Saturday, October 25, 2008

ဖေဖေသူတို့လို ၀တ်ပါလား

ဂျင်ဂလိ

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

“ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်”
“အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့”
“ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော”
“သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့”
“ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ”
“လမ်းပြပုလိပ်တွေပေါ့ သားရဲ့”
“အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား”
“ဟုတ်တယ်ကွဲ့”
“အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ”
“ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ”

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။ သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

“ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့” တဲ့။

(ဆရာဂါမဏိရဲ့ ပြောပြချက်ကို ဆင့်ပွားခံစားတင်ပြပါသည်။)

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

5 comments:

Moe Cho Thinn said...

ကောင်းလိုက်တဲ့ ရိုက်ချက် !!

Anonymous said...

ဥပမာတွေ လိုသေးတယ်ဗျ၊ နက်ကတိုင်နဲ့ ရှုးစီးပြီး အမေရိကန်ဆီက ဒေါ်လာတောင်းစားနေတဲ့ မိုးချိုသင်းတို့ မိသားစု လိုမျိုး အကြောင်းလေ၊ ပြီးတော့ တိုက်ပုံ ၀တ်ပြီး ဒေါ်လာတောင်းစားနေတဲ့ NLD က လူကြီးတွေ အကြောင်းပေါ့နော။ ကဲ ကျုပ်ပြောတာ ဟုတ်ဘူးလား။

Anonymous said...

ကဲ ဖြေပါဦး၊ မိုးချိုသင်း၊ ခင်ဗျား တို့ဗိုက်ထဲမှာ အမေရိကန်က သူတောင်းစားလို သဘောထားပြီး ပေးထားတဲ့ ဒေါ်လာတွေ ရှိ မရှိကိုပေါ့

မသူတော် said...

Wow.. It looks like the stick is directly hit KO's Father-in-law. hahaha Barking like a dog!

မသူတော် said...

Oops. Sorry about father-in-law.. definately KO's father or step father.. hahaha