ခင်မောင်ခန့်
CHANGE (အပြောင်းအလဲ) ဆိုတဲ့ စကားလုံးက ဘားရက်အိုဘားမားကြောင့် ၂၀၀၉ မတိုင် မီ ၂၀၀၈ နှောင်း ပိုင်းကာလတွေကတည်းက ခေတ်စားလာခဲ့ပါတယ်။ သို့သော်လည်း လောလောဆယ်မှာ အကောင်းဘက်ကို ထူးထူးခြားခြား ပြောင်းလဲလာတာကိုတော့ မတွေ့ရသေးပါဘူး။ အတော်များများကတော့ အဆိုးဘက်ကို ဦး တည်နေတယ်လို့ ဆိုချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာပေါ့လေ။
အမေရိကန်က စခဲ့တဲ့ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးအကျပ်အတည်း လှိုင်းဂယက်ရဲ့ ဆက်စပ်ရိုက်ခတ်မှု ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သန်းနဲ့ချီတဲ့ အလုပ်သမား တွေ အလုပ်လက်မဲ့ဖြစ်ရသလို နောက်ဆက်တွဲပြဿနာတွေလည်း ကြုံနေရပြီလို့သိရပါတယ်။ ဆက်စပ်ရိုက် ခတ်မှုတွေက မြန်ဆန်လွန်းတာကြောင့် ၁၉၃၀-ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်တုန်းကထက် ပိုပြီး ပြင်းထန်နိုင်တယ်လို့ စီပွားးရေးပညာရှင်တွေက ဆိုပါတယ်။ ဒီအခက်အခဲအကျပ်တည်းကနေ လွန်မြောက်ဖို့အ တွက် ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရများအနေနဲ့ အထူးအလေးပေးဆောင်ရွက်နေတာ တွေ့ရပေမယ့် မြန်မာ ပြည်က စစ်ဗိုလ်ချုပ်ကြီးများကတော့ ဆင်ကန်းတောတိုးအလုပ်တွေကိုပဲ သဲသဲမဲမဲ ဆောင်ရွက်နေကြပါတယ်။ အားလုံးက၀ိုင်းပြီး ကန့်ကွက်နေတဲ့ကြားက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်။ မူဝါဒလမ်းစဉ် (၇) ချက် အောင်မြင်ရေးဟာဖြင့် မမှိတ်မသုံ ချီတက်သွားရမယ့် ပန်းတိုင်ဖြစ်တယ်လို့ တပ်ချုပ်ကြီးက ကြေညာထား ပါတယ်။
ရှိတတ်တာမို့ ရသလောက်နဲ့ ဖောက်ထွက်မယ်ဆိုတာ
စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါလိမ့်မယ်”
၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်မခံပါဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်ကို တစုံတ ရာ အသိမှတ်ပြုဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီတခုဖွဲ့ပေးဖို့ တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရက ဖြေရှင်းမပေးသမျှ ၂၀၁၀ ရွေးကောက်ပွဲကို ဆွေးနွေးရမယ့်၊ စဉ်းစားရမယ့် ခေါင်း စဉ်အောက်မှာတောင် မရှိပါဘူးလို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မွန်၊ ကချင်၊ ၀တပ်ဖွဲ့များကလည်း ရွေး ကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်တဲ့အပြင် စစ်အစိုးရထံ လက်နက်နဲ့ နယ်မြေပြန်အပ်ဖို့ကိုလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားသလို ပြည်တွင်းပြည်ပမှာရှိကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါ တီတွေကလည်း တွေ့ဆုံဆွေးနွေးရေးတွေ မလုပ်သမျှ စစ်အစိုးရကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေကိုကြည့်ရင် လက်ရှိမှာ စစ်အစိုးရနဲ့ အတိုက်အခံတွေဟာ အစွန်းနှစ်ဘက်မှာရပ်နေကြပြီး ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကလည်း အောင်မြင်မှုမရှိတာကြောင့် အခြေအနေတွေက ရှုပ်ထွေးလာပါတယ်။ အ ထူးသဖြင့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးနဲ့ ပတ်သက်ပြီး အယူအဆတွေ မတူညီတဲ့အတွက် အတိုက်အခံနိုင်ငံ ရေးအင်အားစုများအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာပါတယ်။ ညီညွတ်ရေးတည်ဆောက်ကြဖို့ လှုံ့ဆော် စည်းရုံးနေရင်းနဲ့ အကွဲအပြဲတွေက ရှေ့မှာမြင်နေရပါတယ်။ အချို့သော နိုင်ငံရေးအတွေ့အကြုံရှိသူများနဲ့ သ တင်းသမားတွေက ရွေးကောက်ပွဲကိုလက်ခံပြီး ရသလောက်ယူ ပေးသလောက်နဲ့ဖောက်ထွက်တာ အကောင်း ဆုံးနည်းလမ်းပါပဲလို့ ပြောလာသလို လှေကြုံစီးပြီး ရေစုန်မျှောမယ့် အခွင့်ရေးသမားတွေကဆိုရင် ရွေးကောက် ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။
တကယ်တော့ မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာက ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ မြန်မာ့လူမှုအ ဆောက်အဦးတစ်ခုလုံးကို အသစ်ပြန်လည်တည်ဆောက်ရာမှာ ပဲ့ကိုင်ထိန်းကြောင်းပေးနိုင်မယ့် အရည်အချင်း ရှိတဲ့ အစိုးရကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကိုပြန်ကြည့်ရင် တိုင်းပြည်ကို တည်တည်ငြိမ် ငြိမ်နဲ့ ဦးဆောင်နိုင်တဲ့ အစိုးရကောင်းက မရှိသလောက်ပါပဲ။ အထူးသဖြင့် မူဝါဒပိုင်းမှာအားနည်းတဲ့ အစိုးရတွေ ဖြစ်ခဲ့တာပါပဲ။
ဖဆပလလက်ထက် ပါလီမန်ဒီမိုကရေစီခေတ်တုန်းက မူဝါဒချမှတ်ရာမှာ အာဏာပိုင်တွေက စိတ်ထင်ရာလုပ် ခဲ့တာတွေ၊ အတိုက်အခံများနဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်သူတွေရဲ့ သဘောထားကို လစ်လျှုရှုခဲ့တာတွေကြောင့် အုပ်ချုပ်ရေးမတည်မငြိမ်ဖြစ်ခဲ့ရပြီး စစ်အာဏာရှင်စနစ်အမြစ်တွယ်ခဲ့ရတာလို့ ထင်ပါတယ်။ ဗိုလ်နေ၀င်းအစိုးရ လက်ထက်မှာလည်း နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ရာမှာ ကျွမ်းကျင်သူပ ညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ဆက်လက်မျက်ကွယ်ပြုခဲ့ကြသလို အာဏာသုံးပြီး စိတ်ထင်သလိုဆုံးဖြတ် တဲ့ အလေ့အထတွေက တိုင်းပြည်တိုးတက်ရေးအတွက် အဟန့်အတားသဖွယ် ဖြစ်နေခဲ့ပါတယ်။
မူဝါဒတွေကျဆုံးတဲ့ သမိုင်းကိုပြန်ကြည့်ရင် န၀တ၊ နအဖအစိုးရလက်ထက်မှာ အဆိုးဝါးဆုံးလို့ထင်ပါတယ်။ စစ် ခေါင်းဆောင်တွေက မူဝါဒတွေကို စိတ်ထင်သလိုချမှတ်ကြတာ။ အကျိုးစီးပွားစပ်ဆိုင်သူတွေနဲ့ ကျွမ်းကျင်သူ ပ ညာရှင်တွေကို မူဝါဒစဉ်းစားရာမှာ ပထုတ်ထားတာ။ ချမှတ်ပြီးမူဝါဒတွေကို အကောင်ထည်ဖေါ်တဲ့နေရာမှာ ပြန် ပြီးအကဲဖြတ်လေ့မရှိတာ။ ပြည်သူ့ဝန်ထမ်းတွေက စစ်ခေါင်းဆောင်တွေရဲ့ စိတ်အလိုကျလုပ်ပေးတတ်တဲ့ အ ကျင့်က အစဉ်အလာလိုဖြစ်နေတာ ... စတာတွေကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပ ညာရေး ကဏ္ဍအသီးသီးက အကျပိုင်းကို အလျင်အမြန်ထိုးဆင်းသွားခဲ့တာဖြစ်တယ်လို့ ပညာရှင်တွေက သုံး သပ်ကြပါတယ်။ ဈေးကွက်စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေ အလုပ်မဖြစ်တာ၊ ငွေကြေးစံနစ်နဲ့ ဘဏ်တွေ ပျက်စီးသွားတာတွေက ထင်ရှားတဲ့သာဓကတွေ ဖြစ်ပါတယ်။
ခုဆိုရင် တိုင်းပြည်ရဲ့သယံဇာတတွေက တဖြည်းဖြည်း ဆုတ်ယုတ်လာနေသလို ရင်းနှီးမြှုပ်နှံမှုနဲ့ စားသုံးမှုအ ချိုးအဆ ကွာဟချက်ကြောင့် ပြည်တွင်းစီးပွားရေးက အကျပိုင်းကို ရောက်နေပါ တယ်။ ဒီလိုအချိန်အခါမျိုးမှာ ငွေကြေးအကုန်အကျများတဲ့ ရွေးကောက်ပွဲအစီအစဉ်က တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုပြီးချည့်နဲ့စေမှာဖြစ်ပါ တယ်။ ဒါ့ကြောင့် နအဖအနေနဲ့ ရွေးကောက်ပွဲကို အဆောတလျင်ကျင်းပမယ့်အစား အားလုံးကလက်ခံနိုင်တဲ့ အနေအထားတခုကိုရဖို့ အတိုက်အခံတွေနဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။
မောင်းလို့မရတဲ့ မီးရထားတစင်းရယ် ဒါကလွဲပြီး ဘာမှတွေ့ရမှာမဟုတ်ပါဘူး။
ဒီတော့ကာ ကျနော်တို့ အဓိကလုပ်ရမယ့် အရာတွေက
ပိတ်နေတဲ့ ပြတင်းပေါက်တွေကို ပွင့်လာအောင် လိုက်တွန်းကြည့်ရမှာပါ”
အကူးအပြောင်းတိုင်းလိုလိုမှာ အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဟာ သူတို့ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ပြည်သူအများစုက ယူဆကြပါတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာ တဲ့အခါမှာ နောက်ထပ်အပြောင်းအလဲတခုဆီ ဦးတည်သွားကြပြန်ရော။ ဒါက ဖြစ်ရိုးဖြစ်စဉ်တခုပါ။ အဲ့သလို အ ကူးအပြောင်းကာလ အခက်အခဲတွေကို ရှောင်နိုင်ဖို့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်း ပေးနိုင်ဖို့ အစိုးရကောင်းကောင်းတရပ် လိုအပ်နေတယ်လို့ ကျနော်တို့က ထပ်တလဲလဲ တောင်းဆိုနေရတာပါ။
ဒါဆိုရင် အခုနအဖက စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ အဆင့်အတန်းမီတဲ့ အစိုးရကောင်းတရပ် ပေါ် ပေါက်လာမှာလားလို့ မေးစရာရှိပါတယ်။ အဖြေက ရှင်းပါတယ် လုံးဝမဖြစ်နိုင်ပါဘူး။ အဆင့်တန်းမီတဲ့ အစိုးရ တရပ်ဖြစ်ဖို့ဆိုတာ သူ့ရဲ့ဟင်းစပ်ဖြစ်တဲ့ တရားဝင်လုပ်ပိုင်ခွင့်ရှိတာ၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့ခွင့်ရှိတာ၊ တ ရားဥပဒေစိုးမိုးမှုရှိတာ၊ တာဝန်ရှိသူတွေက တာဝန်ခံတာ၊ လုပ်ကိုင်သမျှ ထင်သာမြင်သာရှိတာ၊ သတင်းလွတ် လပ်မှုရှိတာ၊ အစိုးရဌာနဆိုင်ရာတွေရဲ့ စီမံခန့်ခွဲမှုကောင်းမွန်တာ၊ အစိုးရနဲ့ ပြည်သူလူထုအဖွဲ့စည်းတွေကြား ပူး ပေါင်းဆောင်ရွက်မှုတွေ ရှိလာတာ၊ ပညာရပ်နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့သူတွေကို မူဝါဒချမှတ်အ ကောင်ထည်ဖော်ရာမှာ ပါဝင်ဆောင်ရွက်စေတာ ... စတဲ့အချက်တွေ ပြည့်စုံမှသာ လူထုကိုဦးဆောင်နိုင်တဲ့ အင်္ဂါရပ်များနဲ့ပြည့်စုံတဲ့ အစိုးရကောင်းတရပ်ဖြစ်မယ်လို့ ထင်ပါတယ်။
အဲ့သလိုမှမဟုတ်ရင်တော့ ဘယ်လိုအစိုးရမျိုးပဲတက်တက် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေက အကောင်အ ထည်ပေါ်လာမှာမဟုတ်ပါဘူး။ ဒါတွေကြောင့် ကျနော်တို့နိုင်ငံမှာ အဓိပ္ပါယ်ရှိတဲ့အပြောင်းအလဲတွေဖြစ်ဖို့၊ တိုင်း ရင်းသားများရဲ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေပေါ် အခြေခံတဲ့ ပြည်ထောင်စုစနစ်တည် ဆောက်ဖို့၊ မတူကွဲ ပြားတဲ့ အယူအဆတွေ ပြဿနာတွေကိုဖြေရှင်းဖို့အတွက် တွေဆုံဆွေးနွေးရေးဟာ မရှိမဖြစ်လိုအပ်နေပါတယ် လို့ ထပ်တလဲလဲ တောင်းဆိုနေရတာဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်က အရည်အသွေးမြင့်တဲ့ အစိုးရနဲ့ ထိရောက်တဲ့မူဝါဒများ ချမှတ်နှိုင်ဖို့ အခွင့်သာစေတဲ့ နိုင်ငံ ရေးပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်တယ်ဆိုတာကို ပညာရှင်တော်တော်များများက လက်ခံကြပါတယ်။ ဒီ မိုကရေစီရဲ့ အခြေခံတန်ဖိုးများက အကျိုးစီးပွားမတူသူများ၊ ဆန့်ကျင်ဖက်အုပ်စုများကိုပါ ပူးပေါင်းပါဝင်ဆောင် ရွက်စေတာကြောင့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တိမ်းညွှတ်မှုကိုဖြစ်စေပါတယ်။ အလေ့အကျင့်များလာ တဲ့အခါ ဘက်ပေါင်းစုံကနေ ဒေါင့်စေ့အောင် ပိုင်းခြားစိတ်ဖြာသုံးသပ်ပုံတွေကြောင့်လဲ ဒီမိုကရေစီစံနစ်ကို ပိုပြီး အားကောင်းစေပြန်ပါတယ်။
သို့သော်လည်း ဒီမိုကရေစီအစိုးရတိုင်းက အုပ်ချုပ်ရေးကောင်းမွန်တယ်ဆိုတဲ့ အာမခံချက်မျိုးတော့မရှိပါဘူး။ ဥပမာ- ထိုင်းမှာ ဒီမိုကရေစီအစိုးရရှိပေမယ့် ခုချိန်ထိ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့အတွက် တိုင်းပြည်တိုး တက်ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေပါတယ်။ ဒီအချက်ကိုကြည့်ရင် နအဖ အခုပြောပြောနေတဲ့ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဆိုတာမျိုးက စဉ်းစားစရာပါ။ ဒီတော့ကာ ပြီးလွယ်စီးလွယ် ရွေးကောက်ပွဲဖြစ်ရင်ပြီးတာ ပဲ နောက်မှမီးစင်ကြည့်ကတာပေါ့ဆိုပြီး ရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုပါတော့၊ အစိုးရတခုတော့ ဖြစ်လာ မှာပါပဲ။ ဒါပေမယ့် အစိုးရသစ်က ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို ဖြည့်စွမ်းပေးနိုင်မှာလား ဆိုရင်တော့ ဝေးပါသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ကြိုတင်ကန့်သတ်ချက်တွေမပါတဲ့ တွေဆုံဆွေးနွေးမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ မရှိသမျှ ကာလပတ်လုံး အ လေ့အထဟောင်းတွေက တိုင်းပြည်ကို အကျပိုင်းရောက်အောင် ဆွဲချနေမှာပါပဲ။ နောက်တချက်က ပြီးခဲ့တဲ့ (၂၁-၂-၀၉) ရက်နေ့ည VOA အသံလွှင့်ဋ္ဌာန တိုက်ရိုက်လေလှိုင်းအစီစဉ်မှာ ရွေးကောက်ပွဲဝင်သင့်တယ်ဆို တာကို ပင်တိုင်ဆွေးနွေးခဲ့တဲ့ ကိုအောင်သူငြိမ်း၊ ကိုမင်းဇော်ဦးတို့ရဲ့ဆွေးနွေးတင်ပြချက်တွေကိုကြည့်ရင် အပြု သဘောဆောင်တဲ့ နိုင်ငံရေးအရစဉ်းစားပုံအသစ်၊ ချဉ်းကပ်ပုံအသစ်တွေ ဖြစ်ပါတယ်။ တိုင်းပြည်ကောင်းဖို့ သ ဘောရိုးနဲ့ပြောတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
သို့သော်လည်း ကျနော်တို့စဉ်းစားရမှာက စစ်ခေါင်း ဆောင်များရဲ့ စိတ်အထာတွေ၊ သူတို့နဲ့ အကျိုးစီးပွားဆက် စပ်နေတဲ့ သူတွေရဲ့ အမြင်သဘောထားတွေပါပဲ။ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေဖြစ်ဖို့ အဆုံးဖြတ်ပေးနိုင် တာက စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့အခါ နိုင်ငံရေးဩဇာရှိတဲ့ ပါသင့်ပါထိုက်တဲ့ သူ တွေကို ပါဝင်ခွင့်ပြုတာ၊ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်တာ၊ တာဝန်ခံမှုရှိတာ၊ နိုင်ငံတကာက အကဲဖြတ်စောင့် ကြည့်တာကို လက်ခံတာ၊ နိုင်ငံရေးအကျဉ်းသားများကို ထင်သာမြင်သာတဲ့ အတိုင်းအတာတခုထိ လွှတ်ပေး တာ စတဲ့အချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲ့သလိုမဟုတ်ဘဲ ကျဉ်းမြောင်းတဲ့ဘောင်ထဲမှာ အကန့်အ သတ်တွေနဲ့ ရှုပ်ထွေးနေတဲ့ ရွေးကောက်ပွဲမျိုးဆိုရင်တော့ ပေးရမှာနဲ့ ပြန်ရတာ မကာမိတဲ့အပြင် အတိုက်အခံ အင်အားစုများအတွင်း ညီညွတ်ရေးပြိုကွဲတဲ့အဆင့်ထိ ဖြစ်သွားမှာပါ။ ဘ၀မှာ မပေးဘဲနဲ့ရတာ မရှိသလောက် ပါပဲ။ ဒါပေမယ့် ထင်သာမြင်သာရှိတဲ့ ရလဒ်ကောင်းတွေက လက်တွေ့ဘ၀မှာ ဖြစ်နိုင်ခြေရှိရဲ့လား၊ ဆိုးကျိုးတွေ က ဘာတွေဖြစ်မလဲ စတဲ့ကြိုတင်အကဲဖြတ်ချက်တွေ ရှိရမယ့်အပြင် ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ကိုယ်တိုင်အ မြင်ရှင်းနေဖို့တော့လိုပါတယ်။
နိဂုံးအနေနဲ့ပြောရရင် ကသောင်းကနင်းဖြစ်နေတဲ့ အဖွဲ့စည်းတော်တော်များများဟာ နိုင်ငံရေးပြဿနာတွေကို ကိုယ့်ထောင့်ကကိုယ်ပဲ နားလည်ကြပြီး အဖြေတွေထုတ်နေကြတဲ့အတွက် ပဋိပက္ခတွေ၊ အကျိုးစီးပွားဆိုင်ရာ ဖိ အားတွေက တော်လှန်ရေးကို ရှေ့ဆက်လို့မရအောင် အဟန့်အတားဖြစ်စေပါတယ်။ အကျိုးအကြောင်း အညီ ညွတ်ဆုံး နည်းလမ်းတွေနဲ့ အသင့်လျော်ဆုံး မူဝါဒတွေမှာတောင် အတိမ်းအစောင်းတွေ ရှိတတ်တာမို့ ရသ လောက်နဲ့ ဖောက်ထွက်မယ်ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ၂၀၁၀ ရွေး ကောက်ပွဲက ပြတင်းပေါက်အတုကြီးတခုပါ။ ဒီပြတင်းပေါက်ကနေထွက်ကြည့်ရင် လွဲမှားနေတဲ့ကောင်းကင် ကြီးတခုရယ်၊ မောင်းလို့မရတဲ့ မီးရထားတစင်းရယ် ဒါကလွဲပြီး ဘာမှတွေ့ရမှာမဟုတ်ပါဘူး။ ဒီတော့ကာ ကျ နော်တို့ အဓိကလုပ်ရမယ့် အရာတွေက ပိတ်နေတဲ့ ပြတင်းပေါက်တွေကို ပွင့်လာအောင် လိုက်တွန်းကြည့်ရမှာ ပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ လောလောဆယ်မှာ ပြောင်းလဲအောင် မလုပ်နိုင်သေးရင်တောင်မှ အနည်း ဆုံးတော့ ရွေးကောက်ပွဲမဖြစ်အောင်၊ စစ်အစိုးရရဲ့ မာတောင့်နေတဲ့ စဉ်းစားပုံတွေ ပြောင်းလဲလာအောင်၊ သူ တို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်ပြလာအောင် အားလုံးက ညီညီညွတ်ညွတ်နဲ့ အဖြစ်ရှိအောင်လုပ်ကြပါလို့ တောင်း ဆိုလိုက်ပါတယ်။
ခင်မောင်ခန့်
5 comments:
အောင်သူငြိမ် နဲ့ မင်ဇော်ဦး မင်းတို့လဲ လူတွေဘဲ
ဲံဲံမင်တို့ကောင်းဘာတခုမှ မလုပ်နိုင် ဘူး ရတယ်။
မင်းတို့လာ လာပြီးမစားနဲ့တော။
မင်းတို့တို့ အတွုက် မကောင်းဘူး။
သတိတားပါ။
ယနေ့ မြန်မာနိုင်ငံရေးမှာ စစ်ဗိုလ်တွေက စစ်သားဖြစ်လို့ နိုင်ငံရေးနားမလည်လို့ တဇောက်ကန်းလုပ်တယ်ထား။ အချို့ နိုင်ငံရေးသမားဆိုသူတွေလည်း ဘာထူးလို့လဲ။ ငါနဲ့ မတူ ငါ့ရန်သူ၊ လှေနံ ဓါးထစ်၊ ပါးကိုက်ရင် နားပြန်ကိုက်မယ်၊ ငါကလွဲရင် တစ်ယောက်မှ အသုံးမကျ၊သွေးနထင်ရောက်နေကြတဲ့သူတွေက ခပ်များများ။ တွေ့ဆုံဆွေးနွေးရေး တွင်တွင်အော်ကြပြန်တယ်။ တယ်မထင်ပါဘူး၊ စစ်အစိုးရနဲ့ ဆွေးနွေးဖို့ ခဏထားပါဦး။ ပြည်ပရောက် နိုင်ငံရေးသမားတွေ အချင်းချင်းတောင် အပြန်အလှန် အပုတ်ချနေတာ စစ်အစိုးရနဲ့ ဆွေးနွေးရင် လက်ဝှေ့ကြိုးဝိုင်းထဲမှာ ဆွေးနွေးကြဖို့ပဲရှိတယ်။ သဘောထားပျော့ပြောင်းတဲ့ နိုင်ငံရေးသမားတွေကိုတော့ သာကူးတွေ စစ်ကျွှန်ဖြစ်မဲ့သူတွေအော်ကြပြန်တယ်။ စစ်အစိုးရကို ဖြုတ်မယ် အော်လာတာလဲ အနှစ် ၂၀ ရှိပြီ။ စစ်အစိုးရက ထင်ရာလုပ်သမျှ ခံနေရတယ်။ ခုထိလည်း လေသံက မာမာပဲ။ အောက်ကလည်းနေသေး ကြောက်ပြီလားလို့ ပြန်အော်နေသလိုပဲ။ ဦးအောင်သူငြိမ်းတို့ ဦးမင်ဇော်ဦးတို့ ပြောသလို တနည်းမဟုတ်တနည်း လုပ်ကြည့်ရမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတောင် အင်္ဂလိပ်တိုက်ဖို့ ဂျပန်နဲ့ပေါင်းပြီး ဂျပန်တိုက်ဖို့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းရတာပဲ။ နမူနာယူဖို့ကောင်းတယ်။ အရက်သမားသား အရက်သမားပဲ ဖြစ်ရမယ်လို့ ပုံသေကားကျ ပြောလို့ရမလား။ ဘုရားလူကြီးသား အရက်သမားဖြစ်တာတွေလည်း ရှိတာပဲ။ ဒီနေ့ စစ်အစိုးရကိုကြည့်ပြီး ၂၀၁၀ နောက်ပိုင်း ပေါ်တဲ့အစိုးရလည်း ဒီလိုပဲလို တထစ်ချပြောနိုင်လား။ ဘာပဲဖြစ်ဖြစ် ပေါ်လာတဲ့အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို တချက်တော့ စောင့်ကြည့်သင့်ပါတယ်။ မျက်စိစုံမှိတ် ကုန်အော်နေတာတော့ ခဲမှန်ဘူးတဲ့ စာသူငယ်လိုပဲ လေးခွကိုင်တဲ့သူတွေ့တိုင်း ပစ်မယ်ချည်ထင်နေသလို ဖြစ်နေတယ်။ ၂၀၁၀ မှာ သာကူးတွေ နိုင်ငံရေးလုက်စားမဲ့သူတွေ များများ မပါ ပါစေနဲ့ တကယ်ကို အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မဲ့ ပေးလာတဲ့အခြေအနေကနေ ပြည်သူ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့ နိုင်ငံရေးသမားတွေပါလာပါစေလို့ ပြည်သူတစ်ယောက်အနေနဲ့ ဆုတောင်းလိုက်ပါတယ်။
htoo ပြောပုံအရ နအဖကိုတိုက်ဖို့ နအဖနဲ့ ပြန်ပေါင်းရမယ့်သဘောပေါ့။ ပေါင်းပါ ပေါင်းပါ ခရေကြွေပြီး ပါးစပ်က အတောင့်လိုက်ပြန်ထွက်လာမှ htoo မှားသွားပီကွာ အစ် အစ် အစ် အသံမထွက်စေနဲ့။ နအဖက ဆီတောင် စားအုန်းဆီအညံ့စားပဲသုံးမှာ။ အကောင်းစားဆီ သုံးမှာမဟုတ်ဘူး။ နမူနာပေးတယ်ဆိုတာ ဆီလျော်တဲ့ ဥပမာပေးရတယ်ဟ။ လူရယ်စရာဖြစ်အောင် မလုပ်ရဘူး။ ဗိုလ်ချုပ်နဲ့ နှိုင်းပြောရအောင် တူသလား တန်သလား။
taw..
အမြင်ဆိုတာ အမြဲတမ်းမတူနိုင်ဘူး။ လက်ချောင်တွေမှာတောင် အတိုအရှည်ရှိသေးတယ်။ ကိုယ်မြင်တာမှ အမှန်ဆိုတဲ့ အယူအဆကို အသေကိုင်ထားရင် သဘောထား သေးသိမ်တဲ့နေရာမှာ ၂ ယောက်မရှိဘူးဖြစ်သွားမယ်။ နောက်တစ်ခုက ဘလောက်တွေမှာ ကိုယ်အမြင်နဲ့ မတူသူတိုင်းကို မိုက်မိုက်ရိုင်းရိုင်းစကားတွေသုံးပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ တွေ့တွေ့နေတယ်။ ဒါကိုကြည့်ပြီး အရိုင်းအစိုင်းအဆင့်မှာပဲ ရှိနေသေးတဲ့ မြန်မာတွေ ရှိနေပါသေးလားလို့ တွေးမိတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရရင် (မရိုသေစကား)စင်ပေါ်တက် ပုဆိုးလှန်ပြပြီး မကျေနပ်ကြောင်းပြမဲ့ လူတွေ ပေါ်လာမလား မသိ။
ဗိုလ်ချုပ်ကို ဥပမာပေးတာက တိုင်းပြည်အတွက် လုပ်တဲ့နေရာမှာ အမြဲတမ်းမိတ်ဆွေ မရှိသလို အမြဲတမ်းရန်သူလည်း မရှိ၊ သူသိတာ လွတ်လပ်ရေးပဲ ဆိုတာလေး မြင်အောင်လို့ ထုတ်ပြတာပါ။ ဘယ်သူနဲ့ ပေါင်းရပေါင်းရ ကိုယ့်ရည်မှန်းချက်ပန်းတိုင် မပျောက်ဖို့က အဓိကဆိုတာ ပြောချင်တာ။
ဆင်ရိုင်းကို ယဉ်အောင်လုပ်တာ ဆင်ထက်တော့ အသိဉာဏ်ရှိဖို့တော့လိုတာပေါ့။ ဆင်နင်းခံရမှာ ကြောက်နေရင် ဆင်ခေါင်းပေါ် ဘယ်တော့မှ တက်ထိုင်နိုင်မှာ မဟုတ်ဘူး။ ဆင်ကို အသုံးချချင်ရင် ဆင်နဲ့ဝေးဝေးနေချင်လို့မရဘူး။ ဆင်လောက်မှ အသိဉာဏ်မရှိပဲနဲ့လည်း အနားသွားမကပ်နဲ့။ ဆင်နင်းတာခံ၇မှာ သေချာတာပေါ့။ နောက်ဆုံး ရိုင်းပါတယ်ဆိုတဲ့ ဆင်ရဲ့ ဦးခေါင်းထိပ်မှာ တက်ထိုင်တာ အသိဉာဏ်ရှိတဲ့ လူဆိုတာ မမေ့ပါနဲ့။
htoo ဆင်းနင်းခံရရင်လဲ အစ် အစ် အစ်တော့ အော်သွားအုံးနော်။
Post a Comment