ဒေါက်တာလွဏ်း ခင်ဗျား …
ဒီအချိန်ကြီးမှာဗျာ … စင်ပြိုင်အစိုးရ ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ ဖို့ဒ်ဝိန်းဆွေးနွေးပွဲက အသံတွေ ထွက်လာပါတယ်။ နယ်စပ် အန်အယ်လ်ဒီက အန်စီဂျီယူဘီအစိုးရ တိုးချဲ့ဖို့ သဘောထားရှိကြောင်း အထူးထုတ်ဝေတဲ့ စာကိုလည်း မနေ့တနေ့ကပဲ ဖတ်လိုက်ရပါတယ်။ အစိုးရတိုးချဲ့ဖို့ဆိုတာ တဦးချင်းအနေနဲ့ လွတ်လပ်စွာ ပြောနိုင်ဆိုနိုင် ဆွေးနွေးနိုင် ထုတ်ဖေါ်နိုင်ခွင့်တွေ ရှိပါတယ်။ သို့သော် အဖွဲ့အစည်းအနေနဲ့ ဆိုရင်တော့ တမျိုးဖြစ်မယ် ထင်ပါတယ်။ အစိုးရတခုမှာ ကိုယ်စားလှယ် အများစုရတဲ့ ပါတီရဲ့မူကို သက်ရောက်စေတယ်ဆိုတာ သာမန်အခြေအနေမျိုးမှာ မှန်ကောင်း မှန်နိုင်ပါတယ်။ စစ်အာဏာရှင်တခုကို ဆန့်ကျင်တော်လှန်ဖို့ စဉ်ပြိုင်ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအစိုးရတရပ်မှာတော့ စဉ်းစားဖို့သင့်ပါတယ်။
အဝေးရောက် အင်အယ်ဒီ လုပ်သင့်တာက ပြည်ပမှာဆိုရင် အားရှိတဲ့ ညီညွတ်သော တပ်ပေါင်းစုတခု ဖြစ်လာစေရေး၊ ပြည်တွင်းအတွက်ဆိုရင် မလွဲမသွေ ဖြစ်လာမယ့် ပြည်သူလှုပ်ရှားမှု အားကောင်းလာပြီး အရှိန်အဟုန် အမြင့်ဆုံး ရောက်တဲ့အခါ လူထုအစိုးရ ဖွဲ့နိုင်ဖို့ အသင့်ဖြစ်နေအောင် တွန်းအားပေးရေးနဲ့ လတ်တလော ဆန္ဒခံယူပွဲကို မဲမပေးဘဲ သပိတ်မှောက်မလား၊ မဲပေးပြီး ကန့်ကွက်မလားဆိုတာကို လူထုအနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ပြီး လိုက်ပါလာအောင် စည်းရုံးသင့်တယ်လို့ အကြံပေးချင်ပါတယ်။
စိတ်မကောင်းစရာတခု ကြားရတာက ထောက်ပံ့ငွေတချိုနဲ့ နယ်စပ်မှာ ကားဝယ်ကြတယ်ဆိုတဲ့ သတင်းပါ။ ခေါင်းဆောင်တွေ ကားဝယ်နေကြတယ်လို့ ကြားတာ ကြာပါပြီ၊ လိုအပ်လို့ဝယ်တာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ခုလိုအချိန် ပြည်တွင်းမှာ အရေးပေါ် ရန်ပုံငွေ အများအပြား လိုအပ်တော့မယ့်အခါမှာ ပြည်တွင်းအတွက် အားသွန်ထောက်ပံ့ဖို့ စုဆောင်းထားသင့်ပါတယ်။ ကြားရတဲ့သတင်း မမှန်ပါစေနဲ့လို့ ဆုတောင်းရတာပါပဲ။
ပြည်သူအများစု ထောက်ခံထားတဲ့ ပါတီတခုဟာ လူထုပါတီဖြစ်ပါတယ်။ လူထုပါတီဖြစ်ရင် မိမိအလိုချည်း မဟုတ်တော့ဘဲ၊ လူထုသဘောထားကိုလည်း စောင်းငှဲ့ကြည့်ဖို့လိုကြောင်း ပြောလိုက်ပါရစေ။
နယ်စပ်က တော်လှန်ရေးသမားများကို လေးစားပါတယ်။
ခင်မင်စွာဖြင့် …
ကိုကို(နော်ဝေ)
Friday, March 14, 2008
ရေလိုက်မလွဲစေချင် (ပေးစာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment