Wednesday, February 13, 2013

မိတ္တူလမ်းကလေးများ

မိတ္တူလမ်းကလေးများ
ဒေါက်တာလွဏ်းဆွေ

နံနက် ၇ နာရီခန့်ဆိုလျှင် ကျနော် အိပ်ရာနိုးလေ့ရှိပါသည်။ တယောက်တည်းသမားမို့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးသည်နှင့် အပြင်ထွက်ပြီး နံနက်စာ စားလေ့ရှိပါသည်။ ကျနော် နေထိုင်သော လမ်းကလေးသည် ရန်ကုန်အနောက်ပိုင်း မြို့နယ်တခုရှိ လမ်းကျယ်တလမ်း ဖြစ်ပါသည်။ ထိုလမ်းထဲသို့ ကျနော် ပြောင်းရွှေ့လာသည်မှာ လပိုင်းမျှသာ ရှိပါသေးသည်။ ထိုမျှအချိန်အတွင်း လမ်းထဲတွင် မြန်မာအများစုနေထိုင်ပြီး မြစ်ဝကျွန်းပေါ် မြို့ကလေးများမှ ပြောင်းရွှေ့အခြေချလာကြသူများ ဖြစ်သည်ကို သတိထားမိလာပါသည်။ လမ်းကလေးထဲတွင် နံနက်စာစားဖို့အတွက် အိမ်ဆိုင်ကလေးတွေ တော်တော်များများ ရှိပါသည်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ရှမ်းအစားအစာဆိုင်၊ အကြော်ဆိုင်၊ ထမင်းကြော်ဆိုင်၊ လက်သုပ်ဆိုင်၊ ရခိုင်မုန့်တီဆိုင်၊ ဘိန်းမုန့်ဆိုင် ... စသည်ဖြင့် ရွေးချယ်စရာ ပေါများလှပါသည်။

ကျနော် ငှားနေသည့် ပထမထပ်တိုက်ခန်းမှ ဆင်းလာသည်နှင့် လမ်းထဲတွင် ဈေးသွားဈေးပြန်များ၊ ရုံးသွားသူများ၊ နံနက်စာ ထွက်စားသူများနှင့် စည်ကားနေသည်ကို တွေ့ရမြဲ ဖြစ်ပါသည်။ ကျနော်က များသောအားဖြင့် လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်တွင် ထိုင်လျှင်ထိုင်၊ မထိုင်လျှင် မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါး စားလေ့ရှိပါသည်။ ထိုဆိုင်များသို့ အသွားတွင် လမ်းထဲမှလူများ တဦးနှင့်တဦး အပြန်အလှန် နှုတ်ဆက်သံများကို နေ့တဓူဝ ကြားလာရသည့်အခါ နားရည်ဝပြီး သူတို့၏ ယဉ်ကျေးမှုအသစ်နှင့် ယဉ်ပါးလာပါသည်။

အမျိုးသားများအချင်းချင်း နှုတ်ခွန်းဆက်သံများတွင် ‘ညက ပွဲဘယ်လိုလဲ’ ‘အထက်ကြေးတွေတော့ ကွဲပြီ’ ‘ဂိုးပေါင်း မလောင်းလိုက်ရတာ နာတယ်’ ‘ဒီနေ့တော့ အောက်က ထိုင်ရမယ်’ ‘မန်ယူ နှိပ်စက်တာ များပြီ’ ‘လီဗာပူးနဲ့ အေစီ ဘယ်လိုပေါက်လဲ’ ‘ဘာပဲဖြစ်ဖြစ် ချယ်ဆီးကသာထိုင် သေချာတယ်’ ‘ရီးရဲက ဘာကာကို အပြတ်နှိပ်ကွပ်လိုက်တယ်’ ‘အာဆင်နယ်က အိမ်ကွင်းမှာ စွာတယ်’ ‘အင်တာ - ဂျူဗီပွဲ ဘယ်က ထိုင်မလဲ’ စသည့် ဘောလုံးပွဲနှင့် ပတ်သက်သည့် နှုတ်ခွန်းဆက်သံများကို ကြားရလေ့ရှိပြီး သူတို့၏ လက်ထဲတွင်လည်း ဘောလုံးဂျာနယ်များ အသီးသီး အသကအသက ကိုင်ဆောင်ထားကြသည်ကို တွေ့ရလေသည်။

အမျိုးသမီးများအချင်းချင်း နှုတ်ဆက်ကြသည့် အခါတွင်လည်း ‘မနေ့က ဘယ်လိုလဲ၊ ရလား’ ‘ဘုန်ကြီးပေးတဲ့ နံပါတ်ကတော့ ကွဲတယ်’ ‘ဘိုးတော်တယောက် နာမည်ကြီးနေတယ်၊ နံပါတ်သွားတောင်းရဦးမယ်’ ‘သုံးလုံးကော ဘာကောင်းလဲ’ ‘နှစ်လုံးနောက်ထိုင် ဘာရလဲ’ ‘ဒီနေ့တော့ ရမှဖြစ်တော့မယ်’ ‘မောင်းပြန်တင်ရမယ်’ ‘ရွှေဘုန်းပွင့်ဘုရားမှာ ပုတီးစိပ်ကြည့်ပါလား’ ‘သက်သတ်လွတ်အဓိဌာန် ၀င်ကြည့်ပါလား’ စသည့် နှစ်လုံးထီ၊ သုံးလုံးထီအကြောင်း နှုတ်ခွန်းဆက်သံများဖြင့် ဆူညံနေလေ့ရှိပါသည်။

ကျနော် ထိုင်သည့် လက်ဖက်ရည်ဆိုင်ဘေးတွင် ဗန်းကလေးခင်းကာ ချရောင်းသည့် ဂျာနယ်အရောင်းဆိုင်ကလေး ရှိပါသည်။ ဂျာနယ်ရောင်းသည့် အမျိုသမီးကို မေးကြည့်ရာ ဂမ္ဘီရ ဗေဒင်ဂျာနယ်များ၊ ဘောလုံးဂျာနယ်များ အထူးရောင်းကောင်းသည်ဟု သိရပါသည်။ လက်ဖက်ရည်ဆိုင်ထိုင်သည့် လူများတွင် တချို့က ဘောလုံးအကြောင်း အဘောင်အာရင်းသန်သန်နှင့် ဆွေးနွေးနေကြပြီး တချို့က နှစ်လုံးထီ သုံးလုံးထီအကြောင်း ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသည်ကို အမြဲလိုလို တွေ့ရကြားရပါသည်။ ထိုသို့ တွေ့ရကြားရခြင်းသည် ကျနော် ထိုင်သည့် လက်ဖက်ရည်ဆိုင် တဆိုင်ထဲတွင်သာမဟုတ်ဘဲ လမ်းထဲရှိ မုန့်ဟင်းခါးဆိုင်၊ အကြော်ဆိုင်၊ ကွမ်းယာဆိုင် စသည့် လူစုစု စုစု ရှိသည့် နေရာတိုင်းတွင် တွေ့ရကြားရလေ့ရှိပါသည်။

နေ့ခင်းနေ့လည် နေပူသည့်အချိန်များတွင် လမ်းထဲရှိလူများသည် အိမ်တွင်းအောင်းနေလေ့ရှိကြပြီး ညနေ ၃ နာရီ ၀န်းကျင်ခန့်တွင် လမ်းထဲ၌ စုရုံးစုရုံးနှင့် ပြန်ဖြစ်နေကြသည်ကို တွေ့ရပါသည်။ ထိုအချိန်သည် နှစ်လုံးထီ သုံးလုံးထီနံပါတ် ထွက်တော့မည့် အချိန်ဖြစ်ပါသည်။ လူများသည် လမ်းထဲတွင် တီးတိုးပြောဆိုနေကြရာမှ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တဖွဲဖွဲ ချီတက်သွားကြပါသည်။ လူရည်သန့်များ၊ ကလေးခါးထစ်ခွင် ချီထားသည့် အမျိုသမီးများ၊ စွပ်ကျယ်ချိုင်းပြတ်နှင့် အမျိုးသားများ၊ အင်္ကျီအ၀တ်အစား ဘိုသီဘတ်သီနှင့် ယောင်္ကျား မိန်းမများ၊ ပျိုပျိုအိုအို ကျားမအရွယ်စုံများ၊ ကလေးများ စသည်ဖြင့် စုံစုံလင်လင် တွေ့ရပါသည်။

နံပါတ်ထွက်တော့မည့်အချိန် နီးလာချိန်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ ဖြတ်လျှောက်မိပါက လက်ဖက်ရည်ဆိုင်ထဲမှ တီဗီဖန်သားပြင်ကို မမှိတ်မသုန် စိုက်ကြည့်နေသော မျက်လုံးများနှင့် လူအုပ်ကြီးကို တွေ့ရပါသည်။ တချို့က ထိုင်လျက်၊ တချိုက မတ်တပ်ရပ်လျက် မျှော်လင့်ချက်ကိုယ်စီနှင့် ရင်တဖိုဖို စောင့်ကြည့်နေကြပါသည်။ သူတို့သည် ထိုင်းနိုင်ငံ တီဗွီလိုင်းတစ်ခုမှ လွှင့်ထုတ်သည့် စတော့ဈေးကွက်ပိတ်ချိန် နောက်ဆုံးနံပါတ်ကို အသက်မရှူ မျက်တောင်မခတ်ဘဲ စောင့်မျှော်နေကြတာဖြစ်သည်ဟု သိရပါသည်။

