Wednesday, April 9, 2008

လူထုအမေအတွက် ၀မ်းနည်းကြေကွဲခြင်း မှတ်တမ်းများ

ပန်းချီမင်းကျော်ခိုင်

လူထုချစ်တဲ့ အမေ
အမေချစ်တဲ့ လူထု
အမေဟာ ...
ကျနော်တို့ ရင်ထဲမှာ
ထာဝရ ရှင်သန်နေမှာပါ အမေ ...။
ပန်းချီရေးတဲ့ မင်းကျော်ခိုင်




စန္ဒာဝင်း (မကွေးတိုင်း NLD)

အမေရေ … သူများတွေအတွက်ကျတော့ အသက် (၉၃)နှစ်ဟာ သေပျော်ပါပြီလို့ ပြောချင်ပြောနိုင်မှာဖြစ်ပေမယ့် ဟောဒီ သမီးတို့အမေက ပြောလို့မရဘူး၊ ပြောဖို့မထိုက်ဘူး၊ တန်ဘိုးညှိလို့မရပါဘူး အမေရယ် …။ နှမျောလိုက်တာလို့ ပြောရမှာတောင် စကားလုံးသေးနေပါတယ်။ အမေရှိနေတာ သမီးတို့အတွက် မျှော်လင့်ချက် အကြီးကြီး ရှိနေသလိုပဲ။ အခု သမီးတို့ မျှော်လင့်ချက် ပျောက်ဆုံးသွားတာလား အမေ … ဒါပေမယ့် အမေမှာထားခဲ့တဲ့ … ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုတဲ့စကား … ဒါလည်း အမေ့မျှော်လင့်ချက် သမီးတို့မျှော်လင့်ချက် ဖြစ်စေရပါမယ် အမေ …။
အမေ့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို သမီးတို့လို လူစိတ်ရှိသူတိုင်း ကောင်းကောင်းသိတယ်၊ ခံယူပါတယ်အမေ။ ဒါပေမယ့် အခုထိ မိုက်တွင်းနက်နက် တူးနေဆဲ လူတွေကတော့ မသိဘူး အမေရဲ့။ အမေ့ကို မသွားစေချင်ပေမယ့် … အမေရယ် စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့ … တိုင်းပြည်အတွက် (၉၀)ကျော်တဲ့အထိအောင် မနားမနေ ထမ်းဆောင်ခဲ့တဲ့ တို့အမေအို ခေါင်းချဖို့သင့်ပါပြီ။ အမေ့မှာ ဘာအကြွေးမှ မကျန်၊ ပေးဆပ်တာတွေသာ များလွန်းလို့ သမီးတို့ အမေ့ကို ရင်နာနာနဲ့ လက်လွှတ်လိုက်ရပါပြီ။ ချစ်သောအမေ … ကောင်းရာသုဂတိမှ သားသမီးများကို စောင့်ကြည့်နေပါစေ…။

စိုးနေလင်း

“မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ စာပေအရေးအသား၊ စတုတ္ထမဏ္ဍိုင် ခိုင်တည်မြင့်မားရေး၊ လူထုအကျိုးစီးပွား၊ လူတန်းစားတိုက်ပွဲ၊ တရား မျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု တွေပေါ်မှာ ကျေးဇူးတရား စဉ်ဆက်မပြတ်ရှိခဲ့သူ …
ယုံကြည်ချက်အပေါ်မှာ ခိုင်ခိုင်တည်တည်၊ မားမားမတ်မတ် သတ္တိရှိရှိ ရပ်တည်ရဲ၊ ရေးသားရဲ၊ ပြောဆိုရဲ၊ ခုခံကာကွယ်ရဲခဲ့သူ …
အဓမ္မအားလုံးရဲ့ ရန်သူ … အမေ့လိုလူ တုနှိုင်းစရာမရှိ အစားထိုး မရနိုင်သူ …”
အမေရဲ့ အသက်၉၂ နှစ်ပြည့် မွေးနေ့မှာ ကျနော် “မွှေးမြမကြွေ အို ... အမေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးပြီး ဦးညွှတ်ဂုဏ်ပြုနိုင်ခဲ့ပါ တယ် … အမေ။
ခုတော့ အမေ တကယ်ကြွေသွားခဲ့ပြီနော် … ကျနော်ဆို့နင့်ကြေကွဲ ၀မ်းနည်းပါတယ် …အမေ။ ဒါပေမယ့် … အဲ ဒီကဗျာလေးရဲ့ နိဂုံးပုဒ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း ...
အမေဟာ
ရေ မြေ လေ မီး
ဓာတ်ကြီးလေးပါး
ရုပ်တရားများမှ လွန်မြောက်
(မြန်မာပြည်သူလူထုကြီး တရပ်လုံးရဲ့ နှလုံးသားထဲက)
ဘယ်တော့မှ ကွယ်ပျောက်မသွားနိုင်ပါဘူး … အမေ။
အဲဒီလို ကျနော်ယုံကြည်တယ် အမေ။ ။

အမေ့သား အောင်ဝေး (၇-၄-၂၀၀၈)

အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ၊ အမေရေ ...

မသေမြစ်သို့ ဦးညွှတ်ခြင်း

လူထုရဲ့ ‘စိတ်’ကမ်း
လွတ်မြောက်ရေးသို့ သွားရာလမ်း
လက်နက်မချတမ်း …။ ။
အမေ့သား အောင်ဝေး

မောင်လွမ်းဏီ

အမေ့မွေးနေ့တိုင်း
ကျနော်တို့ ဒေါင်းရင်ပြင်မှာ အမေ့ကို အောက်မေ့ဂါရ၀ပြုပွဲလေး
အမြဲလုပ်နေခဲ့တာ ၁၀ စုနှစ်တခု ရှိတော့မယ်။
ထူးခြားတိုက်ဆိုင်မှုလို့ ပြောရမလားဘဲ။ အမေ့ (၉၀)ပြည့်မွေးနေ့ပွဲက အပြန် ဆရာကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်တယ်။
မနေ့က ဆရာကြီးမွေးနေ့၊ ဒီနေ့ အမေကွယ်လွန်သွားခဲ့တယ်။
ကြေကွဲနှမြောမဆုံးဆိုတဲ့ စကားထက် လေးနက်ပိပြိုတဲ့ စကားလုံး ကျနော် ရှာဖွေနေမိတယ်။ ကျနော်တော့ တိုင်းနိုင်ငံတခု ထပ်မံဆုံးရှုံး ရပြန်ပြီပေါ့လေ။

အဝေးရောက်သမီး အေးမိဖြူ

လူထုအတွက်
လူထုဒေါ်အမာဆိုတာ ဖြစ်လာတယ်။
ကွယ်လွန်ချိန်ထိ
လူထုနဲ့ တထပ်တည်း တသားတည်းရှိခဲ့တဲ့
အမေလူထုဒေါ်အမာဟာ
လူတယောက်မှာ ရှိသင့်တဲ့
လူ့တန်ဖိုးတွေကို
သယ်ပိုးသွားခဲ့နိုင်ပါတယ်
ကန်တော့လိုက်ပါတယ် အမေ …။

ဝင်းနိုင်ဦးနှင့် အေးအေးမော်

အမေလူထုဒေါ်အမာသို့ လက်မွန်မဆွ ဂါရ၀ဖြင့် …
နိုင်ငံအတွက်
ယဉ်ကျေးမှုအတွက်
အမေ့ပေးဆပ်မှုတွေ မပြိုနိုင်တဲ့ ကျောက်သားစိုင်လို ဖြစ်တည်ခဲ့ပါပြီ။
တဦးချင်းစီအတွက်လည်း အမှန်တရားအပေါ် ရပ်တည်ရဲစေတဲ့
စိတ်ဓာတ်ခွန်အားကို ပေးခဲ့ပါပြီ။
အမေ့ကျေးဇူး ဘယ်တော့မှမမေ့
အမေ့စိတ်ဓာတ် ရင်ထဲအပြည့်
အဝေးရောက် သားသမီးတွေထဲက ...
ဝင်းနိုင်ဦးနှင့် အေးအေးမော်

ထူးချစ် (လူ့အခွင့်အရေး လှုပ်ရှားသူ)

စာပေမာတာ (သို့) အမေလူထုဒေါ်အမာ …
အမေဆုံးတဲ့သတင်း ဖတ်လိုက်ရတယ်။ မြန်မာပြည်သူတွေအတွက် ပြန်လည် ရယူလို့ မရနိုင်တဲ့ ဧရာမ ဆုံးရှုံးမှုကြီး တစ်ရပ်ပါ။ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ တရားမျှတရေးတို့အတွက် စာပေတွေ ရေးသားပြီး လမ်းပြ လမ်းညွှန်ပေး၊ အလင်းပေးပြီး တိုက်ပွဲဝင်ခဲ့တဲ့ အမေ …။ အမေရဲ့ ဖြူစင်ငြိမ်း ချမ်းတဲ့ ၀ိဉာဉ်လိပ်ပြာကလေးဟာ စာပေတွေ ဆက်လက် ရေးသားရင်း ပြည့်ဝတဲ့ မျိုးချစ်စိတ်ဓာတ်တွေနဲ့ ပြည်သူ့တိုက်ပွဲ ဆက်လက် ဆင်နွှဲနေဦးမယ်ဆိုတာ မုချဧကန် ယုံကြည်မိတာ အမှန်ပါ အမေရယ် …

ကမာပုလဲ

အမေလူထုဒေါ်အမာသည် သာမန်မိန်းမတစ်ယောက် မဟုတ်ပါ။
ပထမသပိတ်မှောက်ကျောင်းသူ ဒေါ်အမာဖြစ်ခဲ့တယ်။
မကြာသေးခင်က အမေပြောခဲ့တဲ့ စကားတခွန်းကို အမှတ်ရမိပါတယ်။
“ကိုဋ္ဌေးမြိုင်ရေ … ကျမတို့ သေလို့မဖြစ်သေးဘူး”လို့ သူပြောခဲ့တယ်။
ခုတော့ ကျနော်တို့ စစ်အာဏာရှင်စနစ်အောက်က မြန်မာနိုင်ငံအဖို့
အမျိုးသားဆုံးရှုံးမှုကြီးတရပ်လို့ ခံစားမိပါတယ်။
ဘယ်လိုကြေကွဲမှုမျိုးနဲ့မှ အစားထိုးလို့ မရနိုင်ပါ။




ဒေါက်တာလွဏ်းဆွေ

အမေ ကွယ်လွန်ခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။


တင်ကိုကိုဦး (ပန်းချီ)

အမေ … ရယ်
စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေးသမိုင်းမှာ လှိုင်းရိုင်းခက်ထန် ကြိုးစား လမ်းပြခဲ့တဲ့ အမေ၊ ကြေကွဲဝမ်းနည်း တသသဖြစ်လို့ မဆုံးတော့ ဘူးရယ် …။
၂၀၀၅ အမေ့မွေးနေ့ကအပြန် နောက်တရက် ဆရာဦးသန်းထွန်း ဆုံးခဲ့ရပြန်တယ်။ ယခုနှစ် ဆရာဦးသန်းထွန်း မွေးနေ့အလွန် ဒီနေ့မ နက် အမေ … ကွယ်လွန်ရက်တယ် … တဲ့။ ကံကြမ္မာက … အမေနဲ့ ဆရာ ရှေးဆုတောင်း ကောင်းခဲ့ပုံများ လက်တွဲမဖြုတ်စတမ်းကွဲ့ ကောင်းမြတ်သောဘုံမှာ ဆုံရက်စေသား ဆုတောင်းခဲ့တယ် အမေ …။


သီဟမောင်မောင် (ဂရပ်ဖစ်ဒီဇိုင်း)

အမေမာသို့ ၀မ်းနည်းစွာ …
လူ့အခွင့်အရေး ပြည့်ဝတဲ့
လူကို လူလိုသိတဲ့
အနုပညာ
နိုင်ငံရေး
ပညာ
ဥစ္စာ
အရာရာ ကြောင့်ကြမဲ့တဲ့
တိုင်းနိုင်ငံ အသစ်တခုမှာ အမေစောင့်နေနှင့်ပါ …။

ပွင့်သစ် (ကရိန်ကန်)

ဗမာပြည်ရဲ့ လူထုအတွက် စာပေအနုပညာ ယဉ်ကျေးမှုအတွက်
လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက်
တပ်ဦးက တပ်မှူးတဦး ရင်မြေကတုတ် ရဲတိုက်တခုအဖြစ် ရပ်တည် ခဲ့သူ၊ ကျွန်တော်တို့အတွက် အဖွားဖြစ်တဲ့ အမေဒေါ်အမာ
ကွဲကွာသွားခဲ့ရတဲ့ ချစ်သူခင်သူတွေနဲ့
နောင် သာယာစည်ပင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတခုမှာ
ပျော်ရွှင်ချမ်းမြေ့စွာ ဆုံတွေ့ဖို့ ဆုတောင်းရင်း …
ဝမ်းနည်းယူကျုံးမရမှုများစွာဖြင့် …

No comments: