ရွှေဆည်းဆာ (ရန်ကုန်မြို့)
ကျွန်မတို့ရွှေမြန်မာတွေ ပျော်တတ်ပုံများတော့ ကမ္ဘာကတောင် ငေးကြည့်ရလောက်မယ်ထင်ရဲ့။ ဘာလို့လဲဆို တော့ မြန်မာရိုးရာ ၁၂ လရာသီပွဲတော်တွေထက်ကို happy new year ကို ပိုလို့ပျော်ရွှင်နေလိုက်ကြတာများ၊ အိပ်ရေးပျက်ခံပြီး အပျော်ကြူးကြ၊ တနေရာမှာစုဝေးပြီး သောက်စားမူးယစ်ကြ လုပ်လာလိုက်ကြတာ၊ ဟိုးအ ရင်တုန်းကကြားဖူးပါရဲ့။ အနောက်တိုင်းဆန်ဆန်နေတတ်ကြတဲ့ လူလတ်ပိုင်းတွေလောက်ပဲ လုပ်တတ်ကြတာ ပါ။ အခုတော့ လူငယ်လူရွယ် မိန်းမရွယ်လေးတွေဆီကိုပါ ဒီလိုပေါ့သွမ်းတဲ့ ယဉ်ကျေးမှုဟာ ကူးစက်ရောဂါတခု လို အလျင်အမြန် ကူးစက်လာတာတွေ့ရပါတယ်။
အပျော်အပါးမက်လိုက်ကြတာများ လက်လှမ်းမီရာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ ပွဲတော်မှန်သမျှ ၀င်ရောက်နွှဲ ပျော်တတ်ကြပါတယ်။ ဒိအပြင် ဖက်ရှင်ပြပွဲတွေ စင်တင်တေးဂီတပွဲတွေနဲ့ လက်မလည်အောင်ကို ပျော်ရွှင်နေ လိုက်ကြတာ။ ဒီတော့ပျော်တတ်တာဟာ မကောင်းဘူးလား။ လူမျိုးဘာသာမခွဲခြားဘဲ ချစ်ချစ်ခင်ခင် ပျော်ပျော် ရွှင်ရွှင်ရှိတာ ကောင်းရဲ့မို့လားလို့ မေးချင်တဲ့သူတွေလည်း ရှိကြမယ်။
ပျော်လွန်းရင် ပေါ့ပျက်ပျက်ဖြစ်တတ်တယ်ဆိုတာ သိထားရမယ်။ ကျွန်မအမြင်တော့ မြန်မာတွေပျော်တတ်တာ တော့ နာမည်ကျော်ပဲ။ ပျော်တဲ့ရွှင်တဲ့နေရာမှာ နိုင်ငံခြားလူမျိုးခြားတိုင်းက လက်ဖျားခါရတယ်။ အင်မတန်ပျော် တတ်တဲ့ လူမျိုးတဲ့။ အင်မတန် စိတ်နှလုံး ပေါ့ပေါ့ပါးပါး ထားတတ်သတဲ့။ ဘယ်လိုဒုက္ခကြီးတွေ တွေ့နေနေ ခပ် အေးအေး ခပ်ပြုံးပြုံးပဲတဲ့။ အဲဒီစကားဟာ ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားဆိုတာ ၀ါးတားတားပဲ။
လောကဓံတရားရှစ်ပါးနဲ့ ကြုံတွေ့တဲ့အခါ ဒုက္ခတွေနဲ့ရင်ဆိုင်ကြုံမှဖြင့် မတုန်မလှုပ်မပူမဆွေးဘဲ ကြံ့ကြံ့ခိုင် အ ပြုံးမပျက်နေနိုင်တဲ့ သတ္တိကိုဆိုလိုတာလား။ ဒါမှမဟုတ် ဘာကြီးပဲဖြစ်နေနေ ဆန်အိုးထဲမှာ စားစရာ ဆန်တစေ့ မှမရှိချင်နေ လုံ့လ၀ီရိယမထုတ် ကြိုးကြိုးကုတ်ကုတ် အလုပ်မလုပ်ဘဲ ဆင်းဆင်းရဲရဲ မွဲမွဲတေတေ ပျော်နေရရင် ပြီးရော အပျော်အပါးမက်တဲ့ လူမျိုးလို့ ဆိုချင်တာလား။ ကျွန်မတော့ နှစ်မျိုးစလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆမိ တယ်။
ပေါ့ပေါ့ပါးပါး နေတတ်ပုံများတော့ဖြင့် အံ့သြဖို့လည်း ကောင်းတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်ဖိနပ်အောက် မှာ အဖိနှိပ်ခံနေကြရ၊ နိုင်ငံတကာအလယ်မှာ လူတန်းစေ့မနေနိုင်လို့ တိုင်းပြည်မှာ သာမန်ပြည်သူတွေ ဆင်းရဲ မွဲတေနေတာ၊ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓအဆုံးအမကို စောင့်ရှောက်ထိမ်းသိမ်းနေတဲ့ သံဃာတော်တွေ ပြည်သူ့အတွက် အရေးဆိုပေးဆပ်ရင်း သွေးမြေကျခဲ့ရပြီး နအဖအန္တရာယ်ကို ရှောင်တိမ်းပုန်းအောင်းနေကြရ၊ တချို့ဆို အခုထိ အချုပ်နှောင်ခံနေကြရတာ၊ ပြည်သူတွေကိုယ်စား ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့သူတွေခ မျာ ထောင်သွင်းအကျဉ်းကျရုံမက ဝေးလံခေါင်သီတဲ့ဒေသ၊ ရာသီဥတုကြမ်းတမ်းတဲ့ နေရာဒေသတွေမှာ ဒုက္ခခံ နေရဆဲ၊ ပြီးတော့ နာဂစ်မုန်တိုင်းဒဏ်ခံကြရပြီး လူအများအပြား သေကြေပျောက်ဆုံးခဲ့ကြလို့ စိတ်ဆင်းရဲကိုယ် ဆင်းရဲနဲ့ လူမှုဒုက္ခပင်လယ်ဝေနေရာကနေ အခုထိပုံမှန်နေအထားကို ပြန်မရောက်နိုင်ကြသေးတာတွေ၊ ဒါတွေ အားလုံးကို ပြည်ဖုံးကားချပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖုံးလွမ်းလိုက်တော့ တော်တော့်ကို ကြံ့ကြံ့ခိုင်နိုင်တဲ့ လူမျိုးပေ ပဲ။ ဒုက္ခကို ဒုက္ခမမှတ်တဲ့ လူမျိုးပေပဲလို့ ချီးမွမ်းရမလို ဖြစ်နေပါတယ်။
တချို့ကတော့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါတွေက ကိုယ်လုပ်လို့ရတာမှတ်လို့ အစိုးရအာဏာပိုင်တွေ လုပ်ကြမပေါ့၊ နိုင်ငံရေးလုပ်တဲ့သူတွေ လုပ်ကြမပေါ့၊ ကိုယ်က ဘာတတ်နိုင်လို့လဲ။ ဘာနိုင်ငံရေးမှ နားမလည် ဘူး။ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရတာပဲလို့။ အဲဒီလို ကိုယ်ချင်းစာတရားတွေ ခေါင်းပါးပြီး လောကကြီးမှာ တရားသဖြင့်လား၊ မတရားသဖြင့်လားဆိုတဲ့ ဆင်ခြင်တွေးခေါ်မှု မရှိတဲ့သူတွေ ပွားများလာလို့ အခုလောက်ထိ လူ့ယဉ်ကျေးမှုတွေ ပျက်စီးနေပြီး မတရားဥပဒေနဲ့ အုပ်ချုပ်နေတဲ့ အာဏာရှင်တွေ သက်တမ်း ရှည်နေတာလို့ ကျွန်မတွေးမိတယ်။
ဒီလောက်ပျော်နိုင်အားကြတဲ့ ပျော်နေတဲ့သူတွေ အဲဒီနှစ်သစ်မကူးခင် နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့သမျှကို တစေ့ တစောင်း ပြန်လှည့်ကြည့်ပြီး နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ကြို၊ ကိုယ့်ရဲ့လွဲမှားနေတဲ့ အကျင့်ဟောင်း အကျင့် ပျက်တွေကို ခ၀ါချခဲ့ပြီး ကြိုကြရင် ဘယ်လောက်ကောင်းမလဲ။ ကိုယ့်တဦးချင်းစီအတွက်လည်းကောင်း၊ ကိုယ် မီခိုအားထားနေတဲ့ ကိုယ့်တိုင်းပြည်အတွက်လည်း ကောင်းလာမယ်မဟုတ်လား။
အခုတော့ ပြီးခဲ့တဲ့နှစ်တွေတိုင်းမှာလည်း တိုင်းပြည်ရဲ့စီးပွားရေးက မငြိမ်သက် (ဆရာသော်တာဆွေက ပြော ဖူး၊ ရေးဖူးတယ်။ ခေတ်ပျက်ရင် များလာတာက ဈေးသည်နဲ့ မြင်းလှည်းသမားပါတဲ့။ အဲဒါက သူ့ခေတ်တုန်းက၊ အခုချိန်တော့ စားသောက်ဆိုင်၊ အကင်ဆိုင်၊ အနှိပ်ခန်းတွေ မှိုလိုပေါက်နေပြီး အငှားကားတွေတောင် မှိုင်နေ ကြတဲ့ကာလ) တိုင်းပြည်မှာ နိုင်ငံရေးဆိုတာလည်း နိုင်ငံမှာတကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဖေါ်ပြခွင့်မရနိုင်ဘဲ၊ စစ်အာဏာရှင်များက နိုင်ငံ့အကျိုးပြု နိုင်ငံရေးရယ်လို့ လူမြင်သူမြင် လုပ်ကွက်ထွင် လုပ် စားနိုင်ငံရေးတွေကို ဗန်းပြ၀ါဒဖြန့်တဲ့လုပ်ရပ်တွေ လုပ်ပြနေကျ၊ ကိုယ့်နိုင်ငံရဲ့ တကယ့်အဖြစ်ပျက်တွေကို ပြော ဆိုလုပ်ကိုင်သူတွေကိုတော့ မတရားဥပဒေတွေနဲ့ ပုဒ်မတွေ အမှုတွဲတွေ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူ၊ သူ တို့စစ်အာဏာရှင်တွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စဆိုရင် မည်သူ့ကိုမဆို၊ မည်သည့်လှုပ်ရှားမှုဖြစ်စေ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲတားတဲ့ ဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်တော့တာပဲ။
ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကြည့်ဦးမလား။ မြန်မာကျပ်ငွေရဲ့ တန်ဘိုးဟာ မတည်မငြိမ် တက်လိုက်ကြ လိုက်နဲ့ နေ့စဉ်လိုအပ်တဲ့ စားသောက်ကုန်မှန်သမျှ ၀င်ငွေနဲ့ထွက်ငွေမမျှအောင် ပေးဝယ်စားရ၊ လက်လုပ်လက် စား အလုပ်ကြမ်းသမားတစ်ယောက်ရဲ့တနေ့ဝင်ငွေ ကျပ် ၂၀၀၀/၂၅၀၀/- ရတဲ့အထဲက ကိုယ့်တိုင်းပြည်က ထွက်တဲ့ ဆန်တပြည်ကို ကျပ် ၁၀၀၀ လောက်ပေးရတဲ့ ဆန်မျိုးမှ၊ ကျပ် ၆၀၀/၇၀၀ တန်ဆိုတာ ဆန်ကွဲသာသာ ဖြစ်ပြီး ဟင်းချိုနဲ့မျှောချမှ လည်ချောင်းထဲ လျှောလျှောလျူလျူကျတဲ့ ထမင်းမျိုး။ ၀က်စာလိုဖြစ်နေတဲ့ ရေစိုဆန် တွေကို တပြည် ၄၀၀ ကျပ်ပေးပြီး ၀ယ်စားနေရတဲ့ လူတွေလည်းရှိနေပါတယ်။ လူလိမ်တဲ့ ငွေလိမ်တဲ့ သတင်း တွေ၊ လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုသတင်းတွေကတော့ ဂျာနယ်တိုင်းမှာ အမြဲတမ်းပါတတ်ပြီး လူသိများတဲ့ သ တင်းတွေပေါ့။ တိုင်းပြည်ရဲ့ အပေါ်ရံမျက်နှာဖုံးမှာတော့ အားလုံးကောင်းပါသည်ခင်ဗျားပေါ့။
ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ ဘီယာဆိုင်တွေက လမ်းပေါ်မှာပေါများ၊ နှစ်လုံး သုံးလုံး လောင်းကစားသ မားတွေက ဟိုနားတစု ဒီနားတစု၊ ထီဆိုင်ကြော်ငြာတွေက ယိုးဒယားက ပက်ပုန်းကြော်ငြာအလား။ အသက် နှစ်ဆယ်ကျော် လူငယ်ပတ်ဝန်းကျင်မှာ ယောက်ျားလေးတွေဆိုရင် ဘီယာဆိုင်ထိုင်မှ ပေါင်းသင်းဆက်ဆံရေး ခေတ်မီသတဲ့၊ မိန်းကလေးများကျတော့ ကိုရီးယားစတိုင် ၀တ်စားဆင်ယင်တတ်၊ ခေတ်ပေါ်ဖက်ရှင် မပေါ့်တ ပေါ်ဝတ်မှ ဖက်ရှင်ဖြစ်ခေတ်မီသတဲ့။
တကယ်တော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်မှာ တိုင်းသူပြည်သားအများစုဟာ နေ့စဉ်စားဝတ်နေရေး အလျင်မီဖို့ကို ကြိုးပမ်းလုပ်ကိုင်နိုင်ပါမှ ၀မ်းဝရုံလောက်ပဲ။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ အခုချိန်ထိ လုပ်ငန်းတွေ အခြေတကျ ပုံမှန်မလည်ပတ်နိုင်သေးပါဘူး။ လောလောဆယ်တော့ NGO အဖွဲ့အစည်းတွေက အလုပ်လုပ်ဖို့ အခွင့်အရေးရှာပေးတဲ့အနေနဲ့ တနိုင်တပိုင် ကြက်၊ ၀က်မွေးမြူရေး အိမ်ဆိုင်တည်နိုင်ရေးတွေကို မတည်ရင်းနှီး ငွေထောက်ပံ့တဲ့အပြင် လမ်းပြင်၊ စာသင်ကျောင်းအဆောက်အဦး ပြင်ဆင်ဆောက်လုပ်ရေးလုပ်ငန်းမျိုးတွေကို စီမံကိန်းချပြီး လုပ်နေကြတယ်လို့သိရပါတယ်။ နိုင်ငံတော်ရဲ့ စေတနာကတော့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံး သွားရတဲ့ ဘိုးဘွားအစဉ်အဆက်ပိုင် မြေတွေကို ပြန်လည်နေရာချထားတဲ့အနေနဲ့ သူတို့ကြိုက်သလောက်ပဲ ခွဲ တမ်းချပေးပါတော့တယ်တဲ့။
ပြန်လည်တည်ဆောက်ပေးထားတဲ့ လူနေအိမ်ကိုလည်း ကြည့်လိုက်ကြပါဦး။ မီးကင်းတဲသာသာလောက် ဆောက်လုပ်ပေးထားတဲ့ အိမ်ငယ်လေးတွေ။ နေပူကျဲကျဲမှာ အရိပ်မရှိ၊ လေကွယ်စရာ သစ်ပင်မရှိ၊ လေဟာပြင် မှာ အရိပ်ကင်းမဲ့စွာနဲ့ အိမ်သေးသေးလေးတွေက တန်းစီလို့။ ပြီးတော့ မိဘမဲ့ကလေးတွေရဲ့ အနာဂတ်ကို ဘယ် လိုလုပ်ကြမလဲ။ နအဖရဲ့ ၀ါဒဖြန့်သတင်းစာမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကြောင့် အရင် ကထက်တောင် အဆင်ပြေချောမွေ့လာပြီတဲ့။ အပြောကတော့ ရွှန်းရွှန်းဝေနေတာပဲ။
ကျွန်မတို့တိုင်းပြည်ရဲ့အဖြစ်က ကိုယ့်မှာဖြစ်ပွားနေတဲ့ အိုင်းအနာကြီးကို ပျောက်အောင်ကုသဖို့မစဉ်းစားကြဘဲ
အဲဒီအနာကြီးကို လူမမြင်အောင် ၀တ်ကောင်းစားလှတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အဖြစ်နဲ့ တူနေပါတယ်။ ကိုယ့်တိုင်းပြည်မှာ တကယ်လိုအပ်နေတာတွေကို တာဝန်သိစိတ်နဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြ မယ်ဆိုရင် အင်မတန်ပျော်တတ်တဲ့လူမျိုးလို့ ဘွဲ့ချီးမြှင့်ခံရသလို တာဝန်သိတဲ့ လူမျိုး၊ အမြော်အမြင်ရှိတဲ့ လူမျိုး၊ အမျိုးဂုဏ်စောင့်ထိမ်းတဲ့ လူမျိုး၊ ဇွဲရှိတဲ့ လူမျိုး၊ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ကျေးဇူးရှင်တွေ ကို ကျေးဇူးသိတတ်တဲ့ လူမျိုးရယ်လို့ ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာပါ။
ပြည်တွင်းမှာပဲရှိရှိ ပြည်ပမှာပဲနေနေ စုစည်းတဲ့အင်အားနဲ့ အလုပ်လုပ်ကြမယ်ဆိုရင် စစ်ဖိနပ်အောက်က လွတ် မြောက်ကြရပြီး အာရှမှာ မြန်မာရယ်လို့ ခေါင်းမော့နိုင်ကြမှာပါ။ ကျွန်မတို့နိုင်ငံမှာ လူတော်တွေရှိပါတယ်။ အ ရေးကြီးဆုံးက ညီညွတ်ကြဖို့ စည်းလုံးကြဖို့ တာဝန်သိစိတ် ရှိကြဖို့ပါ။ ကုန်လွန်သွားတဲ့အချိန်တွေ စွန့်ခဲ့ရတဲ့ အသက်တွေ၊ ခံစားနေရတဲ့ ဒုက္ခတွေ၊ ဆုံးရှုံးပျောက်ကွယ်ခဲ့ရတဲ့ အမှန်တရားတွေအတွက် ကျွန်မတို့ စုပေါင်းညီ ညွတ်တဲ့ အင်အားနဲ့ ကြိုးစားသင့်ပြီ။ မြန်မာနိုင်ငံသူ/သားတွေ လူတန်းစေ့မနေနိုင်ကြတဲ့ ဆင်းရဲမွဲတေမှုတွေ မတရားတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ဖိနှိပ်မှုတွေက လွတ်မြောက်ရေးအတွက် နိုင်ငံ့အရေး/အမျိုးသားရေးအမြင်နဲ့ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါ။
နေသာသလိုနေပြီး လည်သလိုလုပ်စားရင်း ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ထားတွေ ပြုပြင်ဖို့လိုပါ ပြီ။ လည်သလိုလုပ်စားရင်း အုပ်သွားတဲ့လူတွေကို မြင်ရင်လည်း ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပါးပါးပဲ ကြည့်နေ လိုက်၊ တိုင်းပြည်နဲ့ လူမျိုးရေးဘက်မှာ ဆုတ်ယုတ်သွားလည်း ကြည့်နေလိုက်၊ အကျင့်စာရိတ္တတွေ ပျက်ပြား ကုန်ရင်လည်း ကြည့်နေလိုက်ကြမယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ကြီးဟာ နအဖရဲ့ယုတ်မာဉာဏ်များမှုအောက် မှာ ဆုတ်ယုတ်သထက် ဆုတ်ယုတ်၊ ပြည်သူပြည်သားတွေ ဆင်းရဲတွင်းနက်သထက်နက် မွဲသထက်မွဲ အကျင့် ပျက်သထက်ပျက်မှာ မြင်ယောင်ပါသေးရဲ့။
ဒါ့ကြောင့် မေတ္တာရပ်ခံချင်တာက ရွှေမြန်မာများ ဟိုပွဲ ဒီပွဲ ဘာပွဲ ညာပွဲ အပျော်အပါးတွေကို လျှော့ကြပါ။ တ ကယ်လူတန်းစေ့နေနိုင်စားနိုင်မှ ပိုပြီးပျော်ရွှင်နိုင်ကြမှာမို့လား။ အဲဒီလိုပျော်နိုင်ဖို့အရေး ကိုယ့်တိုင်းပြည်ကိုချစ် တဲ့စိတ် ပြကြပါ၊ အမှန်တရားအတွက် အနစ်နာခံနေကြသူတွေ မတရားဥပဒေနဲ့ ချုပ်နှောင်ဖမ်းဆီးခံနေကြရသူ တွေအပေါ် ကိုယ်ချင်းစာစိတ်လေးတွေ ထားကြပါ။ တိုင်းပြည့်ရန်သူဖြစ်တဲ့ နအဖရဲ့ဖိနှိပ်မှုအောက်က တညီတ ညွတ်ထဲရုန်းထွက်ဖို့ ကြိုးစားကြပါ။
ရွှေဆည်းဆာ (ရန်ကုန်မြို့)
၃-၂-၂၀၀၉
Saturday, February 7, 2009
အပျော်အပါးတွေ လျှော့ကြပြီး နအဖရဲ့ဖိနှိပ်မှုအောက်က တညီတညွတ်ထဲ ရုန်း ထွက်ကြပါစို့ ...
Subscribe to:
Post Comments (Atom)
7 comments:
၂၀၀၄ တုံးက မလေးရှားမှာ မြန်မာအသင်းလာကန်တဲ့ ဘောလုံးပွဲကို သွားကြည့်ဖူးတယ်။ အဲဒီတုံးက မြန်မာအသင်းနိုင်စေချင်လို့ လာအားပေးလိုက်တဲ့ မြန်မာတွေ.. သူတို့ကို ကြည့်ပြီး အဲလိုသာ မြန်မာ့ဒီမိုကရေစီအရေး အားပေးလိုက်ကြရင်လို့တောင် တွေးမိလိုက်သေး...
I have fully agreed with Ma Su Mon. Why want o blame to our owned people. What did you do for them? and what is your intention to help them. These happy people are small group only and you can see these same faces in that type of shows or events. Most of the people are suffering and struggling hardly for their lives to survive. Pls not to say this way in future. Pls mention to articular groups only and WHAT ARE YOU SUPPORTING TO THEM. You can support in many ways to Myanmar people.
There is a wrong spelling. I mean the people who are enjoying life in Myanmar or involve in happy events are SMALL PARTICULAR GROUPS ONLY.
သိတ်ကောင်းတဲ့ပို့စ်ပါ။
သူပြောတာက ဆင်းရဲတွင်းနက်နေတဲ့ပြည်သူတွေအတွက် လွတ်မြောက်ရေး တိုက်ပွဲခေါ်သံပါ။ ပြီးတော့တာဝန်မဲ့နေကြတဲ့သူတွေက
ိုသတိပေးတာပါ.ပြည်တွင်းမှာပဲနေနေ
ပြည်ပမှာပဲနေနေ တာဝန်မဲ့ သူတွေက မဲ့နေတာပါပဲ။
သူရေးတာမမှားပါဘူး။
သူဘာလုပ်ပြီးပြီလဲ မေးနေတာထက်
ကိုယ်ကကော ကိုယ့်ပြည်သူအတွက် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရမှာပါပဲ။
ရွေဆည်းဆာရေ မင်းရဲ့ပို့ စ်အတွက် ဝေဖန်စကား
တွေကိုဂရုမစိုက်ပါနဲ့ ။
မင်းဒီလို တင်ပြရေးသာမှုက မင်းဘယ်လောက်စေတနာပါသလဲ
မင်းဘာတွေ ဖြစ်စေချင်သလဲ ဆိုတာ ဖေါ်ပြနေပါတယ်။
Kitty ရေးတာထောက်ခံတယ်. ခင်များပြောတာက web site ပေါ်မှာပဲ ရေးရဲတာမဟုတ်လား။ နိုင်ငံရေး web site ဆိုတာလဲ ခံလိုက်ရတာတွေပဲကြားရတယ်၊ ဖတ်ရတယ်။ ပြည်သူတွေအတွက် ဘာလုပ်ပေးပြီးပြီ ဆိုတာ ဘာမှ မကြားရဘူး။ နိုင်ငံရေး လုပ်တဲ့ လူတွေကို သာပြောရမှာ။ လုပ်တယ်ဆိုရင် သေချာလုပ် လူတွေ အများကြီး စတေးခံမည့်အစား အိုစမာဗင်လာဒင် လို ခေါင်းဆောင်ကိုရှာပြီ. WTC အဆောက်အဦးကို ဖြိုနိင်တဲ့  တကယ့် အကောင်းဆုံးမြေသြဇာလို လူကိုရှာပြီး အဲဒီလူရဲ့  သက်ဆိုင်တဲ့  အသိုင်းအ၀ိုင်းကို ထောက်ပံ့လိုက်။ ထောင်ကျနေတဲ့ သူတွေကလည်း သေတဲ့ လူပဲ။ အပြန်လမ်းမရှိတဲ့ နေရာကို ရောက်နေတာပဲ ။ ဒီလိုရေးတာ ငါကွလို့  လူသိရှင်ကြားပြောရဲလို့ လား။ နိုင်ငံအတွက် စတေးခံနေရတဲ့  မိဘ ဆွေမျိုးတွေကို ဘယ်လို အားပေးပြီးပြီလဲ။
Post a Comment