တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
အမတ်မင်းများကလည်း ကျလိကျလိ ဖြစ်နေကြပုံပေါက်၏။ ဖြစ်ပျက်နေကြပုံက သွေးဆုံးမှ ကလေးလိုချင်တဲ့ မုဆိုးမ ညနေမှောင်ရီတရော ရွာထိပ်ထွက်ပြီး ညောင်စောင့်နတ်ထံ discount ချ သားဆုပန်တော့မည့်ဟန်ဖြင့် ...။“မင်းကြီးများ ...” ဟု ကိုရင်သန်းရွှေက ဗိုက်ပင့်ကာ ဘိုကေ ဆိတ်ချေးပုံလောက်နှင့် အော်လိုက်လျှင် “ဖြား” ဟု ယောင်ယမ်းထူးဖို့ အထိတောင်မှ စိတ်ကူးကယဉ်ထားကြပုံ ...။
“ရှင်း .. ရှင်း .. ပြောပါလား ... ရှင်းရှင်းပြောပါလား ခပ်ရှင်းရှင်းပြောကွယ် ...” ဟု ဟေမာနေ၀င်း ဆိုခဲ့သလိုဆို ပြီး မေးရမည့်ပုံပါပဲလား ဦးရယ်။ “ဦးသိပ်ဆိုးတယ် .. ဦးဟာလေ ... လူနားလည်အောင်လည်း အပြောဘူး အ ပြောလည်း ပြောချင်သေးတယ်” ဟု မင်းသမီးလေး နာနာက သွားလေသူ ဗိုလ်ကြောက် မြင့်အောင်ကြီး၏ ဆာ ဒူးကြီးတန်ခိုး မပြသည့် သွားကြားထိုး တံကိုကြည့်ရင်း ညည်းသလိုပဲ ညည်းရတော့မလို …။ ဦးတင့်ဆွေတို့ ရေး ပုံဖတ်ပြီး ဘာကိုနားလည်ရမှန်းမသိ …။
သရော်စာဆိုသည်မှာ သရေစာလို မဟုတ်သဖြင့် ဗိုက်လည်းမပြည့် ပါးစပ်လည်းမညောင်း ...။ မှန်ပေ၏။ ဦး တင့်ဆွေက 'ရေဖြည့်ပေးစေချင်ပါသည်" ဆိုသည့်ခေါင်းစဉ်ဖြင့် မေတ္တာရပ်ခံလာ၏။ အင်မတန် လျော်ကန် သင့်မြတ်လှသည့် တောင်းဆိုချက်ပါ ပရိသတ် ...။ transparency ရှိခြင်းဆိုသည်နှင့် ၀ိုင်းဝန်းဖုံးကွယ်ခြင်းဆို သည့် ကိစ္စကိုတော့ အလေးအနက် စဉ်းစားပါ ဘဘ ...။ ဗိန္ဓောဆရာ၏ ငန်းနီကျော်ဖြင့် ဦးနှောက်က အကျိတ် ကို ကုမရနိုင်ပါ။ အာနိုးကြီး ဗိုက်ပူကာ ကလေးမွေးသည်ဆိုလျှင် တော်ပေသေး၏။ ဘိုင်စကုတ်ထဲ ကြည့်လိုက် ရသကိုး ဒါကတော့ ...။
မြို့မေတ္တာခံယူတဲ့ သားတွေက ... အလိုဗျာ ... မြို့မေတ္တာခံယူတဲ့ သားတွေက ... မယားတွေရ (ဗေဒို့ပို့ပတ်) မ ယား ဟား ဟား တွေ ရ ... ကားတွေ ရ ... (ပတ်တတ်တတ်ပလို့) ကား ဟား ဟား တွေရ အလိုဗျာ ... မှား ဟား ဟား ဟားပေစွ၊ မှား ဟား ဟား ပေစွတကား ... ဟား ဟား ... (တူနယ်တယ် တူ့နယ်တယ် တူ့နယ်တယ့်နယ် တူးနယ့်တယ်နယ်တောင်) ...။
ကျွန်ုပ်တုတ်ကြီးသည် ဇာတ်ပိုးရှိသည်နှင့်အညီ မည်သူမျှ မမြင်ဘူးအထင်နှင့် အိမ်ပေါ်ထပ် ကျွန်းဘီရိုဟောင်း ကြီးမှ သနပ်ခါးစက်များ ပေကျံနေသည့် ကိုယ်လုံးပေါ် မှန်ကြီးရှေ့ တွင် တခါမှ အတူမနေလိုက်ရဖူးသော မိန်း မ၏ ပန်းနုရောင် ပိုးထမီကို နှစ်ခြမ်းဖြဲကာ တောင်တိုပုဆိုးလုပ်လျက် (လုပ်ချင်တာက တောင်ရှည်ပါ) ဘောင်း ဘီတို ပေါ်တွင် ပတ်၏။ ကွမ်းစားထားသော နှုတ်ခမ်းမဲမဲရဲရဲကြီးကိုထော်ပြီး ဘုရားပွဲတုန်းက ကလေးတွေ လက် ဆောင်ပေးရန် ဆိုသောအကြောင်းပြချက်ဖြင့် ၀ယ်ထားသည့် မင်းသားခေါင်းဆောင်း စက္ကူဘောင်းတော်ကို ခေါင်းတွင်စွပ်၍ မှန်ရှေ့တွင် ဟန်ရေးပြနေ၏။ ရွှေမန်းတင်မောင့်အသံကို အတုခိုးကာ ကြာနီကန်လေသံဖြင့် ရောလျက် ကိုယ်ပိုင်စတိုင်အဖြစ်မွေးယူရင်း တယောက်တည်း မင်းသားကြီးလုပ်နေမိ၏။
လက်သင်သူနဲ့ ဖျက်ချင်သူများကလည်း အများကလား ဦးမင်းရဲ့ ဟဲ့ ဟဲ့ ... ခေါင်းကို ကိုကြီးကျော်ဝင်နေသော ဓားပြရုပ်နှင့် အခြောက်လုပ်နေသည့် နတ်ကတော်အထာဖြင့် ငြိမ့်ကာ ဘေးနားမှ ဖျာလိတ်ကို လူရွှင်တော်အ မှတ်ဖြင့် လှမ်းမေးလိုက်၏။ ဖျာလိပ်ကလည်း စိန် တုတ် တုတ် ကို တုတ် တုတ်မှပင် လှုပ်မပြ ...။
ဟိုးရှေးက ရွှေပွဲလာ ပရိသတ်ရေ ... သားသား စိန်တုတ်တုတ်က မမတွေကိုလည်း ချစ်တယ်၊ ညီမလေးတွေ ကိုလည်းချစ်တယ်၊ အမကြီးတွေလည်းချစ်တယ်၊ တီတီကြီးတွေဆိုလည်း အလွတ်မပေးပါဘူးခင်ဗျနော်။ သား သားကို ငချွတ်ကလေးထင်တော်မမူကြပါနဲ့ စင်တော်ဆိုတာ ထင်ပေါ်မှ ရောက်တာကလားဗျဟု သံနေသံထား ဖြင့် တကိုယ်တည်းညုရင်း လက်ထဲက ဖော့ပန်းကုန်းကြီးကို စိတ်ပါလက်ပါ ဆောင့်ဆွဲလိုက်ရာ လည်ပင်းမှ တင်းကနဲ ကြိုးရှသွားသလိုလို ...။ ဒီတော့ ခါးကို အနည်းငယ်ကုန်းပြီး ပရိသတ်ကို ဦးညွှတ်ဟန်ပြုလျက် ညာခြေ ကို နောက်သို့ ဖွဖွလေးထိုးကာ ဆုတ်လိုက်တော့ ထမိန်ကွဲစ တက်နင်းကာ ဖင်က ဟောင်းကနဲ ပြောင်မတတ် တော်ပေသေးရဲ့။ တရုတ်ဘောင်းဘီတိုကြီး ၀တ်ထားမိပေသေးလို့ ...။
တချက်မှတော့ ကျွန်ုပ် စိန်တုတ်ကြီးက အရှက်မရှိ။ ပြောင်၏။ ယောင်၏။ ထုံးစံအတိုင်းလည်း ကြောင်၏။ ဒီ တော့ ထပ်ပြီး တေးထပ်လိုလို ဘာလိုလိုလေးတွေဖြင့် ဖြေဖျော်ရဦးမည်။ အလိုဗျာ ... လက်သင်သူရယ် ... ဖျက်ချင်သူ တကယ်ရှိတာ မသိလေရော့သလား ... ရော့အင့် ... ၀က်ကင်ယူလကွယ် .. ကြက်ကင်အတူ ကိုက်ကြပါစို့လား ဟား ဟား ... တူ့နယ် တယ် တူ့နယ် တယ် တူ့နယ် တယ့်နယ် တူးနယ့်တယ့်နယ်လဗြောင် ...။ ပါးစပ်မှ အသံလည်းဆုံး မင်းသားမိုးဝင်းတို့ ကိုသိန်းဇော်ကြီးတို့ စင်ပေါ်မှာ ဖင်ထိုင်ချထိုင်ရင်း လက်က လေးနှစ်ဘက် ဘယ်ညာယှက်သလို ကော့ထားပြီး ခေါင်းကို တညိတ်ညိတ်ဖြင့် အတောလေးသတ်လိုက်၏။
ပြဿနာက ကျွန်ုပ်ခေါင်းက ရပ်မရတော့။ ထလည်းမရတော့။ လက်ကလေး ဘယ်ညာယှက်ကာ ပိုက်ထားသ လို ဟန်လေးကလည်း ဖြုတ်မရတော့။ ပါးစပ်ကလည်း အသံမထွက်တော့ တယောက်ထဲ မှန်ရှေ့တွင် ဟန်ရေး ပြရင်း အမြှုပ်တစီစီထွက်အောင် တောင်စဉ်ရေမရတွေလည်း အော်ပြီးပြီ ကိုယ့်အတတ်တော့ကိုယ်စူးပြီ။ မ တတ်နိုင်တော့ ကျွန်ုပ်လည်း ကျွန်ုပ်၏ မှန်ထဲက ပုံရိပ်ကိုကြည့်ရင်း အော် ငါ့နှယ် အဆို အပြော အက အရွတွေ ကောင်ရဲ့ ခုတော့ များကွယ် ... ဟုသာ စိတ်ထဲက နောက်ပိုင်း မင်းသားကြီး ညည်းးသလိုညည်းရင်း ငါလည်း NCGUB နဲ့ တော်တော် ဘ၀တူသွားပါကလားဟု သံဝေဂဖြင့် ...
စီးပွားရေးနဲ့ ကြီးပွားရေးနဲ့ သမီးရည်းစားရေးနဲ့ အောင်ပါစေ ...
ဇဗ္ဗူတ၀ှမ်းမှာ ... အူစမ်းဟဲ့ ငဒူတွေ ... အောင်ပါစေဟု စိတ်ထဲက သီဆိုရင်း ဇာတ်ပိုးကလည်း ရှိသည်နှင့်အ ညီ ထ မကနိုင်တော့သော်လည်း မျက်လုံးနှစ်လုံးကို ဟိုဖက်ထောင့်ကပ်လိုက် ဒီဖက်ထောင့်ကပ်လိုက်ဖြင့် က ကွက်ဆင်နေခိုက် မတော်လိုက်ရသော ယောက္ခမကြီး၏ တူမလေးက “အောင်မယ်လေး ဦးတုတ်ကြီး မင်းသား ကြီးလုပ်ရင်း ရူးသွားပြီတော့်” ဟူသော အော်ပြောသံကိုသာ နောက်ဆုံးကြားလိုက်ရပါတော့၏ ...။
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
Tuesday, December 2, 2008
အမျှ … အမျှ … မျှ ယူ ကြ
Subscribe to:
Post Comments (Atom)
2 comments:
alan gyi byar.good tal.
ရေ မရှိတဲ့ ချောင်းမှာ နှာခေါင်း ဖော်ပြီး သေသင့်တဲ့ သူတွေ အတွက် ရေဖြည့်ပေးလိုက်ကြပါ။
Post a Comment