Friday, January 16, 2009

တူကြီးလျှင်ပေ … လူကြီးလျှင်တေ (အိတ်ဖွင့်ပေးစာ)

ချစ်လှိုင်

ကျနော့်အနေဖြင့် ဤကဲ့သို့ ပုဂ္ဂိုလ်ရေး အိတ်ဖွင့်ပေးစာမျိုးကို ရေးလေ့ရေးထ မရှိပါ။ သို့ပေသည့်လည်း ...

10 January 2009 နေ့က VOA မြန်မာပိုင်းရဲ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ “သမိုင်းမှာ တချက်မှားခဲ့လို့ နောင်လာနောက်သားတွေ တသက်လိုက်လို့မမီခဲ့တဲ့အကြောင်း” ဆိုတာကို ဆွေးနွေးတင်ပြသွားတာကို ကြား လိုက်ရပါတယ်။ (စီစဉ်သူ ဦးကျော်ဇံသာကတော့ ဒီအသုံးအနှုန်းဟာ သူရဲ့အာဘော်မဟုတ်၊ ယနေ့ခေတ် သ မိုင်းပညာရှင်များ အသုံးပြုနေသော အသုံးအနှုန်းသာဖြစ်ကြောင်းကိုလည်း တင်ကြိုစကားပလ္လင်ခံသွားပါတယ်)

ယနေ့အချိန်အခါလို တကယ်စစ်မှန်တဲ့ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တန်းတူညီမျှရေး စတဲ့အခွင့်အ ရေးတွေရဲ့ အရသာကို ကျနော်တို့ မြန်မာပြည်သူများ မခံစား၊ မတည်ဆောက်နိုင်သေးတဲ့ အချိန်အခါမှာ အ တိတ်က ဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ အကြောင်းမှန် သမိုင်းဖြစ်ရပ်များကို မှန်မှန်ကန်ကန် သိမြင်ဖို့၊ မှန်ကန်စွာဖြင့် သုံးသပ်ဖို့ရာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း သမိုင်းသင်ခန်းစာဆိုတာကို ယူနိုင်မှာပါ။ အတိတ် ဆိုတာ အနာဂတ်ရဲ့ ပုံရိပ်လို့ဆိုသလို အတိတ်ရဲ့ သင်ခန်းစာကို ပစ္စုပ္ပန်မှာအာရုံပြုပြီး အနာဂတ်ကို တည် ဆောက်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းရေးရာများကို ပြောဆိုဆွေးနွေးကြတဲ့အခါမှာ ငါ့စကား နွားရဖြင့် တဖက်သတ်ပြောဆိုခြင်းထက် Big Picture ဆိုတဲ့ သမိုင်းဖြစ်စဉ်တခုလုံးကို ခြုံငုံမြင်နိုင်မယ့် နောက် ခံအချက်အလက်များကို ရှာဖွေ၍ ဖြန့်ကြည့်ခြင်းကသာ ပိုမိုပြည့်စုံနိုင်တဲ့ အဖြေကို မြင်ရမှာဖြစ်ပါတယ်။

ငါတရားလို ငါတရားသူကြီးလုပ်ရင်ဖြင့် သမိုင်းမှန်ကို ထိန်ချန်ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့၊ ကြိုးစားနေသော မြန် မာပြည်က အစဉ်အဆက် အုပ်စိုးသူလူတန်းစားများထဲမှ အဆိုးဆုံးဖြစ်သော စစ်အာဏာရှင် နအဖနှင့် တကိုင်း ထဲမှာ (သို့) ကိုင်းဖျားကိုင်းနားမှာ … ဟု ဆိုရမလိုပင် ထင်မြင်မိပါတယ်။ ထို့အပြင် သမိုင်းကို လေ့လာသုံးသပ် ရာတွင်လည်း မင်းဘက်ကကြည့်တော့ လက်ဖမိုး၊ ငါ့ဘက်ကကြည်တော့ လက်ဖ၀ါးဆိုပြီး ဖြစ်မယ့်အစား ပြည် သူ့ဘက်က ဘယ်လိုကြည့်မြင် သုံးသပ်မလဲဆိုတာက ပိုအရေးကြီးပါတယ်။

အဲဒီ 10 January 2009 နေ့ VOA ရဲ့ ... တိုက်ရိုက်လေလှိုင်း program ကလည်း အစထဲက ယဉ်သကိုး ဆို သလို စစဖွင့်ခြင်းမှာပဲ နော်ဝေက ဦးဖိုးသာအောင်ဆိုတဲ့သူရဲ့ ကြိုတင်အသံသွင်းပြီး ပေးပိုထားတဲ့ သူရဲ့(အသံ file) ပြောဆိုချက်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ သူကိုယ်တိုင်ပဲ တရားလို၊ သူကိုယ်တိုင်ပဲ တရားသူကြီး လုပ်သွားသလို ပါပဲ။ (တကယ်တော့လည်း လူတိုင်းဟာ ကိုယ်သမိုင်းကိုယ်ရေးနေကြတာပါပဲ) သမိုင်းဖြစ်ရပ်တွေဆိုတာ ရှောင် တခင်ဖြစ်တတ်တဲ့ အကြောင်းတွေမဟုတ်ဘူးဆိုတာကို သမိုင်းကို လေ့လာနားလည်သူတိုင်းသိမှာပါ။ အဖြစ် အပျက်တိုင်းမှာ နောက်ခံအကြောင်းအရင်းတွေ ရှိပါတယ်။ ဒါကြောင့် သမိုင်းအဖြစ်အပျက်တွေနဲ့ အဲဒီအဖြစ် အပျက်တွေရဲ့ နောက်ခံအကြောင်းအရင်းတွေကို ဆက်စပ်နားလည်တတ်မယ်ဆိုရင်ဖြင့် သမိုင်းမှန်ဆိုတာကို တွေရှိဖို့ရာ ပိုမိုနီးစပ်လာနိုင်မှာပါ။ အာဃာတတွေ၊ ခံစားချက်တွေနဲ့ အချက်အလက်ဆိုတဲ့ facts နဲ့ ထွေးရော တင်ယှက် မဖြစ်မိဖို့ကတော့ အရေးကြီးပါတယ်။

တကယ်တော့ ကျနော်တို့ မြန်မာပြည်မှာ ပြည်တွင်းစစ်မီးကြီးဟာ အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့လို့ ဖြစ်ပွားခဲ့ ရတာဖြစ်တယ်လို့ အနှစ်သာရအရ ပြောနိုင်ပေမယ့်လည်း … ဒီပြိုကွဲမှုတွေဟာ ဘယ်ကစလို့ ဘယ်လိုအ ကြောင်းအချက်တွေပေါ်မှာ အခြေခံခဲ့တယ်၊ ဘယ်သူတွေက သွေးထိုးခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိခဲ့ တယ်၊ ဘယ်ကိစ္စတွေက ဒီအချေအနေတွေထိရောက်အောင်ကို တွန်းပို့ခဲ့တယ် ... စတဲ့ စတဲ့ အဖြစ်အပျက်တွေ အချက်အလက်တွေအားလုံး ထည်သွင်းဆက်စပ်ကြည့်မှသာ သမိုင်းပုံရိပ်စစ်ကို မြင်နိုင်ဖို့ နီးစပ်ပါလိမ့်မယ်။ တကယ်တော့လည်း ပြည်တွင်းစစ် ဘာကြောင့်စဖြစ်ရလဲဆိုတဲ့ ကိစ္စကို သမိုင်းရေးရာအရ ပြောမယ်ဆိုရရင် ယခုအချိန်ထိ မပြီးသေး၊ မပြည်စုံသေးတဲ့ ပန်းချီကားတချပ်လိုပါပဲ။ ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ အဲဒီဖြစ် စဉ်ထဲမှာ ပါဝင်ကပြခဲ့ကြတဲ့သူတွေ (အဲဒီထဲက တချို့ကတော့ သက်ရှိထင်ရှား ရှိနေပါသေးတယ်)၊ အဖွဲ့အ စည်းတွေအနေနဲ့ သူ့တို့ဘက်က ဖြစ်စဉ်တွေ ခံစားချက်တွေကို ယခုချိန်ထိ ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်၊ လူထု ကို တင်ပြခွင့် မရနိုင်သေးသလို ဒီပြည်တွင်းစစ်ဆိုတဲ့ ပန်းချီကားပေါ်မှာ ဒီနေ့အထိ မှုန်းခြယ်ထားတဲ့ စုတ်ချက် တွေဟာလည်း ဖဆပလ ဆိုရှယ်လစ်တွေနဲ့ ခေတ်အဆက်ဆက်က စစ်အုပ်စုတွေရဲ့ တဖက်သတ် လက်ဝါး ကြီးအုပ်ပြီး တင်ထားတဲ့ စုတ်ချက်တွေချည်းပါပဲ။ ကျန်တဲ့ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကတော့ အရောင်မှိန်မှိန် ဟိုတစက် ဒီတစက်လောက်ပဲ ၀ိုးတိုးဝါးတား တင်ခွင့်ရကြသေးတာပါ။ ဒီကြားထဲမှာလည်း မြန်မာပြည်ကို ၂ ရက်တပိုင်းလောက် လာ၊ ပြီးတော့ ဟိုလူဒီလူနဲ့ ၁၀မိနစ်စာ ၁၅ မိနစ်စာလောက် interview လုပ်ပြီး တတ်သိ တတ်ပလုပ်တတ်တဲ့ coat အင်္ကျီဝတ် ပညာရှင်ဆိုတဲ့ လူများကလည်း ဒီမပြီးသေးတဲ့ ပန်းချီကားကို အတင်းပြီး ပါပြီဆိုပြီး ထုပ်ပိုးလို့ ဈေးကွက်ကို တင်ရောင်းနေတာကလည်း ရှိပါသေးတယ်။

အဲဒီနေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ သမိုင်းပညာရှင် ဦးအောင်ခင်ကလည်း ယခုအချိန်ဟာ စစ်အစိုးရက မြန်မာသ မိုင်းမှာ အဆိုးရွားဆုံးနဲ့ အကြီးမားဆုံး သမိုင်းထိန်ချန် လိမ်ညာပွဲကြီးလုပ်နေချိန်လို့လည်း သတ်မှတ်သွားပါ တယ်။ ထို့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့်ရှိနေတဲ့ အနေအထားမှာ ရောက်နေရှိနေသူ တွေအနေဖြင့် တိုင်းပြည်ရဲ့အကျိုး၊ နောင်လာနောက်သား မျိုးဆက်သစ်တွေရဲ့အကျိုးကို မျှော်ကိုးရင်း အဲဒီလို ရတဲ့ အခွင့်အရေးတွေကို တန်ဖိုးသိသိ၊ တာဝန်ရှိရှိနဲ့ အသုံးချသင့်ပါတယ်။ (ဒီနေရာမှာ ကျနော့်အမြင်ကို တ ချက်ထည့်ပြောရလျှင် internet web site တွေမှာ ပြောဆိုနေ၊ ရေးသားနေတာတွေထက် မြန်မာပြည်ထဲမှာ တပြည်လုံးအတိုင်းအတာနဲ့ ပျံ့နှံ့သက်ရောက်တဲ့ ယခုလို လေလှိုင်းမီဒီယာတွေမှာ ပြောဆိုနေတာတွေဟာ ပို ပြီးတာဝန်ကြီးတယ်လို့ ထင်ပါတယ်။ ကိုယ်စကားကိုလည်း ကိုယ်တာဝန်ယူ၍ ပြောဆိုရပါလိမ့်မယ်) အတ္တအစွဲ တွေ၊ အငြိုးအတေးတွေကို ဖျောက်ပြီး ခံစားချက်နဲ့ facts ကို ခွဲခြားရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဦးဖိုးသာ အောင်တို့လို ကျနော်တို့လို တတိယအရွယ်ကို ဖြတ်သန်းနေသူတွေအနေဖြင့် တာဝန်ပိုရှိတယ်လို့ ခံစားမိပါ တယ်။ တူကြီးလျှင်ပေ … လူကြီးလျှင်တေမျိုး မဖြစ်သင့်ပါ။

ဒီ VOA တိုက်ရိုက်လေလှိုင်းမှာ ပြောခဲ့တဲ့ဟာလေးတွေအကြောင်း ပြန်ဆက်ရရင်ဖြင့် … ဦးဖိုးသာအောင် ပြော သွားတဲ့ လူတစုဆိုတာကိုကပဲ စပြီးတင်ပြချင်ပါတယ်။

ဦးဖိုးသာအောင်က ပြောသွားပါတယ်။ မြန်မာပြည်ဖြစ်ပျက်ခဲ့သမျှ သမိုင်းတို့ရဲ့ အရင်းခံအမှားဟာ လူတစုက နေပြီး ၁၉၃၉ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စပြီးဖွဲ့ခဲ့လို့ ဖြစ်တယ်လို့ ဆိုလာပါတယ်။ (ဒီရာသီက နှာစေးချောင်းဆိုးရာသီကြောင့်လားတော့ မသိပါ။ ဆွေးနွေးပွဲဝိုင်းထဲက သမိုင်းပညာရှင်တွေက လည်း အအေးမိနေခဲ့ကြတယ် ထင်ပါတယ်။) အဲဒါကို ပြည်စုံအောင် ကျနော်အနေဖြင့် ထပ်ပြီးဖြည့်စွက်ရရင် ဖြင့် ... အဲဒီလူတစုဆိုတာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ရဲဘော်ဗတင်(ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဒေါက်တာနတ်၊ သခင်ဗိုလ် (ဒုတိယကမ္ဘာစစ်အတွင်း India မှ မြန်မာပြည်တွင်းသို့ လေထီးခုန်၍ ပြန်ဝင်ရန်အသွား လေယာဉ်ပျက်ကျရာတွင် ပါဝင်ခဲ့သူ)တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ အဲဒီနေ့ အဲဒီရက်မှာ ဘား လမ်းက တိုက်ခန်းတခုမှာ စုဝေးခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို စပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ အဲဒီဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဦးဆုံးသော အတွင်းရေးမှူးမှာ သခင်အောင်ဆန်းဖြစ်ပါတယ်။ (တခါက တဘ၀ ဆိုသလို ဦးဖိုးသာအောင်ကလည်း ယခုလို လူတစုဟု နာမ်စားသုံးသွားတာကို တွေရတဲ့အခါမှာ အ ဘယ်ကြောင့်ဟု သို့လော သို့လော ဖြစ်လိုက်မိတဲ့အပြင် ကိုယ်စီးခဲ့တဲ့မြင်း အထီးလားအမလား မသိနိုင်ခဲ့သူ တယောက်လားဟု ထင်ရမလိုဖြစ်မိပါတယ်။)

တို့ဗမာအစည်းအရုံးနဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကစတင်ခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အဓိကကျတဲ့ အင်အားစုကြီး (သို့) ဦးဆောင်တပ်ဦးကြီး ၃ ခု ပါဝင်ခဲ့ပါတယ်။ ဒါကလည်း သမိုင်းရေးရာ အ ထောက်အထားများအရ ငြင်းလို့မရနိုင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော် တို့ပဲဖြစ်ပါတယ်။ ဒါတွေကလည်း သမိုင်းကတောင်းဆိုလို့ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာဖြစ်ပြီး အဲဒီအ ဖွဲ့အစည်းတွေမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ သူတွေဟာလည်း နောင်တချိန် မြန်မာနိုင်ငံရေးသမိုင်းမှာ အင်မတန် မှ အရေးပါအရာရောက်တဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။

