
လွင်ထက်လှိုင်
ဖေဖေ ရက်ဖွဲ့တဲ့ မိသားစုလေးထဲ
မေမေက ခိုလှုံတယ်
မေမေ ရက်ဖွဲ့တဲ့ မိသားစုလေးထဲ
ဖေဖေက ခိုလှုံတယ်
ငါတို့ရဲ့ နုနယ်မှုတွေ လုံခြုံစွာကြီးပြင်း
မိသားစုသီချင်းမှာ
ဆည်းလည်းသံများ
ကြည်နူးသံပြိုင် လှုပ်ခတ်ခဲ့ကြဖူးတယ်။
တနေ့
ဘယ်လိုမုန်တိုင်းမျိုးမှန်း
ဘယ်သူမှ မသိနိုင်ခဲ့ကြ
ငါတို့စိတ်တွေ တနေရာစီ လွင့်ကျခဲ့ကြတယ်
ကျလေရာ ရောမတွေမှာ
ရောမလို ကျင့်ကြံပီသခဲ့ကြတယ်
ငါတို့ရဲ့ စိတ်တွေချင်း
လှမ်းမျှော်ကြည့်ရင် မမြင်နိုင်ကြဘူး
စကားပြောရင် ဘာသာစကားမတူကြဘူး
မွတ်သိပ်ကြရင် ချင်ခြင်းမတူကြဘူး
အရင်းအနှီးများတဲ့ ခရီးတွေ သွားခဲ့ပြီးကာမှ
အရင်းအနှီးများတဲ့ ခရီးမို့
အိမ်ကို မပြန်နိုင်ခဲ့ကြဘူး
ငါတို့ ရုပ်ရည်ချင်း ဆင်တူကြပေမယ့်
အသက်ရှူချင်း ကွဲခဲ့ကြတယ်။
ဒါပေမယ့်
ငါတို့တွေ
စိတ်ဝမ်းမကွဲခဲ့ကြ။ ။
လွင်ထက်လှိုင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၂ ခုနှစ်)
No comments:
Post a Comment