ကွန်အာသာ
MPU က ၂၀၀၈ ဖေဖော်ဝါရီ ညီလာခံမှာ NCGUB အစိုးရကို တိုးချဲ့မယ်၊ ၂၀၀၈ နှစ်ကုန်၂၀၀၉ နှစ်ဆန်းမှာ လက်တွေ့တိုးချဲ့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် ဦးမောင်မောင်ဂိုဏ်းက ဇန်နဝါရီ ၁ ရက်နေ့ မှာ ကြေညာချက်ထုတ်၊ YouTube အင်တာဗျူးတွေလွှင့် လုပ်ရတာလဲ။ အဖြေက တော့ ပြည်ပနိုင်ငံရေးတခုလုံးကို လက်ဝါးကြီးအုပ်ပြီး သူ့ခြေသူ့လက် လုပ်ချင်လို့ ပဲဖြစ်ပါတယ်။ ဒါကြောင့် နအဖလိုပဲ ၁၉၉၀ mandate ပစ်ပယ်ရေး ပြောလာတာ ဖြစ်ပါတယ်။
NCUB ထဲမှာ NUG ကိစ္စလို အထူးအရေးကြီး ပေါ်လစီကိစ္စကြီးဟာ ညီလာခံလိုမျိုး ကနေ ချမှတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် NCUB သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တခုလုံး မျက် နှာစုံညီစည်းဝေးပြီး ဆုံးဖြတ်ထားတာတောင် မရှိဘူးလို့လည်း သိလာရပါတယ်။
ပြည်တွင်းမှာ လူထုတိုက်ပွဲ အရှိန်အဟုန်ကြီးလာရင် လုပ်ဖို့ရည်မှန်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ ကြွေးကြော်သံကို နားမလည်ဘဲ နိုင်ငံရေးနားမလည်တဲ့ (သို့မဟုတ်) မရိုးမသားစိတ်ရှိတဲ့ ဂိုဏ်းအုပ်စုတခုက နေ ထိုင်းနိုင်ငံထဲက 'လွတ်မြောက်နယ်မြေ' မှာ NUG တည်ထောင်ရေး လုပ်ပစ်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်အစိုးရဖွဲ့ဖို့ဆိုပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာအတိုက်အခံတွေရဲ့ လွှတ်တော် ၂ ရပ် စုစု ပေါင်း အမတ်ဦးရေ ၁၀၀ လောက်၊ သမ္မတ, ဒုသမ္မတ, ဝန်ကြီးချုပ်, ဒုဝန်ကြီးချုပ်, ဝန်ကြီး, ဒုဝန်ကြီး, စုစုပေါင်း လူ ၅၀ နီးပါး၊ ဝန်ကြီးဌာနတွေကို ကြီးကြပ်ထိန်းချုပ်ဖို့ဆိုတဲ့ ဝန်ကြီးအဆင့် ကော်မရှင်အဖွဲ့ဝင် ၁၀၀ ကျော်ထား ဖို့ စဉ်းစားတဲ့လူတွေ ထောက်ခံတဲ့လူတွေရဲ့ ဦးနှောက်ကို စိတ်ကုဆရာဝန်နဲ့ အမြန်ပြဖို့လိုနေပါပြီ။
Populist politics လို့ခေါ်တဲ့ လူပြိန်းကြိုက် အပေါစားနိုင်ငံရေးကို ကျွမ်းကျင်တဲ့ ဦးမောင်မောင်ဟာ တိုင်းရင်း သားအခွင့်အရေး အပြည့်ပေးဖို့ဆိုပြီး တိုင်းရင်းသားအကြိုက် ဖက်ဒရယ်အစိုးရ၊ နအဖစစ်အစိုးရကို ကုလသ မဂ္ဂပလက်ဖောင်းပေါ်က မောင်းထုတ်ဖို့ဆိုပြီး ပြည်တွင်းပြည်ပလူထုအကြိုက် Credential challenge၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျော်လွှားနိုင်အောင် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးနည်းလမ်းတွေ ကျင့်သုံးတိုက်ပွဲ ဝင်မယ်ဆိုပြီး အပြုတ်တိုက်ရေးသမားအကြိုက် NUG အစိုးရ … စသဖြင့် တမျိုးပြီးတမျိုး မရိုးရအောင် အသံ ကောင်းဟစ် လူစုခဲ့ပါတယ်။
တိုက်ပွဲဝင်အစိုးရဖွဲ့ဖို့ဆိုတဲ့ ကြေညာချက်ကို ဟိတ်တလုံး ဟန်တလုံးနဲ့ ထုတ်ပြီးမှ အနောက်နိုင်ငံတွေ ငြိုငြင်မှာ စိုးလို့ အမှားပြင်ဆင်ချက်အဖြစ် စစ်ရေးနည်းလမ်းဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပြင်ဆင်ပေးရကတည်းက ဒီအ စိုးရဟာ ဘာတွေတိုက်ပွဲဝင်ဖို့ ယုံကြည်ရတော့မှာလဲ။
ထောက်ခံစုဝေးမိတဲ့ လူတွေထဲမှာတော့ တချို့က သမ္မတအတု၊ ဝန်ကြီးချုပ်အတု၊ ဝန်ကြီးအတု စတဲ့ တကယ် မဟုတ်တဲ့ ရာထူးနေရာ အခွင့်အရေးတွေကိုပဲ အရူးတယောက်လို မျှော်ကိုးပြီး ပါတဲ့လူတွေရှိသလို သက်ဆင် လုပ်နည်းအတိုင်း ငွေနဲ့ပေါက် အဝယ်ခံရတာတွေ ရှိတာလည်း အခိုင်အမာ ကြားနေရပါတယ်။ တကယ့်ကို ရိုးရိုး သားသားနဲ့ နအဖကို အထိနာအောင် ထိုးနှက်နိုင်မယ်လို့ ယုံကြည်စိတ်ကူးယဉ်ပြီး ထောက်ခံပါဝင်ကြတာ တွေလည်း ရှိပါတယ်။ အဓိက ဦးဆောင်ဦးရွက်ပြုနေသူတွေအကြောင်း မသိတာရယ်၊ နိုင်ငံတကာအနေအ ထား၊ သံတမန်ရေး လုပ်ထုံးလုပ်နည်း စနစ်တွေကို နားမလည်တာရယ်၊ တော်လှန်ရေးကြီး ရှည်ကြာနေတာကို အားမလိုအားမရစိတ် ဖြစ်တာရယ်တွေကြောင့် နားမလည်ပါးမလည် ထောက်ခံမိတာလည်း ရှိပါတယ်။
NCGUB မှာ အားနည်းချက်တွေရှိနေတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ တဖက်မှာလည်း ယှဉ်ပြိုင်အစိုးရဆိုတာ မျိုးကို အများကြီး မျှော်လင့်ချက်ထားလို့ မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်အစိုးရတွေ ၃၀ လောက်ရှိပြီး တချို့ယှဉ်ပြိုင် အစိုးရတွေဟာ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား၊ ရဲ၊ တရားရုံး တွေ ခိုင်ခိုင်မာမာ ရှိကြပေမယ့် ကုလသမဂ္ဂမှာ နေရာယူခွင့်မရကြ၊ အောင်ပွဲမရကြဘူးလို့ NCGUB ကထုတ် တဲ့ ညွန့်ပေါင်းသတင်းလွှာ (အောက်တိုဘာ၊ ၂၀၀၈ ထုတ်) ဆိုတဲ့ စာစောင်မှာ တွေ့ရပါတယ်။ မယုံလို့ အင်တာ နက်မှာ လိုက်လေ့လာကြည့်တော့လည်း အဲဒီအတိုင်း တကယ်ဟုတ်နေပါတယ်။
စောစောကပြောတဲ့ “ညွန့်ပေါင်းသတင်းလွှာ” ဆိုတဲ့ထဲမှာပဲ ကုလသမဂ္ဂမှာ Credential challenge လုပ်ခဲ့ကြ တဲ့ သမိုင်းကို ဖော်ပြထားတာမှာ ဘယ်သူမှ စိတ်မဝင်စားတဲ့ ဂျောင်ဂလောင်ထဲက တိုင်းပြည်လေးတွေမှာသာ အောင်မြင်ခဲ့ပြီး အင်အားကြီးနိုင်ငံတွေ စိတ်ဝင်စားမှုရှိလို့ အတိုင်းအတာတခုအထိ အရေးပါနေတဲ့ နိုင်ငံတွေမှာ တော့ ရှုပ်ထွေးတဲ့ နောက်ခံအကြောင်းအချက်အမျိုးမျိုး ပတ်သက်နေတာ တွေ့ရပါတယ်။ အပေါ်ယံကြည့် ဆုံး ဖြတ်လို့ မရနိုင်ပါဘူး။ ရိုးရိုးစင်းစင်း မဲခွဲရုံသက်သက် မဟုတ်ပါဘူး။ နောက်ခံအချက်အလက်တွေ သေသေချာ ချာ လေ့လာဖို့လိုပါတယ်။
နအဖကိုဖယ်ဖို့ မဲပေးတဲ့နိုင်ငံတွေက သံရုံးတွေ ရုပ်သိမ်းသွား/ နှင်ထုတ်ခံရလို့ ဟာကွက်ဖြစ်သွားတဲ့ လူမှုရေး၊ လူသားချင်းစာနာရေးနယ်ပယ်ကို ဘယ်လိုဖြည့်ဆီးမလဲ၊ တကယ်လို့ နအဖကို ကုလသမဂ္ဂကဖယ်ပြီး လပိုင်းအ တွင်း အစိုးရပြုတ်ကျဖို့ အာမခံချက်ရှိရင်တော့ သံရုံးတွေရုပ်သွားလည်း အကြောင်းမဟုတ်ပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက Credential challenge ကိစ္စမှာ တတိယနိုင်ငံတခုခုကနေ ကမကထ လုပ် ဦးတိုက်လျှောက်လွှာတင်စေဖို့ ဦးမောင်မောင်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် နအဖစစ်အစိုးရ တကယ်ပဲ ကုလသမဂ္ဂကနေ လွင့်သွားဖို့ထက် NCGUB ကို ပြဿနာရှာဖို့သာ အဓိကထားနေတဲ့ ဦးမောင်မောင်အဖွဲ့က လက်မခံဘဲ NCGUB ကို ဦးတိုက်စိန်ခေါ်ဖို့ အမိန့်ပေး အကြပ်ကိုင်ခဲ့ပါတယ်။ NCGUB က ငြင်းလိုက်တဲ့အခါ နိုင်ငံတကာရေးရာကိုလည်း လေ့လာမှုအားနည်းလှတဲ့အတွက် NCUB အနေနဲ့ တင်လို့ရမရ နားမလည်ဘဲ ကိုယ့်ဟာကိုယ်တင်မယ် ကြုံးဝါးခဲ့ပါတယ်။ နောက်ဆုံးတင်မရတော့ MPU ဒေါ်စန်းစန်းကို အယုံသွင်း သွေး ဆောင်ဖြားယောင်းပြီး တင်ခိုင်းခဲ့ပါတယ်။ အနှစ် ၂၀ လောက် ပြည်ပမှာနေခဲ့ပေမယ့် နိုင်ငံတကာရေးရာမသိ တော့ ပယ်ချခံရပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်အစိုးရအကြီးအကဲအဖြစ် လက်မှတ်ထိုးတင်ရင်တော့ ကမ္ဘာ့နိုင်ငံ တွေ လက်ခံကောင်းလက်ခံပြီး နအဖကို ကုလသမဂ္ဂက ဖယ်နိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်လို့ကတော့ ဒေါက်တာ စိန်ဝင်းဖြစ်ဖြစ်၊ ဒေါ်စန်းစန်းဖြစ်ဖြစ်၊ ဦးမောင်မောင်ဖြစ်ဖြစ် ကုလသမဂ္ဂထဲ တရားဝင် နေရာပေးရလောက် အောင် figure မရှိပါဘူး။ ဒါကို ဒေါက်တာစိန်ဝင်းတို့က ကိုယ့်အနေအထားကိုယ်သိလို့ လက်မှတ်မထိုးတာ ဖြစ် နိုင်ပါတယ်။
ဒီကိစ္စကို မဲဆောက်က နိုင်ငံရေးအဖွဲ့အစည်းတွေကို ရှင်းလင်းချပြပွဲလုပ်တဲ့အခါကျတော့ အမေရိကန်အစိုးရက ယှဉ်ပြိုင်အစိုးရအနေနဲ့ ဦးတိုက်စိန်ခေါ်ရေးကိုလိုလားကြောင်း ပြောင်းပြန်လုပ်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အမေ ရိကန်နိုင်ငံဟာ အစ္စရေး-ပါလက်စတိုင်းအရေးကြောင့် တတိယနိုင်ငံတခုကနေ ဦးတိုက်စိန်ခေါ်ရေးကို မလို လားဘဲ ယှဉ်ပြိုင်အစိုးရကသာ ဦးတိုက်စိန်ခေါ်ဖို့ လိုလားတဲ့အကြောင်း လုပ်ဇာတ်ထွင် ရှင်းလင်းပါသေးတယ်။
တကယ်တော့ အစ္စရေး-ပါလက်စတိုင်းကိစ္စဟာ credential challenge ကိစ္စနဲ့ မပတ်သက်ပါဘူး။ အစ္စရေးကို အာရပ်နိုင်ငံတွေက ကုလသမဂ္ဂက ထုတ်ပစ်ချင်တာဟာ ဗီတိုအာဏာရှိတဲ့ လုံခြုံရေးကောင်စီကို ဖြတ်သန်းပြီး မှ အထွေထွေညီလာခံမှာ မဲသုံးပုံနှစ်ပုံလိုတဲ့ကိစ္စ ဖြစ်ပါတယ်။ credential committee လောက်ပဲဖြတ်သန်းပြီး အထွေထွေညီလာခံမှာ သာမန်အများစုမဲနဲ့ ဆုံးဖြတ်နိုင်လောက်အောင် အစ္စရေးနိုင်ငံထဲမှာ အစ္စရေးအစိုးရကို စိန်ခေါ်နေရာယူမယ့် အင်အားစု မရှိပါဘူး။ ပါလက်စတိုင်းအစိုးရဟာ အစ္စရေးအစိုးရရဲ့ ယှဉ်ပြိုင်အစိုးရမဟုတ် ဘဲ ပါလက်စတိုင်းနယ်မြေကိုသာ သက်ဆိုင်တဲ့အစိုးရ ဖြစ်ပါတယ်။ ပါလက်စတိုင်းအစိုးရဟာ အစ္စရေးနိုင်ငံ ရဲ့အစိုးရဖြစ်ဖို့ ကြိုးစားနေတာမဟုတ်ဘဲ ပါလက်စတိုင်းနိုင်ငံရဲ့အစိုးရဖြစ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ ပါလက်စတိုင်းအစိုးရ ကုလသမဂ္ဂမှာ ဝင်ခွင့်ရဖို့ဆိုတာလည်း လုံခြုံရေးကောင်စီ ဗီတိုငါးနိုင်ငံ သဘောတူပြီးမှ အထွေထွေညီလာခံမှာ သုံးပုံနှစ်ပုံမဲနဲ့ ဝင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် credential challenge ကိစ္စကို မဲ ဆောက်မှာ လာရှင်းတဲ့အခါ ဦးမောင်မောင်တို့ဂိုဏ်းဟာ မဆီမဆိုင် အချက်အလက်တွေနဲ့ လိမ်ညာခဲ့တာ ဖြစ် ပါတယ်။
Credential challenge ဟာ ဒေါက်တာစိန်ဝင်း လက်မှတ်ထိုးရင် နိုင်ဖို့သေချာတယ်ပြောပြီး နောက်ပိုင်းကျ တော့ နားလည်တတ်ကျွမ်းတဲ့ နိုင်ငံခြားသားပညာရှင်တွေကိုယ်၌က ဝေဖန်ထောက်ပြကြတာ တွေ့လာရတော့ နိုင်တာ ရှုံးတာ အဓိကမဟုတ်၊ ပါဝင်ယှဉ်ပြိုင်ခြင်းသာအဓိကဆိုပြီး နိုင်ငံရေးတိုက်ပွဲကို အားကစားပြိုင်ပွဲလိုလို၊ ဘောလုံးပွဲလိုလို လေသံလွှင့်လာပြန်ပါတယ်။
Credential challenge ကိစ္စလုပ်ဖို့ ထိုင်း-အမေရိကန် ခရီးစရိတ်တွေ၊ အမေရိကန်မှာ နေထိုင်လှုပ်ရှားစရိတ်တွေ နည်းနည်းနောနော မဟုတ်ပါ ဘူး။ ဒါတွေကို ဘယ်ကမှ ထောက်ပံ့တာမဟုတ်ဘူး၊ အိပ်ထဲက စိုက်လုပ် နေရတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။ ဒီတော့ကာ စိုက်စရာငွေ တွေ ဘယ်ကလာသလဲ၊ အနှစ် ၂၀ အတွင်း ဦးမောင်မောင် ဒီငွေတွေ ဘယ်လိုရလာသလဲ။ FTUB နဲ့ ဦးမောင်မောင် Transparency ဘယ်မှာ လဲ။
NCUB, DAB, NDF, FDB, ENC, WLB, SYCB, NYF စတဲ့ "တပ်ပေါင်းစု" တွေ ဘာကြောင့် အကွဲကွဲအပြားပြား ဖြစ်နေရသလဲ။ DAB ထဲမှာ NDF အဖွဲ့ဝင်တွေ ပါနေလျက်နဲ့ ဘာကြောင့် NCUB ထပ်လုပ်ရတာလဲ။ လုပ် လိုက်တဲ့အတွက် ဘာအကျိုးရှိသွားခဲ့လို့လဲ။ DAB နဲ့ NDF အသက်ငွေ့ငွေ့ပဲရှိနေတာ ဘာကြောင့်လဲ။ ဗမာအပါ အဝင် တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူရေးကို တော့ ပြောနေပေမယ့် ပါတီအဖွဲ့အစည်းအားလုံး တန်းတူ ရေးကိုတော့ မကျင့်သုံးဘဲ NLD-LA ပါတီကို DAB, NDF တပ်ပေါင်းစုတွေနဲ့ တတန်းတည်း NCUB ရဲ့ ဒေါက် တဒေါက် ဘာလို့လုပ်ရတာလဲ။ ဘာအကျိုးရှိသွားခဲ့ လို့လဲ။ တိုင်းရင်းသားတပ်ပေါင်းစုချည်းပဲ နှစ်ခုဖြစ်နေတာ၊ ဒီမိုကရေစီတပ်ပေါင်းစု နှစ်ခုဖြစ်နေတာ၊ လူငယ်တပ်ပေါင်းစု နှစ်ခုဖြစ်နေတာ ဘာကြောင့်လဲ။ အဖွဲ့အစည်း တခုချင်းစီမှာ အင်အားဘယ်လောက်ရှိသလဲ။ အဖွဲ့အစည်းတခုချင်းစီမှာ ၁၉၈၈-၉၀ ကာလက အင်အားနဲ့ ၂၀၀၈ -၂၀၀၉ ကာလအင်အား ဘယ်လိုကွာခြားသလဲ။ အားလုံးကိုယ့်ကိုယ်ကို အမှန်အတိုင်း မလိမ်တမ်းမညာ တမ်း ရဲရဲပြန်ဆန်းစစ်ပါ။ သူများကို လက်ညှိုးငေါက်ငေါက်ထိုးနေချိန်မှာ လက်ချောင်း ၄ ချောင်းက ကိုယ့်ဘက် ပြန်ထိုးနေတာ မမေ့ကြပါနဲ့။ ကိုယ့်ဟာကို အသုံးမကျတာကို ဘယ်ယှဉ်ပြိုင်အစိုးရမှ မကယ်တင်နိုင်ပါဘူး။
သူတို့ပြောတဲ့ တိုက်ပွဲဝင်ရေးတွေ၊ နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေးတိုက်ပွဲတွေ မဖြစ်နိုင်ဘူးဆိုတာ ရိုးရိုးသား သား ဦးနှောက်ရှိသူတိုင်း အေးအေးဆေးဆေး စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါဖြင့်ရင် အခုလုပ်ရပ်တွေအား လုံးမှာ မရိုးသားတဲ့ ရည်ရွယ်ချက် နောက်ကွယ်မှာရှိနေတာကို မသင်္ကာစရာ မြင်နေရပါတယ်။ 'နေပြည်တော်' ကို နောက်ဖေးပေါက်ကဝင်နို်င်ဖို့ သန်းရွှေသဘောကျမယ့် အရင်းအနှီး စုဆောင်းပေးနေတာများလား။ စဉ်းစား စရာတွေ ... စဉ်းစားစရာတွေ ...
တိုင်းပြည်တပြည် ပြောင်းလဲဖို့ဆိုတာ ပြည်တွင်းအကြောင်းအချက်က အနည်းဆုံး ၇၅ ရာခိုင်နှုန်းပါပြီး ယှဉ်ပြိုင် အစိုးရ၊ အဝေးရောက်လွှတ်တော်၊ ပြည်ပတပ်ပေါင်းစု၊ ကုလသမဂ္ဂ စတဲ့ ပြည်ပအကြောင်းအချက်တွေက အင် မတန့်ကို မှန်မှန်ကန်ကန်လုပ်ပါမှ အများဆုံး ၂၅ ရာခိုင်နှုန်းလောက်ပဲ စွမ်းနိုင်ပါတယ်။ စိတ်ကူးလည်း ယဉ်မ နေပါနဲ့။ ကိုယ်ကျိုးသမားတွေရဲ့ အလိမ်အညာလည်း မခံမိပါစေနဲ့။
ကွန်အာသာ
Tuesday, January 20, 2009
နောက်ကွယ်က အကြောင်းတရားတွေ (NUG နဲ့ ဦးမောင်မောင် ဘာလဲ ဘယ် လဲ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment