ခင်မမမျိုး
(www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်)
အခုတလော တီဗွီသတင်းတွေမှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကော်ရီဒါတွေမှာပဲဖြစ်ဖြစ် ကြားနေ ရတတ်တဲ့ စကားလုံးလေးတခုရှိပါတယ်။ မြူးနစ်စာချုပ် ဆိုတာပါပဲ။ ဒါနဲ့အတူ တွဲပြီးနာမည်ကြီးနေတာက တော့ တချိန်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချန်ဘာလိန်အကြောင်းပါပဲ။ ချန်ဘာလိန် မှားတယ်၊ မှန်တယ်နဲ့ ငြင်းခုန်နေကြတဲ့ အသံတွေက နေရာအနှံ့ပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အဓိက ဆက်စပ်နေတဲ့ strategic doctrine အ ကြောင်း ရေးသားတင်ပြချင်ပါတယ်။
မြူးနစ်နှင့် ချန်ဘာလိန်
ချန်ဘာလိန်အကြောင်း မပြောခင် ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်တိတိက ယခုလို အပတ်ထဲ၊ အတိအကျဆို ရရင်တော့ ၁၉၃၈ ခု၊ စက်တင်ဘာ ၂၉ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ မြူးနစ်စာချုပ်လေးအကြောင်း အရင်ကြည့်ကြရ အောင်ပါ။ ၁၉၃၈ ခု၊ စက်တင်ဘာလက ဗြိတိသျှဝန်ကြီးချုပ် ချန်ဘာလိန်နဲ့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာ တို့ Berchtesgaden မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟစ်တလာက ဂျာမနီရဲ့ Sudetenland ကို သိမ်းပိုက်ဖို့ အစီ အစဉ်ကို ဗြိတိန်က မထောက်ခံရင် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်မယ်လို့ ချန်ဘာလိန်ကို ခြိမ်း ခြောက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ချန်ဘာလိန်က ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွေးနွေးပြီးတဲ့အခါ ဒီကိစ္စဟာ လက်ခံနိုင်ဖွယ် ရာ မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ ခေါင်းဆောင်ကြီး ဟစ်တလာအတွက် အကျပ်ရိုက်သွားပါ လေရော။ ဗြိတိန်နဲ့ ပြင်သစ်ဟာ စစ်မဖြစ်ချင်ဘူးဆိုတာကိုလည်း သူက သိထားပြန်လေတယ်။ ပြီးတော့ သူ တွက်ဆထားလိုက်တာက ဒီနှစ်နိုင်ငံကတော့ ဆိုဗီယက်ယူနီယံနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးပေါ့။
ဒီလိုအခြေအနေမှာ ၀င်ပြီး အကြံပေးလုပ်သူကတော့ အီတလီ ဖက်ဆစ်ခေါင်းဆောင်ကြီး မူဆိုလိုနီပါပဲ။ သူက ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကွန် ဖရင့်တခု ကျင်းပဖို့ပဲဆိုပြီး အကြံပေးတယ်။ ဟစ်တလာက မူဆိုလိုနီစကားကို နေရာတော်တော်များများ နား ထောင်တာ တွေ့ရတယ်။ အခု ဒီကိစ္စမှာလည်း သူက နားထောင်တာပဲ။
ဒီလိုနဲ့ ၁၉၃၈၊ စက်တင်ဘာလ ၂၉ ရက်မှာ မြူးနစ်စာချုပ်ကြီး ပေါ်ပေါက်လာတော့တယ်။ စာချုပ်အရ ချန်ဘာ လိန်နဲ့ ပြင်သစ် Daladier တို့က ဂျာမနီဟာ Sudetenland ကို သိမ်းပိုက်နိုင်ကြောင်း သဘောတူညီခဲ့ကြတယ်။ အပြန်အလှန်အနေနဲ့ ဥရောပထဲမှာ နောက်ထပ် နယ်မြေတောင်းဆိုမှုတွေ မလုပ်ဖိုဟစ်တလာကလည်း ကတိပေးခဲ့တယ်။ ချက်ကိုစလိုဗက်ကီးယားက ထကန့်ကွက်တော့ ချန်ဘာလိန်က ဗြိတိန်ဟာ Sudetenland အတွက်နဲ့ စစ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အဲဒီအထိတုန်းကတော့ အကောင်းပဲ။ သူ့ကိုလည်း စစ်ကို ရှောင်နိုင်တယ်ဆိုပြီး တချို့ ကောင်းချီးသြဘာတွေပေးလို့။
အဲ … သိပ်မကြာပါဘူး။ ၁၉၃၉၊ မတ်လလည်း ရောက်ရော၊ ဂျာမန်စစ်တပ်ကြီးက ချက်ကိုစလိုဗက်ကီးယားကို သိမ်းလိုက်ပါလေရော။ နောက်များမကြာမီ ဒုတိယကမ္ဘာစစ်ကြီးလည်း ဖြစ်လာပါရော။ ဒီတော့မှ ချန်ဘာလိန် ဟာ ဟစ်တလာက မယုံရဘူးဆိုတာ သိသွားပြီး၊ သူ့ရဲ့ appeasement ပေါ်လစီ မှားသွားတယ်ဆိုတာ သိပါ လေရောတဲ့။ လူအများက ချန်ဘာလိန်ကို ၀ိုင်းအပြစ်တင်ကြပါလေရော။
ဟိုတချိန်တုန်းကတော့ ဒီဖြစ်ရပ်အကြောင်းးပြောကြတိုင်း ကျွန်မလည်း အပြစ်တင်တာပဲ။ ဗြိတိသျှဝန်ကြီးချုပ် ကြီးဖြစ်ပြီး ဒီလောက်တောင်ပဲ အယုံလွယ်ရလားလို့။ အဲ … စစ်မဟာဗျူဟာလေ့လာရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကျောင်းသူဖြစ်လာပြီး strategic doctrine ကို လေ့လာပြီးတဲ့အခါကျတော့ ကျွန်မ ချန်ဘာလိန်ကို နားလည်မှု ရှိသွားတယ်။ သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောချင်တော့ပေမယ့် သူဒီလို ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းဟာ ဘာကြောင့်ဆိုတာကို သတိထားမိသွားတာကြောင့်ပါ။
အဲဒီအချိန် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ strategic doctrine က offensive strategy မဟုတ်ပဲ defensive strategy ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလို အချိန်မှာ ဟစ်တလာကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အားနည်းချက်တွေ ရှိနေသေးတာကို တွက်ဆပြီး ဒီဆုံး ဖြတ်ချက်ကို သူချခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် strategic doctrine ရှိရပါတယ်။ ဒီလိုရှိမှလည်း မှန်ကန်တဲ့ နည်းဗျူဟာတွေကို ဆက်လက်ချမှတ်နိုင်မှာပါ။ စစ်အေးကာလအတွင်း က နေတိုးရဲ့ strategic doctrine ကို ဆက်ပြီး ကြည့်ကြရအောင်ပါ။
နေတိုးနှင့် 'flexible response' strategic doctrine
နေတိုးလို့ လူအများ အတိုကောက်ခေါ်လေ့ရှိတဲ့ North Atlantic Treaty Organizations (NATO) ဆိုတာ ဟာ ၁၉၄၉ခု၊ ဧပြီလ (၄)ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ North Atlantic Treaty ပါ ရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်နေတဲ့ alliance organization တရပ်ပါ။ စစ်အေးကာလအတွင်းမှာ နေတိုးရဲ့ အခန်းကဏ္ဍက တော် တော်ကြီးမားခဲ့ပါတယ်။ ဒီအချိန်တုန်းက နေတိုးကျင့်သုံးခဲ့တဲ့ strategic doctrine က flexible response ဖြစ် ပါတယ်။
ဒီ doctrine ကို အဆင့်သုံးဆင့်နဲ့ ရေးဆွဲထားပါတယ်။ နယူးကလီးယားလက်နက်တွေ ရှိတာနဲ့တင် ချက်ချင်း ကာရော စစ်ဖြစ်တာနဲ့ နယူးကလီးယားလက်နက် သုံးစွဲမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သုံးသင့်တဲ့ အဆင့် ရောက်မှ သုံးမှာဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်က direct defense ပါ။ ဆိုဗီယက်က နယူးကလီးယားလက် နက်မသုံးဘဲ conventional forces တွေပဲ သုံးပြီး တိုက်ခိုက်လာခဲ့ရင် ဒီလိုအလားတူ တပ်တွေနဲ့ပဲ ပြန်လည် တိုက်ခိုက်တာပါ။ ဥပမာ- ဆိုဗီယက်တပ်တွေ အနောက်ဂျာမနီကို ကျူးကျော်လာခဲ့ရင် နေတိုးတပ်တွေမှ ပြန် လည်ခုခံတိုက်ခိုက်ခြင်းပါ။
ဒီအဆင့်မှာမှ မရတော့ဘူးဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Deliberate Escalation အဆင့်ကို ရောက်ပါ မယ်။ ဒီအဆင့်ကတော့ အကယ်၍များ ဆိုဗီယက်တပ်များက နေတိုးတပ်များကို ချေမှုန်းနိုင်တဲ့ သွင်ပြင်ရှိနေ မယ်ဆိုရင် နယူးကလီးယားလက်နက် အနည်းငယ်ကို အကန့်အသတ်နဲ့ သုံးတဲ့အဆင့်မျိုးပါ။ တတိယအဆင့် ကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ General nuclear response ပါ။ အလုံးစုံသော ချေမှုန်းရေးပါပဲ။ mutual assured destruction scenario နဲ့ အနည်းနဲ့အများ ဆက်စပ်နေပါတယ်။
ဒီနေရာမှာ စစ်အေးကာလမှာ အမေရိကန်ပြည်တောင်စု ကျင့်သုံးခဲ့တဲ့ containment ဆိုတဲ့ ပေါ်လစီအ ကြောင်း အနည်းငယ် တင်ပြချင်ပါတယ်။ ဒီပေါ်လစီက ဒုတိယကမ္ဘာစစ်ကာလအပြီးမှာ ဆိုဗီယက်ရဲ့ နိုင်ငံရေး ထိန်းချုပ်မှုအောက်ကို ကျရောက်သွားတဲ့ နိုင်ငံများရဲ့ ဒိုမီနိုသက်ရောက်မှုကို ရပ်တန့်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ ပေါ်လစီဖြစ်ပါတယ်။ ဒီပေါ်လစီရဲ့ အခြေခံကို George Cannan ဆိုတဲ့ အမေရိကန် သံတမန်တယောက်က စတင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီက Negotiation နဲ့ compromise ကို အခြေခံတဲ့ appeasement ပေါ်လစီ နဲ့ အမြစ်လှန်ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အလုံးစုံချေမှုန်း ရေးအထိ ဆက်မသွားဘဲ နေရာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုး ဖြစ်ပါတယ်။
၁၉၆၄ တုန်းက အမေရိကန်ပြည်ထောင်စုမှာ republican candidate, Barry Goldwater က ဘာကြောင့် အ နိုင်မတိုက်တာလဲလို့ containment ပေါ်လစီကို challenge လုပ်တော့ ဒီမိုကရက်တစ် candidate, President Johnston က အနိုင်တိုက်ဖို့ လုပ်လိုက်ရင် နယူးကလီးယားစစ်ပွဲကို risk လုပ်လိုက်သလို ဖြစ်မှာပေါ့လို့ ဖြေ ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်စစ်ပွဲကာလမှာ လာအိုအထိ ၀င်ရောက်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းဖြတ်ဖို့ ဗိုလ်ချုပ်တယောက်ရဲ့ ပရိုပိုဆာကို အမေရိကန်သမ္မတက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီ က နိုင်ငံခြားရေးပေါ်လစီဆိုပေမယ့် နိုင်ငံတွင်းပဋိပက္ခများမှာလည်း အသုံးပြုတတ်ကြပါတယ်။
စစ်အေးကာလတလျှောက်မှာ နေတိုးက flexible response doctrine ကို ကျင့်သုံးပြီး၊ defensive အနေနဲ့ပဲ နေခဲ့ပါတယ်။ အဲ … စစ်အေးကာလပြီး နောက်ပိုင်းမှာတော့ နေတိုးလည်း offensive strategy ကို ကျင့်သုံး လာပါတယ်။ ဥပမာ- ၁၉၉၅ မှာဖြစ်ခဲ့တဲ့ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဗုံးကြဲမှု (code name - Operation Deliberate Force) ၊ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား ဗုံးကြဲမှု (code name - Operation Allied Force) စတာတွေပါ။ ဒီအပိုင်းတွေနဲ့ကတော့ Humanitarian Intervention နဲ့ ပတ်သက်တာမို့ အသေးစိတ် ကို နောက်ဆောင်းပါးများမှာ ဖော်ပြပေးပါမယ်။ ဘာပဲဖြစ်ဖြစ် စစ်အေးကာလပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံ များ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ရဲ့ strategic doctrine က Preemptive strategy ကို ဦးစားပေးလာပါ တယ်။
အမေရိကန်ပြည်ထောင်စုနှင့် Preemptive Strategic Doctrine
Preemptive doctrine ဆိုတာက ရန်သူက ကိုယ့်ကိုလာမတိုက်မီ ကိုယ်က ရန်သူကို ဦးအောင် ချေမှုန်းရမယ် ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် မည်းမည်းမြင်တိုင်း ရန်သူဆိုပြီး တိုက်ချင် တိုင်း လိုက်တိုက်နေလို့တော့ မရပါဘူး။ တဘက်ကနေ လုံလောက်တဲ့ ခြိမ်းခြောက်မှု အတိုင်းအတာ ရှိနေမှ တိုက်လို့ ရတာမျိုးဖြစ်ပါတယ်။ ဥပမာ - ခြောက်ရက်ကြာစစ်ပွဲလို့ နာမည်ကြီးခဲ့တဲ့ ၁၉၆၇ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲဟာ Preemptive စစ်ပွဲဖြစ်ပါတယ်။ ဒီတုန်းက အီဂျစ်သမ္မတ နာဆာဟာ ကုလသမဂ္ဂ အရေးပေါ်တပ်တွေ ကို ဖယ်ရှားပြီး၊ ထောင်ပေါင်းချီတဲ့ တင့်ကားတွေ၊ သိန်းချီနေတဲ့ စစ်သားတွေကို အစ္စရေးနယ်စပ်အနီးကို စေ လွှတ်ခဲ့ပါ တယ်။ ဒါကြောင့် အစ္စရေးက သူ့နိုင်ငံတော် လုံခြုံရေးအတွက် Preemptive war ကို စတင်ဆင်နွှဲခဲ့ပါ တယ်။
ဒါပေမယ့် Preemptive strategic doctrine ကို တချို့က Preventive strategic doctrine နဲ့ မှားတတ်ကြပါ တယ်။ Preventive strategic doctrine ကကျတော့ ရန်သူဘက်က ခြိမ်းခြောက်မှုအတိုင်းအတာ မပေါ်လွင် သေးဘဲ ရန်သူကို စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ Future threat လို့ ဆိုပေမယ့် နိုင်ငံတကာဥပဒေများနဲ့ ကမ္ဘာ့လူထုက ဒါကို လက်မခံကြပါဘူး။ အမေရိကန်နဲ့ မဟာမိတ်တပ်များ အာဖဂန်နစ္စတန်နိုင်ငံကို တိုက်ခိုက်မှု အပေါ်မှာ ကန့်ကွက်သံများ မကြားရပေမယ့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံ တိုက် ခိုက်မှုမှာကျတော့ ကန့်ကွက်သံများ ထွက်လာကြပါတယ်။
အာဖဂန်နစ္စတန်ကိစ္စမှာ Preemptive strategic doctrine ကို သုံးထားပေမယ့် အီရတ်ကိစ္စမှာကျတော့ ဘွတ်ခ်ျအုပ်ချုပ်ရေးက Preemptive လို့ဆိုပေမယ့် Preventive လို့ ယူဆသူများက အများအပြား ပေါ်ထွက် နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကို justified လုပ်ရတာဟာ အခက်ခဲဆုံး ကိစ္စတခုပဲ ဖြစ်ပါတယ်။ ပညာရှင် များကတော့ debate တွေ ဆက်လုပ်နေကြဆဲပါပဲ။
အဓိကပြောလိုတဲ့ အကြောင်းအရာကတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးဆိုင်ရာများကို အဓိက လွှမ်းမိုး သက်ရောက်နေတဲ့ strategic doctrine ရဲ့ အရေးပါမှုကိုပဲ ဖြစ်ပါတယ်။ strategic doctrine ဟာ နိုင်ငံတကာ ရေးရာများနဲ့ နိုင်ငံတရပ်အတွက်သာမက အဖွဲ့အစည်းများအတွက်ပါ အရေးကြီးပါတယ်။ အဖွဲ့အစည်းတခုအ နေနဲ့ ကိုယ်ရင်ဆိုင်ဆင်နွှဲနေတဲ့ စစ်မျက်နှာအသီးသီးအတွက် strategic doctrine လိုအပ်ပါတယ်။ ကိုယ်နဲ့ ရင် ဆိုင်ရမယ့် ရန်သူနဲ့ ကိုယ့်ကို မဟာမိတ်ပြုနေတဲ့ တိုင်းပြည်အဖွဲ့အစည်းများရဲ့ strategic doctrine ကို သေချာ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။
လက်ရှိမြန်မာအရေးနှင့် strategic doctrine
ကျွန်မအမြင်ကို ပြောရရင် ကျွန်မတို့ မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ အန်အင်ဒီပါတီရဲ့ Strategic Doctrine က defensive ဖြစ်ပြီး၊ နအဖရဲ့ အန်အယ်ဒီအပေါ်မှာ တောက်လျှောက် ကျင့်သုံး လာခဲ့တာကတော့ containment ဖြစ်ပါတယ်။ အန်အယ်ဒီကို မတရားအသင်းကြေငြာပြီး အပြီးသတ် roll back လုပ်လိုက်တဲ့အခါမှာ မြေအောက်ဆင်းသွားပြီး လူထုတော်လှန်ရေးကို trigger လုပ်လိုက်သလို ဖြစ်သွားမှာ စိုးတာရယ်၊ အန်အယ်ဒီ ရှိနေခြင်းအားဖြင့် စစ်ခေါင်းဆောင်အချင်းချင်း ကွဲပြားမှုအပေါ်မှာ အန်အယ်ဒီကို ဘုံ ရန်သူထားရှိပြီး မကွဲ အောင် ထိန်းထားဖို့ရယ်၊ နိုင်ငံတကာက လက်ခံလာနိုင်မယ့် ရွေးကောက်ပွဲတခု အခြေအ နေအကြောင်းကြောင်း ကြောင့် မလုပ်နိုင်သေးခဲ့တာအတွက်ရယ်ကြောင့် အန်အယ်ဒီအပေါ်မှာ containment strategic doctrine ကို အသုံးပြုနေခဲ့တာဖြစ်တယ်။
နောက်ပြန်ပြီး compromise strategy ကိုသွားဖို့ နအဖမှာ အစီအစဉ်မရှိနိုင်ဘဲ ရှေ့ဆက်တက်တဲ့ rollback strategy အလုံးစုံချေမှုန်းရေးကိုသာ အစီအစဉ် ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် အန်အယ်ဒီအနေနဲ့ compromise ထိုင်ပြီး တောင်းဆိုနေခြင်းဟာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း အမှန်တရားကို လက်ခံဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးဟာ မြန်မာပြည်အတွက် အကောင်းမွန်ဆုံးသော solution ပါပဲ။ ဒါ ပေမယ့် Frederick the Great ဆိုခဲ့ဖူးတဲ့ "Negotiations without arms are like music without instrument” ဆိုတာလိုပဲ ငြိမ်းချမ်းစွာနဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့ဘဲ ဒီမိုကရေစီတောင်းနေတာကို နအဖက အ မှုတောင်ထားမှာ မဟုတ်ပါဘူး။
အခြားသော အတိုက်အခံများအပေါ်မှာတော့ နအဖက rollback strategy ကို တောက်လျှောက် ကျင့်သုံးလာ ခဲ့တာ ဖြစ်ပါတယ်။ ဆင်ပြောင်ကြီးသွားတဲ့ လမ်းကို ဒီလောက်ရှင်းနေရဲ့နဲ့ ဒိုင်ယာလော့ခ်ပဲ ထိုင်အော်နေလို့က တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အော်သူများပဲ အချိန်ကုန်ပါလိမ့်မယ်။ compromise လုပ်ရမယ်လို့ တ ချို့ဆိုတတ်ကြပါတယ်။ compromise ဆိုတာက လက်ခုပ်နှစ်ဘက်တီးမှ မြည်လာမယ့် ကိစ္စပါ။ လက်ခုပ်မတီး ချင်တဲ့ နအဖလက်ကို အတင်းသွားဆွဲပြီး တီးနေလို့ကတော့ compromise မဖြစ်လာဘဲ ခေါင်းပုတ်နှစ်သိမ့်ခံ လိုက်ရတာပဲ ဖြစ်လာပါလိမ့်မယ်။
တပ်ဦးပါတီက defensive strategy ကို သုံးလာတာ ရာစုနှစ်တွေ ချီနေပြီဖြစ်ပါတယ်။ ဒီ doctrine က ကြာ ကြာသုံးတာများရင် offensive မလုပ်ရဲတော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကိုနားလည်ပြီး အပြစ်တင်မှုမဟုတ်ဘဲ confrontation အတွက် ၀န်းရံပေးခြင်း (သို့) ၀န်းရံရင်လည်း မထနိုင်ဖြစ်လာတဲ့အခါ ခဏနောက်ချန်ထားပြီး၊ လုပ်သင့်တာကို ဆက်လက်လုပ်ကိုင်သွားခြင်းများ လုပ်ကြဖို့ တပ်ဦးပါတီမဟုတ်တဲ့ အခြားသော အဖွဲ့အစည်း များမှာ တာဝန်ရှိပါတယ်။
နိုင်ငံတကာအကူအညီ ဆိုတာမှာလည်း collective security ဆိုတဲ့ strategic doctrine အပေါ်မှာ အခြေခံ ထားတဲ့ ယူအင်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ တနိုင်ငံချင်းစီကနေဆိုရာမှာလည်း သူတို့ရဲ့ strategic doctrine တွေမှာ offensive strategy နည်းပါတယ်။ နိုင်ငံတကာဥပဒေများအရ Humanitarian Intervention ဆိုတာဖြစ်လာဖို့ကလည်း အတော်ကို ခဲယဉ်းလှပါတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ကိုယ်ပိုင် strategic doctrine တခု ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့လိုအပ်နေပါပြီ။
ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာ ၀င်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ ယူအင်နဲ့ ပြည်ပ က ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကို compromise လုပ်ရမယ်ဆိုပြီး ခေါင်းပုတ်ကျောသပ်သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး တွဲစပ်ပြီး တော် လှန်ရေးအရှိန်ရောက်လာချိန်မှာ ခွဲထွက်ပူးပေါင်းလာမယ့် တပ်က လူတချို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒီမို ကရေစီလမ်းကြောင်းပေါ်သွားမယ့် doctrine လား ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုပြီဖြစ်ပါတယ်။ ရန် သူ့အခြေအနေကြည့်ပြီး flexible response သုံးမည်ဆိုလျှင်လည်း လိုအပ်သည့် အဆင့်များကို ဖော်ထုတ်သင့် ကြပြီဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် strategic doctrine ဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာကိစ္စများမှာ အရေးပါလှသော ကျော ရိုးမဏ္ဍိုင်တရပ်ဖြစ်တာမို့ ရေရာတိကျသော strategic doctrine မရှိရင် တိုက်ပွဲဖော်ဆောင်မှုနဲ့နည်းဗျူဟာ များဟာ ပြန့်ကျဲနေပြီး၊ ပစ်မှတ်ကို မထိရောက်နိုင်ဘဲ ဖြစ်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
တော်လှန်ရေးသစ္စာဖြင့် …
ခင်မမမျိုး (၁၊ ၁၀၊ ၂၀၀၈)
Tuesday, October 7, 2008
Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး
Subscribe to:
Post Comments (Atom)
1 comment:
I totally agree on "Negotiations without arms are like music without instrument”.
One sure thing is that we need some ideas and input from new generations. I'm from88 generation but we have to accept that we cannot go like that on our satiuation. I always believe that if you don't have playing cards, nobody will come to the table and talk with you.
Keep on!
Lauk Pyar
Post a Comment