Monday, February 16, 2009

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြပွဲ ဖွင့်ပွဲအ ခမ်းအနားကျင်းပ

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးရှိ မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ ပြပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၆-၂-၀၉) တနင်္လာနေ့ နံနက်ပိုင်းက မယ်တော်ဆေးခန်းဝင်းအတွင်း ကျင်းပပြု လုပ်ရာ မယ်တော်ဆေးခန်းကို စတင်ထူထောင်ခဲ့ချိန်မှသည် ယနေ့တိုင် လက်တွဲလုပ်ဆောင်လျက်ရှိကြသည့် ဒေါက်တာစင်သီယာမောင်၊ မန်းစိန်ဟန်နှင့် ဆရာမ နော်ထူးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။ အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်က အဖွင့်အမှာစကားပြောကြားပြီး မှတ်တမ်းဓာတ်ပုံပြ ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

ထို့နောက် ဖွင့်ပွဲတက်ရောက်လာသူများက မှတ်တမ်းဓာတ်ပုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ဒေါက်တာစင်သီယာမောင်က ရရှိခဲ့သည့် ဆုများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောပြခဲ့ကြောင်း သ တင်းရရှိသည်။ အဆိုပါ မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ လ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း သတင်းရရှိသည်။

No comments: