Sunday, November 23, 2008

ကျောပေါ်က တောင်ယာများ (ကဗျာ)

ကျောပေါ်က တောင်ယာများ
ချိုစိမ့်

သစ်ခြောက်ပင်ပျောက်
တတောလုံး မီးခိုးလွှမ်းခဲ့ရ
သူဟာ အမာဆုံး သစ်သား
ပြီးတော့
သူ့အနှစ်အသားတွေကို
ချစ်လွန်းလို့ ပေးဆပ်နေသူ
သူရင်နဲ့ ထုဆစ်ခဲ့တာ
ဖွေရှာမရနိုင်သေးတဲ့
လူတွေ၊ ဥစ္စာတွေကတော့
အပြိုအပျက်
ဒီလိုပဲ
တိမ်ဝှက်ကစားကြတဲ့အခါ
အံကြိတ်သက်မချ
သင်္ခါရဆိုတာလည်း
နေသေးသပပေါ့
မီးရှို့တောင်ယာတွေ ကျောပေါ်တင်
ယာခင်းတခွင် လှည့်ကြည့်ဖို့
ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့ …။ ။

(ရဲဘော်တိုက်မောင်း၊ ရဲဘော်ထက်မိုး၊ ရဲဘော်ဂုရုနဲ့ အခြားရဲဘော်များသို့ …)

ကျကျန်ခဲ့တဲ့ အိပ်မက်တွေ
ချိုစိမ့်

အိပ်မက်တွေ
ကျဆုံးရစ်ခဲ့တာ
ဒီလိုတိုးရင်းတိုက်ရင်း
ကညင်ဆီတောင် မထွန်းပနိုင်တဲ့
ညနေရိုင်းမှာ
သူ ကဆုန်စိုင်းသွားပြီ …။

အရစ်ရစ်အပတ်ပတ်
သံယောဇဉ်အထပ်ထပ်တွေကို
ပင်စည်က ရိုက်ချိုးခံလိုက်ရ
ဝါးပိုးမျှစ်နဲ့ ချစ်ခြင်းတွေ ၀ဲပျံလာကြ
ခု … ည နှင်းဆီရိုင်းတွေကို လှိုင်းခတ်တယ် ။ ။

(ရဲဘော်ဂုရုသို့ …)

ချိုစိမ့်
၂၀-၁၁-၂၀၀၈

No comments: