Monday, January 26, 2009

နိုင်ငံရေးအိမ်တွင်းပုန်းကြီး

ဆလိုင်းကိုကိုဦး
(ရေးသူ၏ အာဘော်သာဖြစ်သည်)

ငြိမ်းချမ်းဟာ နာမည်ဖွက်ဖြင့် ရေးနေသူမို့ “နိုင်ငံရေးကြာကူလီများ ဖေါ်ထုတ်ကြစို့” ဆောင်းပါးမှ မိမိ၏ ဝေဖန် ရေးသားချက်များကို ခံပြင်းနေရသည့်ကိစ္စအတွက် မိမိအနေဖြင့် ငြိမ်းချမ်းနားလည်အောင် အနည်းငယ် ရှင်းပြ လိုပါသည်။ မိမိအနေဖြင့် မည်သူမည်ဝါကိုမျှ ရည်ညွှန်းလိုခြင်းမရှိဘဲ သူများကိုသော်လည်းကောင်း၊ အခြား သော အဖွဲ့အစည်းတခုခုကိုသော်လည်းကောင်း၊ နောက်ကွယ်မှ အမနာပ ဝေဖန်ပြစ်တင်ပြီး နာမည်ဖွက်ဖြင့် ရေး သားနေကြသူအားလုံးကို ရည်ညွှန်းရေးသားခြင်းသာဖြစ်ပါတယ်။

ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မင်းကိုနိုင်ကို ဥပမာယူပြောတဲ့ ကိစ္စကိုတော့ ငြိမ်းချမ်းဟာ ကိုယ်ကိုကိုယ် ဖြစ်သမျှနည်းနဲ့ ကာကွယ်ဖို့ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ မင်းကိုနိုင်ကို အကာ အကွယ်ယူတာ ဖြစ်နိုင်ပါ တယ်။ ငြိမ်းချမ်းဟာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်သလို ဗိုလ်ချုပ်အောင်ဆန်းလည်း ငြိမ်းချမ်းမဖြစ်နိုင်ပါ။ ငြိမ်း ချမ်းဟာ မင်းကိုနိုင်မဟုတ်သလို မင်းကိုနိုင်လည်း ငြိမ်းချမ်းမဖြစ်နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့လက် အောက်မှာနေပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်နေတာမို့ ငြိမ်းချမ်းတို့လို မဲဆောက်မြို့ပေါ်မှာနေပြီး ဘီယာတစ်မြမြ နဲ့ လုပ်နေတဲ့ ရေပေါ်ဆီနိုင်ငံရေးနဲ့ယှဉ်လျှင် ဆီနဲ့ရေလို ကွာခြားလှပါတယ်။ မင်းကိုနိုင်ဟာ မြန်မာပြည်တွင်းမှာ နေပြီး အာဏာရှင်စစ်အစိုးကို တော်လှန်နေရသူဖြစ်ပြီး ငြိမ်းချမ်းမှာတော့ ပြည်ပနိုင်ငံမှာ နေထိုင်နေသူမို့ ငြိမ်း ချမ်းရဲ့ ဖြေရှင်းချက်ကို မိမိအနေဖြင့် နားလည်မှုပေးရန် အလွန်ခက်ခဲလှပါတယ်။

မိမိ၏ ပထမဦးစွာ ရေးသားခဲ့သောဆောင်းပါးမှာ “စစ်အာဏာရှင်လက်အောက်မှာ လျှို့ဝှက်ကလောင်နာမည် ယူပြီး ရေးသားတာတွေကို နားလည်နိုင်ပေမယ့် လွတ်မြောက်နေရာမှာ လျှို့ဝှက်ရေးသားနေကြတာဟာ ဒီမို ကရေစီအင်အားစုအတွင်းမှာ အင်မတန်မှ အကျဉ်းတန်အရုပ်ဆိုးသော ဖြစ်စဉ်တစ်ခုဖြစ်တယ်၊” အခုလိုပါခဲ့တဲ့ စာကြောင်းကို ငြိမ်းချမ်းမဖတ်မိလို့ဘဲလား မသိချင်ယောင်ဆောင်ပြီး ရေးခဲ့တာပဲလား မသိနိုင်ပါ။ သေချာတာ တခုကတော့ ငြိမ်းချမ်းရဲ့ ဖြေရှင်းချက်အာလုံးဟာ အလွန်အားနည်းနေသည့် နိုင်ငံရေးကိုယ်ခံစွမ်းအားကျရော ဂါစွဲကပ်နေသည့် သူတစ်ယောက်၏ ဖြေရှင်းချက်မျှသာလျှင်ဖြစ်ပါတယ်။

ငြိမ်းချမ်းသာ သူကိုယ်သူ အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးသဖွယ် ဖေါ်ပြနေခြင်းကလည်း မိမိကိုမိမိ ဖြစ် သမျှနည်းနဲ့ ကာကွယ်ဖို့ကြိုးစားရင်း မိမိကျူးလွန်ခဲ့သည်များကို ၀န်ခံပေးနေသည့် သဘောပင်ဖြစ်သည်။ နောက်တစ်ခုက လျှို့ဝှက်ယူဂျီလုပ်ငန်းနဲ့ ဝေဖန်ရေးဆောင်းပါးရေးခြင်းကိုလည်း အဆက်အစပ်မရှိ အကာအ ကွယ်ယူပြန်သည်။ အမှန်တကယ်တွင် ငြိမ်းချမ်းဟာ အလွန်သနားစရာကောင်းသည့် အန်စီဂျီယူဘီကို အကာ အကွယ်ပေးနေရသည့် အန်စီယူဘီနဲ့ မောင်မောင်ကို ရစရာမရှိအောင် တိုက်ခိုက်ပေးနေရသည့် လခစားဝန် ထမ်းမျှသာလျှင် ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်း၏ရေးသမျှစာများကို ဖတ်ကြည့်လျှင် ပို၍သိသာနိုင်ပါတယ်။

သူနာမည်သိရင်ဘဲ သူမိသားစု ဒုက္ခရောက်တော့မလို ရေးထားပြန်တယ်။ ကျန်တဲ့သူတွေကရော မိသားစုမရှိ တော့ဘူးလား။ သူက သူများတွေထက် ပိုပြီးအရေးကြီးတဲ့ ပုဂ္ဂိုလ်လိုလို ချီဂွေဗားရားလိုလို စိတ်ကြီးဝင်နေပုံရ ပါတယ်။ ဒီမှာ ငြိမ်းချမ်းကို ပြောပြရဦးမယ်။ အမေရိကားမှာ ဦးစိန်ဝင်းမိသားစုရော၊ ဦးဘိုလှတင့်မိသားစုရော အေးအေးလူလူပဲရှိကြပါတယ်။ အခြားသောဝန်ကြီးတွေရဲ့ မိသားစုတွေဆိုရင်လည်း သြစတေးလီးယားတို့မှာ လည်း အေးအေးလူလူပဲရှိကြပါတယ်။ ငြိမ်းချမ်းမိသားစုကိုလည်း ဆရာသမားတွေက သူတို့မိသားစုလိုပဲ အ ကာအကွယ်မပေးဘူးလား။ ငြိမ်းချမ်းက နိုင်ငံရေးလုပ်ရင်း တဘက်ကလည်း ငြိမ်းချမ်းမိသားစုအတွက် စိုးရိမ် စိတ်ရှိနေရင်တော့ အင်မတန်မာယုတ်မာရိုင်းစိုင်းတဲ့ စစ်အစိုးလက်ထဲကနေပြီး မိမိတို့ရဲ့မိသားစုကို ဘေးမသီ ရန်မခ ခေါ်ထုတ်လာနိုင်တဲ့ အဝေးရောက်ဝန်ကြီးတွေဆီက နည်းနာတွေ အကူအညီတွေကို ယူသင့်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ငြိမ်းချမ်းစာအရ ငြိမ်းချမ်းဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အင်မတန်မှအရေးပါ တဲ့ လူသိခံလို့တောင်မရနိုင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်နေလို့ပါပဲ။ အကယ်၍ မိသားစုအတွက် တဘက်က စိုး ရိမ်နေရလျှင် ဒီမိုကရေစီအရေးအတွက် အားကြိုးမာန်တက် ဘယ်လိုလုပ်နိုင်တော့မှာလဲ။

တကယ်တန်းတော့ အမျိုးသားညွန့်ပေါင်းအစိုးရကိုမှီပြီး “ဆင်ဖြူတော်ကိုမှီပြီး ကြံစုပ်” နေကြသူတွေဟာ ဘယ် သူတွေလဲဆိုတာ ဒီမိုကရက်တစ်အင်အားစုအသိုင်းအ၀န်းမှာ ရှိနေကြတဲ့သူတွေအားလုံး သိကြပါတယ်။ ငြိမ်း ချမ်းရေးတဲ့စာအရ ငြိမ်းချမ်းလည်း ဒီပုတ်ထဲကဒီပဲဘဲပေါ့။ မဟုတ်ဘူးလို့ ဘူးခံပြီး မငြင်းနဲ့။ သူများတွေ ၀ိုင်း ရယ်ကြလိမ့်မယ်။ တကယ်လို့ ငါတော့ဘယ်သူဘဲဟေ့လို့ ရဲရဲဝံ့ဝံ့ပြောရဲတဲ့ တစ်နေ့မှာတော့ ဒီပုတ်ထဲကဒီပဲ ဟုတ်မဟုတ် သိရမှာပဲပေါ့။ ခုတော့ ငြိမ်းချမ်းရေ နိုင်ငံရေးအိမ်တွင်းပုန်းကြီးလုပ်ပြီးတော့ နိုင်ငံရေးကိုလုပ်စား နေကြတဲ့ ဆရာသမားတွေကို အကာအကွယ်ပေးလိုက်ပါဦး။

နိုင်ငံရေးအိမ်တွင်းပုန်းကြီး ငြိမ်းချမ်း ကျမ်းမာပါစေ။ ချမ်းသာပါစေ။
နိုင်ငံရေးကို လုပ်စားနေကြတဲ့ ဆရာသမားတွေလည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။
မှတ်ချက် - ဒီမိုကရေစီကတော့ အလွန်ဆင်းရဲနေပါတယ်။

ဆလိုင်းကိုကိုဦး

1 comment:

min nay said...

ဆလိုင်းကိုကိုဦးပြောတာတွေ ကိုထောက်ခံကြောင်းပါ၊ ဆလိုင်းကိုကိုဦးဆိုတာ ဘယ်သူဆိုတာမသိပါ၊ သူ့လုပ်ရပ်မှန်လို့ထောက်ခံခြင်းပါ၊ ကျွန်တော်မလေးရှားက မထင်မရှားချာတိတ် ၁ယောက်ပါ။