Sunday, January 13, 2008
အကာလ ဆုတောင်း (ကိုလတ်)
လမင်းကို တိမ်ညိုဖုံး
အလင်းပျောက်ဆုံးချိန်။
သစ်ပင်များ နှင်းဖ၀ါးအောက်
ကျောက်ရုပ်ဖြစ်နေချိန်။
စမ်းချောင်းတွေ ပန်းကြွေတေးနဲ့
ငိုကြွေးနေချိန်။
ရွက်စိမ်းတွေ ရေယာဉ်ကြော
စီးမျောနေချိန်။
ကျေးငှက်တွေ ပင်ယံထက်
အသိုက်ပျက်နေချိန်။
အဲဒီလို …
အကာလတွေ၊ သိပ်သည်းနေဆဲ
အမှောင်ဝဲမှာ၊ သံဃာကို ရိုက်
ခွေးမိုက်ဖက်ဆစ်၊ မိုက်ပြစ်နောင်တ
မရသည့်ပြင်၊ လူရှင်တွေကို
မီးသင်္ဂြိုဟ်ဖို့၊ သင်္ချိုင်းပို့သတဲ့။
လမ်းမထက်မှာ၊ ကျောင်းတာမွေက
မူလတန်းကလေး၊ သွေးမြေကျသတဲ့။
ဂျပန်သတင်းထောက်၊ လက်မြှောက်သော်ငြား
ခွေးသားဖက်ဆစ်၊ ပစ်ခတ်လေသတဲ့။
ဆန္ဒပြသူ၊ လူငယ်တွေအား
စစ်ခွေးများလိုက်၊ ၀ိုင်းရိုက်ကြသတဲ့။
ဘုန်းကြီးကျောင်းထဲ၊ တုတ်ဒိုင်းဆွဲပြီး
ပြေးဝင်စီးနင်း၊ ခွေးဇာတ်ခင်းသတဲ့။
ပြည်သူတွေကို၊ လမ်းကြိုလမ်းကြား
ဓာတ်ပုံများနဲ့၊ တိုက်စစ်ဖမ်းသတဲ့။
စာမေးပွဲဖြေ၊ သံဃာတွေအား
ဓာတ်ပုံများနဲ့၊ တိုက်စစ်ဖမ်းသတဲ့။
ထိုထိုဆိုးသွမ်း၊ ခွေးသရမ်းတွေ
မိုက်ကန်းနေလည်း၊ မြဲဓမ္မတာ
ဝဋ်လည်မှာကို၊ ကြိုကာတွေးသိ
ဆုတောင်းမိ၏၊ “အ၀ီစိတွင်း
ဇောက်ထိုးဆင်းပြီး၊ မီးပြင်းငရဲ
ကျွမ်းစွဲလောင်ကာ၊ ကျွမ်းသန္တာလန်
ကော့ပျံပါစေ စစ်ခွေးတွေ” …။ ။
ကိုလတ်
Subscribe to:
Post Comments (Atom)
1 comment:
နောက်ဆုံးဆုတောင်းကို ကူတောင်းပေးပါတယ်
Post a Comment