသူများနဲ့ ဖွဲ့စည်းပြီး စစ်ဆေးခွင့်ပေးခြင်းအားဖြင့် ဒီမိုကရေစီ အင်အားစုများရဲ့ ယုံကြည်မှုကိုလည်း ပိုမိုရရှိလာနိုင်ပါတယ်။
အမေရိကန်သမ္မတတစ်ယောက်ရဲ့ လခကို အမေရိကန်ပြည်သူတွေအားလုံး သိခွင့်ရှိပေမယ့် ခန့်မှန်းလို့မရနိုင် တဲ့ သူတို့ သူတို့ ၀င်ငွေတွေကို သိခွင့်မရကြတဲ့အတွက် ဒီမိုကရေစီအင်အားစုတွေအကြားမှာ သံသယအကျိုး ပေးမှုတွေကို တစ်နေ့တစ်ခြား တိုးပွားလာစေတာ အမှန်ပါပဲ။ ဒီလိုသံသယအကျိုးပေးမှုကနေ ဒီမိုကရေစီလှုပ် ရှားမှုကြီးတစ်ခုလုံးကို ထိခိုက်နစ်နာမှုရှိခဲ့တာကို အသေအချာ ပြန်လည်ဆန်းစစ်ပြီး နားလည်ပြုပြင်စေချင်တာ ဒီမိုကရေစီအင်အားစုတွေရဲ့ ဆန္ဒအမှန်ပါပဲ။
ဘဦးရေ ...
အန်စီယူဘီရော အန်စီဂျီယူဘီရော နိုင်ငံရေးအရ အားနည်းချက်ရှိနေတာ အမှန်ပါပဲ။ လူကနည်းပြီး တပ်ပေါင်း စုတွေ များလာတာရယ်၊ မျောက်သစ်ကိုင်းကူးသလို ဟိုရောက်လိုက် ဒီရောက်လိုက် ပရောဂျက်ရအောင် ရည် ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို အားရှိလာအောင်ပေါင်းပြီး တပ်ပေါင်းစုထဲက တပ်ပေါင်းစုငယ်တွေ ပြန် ပေါ်လာ စသည်ဖြင့်ရှုပ်ထွေးနေကြတယ်။ ဘယ်သူမပြုမိမိမှုဆိုသလို မိမိတို့အားလုံးမှာတာဝန်ရှိသလို ဦးဆောင် ဖွဲ့စည်းတဲ့သူတွေဟာလည်း နိုင်ငံရေးအရ ပိုပြီးတာဝန်ရှိပါတယ်။ ငွေရှာပေးနိုင်တယ်ဆိုပြီး နိုင်ငံရေးအရ အား နည်းချက်ရှိနေသူကို အန်စီယူဘီမှာ အထွေထွေအတွင်းရေးမှုးနေရာ ပေးတာတွေ၊ လူမှုရေးဖေ.က်ပြန်မှုနဲ့ ကျောင်းသားတပ်မတော်မှာဖြစ်ခဲ့တဲ့ ကချင်လူ့အခွင့်အရေးချိုးဖောက်မှုကြီးမှာ ဗဟိုကော်မီတီတစ်ယောက်အ နေနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ လူမျိုးတွေကို ပူပူနွေးနွေး တပ်ပေါင်းစုကလေးမှာ ဥက္ကဌအဖြစ် တင်မြှောက်ထားတာ တွေဟာ အင်မတန်မှ အကျည်းတန်တဲ့ ငွေရှာနေရာယူနိုင်ငံရေး ဖြစ်နေလို့ပဲ။
နိုင်ငံရေးမှာ သန့်သန့်စင်စင်ခေါင်းဆောင်တွေကို ရှာဖွေတင်မြှောက်ပေးဖို့လိုသလို သန့်သန့်စင်စင် ခေါင်း ဆောင်တွေကိုရဖို့လည်း အလွန်ပင်ခက်ခဲလှမှန်း နားလည်ပါတယ်။ ဒါပေမယ့် ငွေရှာနေရာယူနိုင်ငံရေးကို ဆက်လက်ကျင့်သုံးပါက အဲဒီခေါင်းဆောင်တွေဟာ ငွေရှာတာတွေနဲ့ အချိန်ကုန်ပြီး ဘာမှမလုပ်နိုင်ဘဲ ငွေရှာ ရေးပေါ်လစီကို ဦးစားပေးမိမှာမို့ မှန်ကန်တဲ့ တိုက်ပွဲဝင်လမ်းကြောင်းကို လျှောက်နိုင်မှာမဟုတ်ပါဘူး။ စေ့စပ် ရေးကိုအရေခြုံပြီး လူကြားကောင်းအောင် နိုင်ငံရေးအကျဉ်းသမားတွေ အမြန်ဆုံးလွှတ်ပေးပါ တောင်းဆိုရုံနဲ့ တော့ နိုင်ငံတကာကလည်း တာဝန်ကျေပေးတဲ့ နိုင်ငံရေးသနားကြေး၊ စာနာကြေးလေးလောက်တော့ ဆက်ရ နေဦးမှာပါ။ တော်လှန်ရေးဆိုတာလည်းဖြစ်မလာ လက်နက်တွေ ဗုံးတွေလည်း ဖြစ်မလာဘူးဆိုရင်တော့ ဗိုလ် ချုပ်ပြောခဲ့တဲ့ “ရရင်ရ မရင်ချ” ရမယ့်အချိန်အခါမှာ မင်းတို့ငါတို့ဘာလုပ်ကြမလဲ။ အဲဒီအချိန်မှာ အန်ဂျီအိုတွေ က မဖြစ်စလောက်ပေးတဲ့ ငွေကြေးတွေဟာ ဒီမိုကရေစီအရေးအတွက်တော့ အဆိပ်အတောက်ဖြစ်နေတော့မှာ အမှန်ပဲပေါ့။
အန်စီယူဘီနဲ့ ပတ်သက်ပြီးပြောရရင် မူလကအားကောင်းပြီး အခြေခံဖြစ်တဲ့ ဒီအေဘီနဲ့ အန်ဒီအက်ဖ်ကို အခြေ မပြုဘဲ အသစ်ရောက်ရှိလာတဲ့ အမတ်လောင်းလျာများနဲ့ အာဏာရပါတီအဖွဲ့ဝင်တွေကို အခြေပြုပြီး ပိုမိုကြီး မားတဲ့ တပ်ပေါင်းစုတွေကို ထပ်မံဖွဲ့စည်းခဲ့တာဟာ မူလကအားကောင်းခဲ့တဲ့ တပ်ပေါင်းစုကို အားနည်းချုပ်ငြိမ်း သွားအောင် လုပ်လိုက်သလို ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီတပ်ပေါင်းစုဟောင်းထဲက ခေါင်းဆောင် တွေကပဲ နောက်ထပ်တပ်ပေါင်းစုကို ရောက်လာကြတာ မဟုတ်ပါလား။ တကယ်တမ်း ကျစ်လစ်သိပ်သည်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းများကိုသာ ပေါ်ပေါက်စေလိုရင် ဒီမိုကရေစီအင်အားစုတွေအကြား အဖွဲ့အစည်းများ ဖွဲ့ စည်းမှုဆိုင်ရာ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးပြီး လူသိရှင်ကြားလက်မှတ်ရေးထိုးသင့်တယ်။ ဒါမှ လူ နှစ်ဦးသုံးဦးနဲ့ ဖြစ်လာတဲ့အဖွဲ့အစည်းတွေ တွေ့ကရာလူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ ငွေရှာစားရုံသက် သက်ဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို မဖြစ်လာအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ငါအနေနဲ့ပြောရရင် တပ် ပေါင်းစုတွေအားလုံးဟာ သီးခြားစီဖြစ်ရန်မလိုဘဲ တစ်စုတစ်စည်းတည်း ဖြစ်သင့်ပါတယ်။ ဒီလိုဖြစ်လာဖို့ဆိုတာ တပ်ပေါင်းစုအသီးသီးက ခေါင်းဆောင်တွေဟာ ဖွဲ့စည်းမှုဆိုင်ရာ ဘုံသဘောတူညီချက်ကိုအခြေခံပြီး နိုင်ငံရေး သတ္တိရှိရှိ ပေါင်းစည်းကြဖို့လိုတယ်။
ဘဦးရေ ...
စေ့စပ်ရေးဆိုတာ ငါတို့မှာမရှိဘူး။ ငါတို့ဟာ အာဏာရှင်အစစ်ပါလို့ သူတို့လုပ်ရပ်တွေနဲ့ တချိန်လုံးဖေါ်ပြနေတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အယုတ်တမာကောင်တွေစုစည်းထားတဲ့ အာဏာရှင်သန်းရွှေအစိုးရကို ရွှေပြေအေးတရား တိုက်ကျွေးဖို့ ကြိုးစားနေကြတဲ့၊ ဒီမိုကရေစီတပ်မတော်တစ်ခု ဖြစ်လာသည်အထိလုပ်ရန် ရည်ရွယ်ချက် လုံးဝ မရှိတဲ့၊ အသနားခံပေါ်လစီကိုသာ အမြဲတမ်းကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရမျိုးကို ထောက်ခံပေး တဲ့အထဲမှာ ငါဘယ်တော့မှ ပါမှာမဟုတ်ဘူး။
ဘဦးရေ ...
အခုဆိုရင် စားဖားတွေညီညွတ်သွားကြပြီ။ ဒီလို အသနားခံပေါ်လစီနဲ့ နိုင်ငံတကာမှာ လျှောက်သွားပြီး ခယ၀ပ် တွားနေတာရယ်၊ စစ်အာဏာရှင်တွေအပေါ် ပြတ်သားတဲ့ ပေါ်လစီမရှိဘဲ ဖြတ်စားလဒ်စားတဲ့ ပေါ်လစီကိုသာ ကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရမျိုးကိုဆန့်ကျင်လို့ နောက်ထပ်ပုန်ကန်သူဖြစ်ရင်လည်း သူပုန်နှစ် ထပ်ကွမ်းဖြစ်ပါစေ ဖြစ်ရပါလို၏လို့ ငါတောင်းဆိုလိုက်ပါတယ်။
မြန်မာစားဖားတွေနဲ့ အန်ဂျီအိုစားဖားတွေပေါင်းပြီး အမေရိကားနဲ့ ဥရောပမှာ ခြေရှုပ်နေတာတွေ ငါသိပါတယ်။ မဟာဗျူဟာဆွေးနွေးပွဲလုပ်တယ်ဆိုပြီး ကိုနိုင်အောင်ကနေ သူသြဇာညောင်းတဲ့သူတွေကို ဥရောပကို အပျော် ခရီးထွက်သလို လက်ရွေးစင်ခေါ်ယူသွားပြီး ဆွေးနွေးပွဲတွေကိုလုပ်ကြတယ်။ ထွက်လာတဲ့ ရလဒ်က ခပ်ပျော့ ပျော့လေးရယ်။ ငွေတောင်းလို့ကောင်းရုံလေးပါပဲ။ ဂမ်ဘာရီကို တိုက်တွန်းချက်တွေကို ထည့်ပေးလိုက်မယ်တဲ့။ အင်မတန်အားရစရာကြီးပါ။ ဂမ်ဖလားတစ်လုံးလောက် တန်ဘိုးမရှိလို့ ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က အတွေ့မခံခဲ့တာပေါ့။ ဘန်ကီမွန်းလည်း သူတို့ကို လခကောင်းကောင်းပေးနိုင်အောင် ကုလသမဂ္ဂကို ငွေအများ ထည့်ဝင်ထားတဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားကလွဲလို့ မြန်မာပြည်အတွက် ဘာမှလုပ်ပေးမှာမဟုတ်ဘူး။
ဘဦးရေ ...
ဒီနေ့ ငါတို့ရဲ့ အနီးကပ်ဆုံးရန်သူဟာ မှားယွင်းတဲ့ ပေါ်လစီကို ကျင့်သုံးမှုတွေပဲ။ ရွှေဝါရောင်တုန်းက ငါတို့ဘာ ပြောခဲ့ကြသလဲ။ စေ့စပ်ရေးဆိုတာ ဒီအစိုးလက်ထက်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလေ။ ခုတော့ သူ တို့တွေလေ ရွှေဝါရောင်ကိုလည်း မေ့သွားကြပြီ။ နာဂစ်ကိုလည်း မေ့သွားကြပြီ။ ဒိုင်ယာလော့တွေ အသံပြန် ထွက်လာတယ်။ ဇင်ဘာဘွေလို အာဏာခွဲဝေယူချင်နေကြပြီထင်တယ်။ အန်ဂျီအိုဆရာကြီးတွေက သူတို့ကို ငွေပေးပြီးလုပ်ခိုင်းတော့မယ်။ သူဆန်စားရင် ရဲရမယ်ဆိုတာ မင်းလည်းသိပါတယ်။ အမှန်တကယ်တော့ အန်ဂျီ အိုဟာ အန်ဂျီအိုအလုပ်ကိုလုပ်တာဖြစ်ပြီး မိမိတို့က ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတယ် ဆိုတာကိုလောက် တော့ ခွဲခြားမြင်သင့်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကို ကူညီနေတာနဲ့မတူဘဲ နိုင်ငံရေးသုသေသန လုပ်နေသ လိုပဲ။ ခံစားနေရသူတွေကတော့ နင်းပြားပြည်သူတွေပဲပေါ့။
ဘဦးရေ ...
အမေရိကန်အစိုးရတချို့တွေရဲ့ နောက်ကြောင်းမှာ ဒီမိုကရေစီအတွက် အမှန်တကယ် လက်နက်ကိုင်စွဲ တိုက် ပွဲဝင်သူတွေကို ပြောင်ဖြစ်ဖြစ် နောက်ကွယ်ကဖြစ်ဖြစ် စစ်လက်နက်ငွေကြေး ထောက်ပံ့ပေးခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဦးစိန်ဝင်းလို ခပ်ပျော့ပျော့လူမျိုးကိုတော့ ပေးနိုင်မယ်မထင်ပါဘူး။ တော်လှန် ရေးတစ်ခုလိုအပ်လို့ လုပ်ရတော့မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို သတ္တိရှိရှိ ပြတ်ပြတ်သားသား လုပ်မယ့်လူ မျိုး ရဖို့လိုတယ်။ အဖြူကောင်တွေနားမှာ ခယ၀ပ်တွားနေကြတဲ့ စားဖားတွေလက်ထဲကို ဘယ်လိုလုပ်ပြီး သေ နတ်တွေ ဗုံးတွေရောက်လာမှလဲ။ စားဖားတွေဟာ သေနတ်မြင်ရင် ဆန်ပြတ်သွားမယ်ဆိုတဲ့ စားဖားပေါ်လစီကို လက်ကိုင်ထားကြသူတွေပါ။ ဒီလိုလူတွေလက်ထဲမှာ တိုင်းပြည်ရဲ့ကံကြမ္မာကို ပုံအပ်ထားရတာ ငါပြည်သူတစ် ယောက်အနေနဲ့ပြောရရင် သိပ်ရင်နာတယ်ကွာ။ သန်းရွှေတို့က ဘီလီယံနဲ့ချီပြီး လောဘဇောတက်တာနဲ့ အန် ဂျီအိုတွေဆီက မဖြစ်စလောက် စားကျွင်းစားကျန်တွေနဲ့စာရင် မင်း တော်လှန်ရေးသမားတစ်ဦးအနေနဲ့ မင်း ဘယ်လိုနားလည်ပေးမလဲ။ နောက်ဆုံး မင်းကို ငါမေးလိုက်မယ်။
ဘဦးရေ ...
ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရမျိုးကို မင်းထောက်ခံသလား မထောက်ခံဘူးလားဆိုတာပါပဲ။ ငါကတော့ တိုင်း ပြည်နဲ့ လူမျိုးအတွက် လွဲမှားနေတဲ့ ပေါ်လစီကို ကျင့်သုံးနေတယ်လို့ ငါယုံကြည်ရင် ဘယ်ပါတီ ဘယ်အစိုးရကို မဆို ငါဆန့်ကျင်သွားမယ်။ ငါရှင်းရှင်းအဖြေပေးလိုက်တယ်။ မြန်မာပြည် ဒီမိုကရေစီရရှိအောင် ဘယ်လိုမှ စွမ်းဆောင်နိုင်မှာမဟုတ်တဲ့ အသနားခံပေါ်လစီကို အမြဲတမ်းကိုင်ဆွဲထားတဲ့ ဦးစိန်ဝင်းဦးဆောင်တဲ့ အစိုးရမျိုး ကိုငါလုံးဝမထောက်ခံဘူးဟေ့။ ပြည်တွင်းက အန်အယ်လ်ဒီက အစိုးရမဖွဲ့နိုင်ခင်မှာ ယှဉ်ပြိုင်အစိုးရဖွဲ့မယ်ဆိုရင် တကယ်ကို ယှဉ်ပြိုင်တဲ့အစိုးမျိုးဖြစ်ရမယ်။ ကုလသမဂ္ဂမှာ မြန်မာပြည်ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် စစ် အာဏာရှင်ကို ယှဉ်ပြိုင်ပြီး နေရာယူရမယ့်လှုပ်ရှားမှုကို ကိုမောင်မောင်ဦးဆောင်ပြီးလုပ်တဲ့ လှုပ်ရှားမှုဖြစ်လို့ ငါတော့မထောက်နိုင်ဘူးဆိုတာ နိုင်ငံရေးမဆန်သလို အတိုက်အခံကိုလည်း နေရာမပေးလို့တဲ့သဘော ဖြစ်နေ ပါတယ်။ ယှဉ်ပြိုင်တဲ့အစိုးလို့အမည်ခံပြီး မယှဉ်ပြိုင်ဘဲ အရှုံးပေးနေတဲ့ ဒီလိုအစိုးရမျိုးကို ဘယ်နိုင်ငံအစိုးရမျိုး ကမှ အသိအမှတ်ပြုပေးမှာ မဟုတ်ပါဘူး။
ဘဦးရေ ...
ငါ့အနေနဲ့ပြောရရင် ပုဂ္ဂိုလ်ရေးအရ ငါ ကိုမောင်မောင်ကို ရင်းလည်းမရင်းနှီးခဲ့ဘူး။ နိုင်ငံရေးလည်း အတူတွဲမ လုပ်ခဲ့ဖူးဘူး။ သူ ဦးစိန်ဝင်းနဲ့ ပလဲနံပသင့်နေစဉ်တုန်းကအတိုင်းပဲ ငါဒီနေ့အထိ သူကို့မထောက်ခံခဲဘူး။ အန်စီ ယူဘီကလုပ်တဲ့ ကမ်ပိန်းနဲ့ ကိုမောင်မောင်နဲ့ကို ငါခွဲခြားမြင်တယ်။ တကယ်လို့ ဒီကမ်ပိန်းကို ဦးစိန်ဝင်းတို့က ပိုပြီးလုပ်သင့်ပါတယ်။ ယှဉ်ပြိင်အစိုးရက စစ်အာဏာရှင်တွေရဲ့ခုံနေရာကို ယှဉ်ပြိင်ပြီးအနိုင်ယူမယ့်ပွဲမှာ ဒီမိုက ရေစီအင်အားစုထဲက ဘယ်သူဘယ်ဝါမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး။ ငါလည်း အပြည့်အ၀ထောက်ခံတယ်။ ငါလိုချင်တဲ့ ယှဉ်ပြိုင်အစိုးရမျိုးကတော့ ရှင်းလင်းပြတ်သားမယ်။ ခြစားမှုတွေ ကင်းရမယ်။ ရန်ငါစည်း ပြတ်ရ မယ်။တိုင်းရင်းသားအင်အားစုတွေကို စည်းရုံးနိုင်ရမယ်။ အဲဒီလိုအရည်အချင်းတွေနဲ့ ပြည်ဝပြီး အချောင်သမား မဆန်တဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရမျိုးပဲ။
ဘဦးရေ ...
ရေးစရာအများကြီးပါပဲ။ ဝေဖန်ခံရသူများထံ မေတ္တာပို့တုန့်ပြန်စာများကို နာမည်ရင်းနဲ့ဖြစ်စေ နာမယ်ဖွက်နဲ့ဖြစ် စေ လက်ခံရရှိသည့်အတွက် သူတို့၏ ချစ်ခြင်းမုန်းခြင်းများကို နိုင်ငံရေးလောကဓံတရားနဲ့ ကျေနပ်စွာခံယူမယ့် အကြောင်း မင်းကိုအသိပေးရင်း ...
ဆလိုင်းကိုကိုဦး
(၃၁-၁-၀၉)
Monday, February 2, 2009
သူငယ်ချင်း မောင်ဘဦးသို့ ပေးစာ
Subscribe to:
Post Comments (Atom)
4 comments:
သို့
ဆလိုင်းကိုကိုဦး
ကျွန်တော်က သာမန်နိုင်ငံရေးစိတ်ဝင်စားတဲ့ ဝန်ထမ်းတစ်ယောက်ပါ၊ ခင်ဗျားရေးတာတွေဖတ်ပြီးတော့၊ အတိုက်အခံတွေကြားမှာအခုလိုမညီမညွတ်ဖြစ်နေတာ
ကြားရသိရတော့တော်တော်စိတ်ပျက်ပါတယ်၊ အများလဲစိတ်ပျက်အားလျော့ကြမှာပါ၊
နအဖ ဖက်တော်သားတွေကတော့ ခင်ဗျားကိုကြိတ်ပြီးကျေးဇူးတင်ရင်းနဲ့၊ အားတက်နေကြမှာ အမှန်မလွဲပါဘူး၊ ဒေါက်တာစိန်ဝင်းတို့ ကောင်းတာမကောင်းတာ ကျွန်တော်မသိပါဘူး၊ နအဖမကောင်းတာတော့ ကိုယ်တွေ့ ပါ၊
ခင်ဗျားအခုလို ရေးလိုက်တဲ့အတွက်၊ အတိုက်အခံတွေအားလုံးအတွက်မကောင်းတာတော့၊သေချာတယ်၊ လုပ်စားနေတဲ့အတိုက်အခံရော၊ တကယ်စွန့်လွှတ်လုပ်ကိုင်နေတဲ့သူတွေရောအတွက်မကောင်းပါဘူး၊ နအဖကောင်းဖို့များရေးသလားလို့တောင်ကျွန်တော်တွေးမိတယ်၊
အများအကျိုးကိုတကယ်လိုလားတယ်ဆိုရင် နောင်ဆို ခင်ဗျား ရဲ့ အဓိက ရန်သူဟာဘယ်သူဆိုတာကွဲပြားအောင်လုပ်စေချင်တယ်၊ ခင်ဗျားပြောသလို လုပ်စားတဲ့သူဟာသူ့တရားသူစီရင်မှာပေါ့၊ အချင်းချင်းဖြစ်နိုင်ရင်မတိုက်ခိုက်စေချင်ဘူးဗျာ၊
သူတို့နဲ့လိုင်းမတူရင်ကိုယ်လုပ်နိုင်တာကိုယ်လုပ်ပေါ့ဗျာ၊ ခင်ဗျားအဓိကတိုက်နေတာ နအဖ လား၊ NCGUB လား၊ လတ်တလောအကျိုးစီးပွားကိုသာကြည့်ပြီး၊ တိုင်းပြည်။လူထုကိုသစ္စာဖေါက်တဲ့သူတွေ ဟာ အနာဂတ် မှာ ပေးဆပ်ကြရစမြဲပါ၊
လောကကြီးဟာ တရားမျှတပါတယ်၊
ကျနော်တို့တွေဘာကြောင့်နအဖကိုတိုက်နေကြတာလဲ။
ဒီမိုကရက်အုပ်စုထဲမှာလဲ
နအဖရဲ့လုပ်နည်းလုပ်ဟန်ရှိနေတဲ့သူတွေရှိနေရင်လဲ နအဖကိုတိုက်သလိုပဲ တိုက်ရမှာပဲ။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်သလိုဖြစ်ပြီး ရန်သူ့အားပေးဖြစ်မယ်ဆိုတဲ့အယူအဆဟာ အခြေအမြစ်မရှိတဲ့ ယူဆချက်ပါ၊ ဒေါ်စုလို၊ ဦးဝင်းတင်လို နိုင်ငံရေးရပ်တည်ချက်မျိုးနဲ့ပေးဆပ်မှုမျိုးကို အာမခံနိုင်တဲ့ အဆင့်ဆင့် ခေါင်းဆောင်ကောင်းတွေအထက်ကနေ အောက်ခြေအထိ ပြည်တွင်းမှာရော၊
ပြည်ပမှာပလိုအပ်ချက်ကြီးမားစွာ ရှိနေဆဲပါ၊ အဲဒီလို အာမခံနိုင်တဲ့ခေါင်းဆောင်တွေမပေါ်ထွန်းသရွေ့ တော်လှန်ရေးအောင်မြင်မှာမဟုတ်သလို ညီညွတ်ရေးလဲမရနိုင်ပါဘူး။ နောင်ဆုံး ထန်းလျက်ခွေးအလျှက်ခံရသလို တော်လှန်ရေးပဲလုံးပါးပါးသွားမှာပါ။အဝေဖန်မခံနိုင်ရင်။
ကျင့်ဝတ်သီလမရှိရင် အများအကျိုးလုပ်ဆောင်ရတဲ့နိုင်ငံရေးမလုပ်သင့်ပဲ။
ကိုယ်ပိုင်စီးပွါးရေးလုပ်သင့်ပါတယ်၊
ကျနော်တို့တတွေနအဖကိုဘာလိုတိုက်နေတာလဲ။ နအဖဟာအာဏာရှင်လို့ အခေါ်ခံရတာဟာ
၉၀ ရွေးကောက်ပွဲ မလွှဲပေးတာတစ်ခုတည်းအတွက်ကြောင့်မဟုတ်ပါ၊ အကျင့်ပျက်လဒ်စား။လူသတ်ဖိနှိပ်
စတဲ့အမျိုးမျိုးသောဆိုးသွမ်းယုတ်မာမှုတွေကြောင့်
အာဏာရှင်လို့အခေါ်ခံရတာပါ။
ဒါကြောင့်ဒီမိုကရက်တစ်အုပ်စုထဲမှာလဲ
နအဖနဲ့အလားသဏ္ဍာန်တူရင် ပြတ်ပြတ်သားသားတိုက်ဖျက်ရပါမယ်။
မှတ်ချက်။ ကိုကိုဦးစာကိုထောက်ခံ၍ရေးသားခြင်းမဟုတ်ပါ။
တော်လှန်ရေးနှင့်လူထုအကျိုးအတွက်ရည်ညွှန်းပါသည်။
ဝေဖန်မှုများကိုကြိုဆိုလျှက်။
သူခိုးဓါးမြ + အလွဲသုံးစား ကိုယ်ကျိုးရှာမှု= ဝေဖန်စရာမလို
ဘုရားလူကြီး + အလွဲသုံးစား ကိုယ်ကျိုးရှာမှု= ဝေဖန်စရာလိုသည်
Post a Comment