ဒေါက်တာလွဏ်းဆွေ
ယမန်နေ့ (၁-၁-၀၉) နေ့က ဖော်ပြခဲ့သော (ကို)ထွန်းထွန်းဦး(သြစတြေးလျ)၏ ပေးစာနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်းပြောကြားလိုပါသည်။ ယမန်နေ့က ရှင်းလင်းပြောကြားရန် စိတ်ကူးရှိသော်လည်း မင်္ဂလာ ရှိသော နှစ်သစ်အခါသမယတွင် ရှင်းလင်းပြောကြားလိုစိတ် မရှိသဖြင့် ယနေ့မှ ရှင်းလင်းရခြင်း ဖြစ်ပါသည်။
(၁) ပေးစာပါ "အန်အယ်ဒီကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ဦးစားပေး တင်ပေးနေတဲ့ လွမ်းဆွေ(စာလုံး ပေါင်းမှားနေသည်)ဘလော့" ဆိုသည်နှင့် ပတ်သက်၍ ဦးစွာရှင်းလင်းပြောကြားလိုပါသည်။
ကျနော့်အနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ) အပေါ် သိမ်းကျုံး၍ ဝေဖန်ပုတ်ခတ်ရေး သားခဲ့ခြင်းမျိုး မရှိခဲ့ပါ (ဆောင်းပါးများ ပြန်ရှာဖတ်စေလိုပါသည်)။ ဝေဖန်ပုတ်ခတ်စရာလည်း အကြောင်းမရှိပါ။ ကျနော့်အနေနှင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မြန်မာပြည်သူလူထုကြီး၏ တခဲနက်ဆန္ဒမဲဖြင့် အနိုင်ရရှိခဲ့ သော အန်အယ်လ်ဒီပါတီကို မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ၏ ဦးဆောင်ပါတီအဖြစ် အစဉ်အမြဲခံယူထားပြီး လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ- ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ သတင်းစာဆရာကြီး ဟံ သာဝတီ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ … အစရှိသည့် ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုနှင့် ပြည်နယ်/ တိုင်း/ မြို့နယ် အဖွဲ့ချုပ်များ၊ အန်အယ်လ်ဒီပါတီဝင်များ (အထူးသဖြင့်) အန်အယ်လ်ဒီလူငယ်များ၏ ရဲရဲတောက် တိုက်ပွဲဝင်နေမှုများကို အထူးလေးစားမိကြောင်း ပြောကြားလိုပါသည်။
ကျနော်၏ ဆောင်းပါးများတွင် အန်အယ်လ်ဒီပါတီနှင့် ပတ်သက်၍ အမုန်းခံ ဝေဖန်ရေးသား ပြောဆိုခဲ့သည်များ မှာ ဦးအောင်ရွှေ၊ ဦးလွင်တို့ ဦးဆောင်သော မျိုးချစ်ရဲဘော်ဟောင်းကြီးများ၏ အန်အယ်လ်ဒီပါတီအပေါ် အနှစ် (၂၀) ကြာ ဦးဆောင်ခဲ့မှုနှင့် ပတ်သက်၍ အားနည်သည်ဟု ကျနော်ယူဆသော အချက်အလက်၊ အကြောင်းအ ရာများသာ ဖြစ်ပါသည်။ ဤသို့အမုန်းခံ ရေးသားခဲ့ရခြင်းများမှာလည်း အဆိုပါလူကြီးမင်းများအပေါ် ပုဂ္ဂိုလ်ရေး ထိုးနှက်လိုမှုကြောင့်မဟုတ်ဘဲ မြန်မာပြည်သူလူထု လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး အကျိုးစီးပွားအ တွက်သာ ဦးတည်ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ကျန်ဆောင်ပါးရှင်များ၏ ရေးသားမှုများမှာမူ (ပေးစာတွင် စွပ်စွဲ သလို ဝေဖန်ပုတ်ခတ်ရေးသားသည်များ ရှိခဲ့သည်ဆိုလျှင် …) အန်အယ်လ်ဒီပါတီအပေါ် သက်ဆိုင်ရာဆောင်း ပါးရှင်တို့၏ အမြင်များသာ ဖြစ်ပါသည်။ ဆောင်းပါးရှင်များအနေနှင့် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကိုရှေး ရှု၍ လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိသည်ဟု ကျနော်ယုံကြည်၍ ဖော်ပြခဲ့ခြင်း ဖြစ်ပါမည်။
(၂) ပေးစာပါ "လွမ်းဆွေဆိုတာ ဆရာမစင်သီယာ ကျွေးမွေးလို့ အသက်ရှင်နေတဲ့ စောက်ပေါဗျာ" ဟူ သည့် အရေးအသားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားလိုပါသည်။
ကျနော်အနေနှင့် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို အထူးလေးစား တန်ဖိုးထားပါသည်။ ကျနော်(တဦး တည်း)၏ သဘောထားကို ထပ်မံဖြည့်စွက်ပြောဆိုရလျှင် လွတ်လပ်စွာ ရေးသားပြောဆိုခြင်းအပြင် လွတ်လပ် စွာ ပုတ်ခတ်ဆဲဆိုရေးသားသည်များကိုလည်း ကြိုဆိုပါသည်။ တဦးတယောက်၏ မိမိကွယ်ရာတွင်ဖြစ်စေ ရှေ့ တွင်ပင်ဖြစ်စေ အမနာပ ဆဲဆိုရေးသားမှုများကြောင့် ကျနော့်ထံမှ မည်သည့်အရာမှ ပွန်းပဲ့ပါသွားခြင်း ရှိလိမ့် မည်မဟုတ်ဟု ကျနော်ယုံကြည်၍ ကြိုဆိုခြင်းဖြစ်ပါသည်။ နာမည်အရင်းနှင့်တကွ ဂုဏ်သိက္ခာရှိရှိ ပုတ်ခတ်ဆဲ ဆိုရေးသားမည့် မည်သူ့ကိုမဆို ကျနော်၏ ဘလော့မှ ကြိုဆိုပါကြောင်း အတိအလင်း ပြောကြားလိုပါသည်။
မြန်မာပြည်သူလူထု၏ အကျိုးစီးပွားတခုတည်းသာကို ရှေးရှု၍ မည်သူ့မျက်နှာကိုမှ မထောက်ထားဘဲ အားမနာ စတမ်း ပြောဆိုဝေဖန်ရေးသားလျှင် ရှေ့လျှောက်တွင်လည်း အမနာပ ဆဲရေးတိုက်ခိုက်မှုများနှင့် ကြုံတွေ့ရဦး မည်ကို ကျနော့်အနေနှင့် မျှော်လင့်ပြီးသား ဖြစ်ပါသည်။ လူထုအကျိုးစီးပွားအတွက် ရေးသားရမည်က ကျနော် ၏ အလုပ်၊ ဆဲဆိုသည်က ကာယကံရှင်များ၏ အလုပ်သာဖြစ်သည်ဟု ယူဆပါသည်။ မည်သူမဆို မိမိရေးသား ပြောဆိုသည့် အဆင့်အတန်းအလိုက် သမိုင်းစာမျက်နှာတွင် အကောင်းအဆိုး အဖြူအမဲ တင်ကျန်ခဲ့မည်ဟု ကျနော်ယုံကြည်ပါသည်။
(၃) ပေးစာပါ “လွမ်းဆွေဘလော့ မရောက်ပါစေနဲ့” ဆိုသည်နှင့် ပတ်သက်၍ နောက်ဆုံးရှင်းလင်းပြော ကြားလိုသည်မှာ တနေ့တခြား ပို၍ပို၍ လွတ်လပ်ပွင့်လင်းမှုကို တောင်းဆိုလာသော သတင်းမီဒီယာခေတ်ကြီး တွင် မိမိတို့၏ အချက်အလက်၊ အကြောင်းအရာများ မည်သည့်အရာကိုမဆို အများနှင့်သက်ဆိုင်သည့် မီဒီယာ များပေါ်သို့ မရောက်ရှိစေလိုလျှင် သေချာစွာ လုံလုံခြုံခြုံ သိမ်းဆည်းထားကြဖို့ အကြံပြုပြောကြားလိုပါသည်။ ကျနော်၏ ဘလော့တွင် မဖော်ပြစေလိုလျှင်မူ ဘလော့အီးမေးလ်လိပ်စာ lunswe@gmail.com သို့ (မည် သည့်နည်းနှင့်မဆို) ရောက်ရှိမလာအောင် ဂရုစိုက်ကြပါရန် လေးစားစွာ ပန်ကြားလိုပါသည်။
နှစ်သစ်အခါသမယတွင် ဘလော့ကို ဖတ်ရှုအားပေးသူအပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ နှင့် တလုံးတ၀တည်း ပြည့်စုံပျော်ရွှင်နိုင်ကြပါစေ …။
တိုက်ပွဲသစ္စာနှင့်အတူ
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၂-၁-၀၉)
Friday, January 2, 2009
(ကို)ထွန်းထွန်းဦး(သြစတြေးလျ)၏ ပေးစာနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်
Subscribe to:
Post Comments (Atom)
9 comments:
ပြစ်မရှိ ပြစ်ရှာ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင်ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွှန်လူးကာတိုက်နဲ့
ပွတ်လေလေ
ရွှေဂူမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ
မန်လည်ဆရာတော်
ဆရာ
ယုံကြည်ချက်နဲ့ လျှေက်တဲ့လမ်းမှာ သဘောထားမတူလို့ ဝေဖန်တာမျိုးမဟုတ်ပဲ အောက်တန်းကျတဲ့ စကားတွေနဲ့ ပဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေဟာ ဂရုစိုက်စရာ မဟုတ်သလို အရေးလုပ်ဖြေရှင်းရမယ့် ကိစ္စလဲမဟုတ်ပါဘူး။
ကျွန်တော် mail မှာဆို မိုးသီးဇွန် ဘာဖြစ်တယ်၊ ကိုမောင်မောင် ဘာဖြစ်တယ်၊ ကိုယဉ်ထွေး ဘာဖြစ်တယ်၊ ဒေါက်တာလွဏ်းဆွေဘာဖြစ်တယ်၊ ရောက်လာတာပဲ။ ကျွန်တော် ကအရေးတယူကိုမဖတ်ဘူး။ အဲဒီ mail တွေကို Spam လုပ်လိုက်တာပဲ။
ကျွန်တော်တို့လို စာဖတ် ပရိတ်သတ်က အချိန်ကုန်ခံမဖတ်ပါဘူး။ ဖတ်ခဲ့ရင်လဲ သူ့စိတ်ဓါတ် ဘယ်လောက်အောင်ကျနေသလဲ သိရုံပါပဲ။
Don't worry about him. I am living at Melbourne Australia and I know very well about all the refugee at Australia. They all (about 99%) are useless and drug users. They don't want to work anything and they are only looking for government support money. They are really really useless.
Oversea myanmar student
နေ Nay
နေက ပြောတယ်။ သြစီမှာရှိတဲ့ ၉၉% မြန်မာ ဒုက္ခသည်တွေက။ အသုံးမ၀င်တဲ့သူတွေ၊ မှုးယစ်ဆေးသုံးသူတွေတဲ့။ နေရေ ဟုတ်မဟုတ်သိချင်ရင် ကျနော့်ကို ခင်ဗျားရဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာပေးပါလား။ သက်သေပြချင်လို့...မြန်မာပြည်က ကျောင်းလာတက်ပြီး၊ မြန်မာပြည်ကစောက်သုံးမကျတဲ့ စစ်ဗိုလ်ချုပ်တွေ ပေးလိုက်တဲ့ ဂဏန်းအုံးနှောက် အမြင် နဲ့....သနားစရာကောင်းလိုက်တာကွာ....။ ခင်ဗျားက ဒေါက်တာလွဏ်းဆွေအကြောင်း ဘယ်လောက်သိလဲ....။
ဘုန်းကျော်ကလည်း ခက်လိုက်တာ မင်းပါးစပ်ထဲ မီးခဲပစ်ထည့်မိတော့မယ်။အလကားနေရင် ရန်လိုနေလိုက်တာ။သူ့ အမြင်က သူ့ သမိုင်းပဲ လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်တွေ ရှိနေသားပဲ
Dr. lwanswe
our burmese saying said that
dog barking is no needs for care.
go ahead forwards
I don't know who dr. loon swe is and I don't know who Ko phone kyaw is. All I said above is all I know about myanmar refugee at Australia. If you have a permanent full time job and if you are not taking center link money and if you are not using drug and if you are not playing cards every weekend and if you are not sleeping with your friend's wife, you will be included 1% of good myanmar refugees at Australia. Congratulation!!!
Nay,
Don't insult on all refugee. You are still young to study. Remember Burmese refugees don't killed innocent people and monks. Refugees also do not make Burma poor. We should not fight each other. We should help each other. Because we come from Burma. I was a refugee and now I am a businessman and live in Melbourne. I have lots of friends who were refugees and graduated in Ausi Universities and now working as professionals. If you think that person is bad you can point that particular person not others.
အတူတူနဲ့၊အနူနူတွေဘာကွာ။
Post a Comment