Tuesday, October 21, 2008

လွတ်မည်မထင် (NLD မျိုးချစ်ဘဘများသို့ အကြံပြုရေးသားချက်)

စီဘောက်ရေးသားသူတဦး

အောင်ဆက်ပိုင်ဆောင်းပါးသည် ကောင်းသည်။ အမှန်များ အများအပြားပါဝင်သည်ဟု ယူဆနိုင်သည်။ မည်သို့ ပင်ဆိုစေ ဘောင်းဘီချွတ် ဘဘကြီးများသည် ပန်းတိုင်သို့ရောက်အောင် မစွမ်းနိုင်လျှင် နအဖ၊ နဝတ စစ်အာ ဏာရှင်များနည်းတူ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ထားသလိုပင်ဖြစ်သည်။

နိုင်ငံရေးလုပ်သည် တော်လှန်ရေးလုပ်သည်ဆိုသည်မှာ ကျားမြီးကိုဆွဲထားသည်နှင့် အလားတူသည်။ ရှောင် နိုင်က စောစောကရှောင်ကြ။ နောက်မှ နောင်တရ ဆင်ခြေပေး၍မရ။ ဘဘကြီးနှင့် CEC များ ခံစားရသော ဒုက္ခများမှာ ပြည်သူတို့ခံစားနေရသော ဒုက္ခ၏ ဆယ်ပုံတပုံပင် ရှိမည်မထင်။ ပါတီအဓွန့်ရှည်ရေးသည် နအဖ သက်ဆိုးရှည်ရေးကို ဖန်တီးပေးနေသလိုလိုပင်။

၈၉ မှာ နဝတ သတ်မှာစိုးလို့ ပြည်သူအများသေမှာကို မျိုးချစ်တွေကြောင့် ရှောင်နိုင်ခဲ့တယ်ဆိုရင် နှစ်၂၀ အ တွင်း ပြည်သူတွေ သေခဲ့တာတွေ၊ ထောင်ကျနေတာတွေ၊ ငတ်ပြတ်နေတာတွေ၊ မြန်မာတွေ ကမ္ဘာမှာ မျက်နှာ ပန်းမလှ ဖြစ်နေတာတွေ၊ နအဖက နှိပ်စက်နေတာတွေ ဘဘကြီးများ မသိလေရော့သလား။ ဒီလိုမျိုး လုံးပါးပါး နေတာတွေကို ကယ်တင်ဖို့ ဘဘကြီးတွေမှာ အကြံတုံး ဉာဏ်တုံး ဖြစ်သွားပြီလား။

သူငယ်ပြန်နေပြီ၊ ရဲရဲဝံ့ဝံ့ မတိုက်နိုင်တော့ရင်လည်း နောက်လူ လူငယ်တွေကို လမ်းဖယ်ပေးသင့်ပြီ။ ဒေါ်စုလွှတ် သည်အထိ ဘဘကြီးများ ဦးဆောင်နေမည်ဆိုက ဒေါ်စုကရော ဘယ်တော့လွတ်မှာလဲ။ ဘဘကြီးများကရော ဒေါ်စုကို တကယ်လွှတ်စေချင်သလား။ ၂၀၁၀ က မဝေးတော့ပါ။ ဘဘကြီးများ ဦးမဆောင်နိုင်က မြန်မာပြည် သူတွေ ရေတိမ်နစ်မည်။ ဘဘကြီးများ နအဖ အစား တရားခံဖြစ်မည် စဉ်းစားကြပါ ဘဘကြီးများ …။

စီဘောက်ရေးသားသူတဦး
(ကောင်းမွန်သော အကြံပြုရေးသားချက်ဟု လက်ခံယုံကြည်၍ မှတ်တမ်းတင်ထားပေးခြင်း ဖြစ်ပါသည် - ဒေါက်တာလွဏ်းဆွေ)

1 comment:

Mg Calu said...

u sons of bitch!!! stop writig and posting any nonsense staff!! do u really think u r better than others??