ကျနော့်အနေနဲ့ကတော့ တဖက်သတ် ကောက်ချက်တွေ ချတာမျိုး၊ နိဂုံးတွေချုပ်တာမျိုး မလုပ်ပါဘူး။ တွေး ကြည့်စရာ အစလေးတွေ အချက်အလက်လေးတွေကိုပဲ ပြောချင်ပါတယ်။ ပြီးမှ အာဃာတကင်းကင်းနဲ့ စဉ်း စားဆုံးဖြတ်ကြပေါ့ခင်ဗျား။ အဲဒီခေတ် အချိန်အခါရဲ့ ကမ္ဘာနဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေ၊ သခင်ဗဟိန်းနဲ့ ဒဂုန်တာရာရဲ့ အရှေမြောက်ခရီးစဉ်၊ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ရဲ့ အမွိုင်ခရီးစဉ်နဲ့ ရဲဘော်သုံးကျိပ် ဖြစ်စဉ်၊ မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ငန်းစဉ်တွေမှာ အင်မတန်မှ အရေးပါခဲ့တဲ့ ဗမာတော်လှန်မူ၊ အင်းစိန်စာတမ်း၊ မြင်းခြံစစ်တမ်း စတဲ့ စာတမ်းစစ်တမ်းတွေ၊ နောင်တချိန် ဖဆပလလို့ ဖြစ်လာမယ့် ဖတပလ ဟာ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကုတင်ပေါ်မှာ ဘယ်သူတွေနဲ့ ဘယ့်အကြောင်းကြောင့် သန္ဓေတည်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ၊ နေသူရိန်လူထုအစည်းအဝေး၊ ၁၉၄၆ အထွေထွေသပိတ်၊ လယ်ဝေးလယ်သမားသူပုန်ကြီးနဲ့ ပြည်သူလူထုတွေရဲ့ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွေ၊ အမျိုးမျိုးသော နယ်ချဲ့တွေရဲ့ ပြည်သူလူ ထုကို ဖိနှိပ်မှု၊ ရက်စက်မှု စတဲ့ ... စတဲ့ ဖြစ်စဉ်တွေနဲ့ အဲဒီနောက်က အခြေခံအကြောင်းအရင်းတွေကို မှန်မှန် ကန်ကန် ဆက်စပ်တွေးကြည့်စေချင်ပါတယ်။ ပြီးမှ ဦးဖိုးသာအောင် ပြောခဲ့တဲ့ အဦးဆုံးအမှားဆိုတဲ့ အဖွဲ့ကြီးက ဘယ်လောက် မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးပါခဲ့တယ်၊ ဦးဆောင်မှုပေးခဲ့တယ်ဆိုတာကို ဆုံးဖြတ်ပေါ့လေ။ ပတ္တမြားမှန် နွံမနစ်သလို ဆင်ဆွယ်မှန် ပိုးမထိုးပါဘူး။

နောက်တခုက လွတ်လပ်ရေးခေတ်ဦးကာလမှာ ပြည်တွင်းစစ် စတင်ပေါ်ပေါက်ခဲ့ရတာနဲ့ ဗိုလ်နေ၀င်းနဲ့ သူ့တ လက်ကိုင် စစ်တပ်အင်အားကြီးထွားလာခဲ့ရမှုပါ။ မြန်မာပြည်မှာ ပြည်တွင်းစစ် စဖြစ်လာတဲ့အချိန်မှာ ဘက်တွေ အများကြီးရှိခဲ့ပါတယ်။ မြန်မာပြည်ပြည်တွင်းစစ်ဟာ ဦးဖိုးသာအောင်ပုံဖေါ်ချင်သလို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖဆပလဆိုတဲ့ ဘက်နှစ်ဘက်ထဲနဲ့ ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်မဟုတ်ပါဘူး။ ထို့အပြင် ပြည်တွင်းစစ်တို့ လက် နက်ကိုင်တော်လှန်ရေးတို့ ဆိုတာဟာလည်း ဒီမိုကရေစီ အခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းသွားပြီး မျက်နှာ ချင်းဆိုင် နိုင်ငံရေးအဖြေရှာမှုတွေကို ဖေါ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့သွားတဲ့အခါမျိုးမှာ ဖြစ်ပေါ် လာရတာပါ။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်မှာ အဓိကပါဝင်ခဲ့ကြတဲ့ အဖွဲအစည်းတွေ၊ ဘက်တွေကတော့ အာဏာရ ဖဆပ လအစိုးရ၊ အလံနီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ KNU၊ တော်လှန်သော မြန်မာတပ်မတော်၊ နောက် ရခိုင်ပြည်ဘက်က ဘုံပေါက်သာကျော်တို့လို တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တခြားလူမျိုးစုတော် လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီပါတီမှာလည်း လက်နက်စွဲကိုင်ရလောက် အောင် တွန်းပို့ခံလိုက်ရတဲ့ နောက်ခံအကြောင်းအရင်တွေ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အခြေအနေတွေက တွန်းပို့ခဲ့တယ်ဆိုတာကို ခံခဲ့ရတဲ့ ကာယကံရှင်တွေဘက်က ပွင့်ပွင့်လင်းလင်း ပြည့် ပြည့်စုံစုံ ရေးသားတင်ပြခွင့်ရပြီလား။ လက်ရှိအခြေအနေမှာတော့ ဖဆပလ ဆိုရှယ်လစ်အုပ်စုဝင်တွေနဲ့ စစ် အုပ်စုရဲ့ အာဘော်တွေပဲ သမိုင်းစာမျက်နှာပေါ်မှာ အများစုနေရာယူထားတာပဲ တွေ့နေရပါတယ်။ ဒီလိုအဖြစ် အပျက်မျိုးက ဗမာပြည်ကွန်မြူနစ်ပါတီတခုတည်းလားဆိုတော့လည်း မဟုတ်ပါဘူး။ ပြည်သူ့ရဲဘော်တွေအနေ နဲ့ရော သူတို့ဘာကြောင့် တောထဲကို ရောက်သွားရတယ်ဆိုတာကို အမှန်အတိုင်း ရှင်းပြနိုင်ခွင့်ရပြီလား။ KNU ဘက်ကလည်း ပြောစရာတွေအများကြီးရှိဦးမှာပါ။ တခြားတိုင်းရင်သားလက်နက်ကိုင် တော်လှန်ရေးအင်အား စုတွေမှာလည်း ခံစားချက်တွေ ပြောချင်တာတွေ ကိုယ်စီရှိကြမှာပါပဲ။ အောင်ပွဲပန်းတိုင်ဆီကို မရောက်သေး တဲ့အတွက် ပြောချင်တာတွေ၊ ပြောသင့်တာတွေကို မျိုသိပ်ထားရတာတွေ၊ ငဲ့ညှာနေရတာတွေလည်း ရှိဦးမှာ ပါပဲ။

နောက်ပြီး အဲဒီခေတ်က အရေးကြီးတဲ့ သမိုင်းရေးရာ အထောက်အထားတွေဖြစ်တဲ့ မှတ်တမ်းတွေ၊ ခေါင်း ဆောင်တွေအချင်းချင်း အပြန်အလှန်ပေးစာတွေ၊ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ သတင်းစာတွေ မပျောက်ပျက်ဘဲ လက်လှမ်းမီတဲ့နေရာမှာ ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်သူက ငြိမ်းချမ်းရေးကို လိုလား ပြီး စဉ်ဆက်မပြတ် ကမ်းလှမ်းခဲ့လဲ၊ ဘယ်သူက ငြိမ်းချမ်းရေးကို ငြင်းပယ်နေပြီး အပြုတ်တိုက်ရေးဆိုတာ လုပ်ခဲ့ ကြတယ်ဆိုတာကိုလည်း သိနိုင်တဲ့ အထောက်အထားတွေ မပျောက်ပျက်သေးပါဘူး ရှိနေပါသေးတယ်။ စစ်တပ်ကို ဘယ်သူတွေက ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်၊ ကိုယ်ကျိုးတွေအတွက် အပြိုင်အဆိုင် ဗိုလ်နေ ၀င်းကိုမြှောက်စားပြီး လုပ်ချင်သလို လုပ်ခွင့်ပြုခဲ့တယ် ... ဒါတွေဟာလည်း ဖျောက်ဖျက်လို့ရတဲ့ အရာတွေမ ဟုတ်ပါဘူး။ သမိုင်းတွေပါ။ ဒါ့အပြင် အဲဒီသမိုင်းတွေကို ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့သူတွေထဲက တချို့လည်း သက်ရှိထင်ရှား ရှိနေပါသေးတယ်။ သက်ရှိထင်ရှား မရှိတော့ပေမယ့်လည်း လွတ်လပ်တဲ့အချိန်ကြရင် ထုတ် ဝေဖို့ ပြုစုထားခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေလည်း ရှိပါတယ်။

ဒီတော့ တနေ့တချိန် ဒီဟာတွေကို ပြောခွင့်ရ၊ လူထုလက်ထဲကို ပွင့်ပွင့်လင်းလင်းချပြလို့ ရလာတဲ့အချိန်မှာ ပြည်သူလူထုကပဲ ဆုံးဖြတ်ပါလိမ်မယ်၊ ဒါ့အတွက်ကြောင့်လည်း ဒီလိုသမိုင်းရေးရာ အဆုံးအဖြတ်တွေ နိဂုံးချုပ် ချက်တွေကို ကျနော်လည်း ဆုံးဖြတ်လို့မရသလို ဦးဖိုးသာအောင်လည်း ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သမိုင်းပညာ ရှင်တွေဆိုတာလည်း မရပါဘူး။ လူထုကသာ အဆုံးအဖြတ်ပေးသွားမှာပါ။ ဘာလို့လဲဆိုရင် လူထုဟာ သမိုင်း ထဲမှာ ကိုယ်တိုင်ပါဝင်နေပြီး သမိုင်းကို ဖန်တီးနေသူတွေဖြစ်လို့ပါပဲ။ သံမဏိစစ်တွေဟာ မီးတိုက်တာ ခံဝံ့ပါ တယ်။

ချစ်လှိုင်

4 comments:

Myo Win Zaw said...

မှန်၏

winlatt said...

လေလှိုင်းထဲက အသံတွေဟာ တန်ဘိုးရှိသလို ကြောက်စရာတကယ်ကောင်းပါတယ်..။ကိုယ့်စကား ကိုယ်တာဝန်ယူကြဘို့လိုတယ်ဆိုတာ မှန်ပါကြောင်း..။

Unknown said...

ကျော်ဇံသာလိုဖွတတ်ပြီး ပါးစပ်အီးပေါက်တတ်တဲ့ လူတွေရဲ အဆိပ်အတောက်မှိုင်းတိုက်လျှက်ရှိသော အင်တာဗျားများအား ရှုံချသင့်ပါကြောင်း။

U NU OF BURMA said...

သမိုင်းကိုမသိဘဲ မကြည့်ဘဲ ပြောခြင်ရာ ပြောနေသူများ၊
သမိုင်းကိုကွယ်၍ လိုရာသို့ သွေးဆောင်နေသူများ၊
သမိုင်းကိုကွက်၍ ကိုယ်မလိုလားသူ(တို့) အားပုတ်ခတ်တတ်သူများနှင့် ထိုသူများအကြားမှ ဖြတ်သန်းကြီးပြင်းလာရသည့် (ကျနော်တို့အပါအ၀င်)
နောင်လာနောင်သားများအတွက် “အဖိုးတန် စာစု”တခု
ဖြစ်ပါသည်။
လေးစားစွာဖြင့်