နောက်ဆုံးပိတ်နံပါတ် ထွက်လာသည်နှင့် ‘ဟာ’ ‘ဟင်’ ဟူသော အသံများ ကျယ်လောင်စွာ တညီတည်း ထွက်ပေါ်လာပါသည်။ ပြီးလျှင် ပုရွက်ဆိတ်များ တွင်းထဲမှ အစုလိုက်အပြုံလိုက် ထွက်လာသလို လက်ဖက်ရည်ဆိုင်ထဲမှ လူအုပ်ကြီးသည် လမ်းထဲသို့ ဝေါခနဲ ထွက်ကျလာပါတော့သည်။ သူတို့ထိုးထားသော နံပါတ်များနှင့် ထွက်ပေါ်လာသော နံပါတ်၏ မကိုက်ညီမှုများကို တတွတ်တွတ် စားမြုံ့ပြန်ရင်း ကိုယ်စီကိုယ်စီ အိမ်ထဲသို့ အလျှိုလျှို ၀င်သွားကြလေသည်။ ထိုးထားသည့်နံပါတ် ပေါက်သည့်သူများကတော့ လမ်းထဲတွင် အော်ဟစ်ဆူညံရင်း ကျန်ရစ်ခဲ့လေသည်။ ထို့နောက် လမ်းကလေးသည် တဒင်္ဂ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

မှောင်ရီပျိုးစ ညနေချိန်လောက်တွင် လမ်းကလေးသည် ပြန်လည်အသက်ဝင်လာပါသည်။ လမ်းထဲရှိ အရက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် သောက်သုံးသူ အမျိုးသားများနှင့် ပြည့်နှက်နေပါသည်။ သူတို့သည် သောက်ရင်းစားရင်း ဂြိုလ်တုစလောင်းမှ ထုတ်လွှင့်ပြသမည့် အင်္ဂလိပ်ပရီးမီးယားလိဂ်၊ အီတလီစီးရီး အေ၊ စပိန်လာလီဂါ၊ ဂျာမန်ဘွန်းဒစ်လီဂါ၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ ဘောလုံးပြိုင်ပွဲများကို ကြည့်ရှုဖို့ စောင့်မျှော်နေကြခြင်းဖြစ်ပါသည်။ လက်ထဲရှိ ဘောလုံးဂျာနယ်များထဲမှ ခန့်မှန်းဆောင်းပါးများကို ဖတ်ရင်း လက်ကိုင်တယ်လီဖုန်းများဖြင့် လောင်းကစားဒိုင်များဆီသို့ လောင်းကြေး လှမ်းတင်နေကြသည်ကို တွေ့ရပါသည်။ ဘောလုံးပွဲမလာသေးမီ အချိန်တွင် ဆိုင်ထဲ၌ နိုင်ငံရပ်ခြားမှ ဘောလုံးသမားများအကြောင်း၊ ဘောလုံးအသင်းနည်းပြများအကြောင်း၊ ဘောလုံးသမား အပြောင်းအရွှေ့များအကြောင်း၊ ကလပ်အသင်းများအကြောင်း ဘောလုံးပါရဂူများသဖွယ် ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်နေပါသည်။

ဘောလုံးပွဲ စတင်ထုတ်လွှင့်သည်နှင့် ဆူညံသံများ ငြိမ်သက်သွားပြီး စိတ်ဝင်တစား ကြည့်ရှုနေကြပါတော့သည်။ ကြည့်ရှုနေစဉ်မှာပင် ဟာခနဲ ဟင်ခနဲ အားမလိုအားမရဖြစ်သည့် အသံများ၊ ဂိုးဝင်သွားသည့်အခါ ဟေးခနဲ အော်ဟစ် အားပေးသံများ၊ ပိတ်ကားပေါ်မှ ဘောလုံးသမားများအပေါ် နင်ပဲငဆ အော်ဟစ်ဆဲဆိုသံများ ဆိုင်ထဲမှ ထွက်ပေါ်လာတတ်ပါသည်။ ပွဲပြီးသည်နှင့် လမ်းထဲတွင် ဘောလုံးပွဲမှ ပြန်လာကြသည့်လူများ၊ ဘောလုံးပွဲအကြောင်း စားမြုံ့ပြန်သံများနှင့် ရှုပ်ထွေးညံစီနေပြီး ခဏအကြာတွင် လမ်းကလေးသည် ငြိမ်သက်တိတ်ဆိတ်သွားပြန်ပါသည်။

