Tuesday, January 20, 2009

NCUB၏ နှစ်သစ်ကူးကြေညာချက်နှင့်ပတ်သက်၍ လူ့ဘောင်သစ်ပါတီ၏ ဝေဖန် သုံးသပ်ချက်အပေါ် တုံ့ပြန်ချက်

ပွဲကြည့်ပရိတ်သတ်တယောက်ရဲ့ အမြင်
ဆလိုင်းကိုကိုဦး
(အောက်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝေဖန်သုံးသပ်ချက်ကို ပူးတွဲဖော်ပြထားပါသည်)

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ စိုင်းပြင်းလာရသည့် အခြေခံမှာ အမျိုးသားညွန့်ပေါင်းရေးအစိုးရ၏ အ ဓိကအားနည်းချက်ကြောင့်ဖြစ်သည်။ အန်စီဂျီယူဘီ၏ အားနည်းချက်ကို ချန်လှပ်ထားပြီး အန်စီယူဘီကို လက် ညှိုးထိုး၍ အပြစ်ပုံဖို့ခြင်းသည် မျှတခြင်းကင်းမဲ့သော ဝေဖန်ရေးသာလျှင်ဖြစ်သည်။

အမျိုးသားညွန့်ပေါင်းရေးအစိုးရ ဖွဲ့စည်းစည်ကာလက အန်စီယူဘီကို ပါလီမန်အသွင်ဆောင်ရမည်ဟု ဦးစိန် ၀င်းကိုယ်တိုင် တက်ရောက်ခဲ့သော မာလာပလောတွင် ကျင်းပခဲ့သည့် အစည်းအဝေးမှတ်တမ်းကို လူ့ဘောင် သစ်ပါတီအနေဖြင့် မိတ္တူတောင်းယူဖတ်ရှုသင့်သည်။

အမျိုးသားညွန့်ပေါင်းရေးအစိုးရ၏ မူလရည်မှန်းချက်ဖြစ်သော နယ်မြေနှင့်စစ်တပ်ပိုင်ဆိုင်သည့် အစိုးရအဆင့် ရောက်သည့်အထိ ကြိုးပမ်းသွားမည်ဟုဆိုသော ကတိစကားသည် ဘယ်ရောက်သွားပြီလဲဟု မေးစရာရှိလာ ပါသည်။ ဂန္ဒီခန်းမမှရရှိလာသော နိုင်ငံရေးရလဒ်ကို အသုံးချပြီး အစိုးတစ်ရပ်ပေါ်ထွက်လာအောင် စွမ်းဆောင် နိုင်ခဲ့ခြင်းမရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမျိုးသားညွန့်ပေါင်းရေးအား ယှဉ်ပြိုင်အစိုးရဖွဲ့ စည်းနိုင်ရန် လုပ်ပိုင်ခွင့်ပေးလိုက်သည်မှာ အမှန်တကယ် ဟုတ်မဟုတ်အပြင် နိုင်ငံရေးမဟာဗျူဟာအရ မှန်မ မှန်ကိုပါ ပြန်လည်းဆန်းစစ်ဝေဖန်သင့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တရားဝင်အစိုးရဖွဲ့စည်းနိုင်ခွင့် ရှိရဲ့သားနဲ့ နိုင်ငံတကာက ထောက်ခံမှု ပေးရန် ဖြစ်နိုင်ခြေနည်းလှသည့် အမျိုးသားညွန့်ပေါင်းရေးအစိုးရကို ဖွဲ့စည်းစေခြင်းဟာ အမှန်တကယ် ဖြစ်နိုင် ပါရဲ့လား ဖြစ်သင့်ပါရဲ့လား၊ ဒီမေးခွန်းကို တရားဝင်ဖြေပေးနိုင်သူ တရားဝင်ဖြေပေးနိုင်ခွင့်ရှိသူရော ပြည်ပမှာ ရှိပါရဲ့လား အဖြေရှာရမယ့်အချိန်အခါဖြစ်သည်။ အနှစ်နှစ်ဆယ်ကြာရှိခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ယနေ့ အချိန်မှာ လူထုက ဘယ်လောက်ထိ မမေ့မလျော့ရှိနေသေးသလဲ ဆိုတာကိုလည်း မှန်မှန်ကန်ကန် ပြန်လည် ဆန်းစစ်ကြည့်ပါဦး။

နိုင်ငံရေးအရ လူထုလိုအပ်တာဘာလဲ၊ လူထုဖြစ်ချင်တာဘာလဲဆိုတာ ပြန်လည်မေးခွန်းထုတ်ကြည့် ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ အစိုးဖွဲ့စည်းရေးမှလွဲလို့ ဘာမှရှိနိုင် မယ်မထင်ပါပြီ။ ဖွဲ့ စည်းပြီးလို့ ပြည်တွင်းမှာ တကယ်နေလို့မရနိုင်လို့ အဝေးရောက် အမျိုးသားညွန့်ပေါင်းရေး အစိုးရဖြစ်ခြင်းသာလျှင် နိုင်ငံရေးအရ အမှန်အကန်ဆုံးဖြစ်မယ်လို့ မိမိ၏အယူအဆကို ဝေမျှပေးလိုက်ပါတယ်။

မှတ်ချက်တချို့ပေးပို့ခြင်း

တချို့ကတော့ ကိုယ့်ကိုထိပါးလာတာမို့ ဒီမိုကရေစီအင်းအားစုတွေအတွင်းက ပွင့်လင်းတဲ့ဝေဖန်မှုတွေကို ကြို ဆိုလိုခြင်းမရှိဘဲ မိမိတို့၏ အားနည်းချက်များကို ရန်သူအကြိုက်ဖြစ်မှာပဲဆိုပြီး တံတိုင်းလုပ်ပြီး ကာကြတယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးလောကမှာ ပွင့်ပွင့်လင်းလင်းဝေဖန်မှုတွေဟာ စစ်အစိုးရအုပ်စိုးနေစဉ်ကာလ ကလွဲလို့ တလျှောက်လုံးရှိခဲ့တာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုရင် အလွန်ထင်းပေါ်ကျော်ကြားတဲ့ မျိုး ချစ်ဝေဖန်ရေးသမားတစ်ဦးပါ။ ဝေဖန်ရေးဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ မိမိတို့၏ အားနည်းချက်ကို ဝေ ဖန်ထောက်ပြပေးတာမို့ ၀မ်းပန်းတသာ ကြိုဆိုကြရမှာပါ။ ဝေဖန်ရေးကို ကြောက်ကြသူတွေဟာ အချောင်သ မားများနှင့် အလိုတော်ရိ ဖော်လံဖားတွေလောက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း အင်မတန်ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သူပါ။

ရန်သူကို မိမိတို့ ဒီမိုကရေစီအင်အားစုတွေဘက်က အမြဲတမ်းစွပ်စွဲလေ့ရှိပါတယ်။ လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာရေးသားခွင့်တွေကို မတရားပိတ်ပင်လို့ဆိုပြီး ရှစ်လေးလုံးကာလတုန်းက တိုက်ပွဲဝင်ခဲ့တာကို လည်း မမေ့မလျော့ရှိစေချင်ပါတယ်။ လူဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “ရန်သူနဲ့ တ စိမ်းတရံတွေ ၀မ်းသာစေမည့် အခြေအနေ အချက်အလက်များကို ရည်ရွယ်လျက်ဖြစ်စေ မရည် ရွယ်လျက်ဖြစ်စေ ကျွန်တော်တို့က စတင်ဖန်တီး ဆောင်ရွက်လိမ့်မည်မဟုတ်ပါ” ဟူသော အဓိပ္ပါယ်ကို အနက်ဖွင့်ကြည့်လျှင် တဦးတယောက် တချို့တဖွဲ့ကို ရည်ညွန်းနေမှန်း သိသာသည်။ မိမိအတွေ့အကြုံအရ ဤစကားမျိုးကို အက်ဖ်ဒီဘီဥက္ကဌ ကိုနိုင်အောင် အမြဲပြောလေ့ရှိပါတယ်။ ပွင့်လင်းတဲ့ ဒီမိုကရေစီအရသာဟာ တချို့လူတွေအတွက်တော့ ခါးသက်သက်ကြီးဖြစ်နေမှန်း သိသာလှပါတယ်။ ဘယ်ဒီမိုကရေစီနိုင်ငံမှာဖြစ်ဖြစ် သတင်းစာတွေမှာ ပွင့်လင်းတဲ့ ဝေဖန်မှုကိုသာ တွေ့ရတတ်ပြီး အုံ့ပုန်းလုပ်နေကြတဲ့ ဘယ်လိုနိုင်ငံရေးသမား တွေရဲ့ ပြောစကားတွေကိုမှ မှင်အကုန်ခံပြီး ရိုက်နှိပ်ဖြန့်ဝေတာ မတွေ့ဖူးပါ။

No comments: