တုတ်ကြီး (ခေတ္တ တာဝတိံသာ)
ယခုတလော ကျွန်ုပ်ဆြာတုတ်ကြီး အလုပ်အင်မတန်များနေ၏။ မနက်ခြောက်နာရီ လော်ကယ်ရထားအဆိုက် ကုန်စိမ်းအမီပို့ရ၏။ ညခုနှစ်နာရီလောက်မှ ဆိုက်ကားဂိတ်က အိမ်ပြန်ရောက်၏။ အိမ်ပြန်ရောက်တော့ ထမင်း လေးတအိုးချက်၊ ဖြစ်သလိုလေး စားပြီးတော့ ဆောင်းအေးအေးမှာ စောင်စုတ်ကလေး ခြုံလျက် မီးတိုင်မှုတ်၍ ကွေးပါတော့၏။ ဒါက စိတ်ကူးယဉ် version ပါ။ ဆိုက်ကားငှားပြီး မြို့တပတ် ပတ်ပစ်လိုက်မည်ဟု အစောတ လျင် ကြုံးဝါးမထားပါနှင့် မိတ်ဆွေ။
မနက်ခြောက်နာရီထပြီး ရုပ်မြင်သံကြားမှ မနက်ခင်း traffic သတင်းကြည့်နေကျ၊ ကွန်ပြူတာ လေးဖွင့်ပြီး မိတ် ဆွေအချို့နှင့် ပြောနေကျ။ ဒီကနေ့တော့ ခရစ္စမတ်အကြိုဆိုတော့ အလုပ်ပိတ်၊ ခရစ္စမတ်နေ့လည်း အလုပ်ပိတ် သဖြင့် အေးအေးလူလူ နှစ်ပေထုရှိသော အိစက်ညက်ညောသည့် မွေ့ယာကြီးပေါ်တွင် ဇိမ်ခံကာ Gtalk ဖွင့် လိုက်တော့ တယောက်သော သူငယ်မက mmblogpress ဆိုသည့် မြန်မာသတင်းသမဂ္ဂမှ ကြီးမှူးသည်ဆို သော bloggers များအား မဲပေးရွေးချယ် သူကောင်းပြုမည့် အင်တာနက်စာမျက်နှာတခုကို လာပြ၏။
What a generosity?
oh ... yeah ... philanthropically righteous idea!!! Oh My my ... စသည်ဖြင့် ကျွန်ုပ်၏ အတွေးထဲတွင် ငပိသံဖြင့် အာမေဋိတ်တို့ ပဲ့တင်ထပ်သွားစေပါတော့၏။
BMA ဆိုပါလား။ ကျွန်ုပ်ငယ်ငယ်က BMX စက်ဘီးပြိုင်ပွဲထိုင်ငေးရင်း ငါးကျပ်တော့ ကောက်ရဖူးပေ၏။ ခု တော့ BMA ဘော်ချက်မှုကို ထိုင်ငေးရတော့မည့်ကိန်းဆိုက်နေရင်း မိမိ၏ ဘလော့များသည် အနှီအရင်းမစိုက် ရွှေ ဖြစ်ငွေဖြစ်ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော အဂ္ဂိရတ်သမားများ၏ Big Malicious Asses ဆိုသော အဖွဲ့အ စည်းကြီး၏ သားကောင်ဘ၀သို့ ရောက်မှန်းမသိရောက်သွားပေတော့၏။
ကဲ ... ဆန်းစစ်မှုတခုကို ဦးစံရှားဆေးတံမငှားဘဲ ခေါင်းပေါင်းဖြုတ်ခေါင်းကုတ်ရင်း စတင်ကြရအောင်လား ပရိ သတ်။ ကဲ ... စကြည့်လိုက်ရအောင်။ သူတို့၏ အင်တာနက်စာမျက်နှာမှ အကြောင်းအရာများအား လေ့လာမိ တော့ ...
MBAA အကြောင်း
MBAA 2008 (Myanmar Blog Academy Award 2008 Programme) အကြောင်း
(က) မြန်မာဘလောဂ့်လောကအတွက် အခြေအနေနှင့် အချိန်အခါအရ လိုအပ်သည်ဟု ယူဆမိ၍ ဤ MBAA ကို နည်းပညာ၊ သုတ၊ ရသပိုင်းများ ရေးသားဖြန့်ဝေရာတွင် နေရာတစ်ခုရရှိနေကြသော မြန်မာဘလော်ဂါ လူ ငယ်တစ်စုက တိုင်ပင်သင့်သောသူများ၏ အကြံဥာဏ်များကိုယူ၍ စတင်ခဲ့ပါသည်။
(ခ) MBAA ၏ လုပ်ငန်းဆောင်တာများအတွက် Myanmar Blog Press ဝက်ဘ်ဆိုဒ် (Domain,Hosting & Setup) ကို သတ္တမနည်းပညာရပ်ဝန်း (Technical 7) က ကူညီပံ့ပိုးပါသည်။ ဆိုဒ်ပြင်ဆင်မှုနှင့် လိုအပ်သော နည်းပညာကိုလည်း ၎င်းအဖွဲ့မှပင် ပံ့ပိုးပါသည်။
(ဂ) ဆုများပေးအပ်ချီးမြှင့်ရာတွင် အများ၏ဆန္ဒမဲပေးမှု အဆင့်အတန်းအရ ကဏ္ဍအသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများအားလုံးကို MBAA 2008 ၏ ဂုဏ်ပြုမှတ်တမ်းတင်လွှာတစ်ခုစီနှင့်၊ မြန်မာသတင်း သမဂ္ဂ၏ အမှတ်တရ လက်ဆောင်ပစ္စည်းတစ်ခုစီကို ဆုရရှိသူ ဘလော်ဂါ နေထိုင်ရာ မြို့ရွာ၊ နိုင်ငံအရောက် MBAA 2008 Programme မှ အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
(ဃ) MBAA 2008 Programme သည် အခြားမည်သည့်အဖွဲ့အစည်း၊ ငွေကြေးကိစ္စများနှင့် လုံးဝ(လုံးဝ) ပတ် သက်မှုမရှိပါ။
ကျွန်ုပ်မေးလိုသည်မှာ ...
(က) အဘယ်ကဲ့သို့သော ဒေါက်တာဘွဲ့ပိုင်ရှင်များက ယူဆကြသနည်း။ နေရာတစ်ခု ရရှိတယ်ဆိုသည်က အ ဘယ်ကဲ့သို့သော နေရာဖြစ်သတုန်း။
(ခ) သတ္တမနည်းပညာရပ်ဝန်းနှင့် ပတ်သက်၍တော့ မသိမပြောလိုပါ။ wordpress CMS သုံးထားတာကိုတော့ တွေ့ရပေ၏။
(ဂ) အမှတ်တရ လက်ဆောင်ပစ္စည်းများကို နေထိုင်ရာမြို့ ရွာ နိုင်ငံအရောက် အခမဲ့ပို့ဆောင်သွားမည်ဆိုပဲ။ ပြည်တွင်းမှ နအဖဆန့်ကျင်ရေး ရေးသားနေသော ဘလော့ဂါလူငယ်များအား ဆုများပေးပြီးလျှင် အင်းစိန်သို့ ပါ အခမဲ့ပို့ဆောင်ပေးမည့် အစီအစဉ်က အပိုဆုအဖြစ် ပါလာမည်လော။
(ဃ) လေးစားပါ၏။ မိမိတို့၏ တကယ့်ချွေးနှဲစာဖြင့် ယခုလို ပေးကမ်းစွန့်ကြဲသည်ဆိုလျှင်တော့ တနှစ်လုံး အ လုပ်လုပ်မှ ဒေါ်လာတသိန်း မရသေးသော တုတ်ကြီးတို့ အိပ်မက်လှလှ မက်ရချည်သေးရဲ့။
............... .................. ..................
ရည်ရွယ်ချက်
MBAA Programme ကို အောက်ပါရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခြင်း ဖြစ်ပါသည်။
(က) ဘလော့ဂ်ကို အားတက်သရော ရေးသား၍ အနုပညာ၊ အသိပညာများကို ဖြန့်ဖြူးပေးနေသူများအား အ သိအမှတ်ပြုရန်။
(ဘလော့ကို အားတက်သရော ရေးသား၍ အနုပညာ၊ အသိပညာများကို ဖြန့်ဖြူးပေးနေသူများအား အသိအ မှတ်ပြုရန်ဆိုပဲ။ ကျွပ်နာမည်ပေါင်း ဆယ်ခုကျော်ဖြင့် တနှစ်အတွင်း ဆောင်းပါး၊ ကဗျာ၊ သရော်စာ၊ ပန်းချီ စ သည်ဖြင့် ဖန်တီးမှုငါးရာကျော် ရေးခဲ့၏။ ဘယ်ခွေးမသား တကောင်တမြီး၏ အသိအမှတ်ပြုမှုအတွက်မှ ရေး ခြင်းမဟုတ်။ တခြားသော စာရေးဝါသနာပါသူ လူငယ်များအနေဖြင့်လည်း ထိုနည်းလည်းကောင်းပင် ဖြစ် ကောင်းဖြစ်မည်ဟု ယူဆ၏။)
(ခ) မြန်မာအင်တာနက် လူမှုအသိုင်း၏ သုတ၊ ရသဖြန့်ဖြူးမှု အခန်းကဏ္ဍကို မှတ်တမ်းတင်ထားရန်။
(ဘလော့ဆိုသည်မှာ ပိုက်ဆံမပေးနိုင်တော့လျှင် domain name expire ဖြစ်သွားသော ကိစ္စမဟုတ်။ webspace ကို Delete လုပ်ခံလိုက်ရမည့် နေရာမဟုတ်။ သွားလေသူ ဖိုးဇေ၏ ဘလော့။ နအဖ ဖမ်းဆီးခံလိုက် ရသော နေဘုန်းလတ်တို့ဘလော့ပင် ဆက်လက်ရှင်သန်နေ၏။ သူ့ဟာနှင့်သူ အင်တာနက်တွင် ဆက်လက် ရှိနေမည့် ကိစ္စဖြစ်၏။ အော် ... လေးစားဖွယ် ရွှေဥာဏ်တော်များပေကိုး။ ထို့ပြင် တခုမေးလိုသည်က လူမှုအ သိုင်းဆိုတာ ဘာတုန်းလဗျာ။)
(ဂ) မြန်မာဘလောဂ့်လောကကို ပိုမိုနီးကပ် စည်းလုံးမှုရရှိစေရန်။
(ထိုအတွက် မြန်မာ့ရိုးရာ ပွေးညှက်နှင့် ကျွဲကော် သင်ကြိုက်ရာ ရွေးနိုင်ပါပေ၏ မိတ်ဆွေ။ ခေတ်ဆန် မော်ဒန် ဖြစ်လွန်းချင်ပါက ဆူပါဂလူး ရှိပါပေ၏။)
(ဃ) အနည်းဆုံးအားဖြင့် မြန်မာဘလော်ဂါများ ရင်းနှီးပျော်ရွင်မှုရစေရန်။
(အနည်းဆုံးအားဖြင့် မြန်မာစာရေးသားသူအများအနေဖြင့် ရင်းလည်းရင်းနှီး ပျော်လည်းပျော်နေကြပြီးသား ဖြစ်ပါ၏။ ကိုရင်တို့ ဘရာစီယာကလစ်ဖြုတ် အတင်းကလိထိုးမှ အဟင့် ခစ်ခစ် ဖြစ်ကြမည့်သူများ တယောက် မှမပါပါ။ ပါချင်လည်း ပါပေမပေါ့ ဒါကတော့ တုတ်ကြီး မစမ်းသပ်ဖူးသေးသော ကိစ္စ။ လေးစားပါပေ၏။)
(င) နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ အရည်အသွေးနှင့် အရည်အ ချင်းအရပါ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်။
(နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ်ဘလော့ဂါများနှင့် ရင်ဘောင်တန်းရန်အတွက် ခြောက်လက်မရှိသော ဒေါက် ဖိနပ်များအား ၀ယ်စီးရင်း နှင်းကျသည့်ညတွင် ခြေကျိုးသွားသော ဘလော့ဂါမလေးများ ပေါ်ပေါက်လာလျှင် အသင်တို့ ဆေးကုသပေးပါမည်လော။
To be internationally professional bloggers , shouldn't we write in English ? လိုပါသလား ထိုကိစ္စ ကရော ...။ After all, Who are you Dudes ? Do we actually need to care and be judged by a bunch of rascals from so called BMA?)
အထက်ပါ အချက်အလက်များကတော့ ကျွန်ုပ်၏ စိတ်ထဲ ဖရိုဖရဲပေါ်လာသော မေးခွန်းအနည်းငယ်သာ ဖြစ်ပေ သေး၏။ တကယ်တော့ တုတ်ကြီးဆိုသည့် ကျွန်ုပ်သည် ဘလော့ဂါမဟုတ်။ အင်္ဂလိပ် ဒစ်ရှင်နယ်ရီ ပြန်ကြည့်ပါ ဟု ပြောလာလျှင်လည်း quote blogger unquote blogger မဟုတ်ဟုသာ ရိုးရိုးဖြေမည်ဖြစ်ပါသည်။ ကျွန်ုပ် စာ၊ ကဗျာ၊ ဟာသတို့အား နာမည်အမျိုးမျိုးဖြင့် ဘလော့တော်တော်များများတွင် ရေးသားသလို လူငယ်ထုနှင့် လည်း ပြောဆိုပတ်သက်မှုရှိပါပေ၏။ ထိုလူငယ်ကလေးများသည် သူတို့၏ တဦးချင်း၏ true identity ကို ဖော် ထုတ်အသိပေးပြီးမှ ထိုဆုဆိုသောအရာကို ယူရမည်လော။ မိမိအိမ်လိပ်စာ၊ မိမိအမည်အရင်း၊ မိမိ၏အကြောင်း ကို ဖွင့်ချပြရမည်လော။
BMA ဆိုသဖြင့် BMA မှ ပါဝင်သူများဖြစ်သော ကိုသာမညတို့တွေလည်း မသိကြ။ သို့သော် BMA ဆိုသော ဟာကြီးကလည်း ပြူးပြဲတွဲလွဲဖြင့် ညာဘက်အောက်ဆုံးတွင် မြင်နေရပြန်ပေ၏။ တို့တာဝန်အရေးအပါးများစွာ ဖြင့် ကိုးပါးဆေးကပင် ပါပါးခေါ်ရလောက်အောင် များပြားသော အပါးအပါးတွေနှင့် တော်သလင်းခွေး၏ တန် ဆာလို နီရဲပြူးပြဲလှသော စာမျက်နှာတစ်ခု အဘယ်အတွက်ကြောင့် ပေါ်လာသည် ထိုစာမျက်နှာ၏ ဆုပေးပွဲ အစီအစဉ်နောက်တွင် မည်ကဲ့သို့သော ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေရှိသည်ကိုတော့ ကျွန်ုပ်မသိချင်ပါ။ ဂရု လည်းမစိုက်ပါ။ သို့သော် ကျွန်ုပ်၏ စာမျက်နှာနှစ်ခုအား ဖြုတ်ပေးပါရန်ကိုတော့ စာရေးအကြောင်းကြားထားပြီး ဖြစ်သော်လည်း ယခုထိ မဖြုတ်ပေးသေးသည်ကို မြင်ရပေ၏။
သို့ဖြင့် ကျွန်ုပ်၏ တုတ်ကြီးဖောင်ဒေးရှင်းမှ ဂရုဏာ စေတနာဗရပွဖြင့် ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းသော mmblogpress ကို ငွေသား တသန်းတိတိ ချီးမြှင့်လိုပါကြောင်း မဲပေးရွေးချယ်ရန်ပင်မလိုဘဲ ကမ်းလှမ်းလိုက် ပါသည်။
မှတ်ချက် ။ ။ ဇင်ဘာဘွေ ငွေတသန်း ဖြစ်ပါသည်။ ကိုကိုတုတ်ဟု ခေါ်ရန်မလိုပါ။ မိတ်ဆွေသင်္ဂဟများအားအ တင်းရော အဓမ္မရော “မီးကို မဲပေး မီးကို မဲပေးနော် ... ဟွန့် ... ချိတ်ချိုးပစ်မယ် မပေးရင် ဒါပဲ ဒါပဲ” ဟု အပူ ကပ်စရာမလိုပါ ။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
(http://mrtotekyi.blogspot.com/ မှ ကူးယူဖော်ပြသည်)
Friday, December 26, 2008
mmblogpress.com အား ဆြာတုတ်ကြီးဖောင်ဒေးရှင်းမှ ဆုငွေ တသန်း ချီးမြှင့် ခြင်း
Subscribe to:
Post Comments (Atom)
18 comments:
Individually လွတ်လွတ်လပ်လပ်ဖြစ်ပေါ်လာတဲ့ Burmese Blogs တွေအပေါ်BMA က ဒိုင်ဗင်ဝင်ပစ်ပြီး ဆရာကြီး နေရာရအောင် ကြိုးစားမှုတစ်ခုလို့မြင်တယ်။ အနှီ ဗမာ blogs များဖြစ်ပေါ်လာမှု့တွင် BMA
၏ကြိုးစားအားထုတ်မှု့စိုးစဉ်းမျှမပါ။ ဘာနဲ့တူလဲဆိုတော့ မြန်မာပြည်ရုပ်ရှင်အကယ်ဒမီပေးပွဲက
ဗိုလ်ခင်ညွန့်လိုပင်၊
ကိုယ်နဲ့လဲမဆိုင်၊ကန့်လန့်ကန့်လန့်နှင့် ရုပ်ရှင်လောကအကြားဆရာဝင်လုပ်၊
ကျနော်၊ကျမတို့ခုလိုအကယ်ဒမီရတာ
နိုင်ငံတော်နဲ့ ဘဘဗိုလ်ချုပ်တို့ရဲ့
စေတနာနဲ့ပံ့ပိုးမှု့တွေကြောင့်ပါစသည့်ဖြင့်
ရုပ်ရှင်လောကသားတွေ ကြိုးစားအားထုတ်မှု့အပေါ်
အညွန့်ခူးနာမည်ယူလို့သည့်နအဖစတိုင်ကို BMA အားကျနေသည်လားမသိ။ Blogs လောကသည်လွတ်လပ်သည်၊
အုပ်ချုပ်သည့်လူတန်းစားမရှိ၊
လူတိုင်းကိုယ့်အမြင်ကိုယ်လွတ်လပ်စွာ
ဖေါ်ထုတ်ရေးသားနိုင်သည်၊၊ဗမာတွေ
မခံစားခဲ့ရသည့်၊ငတ်မွတ်ခဲ့ရသည့်
freedom ဆိုသည့်အရသာကိုblogs လောကတွင်ယနေ့လူငယ်တွေ အားရပါးရမြီးစမ်းသောက်
သုံးနေကြတုန်း၊
ဗိုလ်ခင်ညွန့်နဲ့တူသည့် BMA ကြီး အတင်းအဓမ္ဓ colonize လုပ်ဖို့ဝင်ကြိုးစားသည်နှင့်တူသည်။
Blogs လောကကိုဝင်ရောက်
ထိန်းသိမ်းပေးရမည်၊ချီးမြှင့်ပံ့ပိုးပေးရမည်ဟု့
BMA သည့် ကိုယ့်ကိုကိုယ်အထင်ရောက်နေလားမသိ၊၊
တော်ပါတော့ အုပ်ချုပ်ချင်သူ
ခေါင်ကိုင်ဖခင်လူတန်းစားတွေရယ်...
