ဦးခွန်မြင့်ထွန်း၊ ဦးခွန်မားကိုဘန်း၊ ဦးဝင်းလှိုင်နှင့် ဒေါ်စန်းစန်း(နောက်ကျောပေး)
အယ်ဒီတာ
ခေတ်ပြိုင်
၃၁-၁-၀၉
အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေး-ငြင်ခုံမှုများ ရှိခဲ့ သည်မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်းဆန်စွာ ပြုမူ-ဆက်ဆံ-ပြောဆိုခဲ့ကြပါ သည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာ စိန်ခေါ်ရေး (Credential Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံး ဖြတ်ပြီးမှသာလျှင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credential Challenge) ကိစ္စအ တွက် မဲခွဲစဉ်သည့်အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ သည်မှာ အမှန်ပင်ဖြစ်သည်။
ထို့နောက် လျှို့ဝှက်မဲဖြင့် အရွေးခံရသည့် ၀န်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို လျာထားခဲ့ခြင်းသာဖြစ်ခြင်း ကြောင့် (Credential Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှုဖြစ်စရာ အကြောင်းလုံးဝ မရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လျှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျား အများစုဆန္ဒ မဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့် အ၀ ရွက်ဆောင်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပ တိ ဒေါ်စန်းစန်း၏ ရှေ့မှောက်တွင်ပင် ကတိသစ္စာဆိုခဲ့ကြသည်လည်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
ဖြည့်စွက်ချက် ။ ။
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဒေါက်တာစိန်ဝင်းသည် မဲ (၂၂) မဲရရှိပြီး Credential challenge လုပ်လိုသည့်ဘက်မှ ဝန်ကြီးချုပ်လောင်း ဦးသိန်းဦးသည် (၁၀) မဲ ရရှိခဲ့ရာ၊ ကွာခြားသည်မှာ (၁၂) မဲဖြစ်၍ ဝန်ကြီးနေရာပေးပြီး မဲဝယ်သည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝအခြေအမြစ်ကင်းမဲ့ပါသည်။
5 comments:
ဝန်ကြီး ခင်ဗျား
လူတစ်ဦးတစ်ယောက်တည်းကို နှစ်ပေါင်း ၂၀ မျှ အကြိမ်ကြိမ် ရွေးချယ်၍ ခေါင်းဆောင်တင်မြှောက်သော ဒီမိုကရေစီ ကျင့်စဉ်မျိုးသည် ယုံကြည်ရလောက်ပါ သလား။ မြန်မာ့သမိုင်းတွင် ကောင်းမွန်စွာ မှတ်တမ်းတင်ခံလိုပါလျှင် ပြည်သူတရပ်လုံး အတွက် တာဝန်ကျေပွန်သော အစိုးရအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြု ခံယူကြစေချင်ပါသည်။ ရှေ့လာမည့် ၂၀၁၀ ခု နှစ်ကုန်တွင်မှ ကမ္ဘာက အသိအမှတ်ပြုသော အစိုးရတစ်ရပ် ဖြစ်မလာပါက မိမိ ကိုယ် ကို ညံ့ဖျင်းကြောင်းဝန်ခံကာ သိက္ခာရှိရှိ နှုတ်ထွက်သင့်ပါကြောင်း ပြည်သူတစ်ဦး အနေဖြင့် အကြံပြုတိုက်တွန်းအပ်ပါသည်။
မောင်ကျော်ကျော်
ကိုတင့်င်္ဆေက သူ ၀န်ကြီးဖြစ်ကြောင်း လိုက်ကြေငြာနေတာပါ၊ ဟီးဟီး
Comment ပေးကြသူများအား လေးစားပါသည်။
အများသိရှိစေလိုသည့်အကြောင်းရပ်အား တာဝန် ပေးအပ်သည့်အတိုင်း အများသိစေမည့်နေရာတွင် ရှင်းလင်းရခြင်းဖြစ်ပါသည်။ မရှင်းပြန်လျင်လည်း
တာဝန်မဲ့ရာကျပါမည်။
တဦးချင်းဆိုင်သည့် ကိစ္စရပ်များအတွက် အများသူငါ အနှောင့်အယှက်မဖြစ်စေရန် တိုက်ရိုက်ဆက်သွယ်ပါက ပိုမိုသင့်မြတ်မည်ဟု သဘောရပါသည်။
နိုင်ငံရေး တာဝန်အရမဟုတ်ဘဲ ကျွန်တော်စာရေးလျင် မိဘကပေးထားသည့်နာမည်ကိုသာ သုံးပါသည်။ ဆေးစာမှာဆိုလျင် ပညာဆိုင်ရာရှေ့ဆက်ကို ထည့်ပါသည်။
လေးစားစွာ
တင့်ဆွေ
ရန်ဖြစ်သည် နှင့်စွပ်စွဲခြင်းများသည် မှန်နေဦးတော့ ထိုညီလာခံ၏သဘာပ တိ ဖြစ်သည့် ဒေါ်စန်းစန်းသည့် ယင်းကိစ္စကို လက်လွတ်စပယ်အပြင်သို့ထုတ်မပြောသင့်။
အထူးသဖြင့်ထိုအဖွဲ့၏ဒု-ဥက္ကဋ္ဌ ကယခုကဲ့ သို့လက်လွတ်စပယ်အပြင်သို့ထုတ်ပြောခြင်းမဖြစ်သင့်။ အဖွဲ့အစည်းနှင့်အလုပ်လုပ်ရာတွင်အားနည်းသည်
ဟုမြင်မိသည်။မကျေနပ်လျှင်စည်းမျှည်းဘောင်ထဲ
မှနောက်အကြိမ်များတွင်
်အနိုင်ရရန်ကြိုးပမ်းသင့်သည်။
အဆိုပါညီလာခံသည်လည်းပြင်ပမှမီဒီယာများ
သတင်းတက်ယူသည်မကြားမိ၊
အိုင်ယာလန်မှာလုပ်သောညီလာခံသည်
အနည်းဆုံးတော့ BBC နှင့် DVB မှသတင်းထောက်များရှိနေသင့်သည
်( correct me if I'm wrong)
Post a Comment