ညအိပ်ခါနီး လူခြေတိတ်ချိန်တွင် ကျနော်နေသည့် တိုက်ခန်း၏ အောက်ထပ် မြေညီထပ်အခန်းမှ ထွက်ပေါ်လာသော ငိုယိုပြောဆိုသံများ၊ အော်ဟစ်ကြိမ်းမောင်းသံများ၊ တောင်းပန်တိုးလျှိုးသံများကြောင့် လမ်းကလေးသည် ပြန်လည်သက်ဝင် လှုပ်ရှားလာပြန်ပါသည်။ ထိုအသံများသည် အောက်ထပ်အခန်းမှ ငွေတိုးချေးစားသူ အမျိုးသမီးနှင့် သူမထံ ငွေလာချေးသူများ၏ အပြန်အလှန် ပြောဆိုနေကြသံများ ဖြစ်ပါသည်။

ဆူညံသံများကြောင့် ၀ရန်တာမှ ကျနော် ထွက်ကြည့်မိသည့်အခါ နံနက်ခင်း၊ ညနေခင်း၊ ညခင်းများတွင် လမ်းထဲ၌ ဘောလုံးအကြောင်း၊ နှစ်လုံးထီ သုံးလုံးထီ အကြောင်း၊ ချဲနံပါတ်ပေးသည့် ဘုန်းကြီးအကြောင်း၊ ပေါက်ဂဏန်းပေးသည့် ဘိုးတော်အကြောင်း ပြောဆိုဆွေးနွေးနေကြသော ကျနော် မျက်မှန်းတန်းမိနေသည့် အမျိုးသား အမျိုးသမီးများ ဖြစ်နေကြသည်ကို တွေ့ရလေသည်။ ဤသည်မှာ ကျနော် နေထိုင်သော လမ်းကလေးထဲတွင် နေ့တဓူဝ မြင်တွေ့နေရသည့် ပုံရိပ်များပင် ဖြစ်ပါသည်။

ကျနော်သည် ခရီးသွားဝါသနာပါသူ စာနယ်ဇင်းသမားတယောက် ဖြစ်သည်နှင့်အညီ အခွင့်သာတိုင်း အချိန်အားရတိုင်း မြန်မာပြည်အနှံ့ ခရီးဆန့်လေ့ရှိပါသည်။ ရောက်လေရာ မြို့တိုင်းနယ်တိုင်း၌ ကျနော်၏နား၊ မျက်စိများကို အတတ်နိုင်ဆုံး ဖွင့်ထားပြီး စူးစမ်းကြည့်ရာတွင် အံ့သြဖွယ်ရာ ထူးခြားတူညီမှုတခုကို တွေ့ရှိရပါသည်။ ယခုအချိန်အခါတွင် မြန်မာပြည်အနှံ့အပြားရှိ မြို့တိုင်းမြို့တိုင်း၌ ကျနော်နေထိုင်သော လမ်းကလေးနှင့် ပုံစံတူ မိတ္တူလမ်းကလေးများ မြောက်မြားစွာ ဖြစ်တည်နေပြီး ထိုလမ်းကလေးများ၏ ပုံရိပ်များသည်ပင် ယနေ့မြန်မာပြည်၏ လူနေမှုပုံစံ ဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရခြင်းဖြစ်ပါသည်။

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)

Photocopy Streets
Dr Lun Swe (Hmyar-nat-maung)

I usually wake up at seven in the morning. As a single, I go outside to have breakfast after relieving myself and cleansing. The little street I'm living in is a wide lane in a township at the western part of Rangoon. I have moved here only few months ago. I noticed in this short time that most of the residents here are Burmese who have migrated from small towns of Irrawaddy Delta. There are quite a number of home eateries in the little street serving breakfast. Café, rice noodle shop, Shan food shop, fries shop, fried rice shop, salad shop, Arakanese noodle shop and pancake shop and so on—lots of food shops to choose.

When I get down from the rented first floor apartment where I live, it is usual to see the street thronging with market-goers, office-goers or breakfast-enjoyers. I have breakfast mostly at the café at the street's one end. Or sometimes, I have mohinga (rice noodles) at the mohinga shop. While on my way to those eateries, I daily hear the sounds of greetings between the residents of the street imprinting on my mind which becomes familiar to their new custom. When men greet each other, I often hear, "How's the night match?" "Upper hands got busted!" "Too bad failing to bet in total goals!" "Must bet on underdog!" "Man U 's tormenting us a lot!" "How's the state of Liverpool and AC ?" "Anyway, just sit on the side of Chelsea. It's surefire." "Real has totally pounded Barca !" "Arsenal's high on home ground" and "Which side are you on in Inter -Juve match?"—greetings concerned with soccer matches. I also find sports journals or soccer journals in their hands.

When women greet each other, it was animated with "How's yesterday? You won?" "Number given by the monk got busted!" "An occultist is getting famous. Must visit him to seek the winning number." "Which number is good for three-digit?" "Which one do you get for two-digit's second number?" "Have to win today!" "Must go in arithmetic progression" "Try telling the beads at Shwe Hpone-pwint Pagoda" and "Try vegetarian vow"—greetings concerned with two- and three-digit lotteries.

Beside the café I frequent is a journal shop selling periodicals on a tray. When I ask the girl selling journals, I learnt that occult and astrology journals and soccer journals are top-selling. Of the people sitting in the café, I always found some talking loudly about soccer and some conversing confidentially about two- or three-digit lottery. Such scenes and voices are not limited to the café I hang around but ubiquitous in all teeming places like mohinga shop, fries shop or betel nut shop.

In the afternoon when the temperature is high, people of the street usually stay indoors but at about three in the evening, they are found to be flocking around again. It is the time when the winning numbers for two- and three-digit lotteries are about to come up. The people who have been whispering in the street proceed to the café flock after flock. All kinds of people are found there—clean-shaven pleasant-looking men, women carrying child on their hips, men with sleeveless undershirts, sloppily-dressed men and women, young and old, thin and fat, short and tall, even children too. If you passed in front of the café at the time when the number is about to be revealed, you would find the throng looking intently at the TV screen in the café. Some are sitting, some are standing, but all are eagerly awaiting with fast-beating hearts and high hopes. In fact, they are waiting holding their breath and unblinking for the appearance of the closing index number of the Stock Exchange which is aired on a Thai TV channel. At last when the closing index appears, loud exclamations and sighs come out all at once. After that, the throng bursts out of the café onto the street like ants charging out of an ant hole. While on their way home, they incessantly hark back to the discrepancy between the numbers they have betted on and the actual lucky number that comes out, and then enter their homes. However, those who have betted on the right number remain in the street noisily. After some time, the little street returned to momentary calmness.

At the end of day, at dusk, the little street comes back to life. Liquor shops, beer pubs and cafes in the street are now crowded with enjoying men. While eating and drinking, they are waiting to see the football games that would be aired through satellite dish—English Premier League, Italy Series A, Spanish La Liga, German Bundesliga, Champions League and UEFA. Men are found to be reading forecast commentaries from soccer journals in their hands and betting through mobile phones at bookies. Before soccer game comes up on air, the shop is boisterous with noisy talks about foreign footballers, coaches, transfers of footballers and football clubs, analyzing and reviewing these like experts.

All voices become silent as soon as football match is aired with everybody viewing the TV screen absorbedly. Sounds of frustration or disappointment, cheers at the goal, strong verbal abuses at the footballers on the TV screen come up while viewing. After the match or show, the little street is bubbly with men returning home from the match, musing over the game. After a while, the little street returns to silence.

Out of stillness, as I am about to sleep, voices burst out from the ground-floor apartment, sounds of crying and sobbing, yelling and scolding, and imploring and pleading, which enliven the little street again. Those voices belong to the money-lender who lives there and her clients who have borrowed money from her. When I look out from the verandah to find out about the noise, I found the familiar faces of men and women who have been talking about soccer, two- and three-digit lottery, or the monk or the occultist who foretells the winning number, in the mornings, late afternoons and evenings. These images are of daily occurrence in the little street where I live in.

Since I am a journalist who prefers traveling, I occasionally tour around the whole country whenever opportunity arises. Wherever I arrive, in every town or country, I explore with open eyes and ears as much as I can and found to my surprise a unique resemblance. That is the discovery in all towns and cities all over Burma at present of duplicate streets which are identical to the little street where I live. Indeed, I astonishingly found that the images of those little streets are the social outline of Burma today.

Dr Lun Swe (Hmyar-nat-maung)
Translated by Gamanii

1 comment:

ရန်ကုန်သား said...

အခြေခံ လူတန်းစားတွေရဲ့ ထွက်ပေါက်တခု ဖြစ်နေတာ

အမှန်တော့ ရခဲလှတဲ့ လူဘဝကိုအကျိုးရှိရှိ ကုန်လွန်စေချင်

ပါတယ်။

လူ့ ဘဝကနေ အရှုံးနဲ့ မပြန် ရဘို့ အရေးကြီးပါတယ်။