ကျွန်တော်မြင်တာကတော့ အခုသူများလုပ်မှဒိုင်ဗင်ပစ်ပြီး ၀င်လာတာ ကိုပါ။ ကျွန်တော် အပျော်တမ်းလုပ်ထားတဲ့ http://thebestofmyanmarblogs.blogspot.com/ ဆိုတဲ့ ဘလော့ဂ်တစ်ခု ကိုရောက်ဘူးသေးတယ် အပျော်တမ်းလေးပါ ပေါ့ပေါ့ပါးပါးလေးပေါ့။ အဲဒီဘလော့ဂ်လဲပေါ်လာရော BMA ကတစ်ခါတည်း အဲဒါကဘာဖြစ်တယ် ညာဖြစ်တယ် အဆင့်မရှိဘူးဆိုပြီးတော့ ၀င်ဒိုင်ဗင်ပစ်လိုက်တာပါ။
ကျွန်ုပ် မြင်သည်မှာကား ဆောင်းပါးရှင် အနှီ တုတ်ကြီး၊ မောင်တောကျော် (ခ) FG ၊ ပြည်သူ နာမည်ခံသူ ငနဲသား. ထိုသို့သော ကိုယ်တိုင်လည်း မလုပ်နိုင်၊ သူတစ်ပါး လုပ်သည်ကိုလည်း အနည်းငယ်မျှပင် စောင့်ကြည့်လေ့လာခြင်း မပြုရသေးမှီမှာပင် ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြော၊ မဟုတ်သည်ကို အဟုတ်လုပ်ပြော၊ ထင်ရာမြင်ရာပြော၊ လူတစ်ကာ ယုံထင်၊ ကြောင်ထင် ဖြစ်အောင်ပြော စသော အောက်ကျ၊ နောက်ကျ စိတ်ဓာတ်နှင့် အနှီလူစားမျိုးတို့ ရှိနေသမျှကာလပတ်လုံး မြန်မာပြည်ကြီး ယခုအတိုင်းပင် ဖွတ်သထက် ညစ်၊ သူများ ခိုင်းစားသမျှ ကျောကော့အောင် ခံနေကြရပေဦးမည် ဟု ဖြစ်၏။
လင်းပါဦးမည်။ အနှီတုတ်ကြီးက ဤသို့ ဆိုထားချေ၏။
" ခု တော့ BMA ဘော်ချက်မှုကို ထိုင်ငေးရတော့မည့်ကိန်းဆိုက်နေရင်း မိမိ၏ ဘလော့များသည် အနှီအရင်းမစိုက် ရွှေ ဖြစ်ငွေဖြစ်ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော အဂ္ဂိရတ်သမားများ၏ Big Malicious Asses ဆိုသော အဖွဲ့အ စည်းကြီး၏ သားကောင်ဘ၀သို့ ရောက်မှန်းမသိရောက်သွားပေတော့၏။ "
ဤသို့ ဆိုလျင်. ကျွန်ုပ်တို့၏ ဒီမိုကရေစီ သူရဲကောင်းအထီးကြီးများ၊ သူရဲကောင်းမကြီးများ၊ သူရဲကောင်း အဖွဲ့ကြီးများသည် လတ်တလော ပူပူနွေးနွေးမှာပင် RSF (Reporters sans frontières -Reporters without Borders)၊ "The Council of Women World Leaders" ၊ မဒမ် 'မယ်ဒလင်း ကေ အောဘရိုက်'၊ ..................................................
..................................................................
.................................................................
အစရှိသော အစရှိသော ....အနှီ အရင်းမစိုက် ရွှေ ဖြစ် ငွေဖြစ် ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော ကမ္ဘာကျော်..အဂ္ဂိရတ်သမား အဖွဲ့ အစည်းကြီးများ၏ သားကောင်များဘဝ သို့ ချွေး၊ သွေး၊ အသက်၊ ဘဝများစွာတို့ကို အရင်းနှီးခံကာ ရောက်သွားပြီလား၊ အများစု ရောက်ခဲ့ကြပြီလား၊ နောက်ထပ် ရောက်ရန်ပင် ဆက်လက် ကြံစည်နေကြသည်လား ဟု စဉ်းစားဖွယ် ဖြစ်လာချေ၏။
သို့မဟုတ်ပဲ ထိုအဂ္ဂိရတ်သမားများမှာ ကမ္ဘာသိ၊ ကမ္ဘာကျော် အဂ္ဂိရတ် ဘိုးအေကြီးများ ဖြစ်ကြ၍၊ အသားဖြူဖြူ လူကောင်ထွားထွားကြီးများ ဖြစ်ကြ၍ သားကောင် အဖြစ်ခံရသည်မှာပင် တန်သေးသည်၊ ဖြစ်ချင်လှစမ်းပါဘိ ဟု ခပ်တည်တည်ဖြင့် ဆိုလာချေကလည်း ကျွန်ုပ် တံတွေးငုံ၊ နှုတ်ပိတ်၊ တော်ရာ ခွေအိပ်နေရုံမှ တပါး အခြားမရှိပါပြီ။
မောင်တောကျော်အတွက်လည်း အထက်ပါ စာသားကိုပင် ဖတ်စေလို၏။ :)
pyithu ဆိုသည့် ငနဲသားကိုမူ ကျွန်ုပ် တစ်ခုပြောလိုသည်မှာ မောင်ရင်သည် http://thebestofmyanmarblogs.blogspot.com/ စပေါ်စဉ်ကလည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသော သူရဲကောင်း ဘလော်ဂါကြီးများ ၏ စာရင်းလည်းမပါ၊ ဟိုလူ့နာမည်လည်း မပါ၊ ဒီလူလည်းမတွေ့၊ သို့အတွက် ထိုဘလော့ဂ်အား စီစဉ်ထားသူ အသုံးမကျ၊ ညံ့ဖျင်း၊ ဟိုဘလော့ဂ်က ဘာလို့ လူမသိပဲ မဲကများနေရတုန်း အစရှိသည့် မေးခွန်းများကို စီဘောက်တကာမှာ လိုက်ရေး၊ မသိသလိုလိုနဲ့ လိုက်မေး၊ လိုက်ဖွခြင်း နည်းများဖြင့် ကြိုဆို ချီးမြှောက်ခဲ့သော မလည်လည်း မလည်၊ မရှုပ်လည်း မရှုပ်တတ်နှင့် ရှုပ်ရှုပ်မြင်တိုင်း ဝင်ဖွချင်သော ခေါင်းတရမ်းရမ်းနှင့် ငနဲသားပင် ဖြစ်မည်ဟု မှတ်ချက်ချမိပါ၏။
ကျွန်ုပ်အတွက်ကား မောင်ရင်တို့ တတွေ ဖြစ်ပျက်နေကြသည်ကို ကြည့်ရှုပြီး "မပြီးခင် ဗမာ မမြင်စေနဲ့" ဟု လူကြီးသူမများ အဘယ့်ကြောင့် မှာခဲ့ကြောင်း ယခုမှ ကောင်းကောင်း သဘောပေါက်မိပါတော့၏။
မှတ်ချက်။ ။ ဘီအမ်အေ နှင့် ကျွန်ုပ် အမျိုးစပ်လျင် တကောင်း အဘိရာဇာနှင့် ရနောင်မောင်မောင်တုတ်၏ ၉၉၇ ယောက်မြောက်သော မြစ် ခန့် နှင့်မျှ နှင့် တော် ပေလိမ့်မည်။
"ကျွန်ုပ်တို့၏ ဒီမိုကရေစီ
သူရဲကောင်းအထီးကြီးများ၊
သူရဲကောင်းမကြီးများ၊
သူရဲကောင်း အဖွဲ့ကြီးများ"......?
ဟားဟား..ဟားဟား..
Heroic failure တွေအကြောင်းမပြောစမ်းပါနဲ့ဗျာ..
ဆရာကြီးသာဝင်လုပ်ချင်တာ
fiction နဲ့ non-fiction တောင်မခွဲခြားတတ်ဘူး။
autobiography ရေးနေတဲ့ ကိုမင်းဒင်နဲ့ နဗနကို
ရသစာပေအောက်မှာထည့်ထားတယ်။
ဟားဟား..ဟားဟား..
ညီလင်းဆက်တို့၊မောင်လှတို့ရန်အောင်တို့
blogs တွေကို technical blogs လို့ပြောရအောင်
ဘယ်လို technical topics များ ရေးသားကြလို့တုန်း၊
Blog ဘယ်လိုလုပ်ရမယ်၊ photoshop ဘယ်လိုသုံးရမယ်
ဆိုတာလောက်နဲ့တင် high tech blog စာရင်းဝင်သွားပြီလား၊
ဟားဟား..ဟားဟား..
ချာလိုက်တာ..
ဒါနဲ့များဆရာကြီးဝင်လုပ်ချင်သေးတယ်..
"နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ်
ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ
အရည်အသွေးနှင့် အရည်အချင်း
အရပါ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်။"
ဟားဟား..ဟားဟား..
သူတို့လုပ်ပေးမှဘဲနိုင်ငံတကာနဲ့
ယဉ်ဘောင်တန်းနိုင်တော့မဲ့ပုံ..
အဲ့လိုလုပ်ပေးချင်တဲ့လူတွေကိုယ်တိုင်
IT ကို abcd က တက်အောင်
အရင်ကြိုးစားကြပါဦး..
I agree with BaZan.
"မပြီးခင် ဗမာ မမြင်စေနဲ့" ဆိုတာ သိပ်မှန်တာပဲ။
Dear Ko Toke Kyi, Dr. Lun Swe and blogger friends,
With this comment, I would like to explain Burma Media Association's position on MBAA Award.
The award was initiated by a group of Burmese bloggers, both of inside the country and overseas. The group is composed of respected bloggers including a Buddhist monk and authors of a Blogger Handbook (who also are friends of Ko Nay Phone Latt).
As we see it is worthwhile to support such a noble initiative, BMA did not hesitate to support it, and we will continue to do so.
I can assure you that BMA has no plans to seek any sort of financial support from any organization with regard to this award.
BMA has been for many years constantly working for the press freedom in Burma and protecting journalists and bloggers. So it is not strange that we wholeheartedly support this award.
While I admire very much of the skill of Ko Toke Kyi's satire writing, I do regret to see the abusive language and unfounded accusations he made in his satire.
As for me, all responsive writings including satires must be based on true facts and it should be written in decent language. That also applies to all responsible blog sites that repost other blogs, in this case Dr. Lun Swe's blog.
Sincerely,
Maung Maung Myint
President
Burma Media Association
myintm@bma-online.org
ဦးမောင်မောင်မြင့် ခင်ဗျား
ယခုကဲ့သို့ ပြန်လည် ရှင်းလင်းရေးသားချက်အား အလွန်မတန် ကျေးဇူးတင်ပါသည်။
အထူးသဖြင့် နအဖ လက်အောက်တွင် Blogging ကို အားတက်သရော ပြည်တွင်းမှ ဆောင်ရွက်နေသော လူငယ်များ ပြည်ပ နိုင်ငံများတွင်နေသော်လည်း အမိနိုင်ငံသို့ အချိန်မရွေးပြန်နေကြသည့် လူငယ်များသည် များသောအားဖြင့် သူတို့  မည်သူဆိုသည်ကို မသိစေချင်ကြသည်က များပါသည်။ Blog များအား ထင်ပေါ်ကျော်ကြားလိုသောရည်ရွယ်ချက်ဖြင့် မြန်မာလူငယ်များ က ရေးသား နေကြခြင်းမဟုတ်ပါ။
အရှင်မွေးနေ့ ခြင်းကြီးဆိုသော စကားအတိုင်း လည်း ဦးမောင်မောင်မြင့်တို့ ပေးမည့် အကယ်ဒမီ အတွက် မျှော်မှန်းချက်ဖြင့်ရေးသား နေခဲ့ကြခြင်းမဟုတ်ပါ။
Blog ရေးသားသူအချင်းချင်း တဦးနှင့်တဦး မည်သူ သာသည် မည်သူ ညံ့သည်ဆိုသည့် စံချိန်တစ်ခုအတွက်လည်းရေးသားကြခြင်းမဟုတ်ပါ။
ရေးချင်၍ သာ ရေးနေကြခြင်းဖြစ်ပါသည်။
ယခု ကျနော်ဆွေးနွေးခဲ့သော ကိစ္စများသည် အနည်းအကျဉ်းမျှသာ ဖြစ်သေးသကဲ့သို့  ကျနော်သည်လည်း မည်သည့် blogger ကိုမှ ကိုယ်စားမပြုပါ။ ထိုအတွက် အားလုံးကိုယ်စားပြန်လည်ဖြေရှင်းချင်းမဟုတ်။
ကျနော့်အနေဖြင့် မိမိစားဝတ်နေရေးအတွက် လုံးပမ်း နေသည့်အလျှောက် Blog များ အား စိတ်ရှိတိုင်းဝင်ဖတ်နိုင်သည့်အခြေအနေမရှိပါ သို့ သော် ခင်မင်သူ လူငယ်များ မှ အသိပေးပြောကြားကြကာ မကျေနပ်မှုများ ကိုရင်ဖွင့်ကြသည်မှစ၍ ရေးသားဖြစ်ခြင်းဖြစ်ပါသည်။
ဦးမောင်မောင်မြင့်တို့ ၏ BMA အဖွဲ့ မှ ကာကွယ်ဆောင်ရွက်ပေးနေကြသည် ဆိုသည့်အချက် နှင့်ပတ်သက်၍ လည်း မည်သို့ မည်ပုံ ထိထိရောက်ရောက်ကာကွယ်ပေးခဲ့ကြသနည်း ဟု မမေးလိုပါ သို့ သော် သင်တို့ ၏ အကယ်ဒမီလောင်းများ သည် ပြည်တွင်းတွင်လည်း နေထိုင်နေကြသော လူငယ်ကလေးများဖြစ်ကြပါသည်။ သင်တို့ တွင် နအဖ ထက် သာလွန်သော နည်းစနစ်တခုခုဖြင့် အိမ်တိုင်ရာရောက်ဆက်သွယ်ချီးမြှင့်နိုင်မည် ဆိုပါလျှင်တော့ အလေး ပြုပါ၏။
Abusive language ဆိုသည်ကိုမငြင်းပါ။
ထိုအတွက်လည်း ၀မ်းနည်းပါသည်။
I can assure you that BMA has no plans to seek any sort of financial support from any organization with regard to this award.
အထက်ပါ ရှင်းလင်းချက်နှင့်ပတ်သက်၍ ၀မ်းမြောက်ပါသည်။ မြင်သမျှ ပြည်ပမြန်မာအဖွဲ့ များသည် initiative တစ်ခု စတင်လုပ်ပြပြီးသော်လည်းကောင်း project တစ်ခုဆွဲပြီး မှသော်လည်းကောင်း seeking donors လုပ်တတ်ကြသည်ကို historical trends များအရ သတိထားမိသူတိုင်းသိကြပါသည်။ သို့ သော် ယခုကဲ့သို့ အိပ်စိုက်လုပ်ပေး မည် ဆိုသည်ကိုတော့ အမှန်တကယ်ပင် လေးစားပါသည်။ အကယ်ဒမီအစီအစဉ်အဓွန့် ရှည်သမျှ အိပ်စိုက်လုပ်ပေးမည်ဟု ပင် ယုံကြည်လိုပါ၏။
ပုဂ္ဂိုလ်ရေးအရ ဦးမောင်မောင်မြင့် အပါအ၀င် BMA အဖွဲ့ ဝင်များ ရော ယခု အကယ်ဒမီ ဒိုင်လူကြီးများကိုပါ ကျနော့်အနေဖြင့် လေးစား ဆဲဖြစ်ပါသည်။ ဆက်လက်၍လည်း လေးစားနေပါမည်။ ကျနော်၏ စာအရေးအသားသည် ကျားလျှာနှင့်ပွတ်သလိုဖြစ်သွားသဖြင့် နောက်တကြိမ် ငှက်မွေးဆီဆွတ် ဖြည်းဖြည်းပွတ်ရန်သတိထား ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ဦးမောင်မောင်မြင့်ခင်ဗျား
ခင်မင်လေးစား လျှက်
တုတ်ကြီး တာဝတိံသာ
မှတ်ချက်။ ။ အတင်းဖျစ်ညှစ်ကာ ဘိလပ် စကားများ ကြားညှပ်ရေးပြနေသည်ကို သည်းခံပေးပါ ခင်ဗျား။
မထင်မှတ်ပဲ ဖတ်ဖြစ်တာ သိပ် Aggressive ဖြစ်တယ်လို့ မြင်တယ်၊ ဘလောက်တွေထဲမှာလဲ သူ့ဟန်နဲ့သူ ရှိနေကြတာ ဆိုတော့ ဒေါက်တာလွဏ်းဆွေ ဘလောက်ကတော့ ဆရာကြီးဟန်နဲ့ လူညွန့် ခူးစားတဲ့ ဟန်ပါ.....? ဒုက္ခသည်လျှောက်တာ မရလဲ အေးအေးဆေးဆေး စာရေးစားနိုင်သားနဲ့...အမှန် ပြောနာတတ်ပါစေ။
&yf uGuf xJ rSm Asm........ wkwfMuD; .........
wkwfMuD; wdkh rsm; tvkyf &SKyf vdkuf yHkrsm; vGefbm a&mh vm; ....
avmf u,f & xm;udk r rDS csif a,mif aqmif jyD; oumv vrf; ab; vufzuf&nf qdkif jyD; [dk aumifr....
awmf awmf wif MuD; yJ....
[dk vl MuD; olh rdef; r udk u vd xdk; wm vuf vGef jyD; qdk bJ... nm bJeJh vkyf pD; ae awm. .... b,f rD r vJ...
oa&mfpm qdk wm tjrif r awmf wm? vlh ywf 0ef; usif eJh rtyf pyf wm udk acsm awmh aigh wm vdkh usKyf em vnf wm yJ/
tck acwf Blogger awG u vJ cyf wHk; wHk;awG r[kwf Mu yg bl;/
MBAA qdk wm u vJ olhtvkyf olvkyf ae wmyJ/ r awmf w a&mf ykqdk; csGwf aNy; ae wm rS r[kwf wm/
wkwfMuD; a& oa&mfpm wm bm vJ [if vdkh..................................
အနှီ အကယ်ဒမီ ဆုကြီးအား လက်ဝယ်ပိုင်ပိုင် ရလိုသူများအတွက်.......
နည်းပညာ နဲ့ ထိန်းချုပ်ထားသည် ဆိုသော်ငြားလည်း နည်းပညာနှင့်ပင် ပြန်လည်ကျော်လွှားနိုင်ပါသည်။ ဥပမာ - မိမိ တစ်ဦးတည်းမှပင် မဲ ပေးနိုင်ခွင့် ၂ ခါ ရယူ မဲပေးခဲ့ပြီးပါပြီ။ ဖြစ်နိုင်သည်မှာ IP address တစ်ခု မှ တစ်ခါပဲ မေးပေးခွင့် ရှိသည်ထား၊ IP address အမျိုးမျိုးပြောင်းပြီး မဲပေးနိုင်ခြင်းပင်။ ဆိုပါစို့ Cyber Cafe တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်းပြီး မဲပေးခြင်း အားဖြင့် မိမိ အလိုရှိရာ မည်သူ့ကိုမဆို မဲအများဆုံး ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ဒီမိုကရေစီ + နည်းပညာ = လည်သူစားစတမ်း ပင်မဟုတ်ပါလော။
press freedom အတွက်အလုပ်လုပ်နေသည်
ဟုဆိုသော BMA သည် Blog Academy Award ကြောင့် ဘလော့ဂါတွေ၏ privacy ကို ထိခိုက်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ပါသလား။ Blog Academy Award ကြောင့် ရလာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ဘယ်လောက်အချိန်ယူ ဘယ်လ်ုမီတင်မျိုးတွေ ထိုင်ပြီး ဆုံးဖြတ်ခဲ့ပါသလဲ။
ဦးမောင်မောင်မြင့်က အခုလို " As we see it is worthwhile to support such a noble initiative, BMA did not hesitate to support it, and we will continue to do so. " ရေးထားသည်ကို ဖတ်မိပြီးနောက် သွားသတိရမိသည်မှာ
BMA သည် န.အ.ဖ ၏ တံတားထိုး၊ ဆည်ဆောက်သည့် ကိစ္စလိုပင်၊ တံတားထိုး ဆည်ဆောက်သည်မှာ ကောင်းသည် ကိစ္စ ဖြစ်သည်။ လုပ်ကိုလုပ်မည်။
သို့ သော် တံတားထိုးသင့်သည့်နေရာ၊ မြေသား၏ ခံနိုင်ခြေကို ဂရုမစိုက်၊ ဆည်ဆောက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည်ကို ခေါင်းထဲ မထည့်သည့် သဘောမျိုးနှင့် ဆင်တူသည်။
Blog Academy Awardသည် ဘလော့ဂါတွေ၏ privacy ကို များစွာထိခိုက်သည်။ မြန်မာဘလောဂါတွေသာမက ကမ္ဘာဘလောဂါအများစုသည် ဘယ်သူဘယ်ဝါဖြစ်သည်ဟု နာမည်ခံပြီးရေးနေကြသည်မဟုတ်
အခုBlog Academy Award ကြောင့်
ဆုရသူများသည် ဘယ်သူဘယ်ဝါဖြစ်သည်တင်မက အိမ်လိပ်စာပါပင် ပေးရအုံးမည်။
Press Freedom ကို care လုပ်သည်ဟုဆိုသော BMA သည် ဘလော့လောက၏ Freedom and Privacy ကို ဘယ်လောက်ထည့်သွင်းစဉ်းစားခဲ့ပါသလဲ။
Blog Academy Award ရဲ့ ရည်ရွယ်ချက်မှာ
"မြန်မာ ဘလောဂ့်လောကကို ပိုမို နီးကပ် စည်းလုံးမှု ရရှိစေရန်၊ အနည်းဆုံးအားဖြင့် မြန်မာဘလော်ဂါများ ရင်းနှီး ပျော်ရွင်မှု ရစေရန်။"
အခုလို ဆိုထားပေမယ့်လဲ ပိုမိုနီးကပ်စည်းလုံးဖို့  ရင်းနှီးပျော်ရွှင်မှု့ ရဖို့ နေနေသာသာ တစ်ယောက်နှင့် တစ်ယောက် ပြိုက်ဖက်သဖွယ် သဘောထားကြပြီး မနာလိုမှု့ တွေ ၀န်တို မှု့ တွေဖြင့် ရှိနေသော ခင်မင်မှု့ လေးတွေပါ ပျောက်သွားနိုင်သည်။
နောက်ရည်ရွယ်ချက်တစ်ခုမှာလဲ "နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ အရည်အသွေးနှင့် အရည်အချင်း အရပါ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်။"
အခုလို ရေးထားသည်မှာ ဘလော့ဂါတွေကို စော်ကားရာရောက်သည်။ ဘလောဂါအများစုသည် ငချွတ်တွေမဟုတ်ကြ။ ကမ္ဘာအနှံ့ အပြားတွင် professional အလုပ်များ လုပ်ကိုင်နေကြသော ပညာတတ်များ ဖြစ်ကြသည်။ အဆိုပါသူများကို အပေါ်စီးကလေသံဖြင့် ဘယ်လို အရည်အသွေးမျိုးတွေ ပြည့်ဝနေတဲ့ လူတွေက ဘလောဂါတွေကို မည်သို့ အရည်အသွေး အရည်အချင်းတွေ တိုးတက်အောင် ဆရာကြီးလုပ် ညွန်ပြဖို့ ရည်ရွယ်ထားသနည်း။
မြန်မာဘလောဂါတွေကို နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော့ဂါများနှင့် ရင်ဘောင်တန်းနိုင်ရန် သွန်သင်ဆုံးမလိုသူများသည် ကိုမင်းဒင်ဘလော့မှ "ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့  ရသေ့သုံးပါး ဝတ္ထု " ကို အရင်ဖတ်ပြီး ကိုယ်ကိုကိုယ် အရင် သွန်သင်ဆုံးမသင့်သည်။
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့  ရသေ့သုံးပါး
http://mindinn.blogspot.com/2008/12/blog-post.html
mmblogpress.com သို့
ငွေရေးကြေးရေး အရှုပ်အရှင်း နောက်ခံ ဆိုတာတွေကိုတော့ ကျနော်လည်း အသေအချာ မသိနိုင်တဲ့အတွက် မပြောလိုပါ။ ဒါပေမယ့် အဲဒီ ၀က်ဘ်ဆိုက်ကို သွားကြည့်လိုက်တဲ့အခါ စီမံပုံတွေအတွက် ဘ၀င်မကျစရာတွေ အတော်တွေ့ပါတယ်။
ကျနော့် ကိုယ်ပိုင်အမြင်အရတော့ အခကြေးငွေကြောင့် မဟုတ်ဘဲ အပျော်ထမ်း ဘလော့ဂ် ရေးသားသူများကို အခုလို “အကောင်းဆုံး” ဆိုတဲ့ အနေအထားတခုကို ယှဉ်ပြိုင်သလို သတ်မှတ်ပြီး မဲပေးရွေးချယ်တာဟာ မသင့်လျော်ဘူးလို့ ထင်ပါတယ်။ အသိမပေးပဲ သူ့တို့ နာမည်တွေကို အတင်းဆွဲထည့် တန်းစီမဲပေးခိုင်းတာ မလေးစားရာလည်း ရောက်တယ် လို့ထင်ပါတယ်။
အခုလို မဲဆန္ဒခံယူပွဲကြီး ကျင်းပ လာပြန်တော့လည်း….
- မြန်မာဘလော့ဂ်ပေါင်း ၃၀၀၀ ကျော်ရှိတယ် လို့ကြားဖူးပါတယ်။ ဒီအထဲမှာမှ လှုပ်ရှားသက်ဝင်နေတဲ့ ဘလော့ဂ်ပေါင်း ရာချီတယ်လို့ ထင်ပါတယ်။ Myanmar Blog Directory ဆိုတာကိုလည်း အထင်အရှား ပြုစုထားကြတဲ့အတွက် သိချင်လျှင် အလွယ်တကူ ရည်ညွှန်းလို့ရပါတယ်။ mmblogpress မှာ short-list လုပ်ထားတဲ့ ဘလော့ဂ်များဟာ အရေအတွက်ကိုက နည်းပါးလွန်းလှပါတယ်။ ဒါဟာ မတရားပါဘူး။
- အခုလို လုပ်ပြီးမှတော့ စာရင်းထဲ ပါဝင်ပြီး တန်းစီခံလိုက်ရတဲ့ ဘလော့ဂါထဲမှာ မကြိုက်ကြပေမယ့်လည်း ရန်များမှာစိုးလို့ မပြောပဲ ငြိမ်နေကြဖို့ပဲ များပါတယ်။ ကိုယ့်နာမည်မပါသေးလို့ ပါစေချင်တဲ့လူကလည်း ကိုယ့်ကိုယ်ကို ထည့်ပေးပါဆိုတာ တော်တော် ခက်တဲ့ အနေအထားဖြစ်ပါတယ်။ ပြီးတော့ မဲပေးပွဲကလည်း စနေပြီလေ။
- အမျိုးအစားခွဲထားတာတွေက ဘာကြောင့် ဘယ်လိုခွဲတယ် ဆိုတာကို မသိရပါဘူး။ ဘယ်ဘလော့ဂါတွေကို ဘာလို့ အဲဒီအမျိုးအစားတွေထဲ ရွေးချယ် ထည့်တားတယ် ဆိုတာကိုလည်း နားမလည်နိုင်ပါဘူး။ မသင့်တော်တာတွေလည်း အများကြီး တွေ့ရပါတယ်။
- မသပ်ရပ်မှုတွေ လွဲချော်မှုတွေ အတော်များပါတယ်။ ဥပမာ.. side bar မှာ ကဏ္ဍအလိုက် မဲပေးရန် ဆိုတဲ့အထဲက ဘလော့ဂ်တွေနဲ့ menu bar မှာ မဲပေးရန် To Vote ဆိုတာနဲ့ မကိုက်ညီပါဘူး။ ကဏ္ဍတခုခုမှာ တွေ့သော်လည်း သက်ဆိုင်ရာ မဲစာရင်းထဲကျ ပါမနေတာတို့ ဖြစ်နေပါတယ်။
- မဲစပေးတာ ၂၅ ဒီဇင်ဘာကလို့ သိရပါတယ်။ တခါပဲပေးရမယ် လို့လည်း သိရပါတယ်။ အခုအချိန်အထိကို နောက်ထပ် ဘလော့ဂ်တွေ ထိုးထည့်နေတုန်းပါပဲ။ အဲဒီ အသစ် အထည့်ခံရသူတွေအဖို့ မတရားပါဘူး။
ခြုံပြောရရင် တော်တော်ကို အစီအစဉ် မကျမနနဲ့ ဖြစ်သလိုလုပ်ထားတဲ့ မဲပေးပွဲကြီးပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ် ဆိုရင် နေရာရနေတယ် ဆိုသော မည်သည့်ဘလော့ဂါတွေက ဒီလိုစီစဉ်တယ်ဆိုတာကိုလည်း ပွင်ပွင့်လင်းလင်း ဖော်ပြထားသင့်ပါတယ်။
စေတနာနဲ့ လုပ်တာ.. အမှားအယွင်း မကင်းပါ လို့ စီစဉ်သူ ဆရာများက ဆိုနေပါဦးမယ်။ ကျနော်တို့ အချစ်တော် နအဖ လည်း နိုင်ငံတော်ကို ကိုလိုနီလက်သစ်များ ထံမှ ကာကွယ်ရန် စေတနာအပြည့်နဲ့ လုပ်နေတယ်လို့ ဆိုလေ့ရှိပါတယ်။ ပါးစပ်ကပြောနိုင်တဲ့ စေတနာရှိမရှိဆိုတာ ကိုင်တွယ်ကြည့်ရှုလို့ မရတဲ့အချိန်မှာ လုပ်ပုံကိုင်ပုံ ဟန်မဟန် ဆိုတာကတော့ မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။
စေတနာ တကယ်ရှိလည်း ပွင့်လင်းမြင်သာမှုအပြည့်နဲ့ တရားမျှမျှတတ ကောင်းမွန်မှန်ကန်အောင် လုပ်ကြစေချင်လိုပါတယ်။ ဒီလိုမဟုတ်ပါက အခုကိစ္စဟာ မြန်မာဘလော့ဂါတွေကြား မကျေနပ်မှု စိတ်မသက်သာမှု တွေကိုသာ ဖြစ်စေပြီး ချီးမွမ်းရာမရောက် ကဲ့ရဲ့ရာ ရောက်စေပါတယ်။ မြှင့်တင်ရာမရောက် နှိမ့်ချရာ ရောက်စေပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ဒီအကယ်ဒမီ ရွေးချယ်ပွဲကြီးဆိုတာ တကယ် သင့်တော်မတော် ပြန်သုံးသပ် ကြစေလိုပါတယ်။ အကျိုးအမြတ်မပါ စေတနာနဲ့ လုပ်ကြတာ ဆိုတော့ကာ ပရောဂျက်တခု deadline မိနေသလို ဒရောသောပါးလည်း ဖြစ်စရာ မလိုတဲ့အတွက် အများဆန္ဒကို လူသိရှင်ကြား မေးမြန်းတိုင်ပင်ကာ ဆုပေးပွဲအတည် ဖြစ်မလာခင် အချိန်မီ ပြန်လည်သုံးသပ်ကြစေလိုပါတယ်။
(ဆရာလွမ်းခင်ဗျား ကျနော့်မှတ်ချက်ကို ပို့စ်တခုအဖြစ် ဖြစ်နိုင်လျှင် တင်ပေးပါရန် လေးစားစွာ ခွင့်တောင်းပါတယ်။)
လေးစားစွာဖြင့်
ကိုကိုဦး
မကြိုက်ရင်လဲမကြိုက်တာကိုပြောခွင့်ရှိတယ်ဆိုတာမှန်ပေမယ့် ရွဲ့သလိုစောင်းသလို ကပ်ဖဲ့ရပ်ဖဲ့ပြောတာမျိုး၊ လှလှပပပြောလို့ရတဲ့ ယဉ်ကျေးတဲ့မြန်မာစကားလုံးတွေရှိရဲ့နဲ့ ဘာလို့များဖတ်လို့မသင့်အောင် မြင်မကောင်းရှုမကောင်း စကားလုံးတွေသုံးထားတာလဲဗျာ။ ဟိုဘက်ကသူ့ဘာသာ ဆုပေးမယ်ဆိုရင်တောင် ကိုယ်ကမယူချင်ရင်ဖြစ်တာပဲမဟုတ်လား။ ကိုယ့်ကိုလူသိမှာစိုးရင်လဲ ဆုကိုမယူပဲနေလို့ရတာပဲ။ ဆုပေးတဲ့အဖွဲ့အစည်းကို နောက်မှဒိုင်ဗင်ပစ်ဝင်လာတာလို့ပြောတာမျိုးကိုလဲ စဉ်းစားလို့မရအောင်ကိုဖြစ်မိတယ်။ နိုဘယ်ဆုကလဲ နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အတွေးခေါ်ရှင်တွေ၊ စသဖြင့် သူ့အလုပ်သူလုပ်နေကြတဲ့ လူပုဂ္ဂိုလ်တွေကို နောက်မှဒိုင်ဗင်ပစ်ဝင်လာတဲ့ ဆုပေးတဲ့အဖွဲ့လို့ပြောလို့ရတာပဲ။ နိုဘယ်ဆုမပေးခင်ကတည်းက လူတွေကသူ့ဘာသာ တီထွင်ဖေါ်ထုတ်နေကြတာမဟုတ်လား။ နိုင်ငံခြားကိုမှအထင်ကြီးနေကြတာများလား။ နိုင်ငံခြားသားကပေးတဲ့ဆုမှဆုလို့သတ်မှတ်လို့လား။
အဓိကပြောချင်တာကတော့ ဒေါက်တာအမည်ခံထားသော Blog ကို မိမိအဆင့်အတန်းနှင့်ညီအောင် ယဉ်ယဉ်ကျေးကျေးတုံ့ပြန်တတ်အောင်သင်ယူပါဦးခင်ဗျာ။
နိုဘယ်ဆုနှင့်တော့ မနှိုင်းယှဉ်သင့်ပါ။
ယခု ဆုပေးပွဲသည် အပျော်သက်သက် (သို့မဟုတ်) ထိုက်တန်သည့်ဆုဖြစ်ပေါ်လာရေး အတွက် အစပျိုးစမ်းသပ်မှုတစ်ခု အဖြစ်သာ လက်ခံ နိုင်ဖွယ်ရှိပါသည်။
အကယ်ဒမီ ဟု ခေါ်ဆိုမည့် အစား Online မဲ အများဆုံးဆု (သို့မဟုတ်) Internet Polling စနစ်ဖြင့် ပြုလုပ်သည့် ပရိဿတ် အကြိုက်ဆုံးဆု ဟုသာ ခေါ်ဆိုသင့်ပါသည်။
Category ခွဲထားသည် မှာလည်း Criteria မရှိ၊ ထိုက်တန်သည့်ဆု ဟု ဆိုရအောင်လည်း Judgment Rule များ စနစ်ကျကျ ပြည့်ပြည့်စုံစုံ မရှိုသေး သည့်အပြင် ကလေးတစ်ယောက် လက်ဆော့ထားသည့် Blog တစ်ခု သာသာ လောက်သာ အဆင့်ရှိပါသဖြင့် အကယ်ဒမီပွဲဆူခြင်း ကို ဤမျှလောက်ဖြင့်သာ ရပ်သင့်ပါကြောင်း ရိုးသားစွာ တင်ပြအပ်ပါသည်။
အဓိက တပ်လှန့ ၇မှာက အခုဘလော့မှာလည်း နအဖ ဘလော.ပိတောက်မြေ ပါတာတွေ့ ရ လို့ ဆု၇တဲ့သူတွေ ဘယ်သူမှ လိပ်စာ မပေးပြါန့ ဆိုတာ ဖြန့်ပါ။
ကိုးကန့်ဖြစ်စဉ်အပေါ်တရုတ်နိုင်ငံအခြေစိုက် အဝေးရောက်ဗမာပြည်ကွန်မြူနစ်ပါတီ၏လေ့လာသုံးသပ်ချက်http://demowaiyen.blogspot.com/2009/09/blog-post_02.html
ဗကပ က သူ့ဆီက ခွဲထွက်သွားတဲ့အဖွဲ့တွေကို စစ်အစိုးရက အပြီးအပြတ်ချေမှုန်းနေတာ ၀မ်းသာတာလား၊ ၀မ်းနည်းနေတာလားမသိ
Post a Comment