Friday, November 21, 2008

ကွယ်လွန်သူ ရဲဘော်နေလ (ခ) ရဲဘော်မြင့်အောင် (ခ) ရဲဘော်ဂုရု၏ ကဗျာ

တကယ်တော့
မတ်လဆိုတာ
ပင်လယ်လိုပဲ။

မတ်လရဲ့ သမိုင်းအဆက်ဆက်ဟာ
လှိုင်းတွေ၊ မုန်တိုင်းတွေနဲ့ ပြည့်နှက်။

အနီထဲမှ ကြယ်ဖြူပွင့်
အမှောင်ခေတ်၏ အစ
ဖုန်းမော်၊ တံတားနီ
နှစ်ပေါင်းများစွာက အနီမွေးဖွားရာ
... စသဖြင့်
လွမ်းမောဖွယ်ရာ လူသိသူသိ
ဖြစ်ရပ်များ။

ပြောခဲ့ကြပါတယ်
တတိယနိုင်ငံလည်း ဦးမခိုက်ဘူး
စတုတ္ထနိုင်ငံဆိုပြီး မခြိမ်းခြောက်နဲ့
ရင်ထဲက ပဉ္စမနိုင်ငံတော်ထံ အရောက်သွားမယ်။

ဒီလိုလေထုတွေနဲ့
အမှတ်ရစရာ ပြည့်နှက်နေတဲ့
မတ်လကို ပြန်ရောက်တိုင်း
ကိုယ့်လိပ်ပြာ ကိုယ်မလုံစေတဲ့
အရှက်ရစရာတွေက
မျက်နှာကို မပြ၀ံ့စရာဘဲ။ ။

မြင့်ဇေ
(ရိုးမ ၃ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

No comments: