(၁) ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။
ဒီနှစ်ဟာ နအဖအဖို့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖိလုပ်ရမယ့်နှစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းရမယ်။ နိုင်ငံရေးပါတီအ သစ်တွေကို လက်ခံရမယ်။ တပါတည်းမှာ တည်ရှိဆဲ နိုင်ငံရေးပါတီ တွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း ဘယ် လိုသဘောထားတယ်ဆိုတာ ပြောရပါမယ်။ တဖက်မှာကျတော့လည်း (ကြံ့ဖွတ်အဖြစ်နဲ့ဖြစ်စေ၊ တခြားအဖွဲ့အစည်းအဖြစ်နဲ့ဖြစ်စေ) သူတို့အ တွင်းက လူတွေထဲမှာ ဘယ်သူတွေ ၀င်အရွေးခံရမယ်ဆိုတာအတွက် လည်း စီစဉ်ဆုံးဖြတ်ရ၊ စီမံရတာတွေရှိဦးမှာပါ။ ဒါဟာ သေးတဲ့ပြဿ နာမဟုတ်ပါဘူး။ သူတို့တွင်း အခုအခံတွေ၊ မကျေနပ်မှုတွေ၊ ဂိုဏ်းဂ ဏတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့်မို့ ဒီ ၂၀၀၉ ခုနှစ်ထဲမှာ မျှော်လင့်မထားတဲ့ အံ့သြစရာကောင်းတဲ့ ဥပဒေကြေညာချက်တွေ၊ သတင်း တွေ ပေါ်ထွက်လာနိုင်ပါတယ်။ (အခုကိုပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါ ပြီ) နအဖအဖို့ကတော့ သူတို့အတွင်းပိုင်း ပြေလည်တည်ငြိမ်ရေးကို အဓိကထား ဦးစားပေးလုပ်မှာပါ။ အတွင်း ပိုင်း မတည်ငြိမ်ရင် အပြင်ကို ရင်ဆိုင်ရာမှာ ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတာ သူတို့သိပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာ နအဖရဲ့ စစ်ဖက် နယ်ဖက် ထိပ်ပိုင်းအရာရှိတွေလည်း အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်။ နအဖအတွင်းပိုင်းမှာ မတည်ငြိမ်မှု အများဆုံးဖြစ်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။
နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသူတွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတာလည်း ဒီနှစ်ထဲမှာပဲ လက်တွေ့နဲ့ အဖြေပေးရမယ်ထင်ပါတယ်။ နအဖဟာ ကြံ့ဖွတ်ကို ရေရှည်မှာ ထိန်းချုပ်နိုင်ပါ့မ လား၊ နအဖနဲ့ တစည ဘယ်လိုထိန်းညှိကြမလဲဆိုတာတွေလည်း စိတ်ဝင်စားစရာ တွေ့မြင်ကြရပါမယ်။ ဗိုလ်နေ ၀င်းဂိုဏ်း၊ ဗိုလ်ခင်ညွန့်ဂိုဏ်းတွေ ဘယ်လိုအခန်းက ပါဝင်ကြမလဲဆိုတာလည်း မြင်ရဦးမယ်ထင်ပါတယ်။ ဒီနှစ် ဟာ နအဖရဲ့ ပြည်တွင်းနိုင်ငံရေးပေါ်လစီတွေ အစမ်းသပ်ခံရမယ့်နှစ်ဖြစ်ပါတယ်။ သူတို့ ဘယ်အထိ သည်း ညည်းခံနိုင်တယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။
ဒီလိုဆိုတဲ့အတွက် သူတို့ကို ဗြောင်ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို သည်းခံမယ်လို့ ဆိုလိုတာမ ဟုတ်ပါ။ ပိုတောင် ပြတ်ပြတ်သားသား လုပ်မယ်လို့ထင်ပါတယ်။ ဆရာကြီးဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့လို ပုဂ္ဂိုလ်တွေကို ထောင်ထဲပြန်ထည့်တာတွေ့ရရင် မဆန်းဘူးလို့ပဲ ယူဆရမှာပါ။ ဒါကြောင့် ဒီနှစ်ဟာ နအဖအဖို့ မ လွယ်လှတဲ့နှစ်ပဲ ဖြစ်မှာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ သူတို့တွင်း စည်းလုံးညီညွတ်ရေး၊ အဖက်ဖက်မှာ အကျပ်အ တည်းတွေ ရင်ဆိုင်ရမယ့်နှစ်လို့ မြင်ပါတယ်။ အခုကိုပဲ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေဟာ နအဖ တွက်ထားသလိုမဟုတ်ဘဲ တင်းခံနေလို့ နအဖဟာ အခြေအနေတွေကိုတောင် မထုတ်ပြန်ရဲဘဲဖြစ်နေပါတယ်။ ရွေးကောက်ပွဲအတွက် တခြားအဖွဲ့အစည်းတွေကိုသာ တည်ထောင်ခွင့်ပေးလိုက်ရင် သူတို့ရဲ့လက်ရှိအက်စ်ဘီ၊ စရဖ စတဲ့ ထောက်လှမ်းရေးယန္တရားတွေနဲ့ လုံလောက်ပါ့မလား၊ ဘယ်လိုတိုးချဲ့မလဲ စဉ်းစားစရာဖြစ်ပါတယ်။
(၂) ၂၀၀၉ ခုနှစ်အတွင်း လုပ်ဆောင်မယ်လို့ ပိုင်းဖြတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေက ဘာပါ လဲ။
တခြားပုံမှန်လုပ်ငန်းတွေအပြင် ပြည်သူ့အင်အား(People Power) စည်းရုံးရေးကို အဓိကထားပြီး ဦးတည်ချက် ရှိရှိ လုပ်သွားပါမယ်။ လုပ်ရာမှာ အဓိကအားဖြင့် ကာလတခုမှာ မြေအောက်သဏ္ဍာန်နဲ့ လုပ်မှာဖြစ်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ ဒီနှစ်မှာ ထူးခြားတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နအဖဟာ သူတို့အသက်ရှင် တည်ရှိရေး လမ်းကြောင်းပေါ်မှာရှိတဲ့ ဆူးညှောင့်ခလုတ်အားလုံးကို ဖယ်ရှားတာလုပ်ရပါတော့မယ်။ ဒီလိုလုပ် ရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားနဲ့ ပဋိပက္ခတွေဖြစ်တာတွေ မုချကြုံရမှာပါ။ ဒါဆိုရင် ကျနော်တို့ဟာ ပြည်သူ လူထုအကျိုးစီးပွားကို ကာကွယ်ရေးအတွက် ဖြစ်နိုင်တဲ့သဏ္ဍာန်နဲ့ တိုက်ပွဲဝင်ပါမယ်။ အလားတူပဲ နအဖက အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ လုပ်လာကောင်းလုပ်လာနိုင်ပါတယ်။ သူ့မှာ နိုင်ငံရေးအရ အင်အား တောင့်တင်းပြီလို့ယူဆရင် နအဖဟာ တနည်းနည်းနဲ့ အကောင်အထည်ဖော်ပါလိမ့်မယ်။ ဒီလိုလုပ်လာရင် နအ ဖနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အကြားက တိုက်ပွဲဟာ နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲ ဖြစ်ချင်ဖြစ်သွား နိုင်ပါတယ်။ ဒီလိုအခါမှာ ကျနော်တို့ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့၊ ၁၉၉၀ ခုနှစ် ရွေး ကောက်ပွဲမှာ ပြည်သူတရပ်လုံးက ထောက်ခံခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကာကွယ်ဖို့အတွက် ပြည် သူတွေ၊ တခြားအင်အားစုတွေနဲ့ လက်တွဲပြီး ကန့်ကွက်တိုက်ပွဲဝင်သွားပါမယ်။
ဒါပေမယ့် ဒါတွေကို ကျနော်တို့ ဗကပတဖွဲ့တည်း လုပ်လို့မရပါဘူး။ ပြည်တွင်းပြည်ပရှိ တခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်သွားပါမယ်။ (ဒါလည်း မြေအောက်ပုံသဏ္ဍာန်နဲ့ အဓိကဖြစ်ပါ မယ်)။ ဒီလိုလုပ်ရာမှာ မတူတာတွေကို ခဏဘေးဖယ်ထားကြဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီလိုလုံးပမ်း နေတဲ့ကာလအတွင်းမှာ နအဖအစိုးရကို ဆန့်ကျင်သူတွေအချင်းချင်း တိုက်ခိုက်တာမျိုး ကျနော်တို့က လုံးဝမ လုပ်ပါဘူး။
ဒါတွေက လက်တွေ့လုပ်ငန်းပိုင်းပါ။ အယူအဆပိုင်းကို ပြောရရင်တော့ ဒီကာလမှာ ကျနော်တို့အနေနဲ့ နအဖအ စိုးရကို အလုပ်အကျွေးပြုလိုတဲ့၊ မူမဲ့အလျော့ပေးစေ့စပ်ချင်တဲ့ အရှုံးပေးရေးဝါဒကို ဖွင့်ချဆန့်ကျင်တိုက်ခိုက် သွားပါမယ်။
(၃) ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုအကဲဖြတ်ပါသလဲ။
တကယ်တော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ သဏ္ဍာန်သဘောလောက်ပဲရှိပါတယ်။ တကယ့်အာဏာကို နအဖ က သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရယူပြီးပါပြီ။ ဒီရွေးကောက်ပွဲမှာ ဘယ်သူတွေနိုင်-နိုင် အာဏာဟာ စစ်အုပ်စု
လက်ထဲမှာပဲ စွဲစွဲမြဲမြဲတည်ရှိနေမှာပါ။
ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ နအဖစစ်အုပ်စုနဲ့ သဘောထားမတူညီတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ ၀င်ရောက် အရွေးခံတာ ရှိနိုင်ပါတယ်။ ဘယ်သူတွေဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါ။ တကယ်လို့ အဲဒီလိုလူ၊ အဖွဲ့အ စည်းတွေပေါ်လာပြီး ကြံ့ဖွတ်၊ တစည ... စတဲ့ စစ်အုပ်စုအင်အားစုတွေနဲ့ ယှဉ်ပြိုင်ရင် သူတို့ကို ကျနော်တို့က အားပေးထောက်ခံပါမယ်။
နောက်တချက်က ဒီရွေးကောက်ပွဲကနေ ရာထူးနဲ့ အခွင့်အရေးပြဿနာကြောင့် နအဖ အသိုင်းအ၀ိုင်းအတွင်း မှာ စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်လာနိုင်ပါတယ်။ အဆင့်အသီးသီး၊ ဒေသအသီးသီး၊ အလွှာအသီးသီးမှာ ပေါ်ပေါက် နိုင်ပါတယ်။ ဒါကို အတိုက်အခံတွေက ကောင်းကောင်းအသုံးချရပါမယ်။
(၄) ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပေါ်အမြင်နဲ့ မြန်မာပြည်အပေါ် မည်သို့သက်ရောက်နိုင်ပါသလဲ။
ဒီပြဿနာကြီး ဘာကြောင့်ပေါ်ပေါက်ခဲ့တယ်ဆိုတာကို ကျနော် ဆောင်းပါး ၃-၄ ပုဒ် ရေးဖူးပါတယ်။ ဒီနေရာမှာ ပြန်ပြောမနေတော့ပါဘူး။ ဒီအကြိမ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြီးဟာ အမေရိကန်နိုင်ငံကြောင့် ဖြစ်ရတာလို့ တနေ့ကပဲ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တချို့က ပြောသွားပါတယ်။ ဒါကို အမေရိကန်ဖက်က လုံးဝ မငြင်းပါဘူး။ ဒိအရင်တနှစ်ကပဲ ကွန်ဒိုလီဇာရွိုက်ကိုယ်တိုင် “အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ချရတယ်၊ ပုံမှန်ပဲ”လို့ အလားတူ ထိပ်သီးအစည်းအဝေးတခုမှာ အာမခံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခါလောက် အမေရိ ကန်နိုင်ငံရဲ့ စီးပွားရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းတာ သမိုင်းမှာ အင်မတန်ရှားတယ်လို့ ဆိုရပါမယ်။ ၁၉၂၉ စီးပွားရေးကပ်တုန်းကတော့ အမေရိကန်ဟာ ကမ္ဘာ့နံပတ်တစ် မဟုတ်ပါဘူး။ ဥရောပရဲ့ နောက်မှာပါ။ အခု တော့ ကမ္ဘာ့နံပတ်တစ်နေရာကနေ မျက်နှာပြလို့မရအောင်ဖြစ်ရတာဆိုတော့ တော်ရုံပြဿနာကြီး မဟုတ်ပါ ဘူး။ ကမ္ဘာ့နံပတ်တစ်နေရာကနေ အမေရိကန်ဖယ်ပေးရဖို့အတွက် အရေးပါတဲ့ သမိုင်းတကွေ့ဖြစ်မယ်လို့ တောင် လူတော်တော်များများက တွက်ကြပါတယ်။
