ပြီးခဲ့တဲ့နှစ်
အိုအောင်
တနင်္ဂနွေပြီးတော့ တနင်္လာ
တနင်္လာပြီးတော့ အင်္ဂါ
ကားဘီးရာများစွာ
ထီလက်မှတ်များစွာ …။
သူတို့ ဘယ်ကိုသွားနေကြတာပါလိမ့်
သူတို့ ဘယ်လိုအသက်ရှင်နေကြတာပါလိမ့်
ငါကကော ဘယ်လိုလဲ …။
အဲဒီနေ့တွေ လက်ထဲက ချော်ထွက်သွားတယ်
အဲဒီနေ့တွေ ပါးစပ်ထဲက ပြုတ်ကျသွားတယ်
သူရှာနေတာအတွက်
သူသေချာခဲ့သလို
ကျုပ်ဆာနေတာအတွက်
ကျုပ်သေချာခဲ့ပါတယ် …။
လက်ဖက်ရည် တခွက်ပြီးတခွက်
သမ်းဝေမှု တခွက်ပြီးတခွက် …။
တနင်္ဂနွေက ကျားထိုးလို့
တနင်္လာက ၀တ္ထုဖတ်လို့
အင်္ဂါက ဖဲသုံးပုံရိုက်လို့ …။
ဓားမ ဆုံးခဲ့တယ်
အသံပြာခဲ့တယ် …။ ။
အိုအောင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၀)
အိုအောင်
တနင်္ဂနွေပြီးတော့ တနင်္လာ
တနင်္လာပြီးတော့ အင်္ဂါ
ကားဘီးရာများစွာ
ထီလက်မှတ်များစွာ …။
သူတို့ ဘယ်ကိုသွားနေကြတာပါလိမ့်
သူတို့ ဘယ်လိုအသက်ရှင်နေကြတာပါလိမ့်
ငါကကော ဘယ်လိုလဲ …။
အဲဒီနေ့တွေ လက်ထဲက ချော်ထွက်သွားတယ်
အဲဒီနေ့တွေ ပါးစပ်ထဲက ပြုတ်ကျသွားတယ်
သူရှာနေတာအတွက်
သူသေချာခဲ့သလို
ကျုပ်ဆာနေတာအတွက်
ကျုပ်သေချာခဲ့ပါတယ် …။
လက်ဖက်ရည် တခွက်ပြီးတခွက်
သမ်းဝေမှု တခွက်ပြီးတခွက် …။
တနင်္ဂနွေက ကျားထိုးလို့
တနင်္လာက ၀တ္ထုဖတ်လို့
အင်္ဂါက ဖဲသုံးပုံရိုက်လို့ …။
ဓားမ ဆုံးခဲ့တယ်
အသံပြာခဲ့တယ် …။ ။
အိုအောင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၀)
No comments:
Post a Comment