Sunday, January 25, 2009

နိုင်ငံရေးကြာကူလီများ ဖော်ထုတ်ကြစို့

ဆလိုင်းကိုကိုဦး
(ရေးသူ၏ အာဘော်သာဖြစ်သည်)

မိမိအနေဖြင့် နေ့စဉ်ဆိုသလို နာမည်ဖွက်ဖြင့် ရေးသားနေကြသော နိုင်ငံရေးဆောင်ပါးရှင်များကို ဘလော့ဂ် များတွင်ဖြစ်စေ အီးမေးလ်များတွင်ဖြစ်စေ တွေ့နေရပါသည်။ ထိုသူများသည် တခါတရံ သူတစ်ပါးကို နောက် ကွယ်ကနေပြီး အမနာပ လွန်လွန်ကျူးကျူး ဝေဖန်ပုတ်ခတ် ပြောဆိုတတ်ကြပြီး အမှောင်ထဲမှနေကာ သရဲ ဘောကြောင်စွာ မိမိလုပ်ခဲ့သည်များကို အရသာခံတတ်ကြသည်။ အမှန်တကယ်မှာ မိမိသည် နိုင်ငံရေးအရ အလွန်ရှက်စရာကောင်းသည့်အလုပ်ကို လုပ်နေမိပါလားဆိုသည့် အသိတရားကို မျက်ကွယ်ပြုနေမိပါလားဆို ပြီး အရှက်တရားရသင့်သည်။

သူတို့ကို လူမှုရေးပုံစံဖြင့် ခိုင်းနှိုင်းပြောရမည်ဆိုလျှင် သူများသားမယားကို အချောင်နှိုက်ခိုးယူပေါင်းသင်းသော “ကြာကူလီ” နှင့်တူသည်။ နိုင်ငံရေးကို နောက်ကွယ်ကနေပြီး အချောင်ဝင်နှိုက်တာမို့ သူတို့ကို “နိုင်ငံရေးကြာ ကူလီများ” လို့ သတ်မှတ်ခေါ်ဝေါ်သင့်သည်။ နိုင်ငံရေးဆောင်ပါး(သို့မဟုတ်) နိုင်ငံရေးဝေဖန်ချက်ကို ရေးသား ဖေါ်ပြရာတွင် စာဖတ်ပရိသတ်ကို လေးစားသူဖြစ်ပါက မိမိဘယ်သူလဲ ဆိုတာကိုတော့ အသိပေးရပါလိမ့်မယ်။ အကယ်၍ ဆောင်းပါးရှင်တစ်ဦးက ကလောင်နာမည်ယူပြီး ရေးချင်လျှင် မိမိဘယ်သူလဲဆိုတာကို အရင်ဦးဆုံး ဖေါ်ပြသင့်သည်။ ငါသူများအကြောင်းကို ရေးချင်တာရေးမယ် ဝေဖန်ချင်တာဝေဖန်မယ် ငါ့ကိုတော့ မင်းတို့ သိ စရာမလိုဘူးဆိုတာ တရားမျှတမှုလည်းမရှိသလို အလွန်လည်း ရှက်စရာကောင်းလှပေသည်။

မိမိအနေဖြင့် ဂရုအီးမေးလ်များ၊ ဘလော်ဂါများကို မေတ္တာရပ်ခံလိုသည်မှာ နာမည်ဖွက်ဖြင့် နောက်ကွယ်ကနေ ပြီး သရဲဘောကြောင်စွာ ရေးသားဝေဖန်နေသူများကို ဖေါ်ထုတ်ပေးရန် တာဝန်ရှိသလို မဖော်ထုတ်ပေးနိုင်ပါ ကလည်း သရဲဘောကြောင် ဆောင်းပါးရှင်များ၏ ရေးသားဖေါ်ပြချက်များကို မိမိတို့၏ ဘလော့ဂ်များတွင် တင် ထားခြင်းမရှိပါက ဘလော့ပ်၏ တန်ဘိုးကို ပိုမိုမြင့်စေလာမှာဖြစ်ပါတယ်။

ယခုအခါ အန်စီဂျီယူဘီနဲ့ အန်စီယူဘီ နိုင်ငံရေးသဘောထားကွဲလွဲမှုများရှိနေချိန်မှာ ခိုးကြောင်ခိုးဝှက်ဖြင့် ရေး သားလာသောသူ တော်တော်များများကို တွေ့လာရပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ လွတ်လပ်စွာပြော ဆိုခွင့် လွတ်လပ်စွာရေးသားခွင့်တွေကို မုဒိမ်းကျင့်နေကြတယ်။ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သူတွေကိုယ်တိုင် ဒီမိုကရေစီကို မှန်မှန်ကန်ကန် အသုံးမချဘဲ ဖျက်ဆီးပြစ်နေကြတယ်။

တကယ်တော့ အဲဒီလို သရဲဘောကြောင်တဲ့ ဆောင်းပါးရှင်တွေဟာ နိုင်ငံရေးကိုယ်ခံစွမ်းအားကျရောဂါစွဲကပ် နေသူတွေဖြစ်တယ်။ သူတို့ဟာ သူတို့မှာရှိတဲ့ နိုင်ငံရေးကိုယ်ခံစွမ်းအားကျရောဂါ သူတပါးတွေဆီ ကူးစက်သွား မှာကိုလည်း တွေးပူ ပူပန်ကြတတ်သူတွေ မဟုတ်ဘူး။ သူတို့နဲ့ ပေါင်းသင်းနေထိုင်နေကြတဲ့ နိုင်ငံရေးသမား ဆိုရင်လည်း နိုင်ငံရေးကိုယ်ခံစွမ်းအားကျရောဂါနဲ့ နိုင်ငံရေးသေသွားမှာပဲ။

နောက်ဆုံး နိုင်ငံရေးကြာကူလီများရဲ့ ရေးသားဝေဖန်ချက်တွေဟာ အမှန်တကယ် ကောင်းခဲ့ရင်တောင် နိုင်ငံ ရေးစာဖတ်ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မှာ မဟုတ်ပါဘူး၊ ဒါဘယ်သူရေးသလည်းဆိုတာကိုလည်း အချိန်အကုန်ခံပြီး စဉ်းလည်းစဉ်းစားကြမှာ မဟုတ်ပါဘူး၊ မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်၊ ဒါဟာ နိုင်ငံ ရေးအရ မရိုးသားတဲ့ စော်ကားမှုတစ်ခုဖြစ်တယ်။ သူတို့ရေးတဲ့စာကို အချိန်အကုန်ခံပြီးတော့လည်း မဖတ်နိုင် ဘူး။ အလေးအနက်လည်း မထားနိုင်ဘူး။ အကောင်းဆုံးကတော့ သူတို့ကို ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ပစ် ပယ်ခြင်းပါပဲ။

ဆလိုင်းကိုကိုဦး
ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၀၉

6 comments:

ဇော်ထွန်း said...

ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့ သတ္တိမရှီလို့ နံမယ်မတတ်ရဲတာ ခေါင်းထည်းသိပ်မထည့်စေချင်ဘူး
သူတကယ်မှန်တာပြော၇င် နံမယ်တပ်၇ဲ မယ်လို့ထင်ပါတယ် အချိန်ကုန်ခံပြီး မစဉ်းစားပါနဲ့ ကိုကိုဦး

ဇော်ထွန်း (ဗကသ)

Ne Thwe said...

ရေးတဲ့အကြောင်းအရာကပဲ မှန်ဖို့လိုပါသည်။ ကလောင်က အဓိက မဟုတ်ပါ။ ရေးတာမမှန်ရင် ဖတ်တဲ့ပရိတ်သတ်က နောက်အဲဒီ ကလောင်မြင်တာနဲ့ မဖတ်တော့ပါဘူး။ ရေးတဲ့အကြောင်းအရာ ကောင်းရင်၊ မှန်ရင် ကလောင်က အလိုလို အများကသိ၊ အများက ဖတ်လာမှာပဲ။ အမှန်ကို မြင်နိုင်ကြပါစေ။

moethee.blogspot.com said...

တိမ်လှချေလားဗျာ၊ ကျုပ်သာ နာမည်အစစ်နဲ့ရေးရင် အလုပ်ပြုတ်
ပြီး ဒုက္ခရောက်တာကြာလှပြီ၊ ဘာဖြစ်လို့ နာမည်အစစ်ကို သိချင်ရတာလဲ၊ လိုက်ဖမ်းရတာလွယ်အောင်လို့လား?

Moung Yin Aw said...

ကိုကိုဦးဆိုတဲ့ ငနဲ၊ ကြောင်လှချည်လားဟ။..နာမည်ရင်းနဲ့
့ရေးမှဖြစ်မယ်ဆိုရအောင်..
စာမေးပွဲအဖြေလွှာတင်တာမှမဟုတ်ဘဲ။..
စာပေနယ်မှာ..စာမူတစ်ခုဖော်ပြတယ်ဆိုရင်
နာမည်ရင်းကို အယ်ဒီတာကလွဲပြီး
ဘယ်သူ သိခွင့်ရလို့ လဲ..။တော်တော်လေးမှကိုတုံးတဲ့
တော်တော်တုံးပါလား..ဟေ..

soe lu said...

စာပေနယ်မှာဆိုပြီး သိမ်းကြုံးမပြောစမ်းပါနဲ့ဗျာ နိုင်ငံရေးသမား တော်လှန်ရေးသမား နံမယ်ခံထားတဲ့သူအချင်းချင်း တိုက်ခိုက်နေတာ ဘဲ စာပေနယ်မှမဟုတ်တာ စာပေနယ်သိတ်ခါကျပါတယ်ရေးတဲံ့အကြောင်းရာမှန်နေတဲ့နောက်တော့ ဘာကလောင်လိုနေလို့လည်း
အချစ်ဝတ်ထု ရေးနေတာမဟုတ်ဘူး
ကြောက်နေလည်းမရေးနဲ့ မိုးသီးလည်းလက်တဖက်အပိုမပါဘူး ဒေါက်တာစိန်ဝင်းလည်းခေါင်းတလုံးအပိုမပါဘူး

မောင်မိုက် said...

နာမည်ဝှက်နဲ့ရေးတယ်ဆိုတာနဲ့ ကလောင်အမည် ဆိုတာမတူပါဘူးခင်ဗျာ ... နာမည်ဝှက်ဆိုတာနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာမသိရပေမဲ့ ကလောင်အမည်ဆိုရင်တော့ ကလောင်ရှင်ဘယ်သူလည်းဆိုတာသိကြပါတယ်.