နောက်တချက်ကတော့ ဒါဟာ အမေရိကန်နိုင်ငံအုပ်စိုးသူလူတန်းစားထဲက နီယိုလစ်ဘရယ်သမားတွေရဲ့ ပေါ် လစီတွေမမှန်ကြောင်း ပွင့်ကျသွားတာလို့လည်း ဆိုနိုင်ပါတယ်။ သူတို့ သံကောင်းဟစ်လေ့ရှိတဲ့ "Laissez-faire"ပေါ်လစီရဲ့ကျဆုံးခန်းပါ။ စီးပွားရေးလည်ပတ်မှုတွေကို အစိုးရက၀င်ရောက်မစွက်ဖက်ရဘူးလို့ မောက် မောက်မာမာပြောခဲ့ကြတဲ့ နိုင်ငံအများအပြားက ဧရာမလူချမ်းသာလုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ဘောဂဗေဒ ပညာရှင်တွေဟာ အခုတော့ သူတို့လုပ်ငန်းကြီးတွေကို ကယ်တင်ပေးပါဦးလို့ အစိုးရတွေကို တောင်းပန်နေကြ တာတွေ့ရတော့ ပြုံးမိရပါတယ်။
ဗမာပြည်ရဲ့ စီးပွားရေးဟာ ဒီနှစ်ထဲမှာ ဘယ်လိုမှ ပိုကောင်းလာစရာမရှိပါဘူး။ ကမ္ဘာ့စီးပွားရေးစနစ်ရဲ့ အစွန် အဖျားလောက်မှာသာရှိတဲ့ ဗမာနိုင်ငံကို ကမ္ဘာ့စီးပွားရေးကပ်ရဲ့ဒဏ်ဟာ ဒီနှစ်ထဲမှာ ပိုပြီးရိုက်ခတ်လာမယ်လို့ ယူဆရပါမယ်။ အဲဒီလိုရိုက်ခတ်လာရင် ထုံးစံအတိုင်း လယ်သမား-အလုပ်သမားနဲ့ လုပ်ငန်းရှင်လေးတွေကို အ ထိခိုက်ဆုံးဖြစ်မှာပါ။ နအဖအနေနဲ့ ဒီဒဏ်က ကာကွယ်ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို ကယ်တင်ဖို့ အစွမ်းလုံးဝမ ရှိပါဘူး။ ကျလာသမျှဒဏ်ကို ငုတ်တုတ်ပေခံရမှာပါ။
(၅) လတ်တလောဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်းပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
သမိုင်းဆိုင်ရာလေး နည်းနည်းပြန်ပြောပါရစေ။ ခရစ်တော်မွေးဖွားတဲ့နှစ်မတိုင်မီ ဆယ်စုနှစ် အနည်းငယ်က တည်းက ဂျူးတွေရဲ့အစ္စရေးဟာ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားခဲ့ပြီး အင်္ဂလိပ်ကိုလိုနီသမားတွေက မူဆလင် ဘာသာဝင်တွေလက်ထဲက လု၊ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ ဂျူးတွေကို ပြောင်းလာခိုင်းပြီး ၁၉၄၈ ခုနှစ်ကျမှ အခုလက်ရှိ အစ္စရေးနိုင်ငံကို တည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အာရပ်တွေ၊ မူဆ လင်တွေရဲ့ နှလုံးအိမ်ဒေသမှာ ခံတပ်ကြီးတခု ဆောက်ထားခဲ့ဖို့ဖြစ်ပါတယ်။ ရေနံထွက်တဲ့ဒေသမှာ နယ်ချဲ့သ မားတွေရဲ့ ရေနံတွင်းတွေနဲ့ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါလှတဲ့ စူးအက်တူးမြောင်းအတွက် အ စောင့်သဘော မွေးထားခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသက အမျိုးသားတွေဟာ သူတို့ထင်တာထက်စောပြီး နိုး ကြား၊ စည်းရုံးမိလာကြပါတယ်။ စူးအက်တူးမြောင်းနဲ့ရေနံတွင်းတွေကို သူတို့က နိုင်ငံပိုင်သိမ်းတာတွေ ဖြစ်လာ တော့ အင်္ဂလိပ် အမေရိကန်တို့ဟာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့ အမေရိကန်ဟာ အဲဒီဒေသ ကို အင်္ဂလိပ်လက်ထဲက လုယူလိုက်ပါတယ်။ စူးအက်တူးမြောင်းအရေးအခင်းဟာ ဒီဖက်ခေတ် ကမ္ဘာ့သမိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နေရာကို အင်္ဂလိပ်လက်ကနေ အမေရိကန်က လွှဲယူတဲ့အခါပဲလို့ ပြောရင်ရမယ်ထင်ပါတယ်။ ဒိနောက်မှာတော့ အမေရိကန်ဟာ အစ္စရေးကို စီးပွားရေးအရ၊ စစ်ရေးအရ အားကြီးအောင်အတင်းလုပ်ပြီး အာ ရပ်တွေအကြားမှာ ငပွကြီးတဦးအဖြစ် ဖန်တီးပေးခဲ့ပါတယ်။
အခု ဒီဖက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးမှာ ဂျူး သန်းကြွယ်သူဌေးတွေရဲ့ အခန်းက သိပ်အရေးပါလာပြီး ဂျူးတွေက အမေရိကန်ရဲ့စကားကို နားထောင်နေရတာလား၊ အမေရိကန်က ဂျူးတွေရဲ့စကားကို နားထောင်နေရတာလား၊ ပြောရခက်လောက်အောင်တောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အစ္စ ရေးလ်ဟာ အဲဒီဒေသမှာ အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေး၊ သတင်းနည်းပညာရေး အကူအညီတွေနဲ့ သူများ နယ်တွေကို လုတာ၊ အနိုင်ကျင့်တာတွေ လုပ်ချင်တိုင်းလုပ်တာ ဖြစ်လာပါတယ်။ တလောကမှ အပြောင်းအလဲ လို့ကြွေးကြော်ပြီး တက်လာတဲ့ အိုဘားမားနဲ့ သူ့အစိုးရဟာ အစ္စရေးက ဂါဇာက အရပ်သားတွေကို ဒါလောက် ရက်ရက်စက်စက်သတ်ဖြတ်နေတာတောင် တခွန်းမဟန့်တဲ့အပြင် ပါလက်စတိုင်းတွေရဲ့အပြစ်လို့ ပြောတာကို ကြည့်ရင် ထင်ရှားပါတယ်။
ဒါကြောင့် ပါလက်စတိုင်းတွေ (မူဆလင်တွေ) ဖက်ကကြည့်ရင် ဒါဟာ သူတို့မြေကို အလုခံရလို့ ပြန်တိုက်နေ တာဖြစ်ပါတယ်။ ဟာမာ့ဇ်တွေက ဂျူးတွေကို ဒုံးပျံနဲ့ လှမ်းပစ်တယ်ဆိုတာဟာ စစ်တောင်းမြစ်တဖက်ကမ်းက ဂျပန်ဖက်ဆစ်တပ်တွေကို ဗမာ့မျိုးချစ်ပျောက်ကြားတပ်တွေက ဒီဖက်ကမ်းကနေ မော်တာနဲ့ လှမ်းထုတာနဲ့ တူ ပါတယ်။ ဖြစ်နေတာတွေအားလုံးဟာ ပါလက်စတိုင်းတွေရဲ့ မြေပေါ်မှာပါ။
တကယ်က လူ့ယဉ်ကျေးမှုသမိုင်း အင်မတန်ရှည်ကြာခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အင်မတန်ရှုပ်ထွေးတဲ့ သမိုင်းနောက်ခံတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုမပါဘဲ စားပွဲပေါ် မှာ အချိန်ယူပြီး မျက်နှာစုံညီ ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ပါတယ်။
(ငုရင်ပြင်ဝက်ဘ်ဆိုက်မှ ...)
Sunday, February 8, 2009
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနှင့် ငုရင်ပြင် အင် တာဗျူး
Subscribe to:
Post Comments (Atom)
7 comments:
ကွန်မြူနစ်တွေကို ပွဲ မထုတ်နဲ့၊ ဒီမိုကရေစီ အရေးအတွက် ထိခိုက်လိမ့်မယ်။
ကွန်မြူနစ်လည်း လူပဲ။ဒီလောက်ဆို သဘောပေါက်ပါလိမ့်မယ်။
ကွန်မြူနစ်ကို မယုံရင်နေ။ မစော်ကားနဲ့။
ဗမာပြည်ကွန်မြူနစ်၊ဆိုရှယ်လစ်ပါတီနဲ့
ပြည်သူလူထုသာလက်တွက်ပြီး ဂျပန်နဲ့အင်္ဂလိပ်ကို
မတော်လှန်ခဲ့ရင် အခုဆိုမင်းအဖွါး၊မင်းအမေ၊
မင်းနှမတွေ..တမျိုးလုံး ဂျပန်နဲ့အင်္ဂလိပ်အလုပ်ခံနေရပြီး။
ဖက်စစ်နဲ့နယ်ချဲက မင်းနှမတွေကို သားမှတ်မှတ်၊မယားမှတ်မှတ်
ယူမယ်တော့မထင်နဲ့။
appple ခင်ဗျ.
ကျွန်တော်ဟာ ဒီမိုကရေစီ စနစ်ကို လိုလားတဲ့ လူတစ်ယောက်ပါ.
ကွန်မြူနစ်တွေကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့တာလဲ ထည့်ပြော။. ဒီနေ့ အထ် တွေ့ဆုံး ဆွေးနွေးရေး ဖြစ်မလာသေးတာဟာ ကွန်မြူနစ်တွေရဲ့ စနက်တွေ အများကြီးပါ။ ကွန်မြူနစ်တွေကို ဘေးဖယ်ထားမှ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လိမ့်မယ်။
ဒီမိုကရေစီစနစ်ကို တကယ်သက်ဝင်ယုံကြည်ရင်
ဆွေးနွေးဝေဖန်မှုတွေကို ခိုင်မာမှန်ကန်တဲ့ အချက်အလက် အထောက်အထားနဲ့ တင်ပြသင့်တယ်။
ပါးစပ်အီးမပေါက်နဲ့ဗျာ။ ပါတ်ဝန်းကျင်နံတယ်။
ခင်ဗျားမှန်တယ်ထင်ရင်
မှန်ကန်တဲ့ အချက်အလက်တွေ၊
အထောက်အထားတွေနဲ့ ကိုးကားပြုစုပြီး
စာတမ်းရေး။ လူထုကိုချပြပေါ့၊
ဒီမိုကရေစီနစ်မှာ
ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည်ဆောင်ရွက်ခွင့် ရှိတယ်။ ကိုယ်မကြိုက်တာကိုတော့ လွတ်လပ်စွာ
စော်ကားခွင့် မရှိဘူး။
ဒီမိုကရေစီစနစ်နဲ့တန်အောင် အခုကတည်းက
လေ့ကျင့်ထားဗျာ။
မှတ်ချက်။ ။ အခုလိုကျနော်ပြန်ရေးတာဟာ ရဲဘော်
ဖိုးသံချောင်းရဲ့ အင်တာဗျူးကို အကြွင်းမဲ့ထောက်ခံလို့ မဟုတ်ဘူး။
ခင်ဗျားရဲ့ အခြေအမြစ်မရှိတဲ့ ပုတ်ခတ်စော်ကားမှုတွေ
ကြောင့် ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။
ပွင့်လင်းတဲ့ဒီမိုကရေစီအရသာ
ရင်ဖွင့်သံတွေကြားရတော့ ပွင့်လင်းတဲ့ဒီမိုကရေစီအရသာကို ခံစားလိုက်မိပါတယ်၊ တချို့ကတော့ ကိုယ်ကိုကိုယ်ထိပါးလာတာမို့ ဒီမိုကရေစီအင်းအားစုတွေအတွင်းက ပွင့်လင်းတဲ့ဝေဖန်မှုတွေကို ကြိုဆိုလိုခြင်းမရှိဘဲ မိမိတို့၏အားနည်းချက်များကို ရန်သူအကြိုက်ဖြစ်မှာဘဲဆိုပြီး တတိုင်းလုပ်ပြီးကာကြတယ်၊ မိမိတို့ရဲ့ အပျင်းထူထူ၊ ချောင်ချောင်နေ ချောင်ချောင်းစား၊ ဆရာနဲ့တပည့်ဝေစားမျစားလုပ်နေချိန်မှာ၊ တော်လှန်ရေးငွေတွေကို အကြိုးရှိရှိဖြစ်စေလိုသူတွေက ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တော့ အနာပေါ်ဒုတ်ကျပြီလေ၊
တကယ်တော့ မြန်မာ့နိုင်ငံရေးလောကမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေဟာ စစ်အစိုးအုပ်စိုးနေစဉ်ကာလ ကလွဲလို့ တစလျောက်လုံးရှိခဲ့တာပါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုရင် အလွန်ထင်းပေါ်ကျော်ကြားတဲ့ မျိုးချစ် ဝေဖန်ရေးသမားတစ်ဦးပါ၊ ဝေဖန်ရေးဆိုတာကြောက်စရာမဟုတ်ပါဘူး၊ မိမိတို့၏အားနည်းချက်ကို ဝေဖန်ထောက်ပြပေးတာမို့ ၀မ်းပန်းတသာကြိုဆိုကြရမှာပါ၊ ဝေဖန်ရေးကိုကြောက်ကြသူတွေဟာ အချောင်သမားများနှင့်အလိုတော်ရိဖေါ်လန်းဖါးတွေလောက်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း အင်မတန်ပြင်းထန်တဲ့စကားလုံးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သူပါ၊
ဒီနေ့နယ်စပ်ဒေသမှာ စစ်မတိုက်ရတော့ဘဲ မဲဆောက်မြို့ပေါ်မှာ နာမည်မျိုးစုံနဲ့ အဖွဲ့အစည်းမျိုးစုံဖြင့် ရုံးခန်းအသီးသီးဖွင့်ထားကြာသူတေထွထဲက စိတ်ဓါတ်ရေးရာပျက်စီးနေသူတွေဟာ ပွင့်လင်းတဲ့ဒီမိုကရေစီအရသာကို ခံစားလိုချင်ပုံမရပါ၊ အသောက်အစားမက်ပြီး စိတ်ဓါတ်ရေးရာအရပျက်စီးနေကြတာမို့ ကိုနိုင်အောင်၊ ကိုမောင်မောင်၊ ကိုကျော်ကျော်တို့လူမျိုးဆီမှာ တပည့်ခံစားပြီးအတိတ်က မိမိတို့၏စွန့်လွတ်ခဲ့သည်များကိုစင်းကားဘီဟာဖြင့် စမြှုံပြန်နေကြတယ်၊ ကျောင်းသားတပ်မတော်ထဲမှာတုန်းက ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် မြန်မာပြည်ကို ပြန်လို့မရနိုင်တော့တဲ့ ကိုနိုင်အောင်တို့လိုလူတွေအတွက်တော့ ဒီလိုလူတွေများလေလေ သူအတွက်အင်အား တောင့်တင်းလာလေလေပေါ့ ၊တကယ်စစ်စစ်မှန်မှန်တော်လှန်ရေးလုပ်လိုသူတွေတောင် ၊ ဒီလိုလူတွေကို ကြောက်နေကြရတယ်၊ သူတို့ရှေ့မှာအပြောအဆိုဆင်ချင်ကြရပြီး အသွားအလာလည်းဆင်ချင်ကြရတယ်၊ စစ်အာဏာရှင်တွေမကြိုက်လို့ တော်လှန်ရေးနယ်မြေကိုထွက်လာသူတွေက ပုလင်းတူဗူးစို့လုပ်ပြီး ဒီမိုကရက်တစ်အာဏာရှင်လုပ်လာကြတယ်၊ မလေးရှားက၀န်ကြီးချုပ်ဟောင်း ဓမဟာသီယာဓ လိုပေါ့၊ ခုတော့သူတို့ဟာ ဘီယာကိုခံတွင်းတွေ့လာကြပြီး ဓမဟာဘီဟာဓ ဘွဲ့ခံပြီး၊ ဆရာသမားတွေအကြိုက် အတိုက်အခံတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ကြ၊ ပြီးရင်ဆရာသမားတွေဆီက လက်ဖြန့်တောင်းကြနဲ့ ပြည်တွင်းကစွမ်းအားရှင်တွေလိုဖြစ်လာမှန်းမသိဖြစ်လာကြတယ်၊တကယ်တော့ သူတို့ဟာ သူတို့သုံးနေတဲ့ ဓကွန်ဒွန်ဓ ကအစ၊ တော်လှန်ရေး ဒီမိုကရေစီအရေးအတွက် ပေးတဲ့ငွေတွေဆိုတာလောက်ကိုတော့ သတိရသင့်ပြီး မိမိတိုမိမိပြန်လည်ပြုပြင်သင့်တယ်၊
ပြန်ကြည့်ပါအုံး၊ ဦးစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့တူဖြစ်ပါတယ်တဲ့၊ ဗိုလ်ချုပ်အောင်ဆန်းတူတာဆိုလို့ ဘာမှမတွေ့ရပါဘူး၊ လုပ်ရပ်ကိုကြည့်ကြည့် ခံယူချက်ကိုဘဲကြည့်ကြည့် ဘာဆိုဘာမျမတူပါ၊ နောက်ဆုံး စကားပြောတဲ့လေသံကအစ ညှောင်နာနာအသံနဲ့ သြဇာသံကင်းမဲ့လှပြီး ကြားရသူတောင် စိတ်ဓါတ်ကျသွားနိုင်ပါတယ်၊ ဦးစိန်ဝင်းရေ ဓဒီအင်အေဓ စစ်ပြီးသက်သေမပြပါနဲ့တော့ ၊ ကျနောတို့ချစ်တဲ့ ဗိုလ်ချုပ်သိက္ခာကျနေပါဦးမယ်၊ ကတိသ္စာလည်းမတည်ခဲ့ပါဘူး၊ ခင်ဗျားအစိုးရမဖွဲ့ခင် ပေးခဲ့တဲ့ကတိတွေလေ၊
အစိုးရဖွဲ့ပြီးရင် ကျောင်းသားတပ်မတောကို အစိုးရတပ်အဖြင့်ထားရှိသွားပြီး ရလာတဲ့အကူအညီတွေကို ပေးသွားမယ်ဆိုတာရယ်၊ ပြီးတော့ အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းအင်အားစုတွေကို ပါဝင်လာအောင်လုပ် သွားမယ်ဆိုတာရယ်၊ အားလုံးကအိပ်မက်ဖြစ်သွားပြီး၊ တိုင်းရင်းသားတွေပြောသလို ဓမြန်မာတွေကိုမယုံရဘူးဓ ဆိုတာကို ခင်ဗျားတို့ကထပ်မံသက်သေပြလိုက်တာပါဘဲ၊ပြီးတော့ ဥရောပက စိတ်ကူးယဉ် စေ့စပ်ရေးဆရာကြီး ဦးဟန်ညောင်ရွှေလိုလူကို ဆရာတင်၊ ပြီးတော့ ဇော်ဦး၊ သောင်းထွန်းလို နိုင်အောင်တို့လို ဆေးမကုတဲ့ဆရာဝန်တွေကို လက်သက်မွေးပြီး၊ ထပ်ခါထပ်ခါရှုံးနိမ့်နေတဲ့လမ်းစဉ်တွေနဲ့ ငွေတွေရှာကြ စိတ်ကြိုက်လုပ်ချင်တာတွေကိုလုပ်ခဲ့ကြတယ်၊ပြီးတော့ ဒီပေါလဆီကငွေမရနိုင်ဘူးဆိုပြီး ခင်ဗျားငြင်းခဲ့တာကိုလေကို မကြားချင်မှအဆုံးပါ၊ဗိုလ်ချုပ်သာရှိရင် ခင်ဗျားလိုလူကို ဘာလုပ်ပြစ်မလည်းဆိုတာ ခင်ဗျားတွေးမိကြည့်ရဲ့လား၊
အင်ဒီဒီဖွဲ့ရင်ငွေရမယ်ဆိုပြီး တိုင်းရင်းသားတွေလုံးဝမပါတဲ့ နိုင်ငံရေးအရအနှစ်သာရကင်းမဲ့တဲ့ အဖွဲ့အစည်းကို သောင်းထွန်းရဲ့အကူအညီနဲ့ နိုင်အောင်ကဖွဲ့စည်းခဲ့တယ်၊ တပ်ပေါင်းစုကြီးတဲ့အဖွဲ့တစ်ချို့ အေအေပီပီလိုမြန်မာ အင်ဂျီအိုတွေနဲ့ အင်စီယူဘီတပ်ပေါင်းစုကြီးရှေ့မှာ မျက်နှာပြောင်တိုက်ဖွဲ့စည်းခဲ့တယ်၊ တကယ်တော့ ဒါဟာ လင်ရှိမယားကို ခိုးယူပေါင်းသင်းတဲ့သဘောပါဘဲ၊ တိုင်းရင်းသားတွေပြောတဲ့ ဓမဟာလူမျိုးကြီးဝါဒဓ ကို ခင်ဗျားတို့က သက်သေပြလိုက်တဲ့သဘောပေါ့၊ လူမှုရေးမှာသိက္ခာမဲ့တဲ့ သူတွေဟာ နိုင်ငံရေးမှာလည်း သိက္ခာမဲ့ဘို့ဝန်မလေးဘူးဆိုတာ ထင်ရှားပါတယ်၊
ဇော်ဦးကဒီဘက်မှာရှာစားလို့ဝတော့ အချောင်သမားပီပီ အာဏာရှင်ကြီးတွေဆီမှာ ညာစားဘို့လုပ်လာ ပြန်တယ်၊ သောက်ရေးမပါဘဲပေးလိုက်တဲ့ ပညာရပ်တွေနဲ့ ကိုယ်ကိုကိုယ် ပညာရှင်ထင်ပြီး သ၀င်မြင့်ပြီး နိုင်ငံရေးစတန့်တွေထွင်လာပြန်တယ်၊ မြန်မာပြည်ပြန်ပြီးလက်နက်ချတယ်၊ညာစား ဘို့လုပ်ကြည့်တယ်၊ သူလောက်မညံ့တဲ့ စစ်အာဏာရှင်တွေက ပြန်ကန်ထုတ်လိုက်တော့ အရှက်မရှိပြည်ပ ပြန်ထွက်လာတယ်၊
သောင်းထွန်းကတော့ တကယ်ကိုလူပါးကြီးဘဲ၊ ယူအမ်ကိုယ်စားလှယ်ဆိုပြီး နအဖ အလိုကျ စေ့စပ်ရေးဆိုတဲ့ ဖြစ်လာရန်ဘယ်လုမှမဖြစ်နိုင်တဲ့ ဓဂမ်ဒူးဓ ပေါ်လဆီကိုကိုင်ဆွဲပြီး ကုလသမဂ ကိုချဉ်းကပ်တယ်၊ ရလာတဲ့အမြတ်ကတော့ အင်ဂျီအိုက၀င်လာတဲ့ငွေတွေပေါ့ ၊ အရှုံးကတော့မြန်မာပြည်ပလူထုတွေဆက်လက် ကျွှန်ခံစေရေးဘဲပေါ့၊ ရလာတဲ့ဒေါ်လာတွေ၊ အဲဒါတွေကို ရုံးခန်းကိန်းခန်းတွေအတွက် ခွဲဝေယူကြ၊ နည်းနည်းပါးပါးကို ပြည်တွင်းကိုပို့ပေး(ဒီနေရာမှာ ဆွေမျိုးတွေလည်းပါနိုင်တယ်လို့မှတ်ယူပါ) ၊ ကျန်တာတွေကိုတော့ တပည့်တပန်းတွေကိုပေးနဲ့ အနှစ်နှစ်ဆယ်တောင် ရောက်လာပါပြီ၊ ဆရာကြီးတွေပြောတဲ့ ရင်ကြားစေ့ရေးဆို အရိပ်အရောင်လေးတောင် မမြင်ရဘူး၊ ပြီးတော့အရှက်မရှိပြောသေးတယ် သူတို့ကြောင့်မဟုတ်ဘူး၊ စစ်အာဏာရှင်တွေကငြိမ်းချမ်းရေးမလိုလားတဲ့၊ ရယ်စရာမကောင်ဘူးလား၊စစ်အာဏာရှင်ဆိုမှတော့ ငြိမ်းချမ်းရေးလိုမလားကွဲ့ ငတုံးကြီးရဲ့၊ ယူအမ်ကို ပေါ်လဆီအမှားတွေနဲ့ချည်းကပ်ပြီး ရာထူးပြုတ်မှာဆိုးတော့ ဦးစိန်ဝင်းကို အတင်းဖက်တွယ်ထားတယ်၊
ဆက်လက်ရေးစရာကျန်ပါသေးတယ်၊
မောင်ဘုန်း (အေဘီအက်ဒီအက်ဖ်)
WTF! This is all bullshit!End of History,Man, Wake Up!
Post a Comment