Saturday, October 27, 2007

ကုစရာနတ္ထိ ဆေးမရှိတဲ့ နအဖလက်အောက်က ဆေးရုံတွေ
ဒေါက်တာလွဏ်းဆွေ
ဆေးရုံတွေကို နအဖကျန်းမာရေးဝန်ကြီး လှည့်လည် နှမ်းဖြူးနေစဉ်

ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါက အေအိုင်ဒီအက်စ်ရောဂါဆိုရင် ကုစရာနတ္ထိ ဆေးမရှိတဲ့ ဆေးရုံတွေကတော့ နအဖ အာဏာရူးတစု မင်းမူနေတဲ့ မြန်မာပြည်က ဆေးရုံတွေပဲ ဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်မှာ ဝေဒနာ ခံစားနေရတဲ့ လူနာတွေ အစိုးရ ဆေးရုံတွေကို လာတက်ကြတယ်ဆိုတာ ရပ်ကွက်ထဲက ကျူလယာဆိုင်လေးတွေမှာ ဆေးဝယ် သောက်တာ မပျောက်လို့၊ အပြင်ဆေးဆိုင်တွေက ဆေးရောင်းတဲ့ သူတွေ စပ်ပေးတဲ့ ဆေးတွေ သောက်တာ မပျောက်လို့၊ အရပ်ထဲက ဆေးခန်းလေးတွေမှာ ကုသတာ မသက်သာလို့၊ အပြင် အထူးကုဆေးရုံတွေမှာ ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး မကုနိုင်လို့ ကြံရာမရတဲ့အဆုံး အစိုးရ ဆေးရုံတွေကို လာတက်ကြတာပါ။ မင်းလုပ် အုပ်ချုပ်ချင်နေတဲ့ စစ်အာဏာရူးတွေက တိုင်းသူပြည်သားတွေအတွက် အစိုးရ ဆေးရုံတွေမှာ ဘာတွေများ အားကိုးရအောင် စီစဉ်ပေးထားမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လာတက်တဲ့ လူတွေလည်း ရှိချင်ရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နအဖ စစ်အာဏာရူးတွေက သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ဆေးရုံ ဆေးခန်းပုံတွေကို တကယ့် အားကိုးစရာ နေရာတွေအဖြစ် မြင်လာအောင် ဟန်တခွဲသားနဲ့ လိမ်ညာပြီး အမျိုးမျိုး လွှင့်ထုတ် ပြသနေတာကိုး။ အဲဒီတော့ ရိုးတဲ့သူတွေက အဟုတ်မှတ်ပြီး လာတက်ကြတာလည်း ပါတာပေါ့။

တကယ်တော့ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဆိုသလို သူတို့ထုတ်လွှင့် ပြသနေတဲ့ ဆေးရုံတွေမှာ ရှိတာဆိုလို့ ဆရာဝန်ရယ်၊ လူနာရယ်၊ ကုတင်ရယ်ပဲရှိတာပါ။ အရက်ပျံနဲ့ ဂွမ်းကအစ ဆေးရုံတ၀ိုက်မှာရှိတဲ့ အပြင်ဆေးဆိုင်တွေက အကုန်ဝယ်ရတာပါ။ ဆေးရုံမှာ ကုသစရာဆေးက တကယ့်ကို နတ္ထိပါပဲ။ မြန်မာပြည်က ဆေးရုံတွေ တ၀ိုက်မှာ ပုဂ္ဂလိက ဆေးဆိုင်ကြီးတွေ ဟီးထနေအောင် ဖွင့်ထားတာကို ကြည့်ရင် အစိုးရ ဆေးရုံတွေမှာ ဆေးမရှိလို့ လာဖွင့်ထားကြတယ်ဆိုတာ သိသာထင်ရှားလွန်းနေတယ်။ ဆေးရုံတွေက ဆေးပေးနိုင်ရင် ဒီဆိုင်တွေ လာဖွင့်ထားစရာ ဘာအကြောင်းရှိမှာလဲ။ အဲဒီကိုပဲ ပြည်သူတွေရဲ့ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ဘယ်လိုဘယ်ဝါ ဆောင်ရွက်နေပါတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီး ဆိုတဲ့သူက ကိန်းဂဏန်း အတုတွေကို နှစ်စဉ် လူရှေ့ထွက်ပြီး တော့ လိမ်ပြောသေးတယ်။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေကို ကြည့်ရင် လူတဦးချင်းစီရဲ့ ပျှမ်းမျှသက်တမ်းကို တွက်ချက်တာက အစ ရောဂါဖြစ်ပွားမှုနှုန်း အလယ် ဖွားသေစာရင်း အဆုံး အားလုံးဟာ လိမ်စဉ်တွေချည်းပဲ ဆိုတာတွေ့ရတယ်။

လူနာတယောက် ဆေးရုံလာတက်ပြီ ဆိုရင်လည်း ဆေးရုံထဲကို ၀င်တာနဲ့ အပေါက်စောင့်ကို စပြီး လာဘ် ထိုးရတယ်။ ပြီးရင် ဆေးရုံထဲကို ပို့ပေးမယ့် အလုပ်သမားကို လာဘ်ထိုးရတယ်။ အဲဒါမှ ပြင်ပလူနာ ကြည့်တဲ့ဌာန ကို ရောက်ပါမယ်။ ပြင်ပလူနာဌာနက တာဝန်ကျဆရာဝန်က စမ်းသပ်စစ်ဆေးပြီးတဲ့အခါ သက်ဆိုင်ရာလူနာ ဆောင်ကို ပို့ပေးမယ့် တွန်းလှည်းတွန်းတဲ့ အလုပ်သမားကို လာဘ်ပေးရပါတယ်။ အဲဒီလို ဖြတ်သန်းပြီးမှ ကုသပေးမယ့် အဆောင်ပေါ်ကို ရောက်ပါမယ်။ အဆောင်ပေါ် ရောက်တဲ့အခါ ကုတင်မှာ ခေါင်းအုံးတွေ အိပ်ယာခင်တွေ လာခင်းပေးတဲ့ အလုပ်သမားကို ကောင်းကောင်းမွန်မွန်ု သန့်သန့်ရှင်းရှင်း လုပ်ဆောင်ပေးအောင် လာဘ်ပေးရတယ်။ အဲဒီလို ပြင်ဆင်ပြီး လူနာမှတ်တမ်း သွင်းပြီးရင် တာဝန်ကျ လက်ထောက်ဆရာဝန်က လာကြည့်ပါတယ်။

၁၉၉၅ခုနှစ်မှာ ကျနော် အလုပ်သင် ဆရာဝန်ဘ၀နဲ့ မြောက်ဥက္ကလာပ ဆေးရုံမှာတာဝန်ကျတုန်းက အ ဖြစ်အပျက်လေး တခုကို အမှတ်ရ နေပါသေးတယ်။ လူနာ အမျိုးသမီးဟာ တော့်တော့်ကို ဆင်းရဲတဲ့ သူမှန်း နွမ်းဖတ်နေတဲ့ သူမရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်တာနဲ့ သိသာတယ်။ ဘေးက အစောင့်အဖြစ် ပါလာတဲ့ သူမရဲ့ အမျိုးသားဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ မထင်ကောင်း ထင်ကောင်း သူတောင်းစား လင်မယားလို့တောင် ထင်မိနိုင်စရာ အနေအထားမျိုးပါ။ ဗိုက်အောင့်တဲ့ ဝေဒနာကို မခံမရပ်နိုင်တော့လို့သာ ဆေးရုံကို လာတက်တာ၊ လူနာအတွက် ပစ္စည်း ပစ္စယတွေလည်း ဘာတခုမှ ပါမလာဘူး။ အလုပ်အကိုင်ကို မေးကြည့်တော့ လင်မယား နှစ်ယောက်စလုံး ပန်းရံလုပ်တယ်လို့ သိရတယ်။ အလုပ်လုပ်နေရင်း ဗိုက်တအား အောင့်လာလို့ ဆိုက်ထဲကနေ နီးရာဆေးရုံကို ကမန်းကတန်း ပြေးလာတာပါလို့ ပြောပြတယ်။

ကျနော့်အထက်က လက်ထောက်ဆရာဝန် အမျိုးသမီးက စမ်းသပ်ကြည့်ပြီး လိုအပ်တဲ့ ဆေးတွေ ၀ယ်ခိုင်းဖို့ တာဝန်ကျ သူနာပြုဆရာမကို ပြောပြီး ကျနော်နဲ့အတူ ရုံးခန်းထဲ ပြန်လာခဲ့တယ်။ ခဏအကြာမှာ သူနာပြု ဆရာမက ရုံးခန်းထဲကို ဒေါနဲ့မောနဲ့ ပြန်ဝင်လာပြီး ကျနော်တို့ နှစ်ယောက်ကို ပြောပြတယ်။

“ဆရာမတို့ လူနာက ဆေးရုံလာတက်တာ ဘာပစ္စည်းမှလည်း ပါမလာဘူး၊ ဆေးဝယ်ဖို့တောင် ပိုက်ဆံပါ မလာဘူးတဲ့၊ ဘယ်လို လုပ်မလဲ၊ ကျမလည်း စိတ်တိုတိုနဲ့ ပြောလိုက်တယ်၊ ဆေးရုံဆိုတာ ဆရာဝန်ရယ် သူနာပြုရယ် ကုတင်ရယ်ပဲ ရှိတာ၊ ကျမတို့လည်း အိတ်စိုက် ကုပေးရတာ များလွန်းလို့ မတတ်နိုင်တော့ဘူးလို့ ပြောလိုက်တယ်”

လက်ထောက် ဆရာဝန်မက နေပါဦးဆရာမရယ် ကျမတို့ သွားမေးကြည့် ပါဦးမယ်လို့ ပြောပြီး ကျနော်တို့ ဆရာဝန်နှစ်ယောက် လူနာဆောင်ထဲကို ပြန်သွားပြီး အကျိုးအကြောင်းကို မေးကြည့်တယ်။
အဲဒီမှာ လူနာစောင့် အမျိုးသားက မျက်ရည်လည်ရွဲနဲ့ ပြောပြတယ်။

“ဆရာမရယ်၊ ကျနော့်မိန်းမက အလုပ်လုပ်နေရင်း ရုတ်တရက် ဗိုက်အောင့်လာပြီး မခံနိုင်တော့လို့ အလုပ်ရှင်ကို သွားပြောတော့ မပေးချင်ပေးချင်နဲ့ ကျနော်တို့ နှစ်ယောက်စာ နေတွက်ခ ငွေ ၃၀၀ ကို ထုတ်ပေးတယ်။ အဲဒီ ပိုက်ဆံလေးနဲ့ပဲ ဆေးရုံကို အမြန် ပြေးလာတာပါ၊ အလာမှာ ကားငှားလာတယ်ရယ်၊ ဆေးရုံအ၀င်မှာ ပေးရ တာတွေရယ်နဲ့ လက်ထဲမှာ ငွေအစိတ်လောက်ပဲ ကျန်တော့လို့ပါ၊ ကျနော်တို့က လက်လုပ်လက်စားတွေ ဆိုတော့ ငွေပိုငွေလျှံလည်း မရှိလို့ပါ၊ အိမ်ကလည်း ရွှေပြည်သာမှာမို့ ပစ္စည်းတွေလည်း ဘာမှ ပါမလာတာပါ၊ မပေးချင်လို့ မဟုတ်ပါဘူး”

ဆရာမက ကျနော့်ဘက် လှည့်ပြီး “ကဲ ဆရာရေ၊ ဘယ်လို လုပ်ကြမလဲ၊ လူနာ အနေအထားကလည်း အသည်းအသန်၊ Acute appendicitis ဆိုတော့ လိုအပ်ရင်အရေးပေါ်ခွဲစိတ်ဖို့တောင် O.T (ခွဲစိတ်ခန်း)ကို inform လုပ်ရမှာ၊ ဒုက္ခပါပဲ” လို့ ပြောနေရင်း လူနာက ကုတင်ပေါ်မှာ လူးလိမ့် အော်ဟစ်နေတယ်။

ဆရာမက “ကဲ ဆရာ လောလောဆယ် လိုအပ်တဲ့ ဆေးတွေ အရင်ဝယ်ဖို့ ကျမပဲ အိတ်စိုက် ထုတ်ပေးလိုက်မယ်၊ လိုအပ်လို့ O.T ၀င်ရမယ်ဆိုရင်တော့ ကြုပ်ကျက်လိ ကြတာပေါ့၊ ကဲ ကဲ ရော့ ရော့ ခုနက ပေးထားတဲ့ ဆေးစာရွက်ပြပြီး ဆေးရုံရှေ့က ဆိုင်မှာ ဆေးထွက် ၀ယ်ချေ၊ ၀ယ်ပြီးရင် ရုံးခန်းထဲကို လာပေး၊ ခုနက ဆရာမ လာထိုး ပေးလိမ့်မယ်၊ ဟုတ်ပြီလား” ဆိုပြီး ဆရာမက ငါးရာတန် တရွက် ထုတ်ပေးလိုက်တယ်။

လူနာစောင့် အမျိုးသားက ငါးရာတန်ကို လှမ်းယူပြီး ဘာမပြော ညာမပြောနဲ့ ကျနော်တို့ နှစ်ယောက်ကို ဦးကုန်းချတော့တယ်။ ပါးစပ်မှလည်း “ဆရာမတို့ရယ်၊ ကျနော့် မိန်းမ အသက်ကို ကယ်ပါ၊ ကျနော် ဆရာမတို့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ ရှိလည်း ခိုးပါတယ်” ဆိုပြီး မျက်ရည်လည်ရွဲနဲ့ ပြောနေတော့တယ်။

ကျနော်က ဆရာမကို “ကျနော်လည်း တ၀က်စိုက်မယ်လေ”ဆိုတော့ ဆရာမက “ဆောင်ထား ဆရာရေ၊ စိုက်ရဦးမှာ မပူနဲ့” လို့ ပြန်ပြောတယ်။ အဲဒီလို အရပ်ကူပါ လူဝိုင်းပါနဲ့ပဲ အသည်းအသန် လူနာတယောက်ရဲ့ အသက်ကို ကယ်ခဲ့ရတယ် ဆိုပါတော့။ ဆေးရုံတွေမှာ တနေ့တနေ့ အဲဒီလို ဒုက္ခသုက္ခနဲ့ လူနာပေါင်းကလည်း အ မြောက်အမြား ဆိုတော့ သူနာပြုဆရာမ စိတ်တိုတာကိုလည်း အပြစ်လို့ မဆိုသာပြန်ဘူး။ နေ့တဓူဝ အိတ်စိုက် ကု ပေးနေရတာတွေ များတော့ စိတ်ရှုပ်ပြီး ပြောမိတယ်လို့ပဲ ဖြေသိမ့်လိုက်တော့တယ်။ နောက်ပိုင်း နှစ်တွေမှာတော့ စရိတ်မျှပေး ကျန်းမာရေး ဆိုပြီးတော့ ဆေးရုံတွေမှာ ဆိုင်းဘုတ်တွေ တင်လာတာကို တွေ့ရတယ်။ အဲဒါကလည်း တ၀က်ကို အစိုးရစရိတ်နဲ့ ကျခံတာ မဟုတ်ဘဲ အလှူငွေ ကောက်ခံရရှိတဲ့ ငွေကတ၀က် လူနာကို တ၀က်ကျခံခိုင်းပြီး ကုသပေးနေတာပါ။

အချုပ်အားဖြင့် ပြောရရင်တော့ နအဖ အာဏာရူးတွေ အနေနဲ့ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ အသံကောင်းဟစ်ပြီး လိမ်ညာ ၀ါဒဖြန့်နေတယ် ဆိုတာကို ဆေးရုံမှ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ၀န်းထမ်းတွေနဲ့ တက်ရောက်ကုသတဲ့ လူနာတွေ အသိဆုံးပါပဲ။ အသုံး မကျတဲ့ အစိုးရနဲ့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေတဲ့ လူနာတွေကြားမှာ စိတ်ဆင်းရဲမှု အဖြစ်ရဆုံး
လူတွေကတော့ တာဝန်ကျ ဆေးရုံဝန်ထမ်းတွေပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာတွေက ဆင်းရဲ၊ ဆေးရုံတွေမှာက ကုစရာနတ္ထိ ဆေးမရှိလို့ ဆရာဝန် ဆရာမတွေခမျာ ဘာမှ မတတ်နိုင်ဘဲ လက်ပိုက် ကြည့်နေရတဲ့ အဖြစ်တွေက နအဖ လက်ထက်မှာ တနေ့တခြား များပြားလာလို့ပါပဲ။ ဒီလို အဖြစ်ဆိုးတွေကနေ လွတ်မြောက်အောင် လုပ်ဆောင်ဖို့ရာမှာ လက်ရှိ တိုင်းပြည်ရဲ့အင်အားနဲ့ချည်း မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အများကြီးရမှာ ဖြစ်မှာပါ။ ရရှိတဲ့ အကူအညီတွေ ပြည်သူလူထုဆီ အပြည့်အ၀ ရောက်ရှိဖို့ ဆိုတာကတော့ လက်ရှိ တိုင်းပြည်ကို ဖျက်ဆီး အုပ်ချုပ်နေတဲ့ စစ်အာဏာရူးတစု မရှိမှဖြစ်မှာပါ။ နို့မဟုတ်ရင် ရသမျှ အကူအညီတွေကို သူတို့အိတ်ကပ်တွေထဲ ထည့်ရင်ထည့်၊ မထည့်ရင်လည်း သူတို့ အာဏာတည်မြဲဖို့နဲ့ တိုင်းသူပြည်သားကို ဖိနှိပ်အုပ်ချုပ်ဖို့ လက်နက်ဝယ်ရာမှာပဲ အသုံးချပစ်မှာမို့ပါ။ အဲဒီတော့ ပြည်သူလူထုရဲ့လူမှုဘ၀ ဒုက္ခအထွေထွေကို ကယ်တင်နိုင်ဖို့အတွက် စစ်အာဏာရူးတွေကို ၀ိုင်းဝန်းချေမှုန်းပြီး ပြည့်သူအစိုးရ ပေါ်ထွန်းလာအောင် အမြန်ဆုံး ပူးပေါင်း လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

(၂၀၀၅ခုနှစ် ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ် ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

အပြည့်အစုံသို့...

ကိုဗဟိန်း မှသည် ကျော်ကိုကို အထိ …
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
ဗိုလ်ချုပ်အောင်ဆန်း မှသည် ဒေါ်အောင်ဆန်းစုကြည် အထိ
၁၃၀၀ပြည့် အရေးတော်ပုံ မှသည် ၂၀၀၇ (သြဂုတ်- စက်တင်ဘာ) ရွှေဝါရောင် အရေးတော်ပုံ အထိ

၁၉၃၈- အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပေါင်းစည်းမှု မှသည် နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေး
၁၉၄၅- မတ်လတော်လှန်ရေး မှသည် ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး
၁၉၆၂- ဇူလိုင် (၇)ရက် (ဆဲဗင်း ဂျူလိုင်) မှသည် တော်လှန်ရေးကောင်စီ စစ်အစိုးရ ပြုတ်ကျရေး
၁၉၆၃- ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှသည် တော်လှန်ရေးကောင်စီ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၄- ဇွန် (၆)ရက် အလုပ်သမား အရေးအခင်း မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၄- ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်း မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၅- ဇွန်၊ ရွှေတိဂုံ အထွေထွေသပိတ် မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၇၆- မှိုင်းရာပြည့် မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး
၁၉၈၈- ရှစ်လေးလုံး လူထုအုံကြွမှု မှသည် မဆလ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၈၈- စက်တင်ဘာ (၁၈)၊ စစ်တပ် အာဏာသိမ်းခံရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၈၉- ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၀- အန်အယ်လ်ဒီ ရွေးကောက်ပွဲ အနိုင်ရခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၅- ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၁၉၉၆- ကျောင်းသားအရေးအခင်း မှသည် န၀တ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၂၀၀၃- မေ(၃၀)၊ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်း လုပ်ကြံခံရမှု မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး
၂၀၀၆- ၈၈ မျိုးဆက်ကျောင်းသားများ၏ အဖြူရောင် လှုပ်ရှားမှု မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး
၂၀၀၇- သြဂုတ်- စက်တင်ဘာ၊ သံဃာ၊ ကျောင်းသား၊ ပြည်သူ ရွှေဝါရောင် သွေးစည်းမှု၊ အ၀ါရောင်သွေး တော်လှန်ရေး မှသည် နအဖ စစ်အစိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး

လွတ်လပ်ရေး …
ဒီမိုကရေစီရေး …
ငြိမ်းချမ်းရေး …
တရားမျှတရေး …
လူ့အခွင့်အရေး …
ညီညွတ်ရေး …
အရေးတော်ပုံပေါင်း
ထောင်သောင်းမက
မြောက်မြားလှစွာ
သမိုင်းစာမျက်နှာမှာ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
“ဗကသ” ဆိုတာ
All Burma Federation of Student Unions
“ABFSU” ဆိုတာ
ရာဇ၀င် ပြောင်မြောက်
မကြောက် သတ္တိ
နီဘိရဲရဲ
ခွပ်ဒေါင်း အသည်းနဲ့
ဖိနှိပ်သူ မှန်သမျှ
စစ်အာဏာရှင် မှန်သမျှ
အမြဲတော်လှန် ဖြုတ်ချတဲ့
အာဂ အင်အားစု ကျောင်းသားထုရဲ့
တိုင်းပြုပြည်ပြု
ဦးဆောင်မှု အလံတော်ပဲ။

ဒီအလံတော်ကို
မြစ်ဧရာပေါ်မှာ
ကျဆုံးသူများရဲ့ အုတ်ဂူပေါ်မှာ
လူထုရဲ့ ရင်ပြင်တော်မှာ
ပြည်သူ့တပ်ဦးမှာ
မြူးမြူးကြွားကြွား
ငွားငွားစွင့်စွင့်
ဒါ့ထက်ပိုပြီး ရဲရဲရင့်ရင့်
မြင့်မြင့်မားမား လွှင့်ထူကြရမယ်။

“မြင်းခွာ တချက်ပေါက်ရင်
ဗမာတပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့
ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း မှသည် …

“ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက်
အရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင်
ကျနော်တို့ ကျောင်းသားတွေရဲ့ အရိုးက
ဟိုး အောက်ဆုံးမှာ ရှိနေပါလိမ့်မယ်” ဆိုတဲ့
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မှသည် …

၂၀၀၈ ငါတို့ခေတ်နှင့် အပြိုင်
ရင်ဆိုင် ချီတက်
မျိုးဆက်သစ် အရေးတော်ပုံ
ရွှေတိဂုံ သပိတ်စခန်း မှသည်
နေပြည်တော် သိမ်းပိုက်ရေးအထိ
သွေးမော်ကွန်းဟောင်း၊ လမ်းသစ်ကြောင်းမှာ
ခွပ်ဒေါင်း အလံတော်၊ တိုက်ပွဲခေါ်
(ဒါဟာ …)
ကျော်ကိုကိုတို့ခေတ်ရဲ့
ဗကသ အောင်ပွဲဖြစ်တယ်။

ဒါဟာ …
ကျော်ကိုကိုတို့ခေတ်ရဲ့
“ဗကသ”
မဟာ အောင်ပွဲ ဖြစ်တယ်။ ။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(၁၄-၁၀-၀၇)

(မျိုးဆက်သစ် ဗကသ ကျောင်းသားခေါင်းဆောင် ရာဟု(ခ)ကျော်ကိုကို အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက် သွားသည့် သတင်းကို ကြားရပြီးနောက် ဤကဗျာကို ရေးပါသည်)

အပြည့်အစုံသို့...

စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ

စစ်ခွေးတိုက်မှာ ဇာဂနာ့ တနေ့တာ
ဇာဂနာ
စိတ်ကူးယဉ်တဲ့ အလုပ်ကလွဲလို့ ဘာမှ လုပ်စရာမရှိတဲ့ နေရာပါဗျာ။ မိုးလင်းကနေ မိုးချုပ် ငုတ်တုတ် ထိုင်နေရုံကလွဲလို့ ဘာမှ လုပ်စရာမရှိ။ စကားပြောဖော် မရှိ။ မိခင်ဘာသာစကားတောင်
မေ့သွားမှာစိုးလို့ စမ်းပြီးပြောပြော ကြည့်နေရတာ။ အီအီးပါလို့ကလည်း မဖြောင့် ရှူးရှူးပန်းလို့ကလည်း အဆင်မပြေ။ ဒန်ပန်းကန်ပြားသာသာ မိလ္လာခွက်ထဲ အီအီးရော ရှူရှူးရော ပါလည်းပါ
ပန်းလည်းပန်း လုပ်ရတာကိုး။ အီးနှစ်တုံးလောက်ဆို ပေါက်ပြီးသား ရှူရှူးတွေက ဖင်ပြန် စင်နေပြီ။ ကိုယ့်ရှူရှူ ကိုယ်ရွံနေလို့ မဖြစ်ပါဖူးလေ လို့သာ သဘောပိုက်ရပါတော့တယ်။ ပါလိုက်ဦးဟ ပန်းလိုက်ဦးဟ။
အီအီးနဲ့ ဆန့်ကျင်ဖက် မန်မန်ကျတော့လည်း တော်တော် အဆင်ပြေသား ခမျ။ စာထဲပေထဲမှာတော့
ရောင်စုံသူပုန်ပဲ ကြားဖူးတာ၊ ခုတော့ ရောင်စုံထမင်း ဆိုတာ တွေ့နေပါပြီ။ အမယ် ဒါတောင် စိတ်မဆိုးနဲ့နော် စိတ်ဆိုးလို့များ ထမင်းလုံးနဲ့ ကောက်ပေါက်လိုက်ရင် နဖူးကွဲသွားမှာ ဘာမှတ်နေလဲ။ ကိုယ့်မှာက စားစရာဆိုလို့ ပါးစပ်တစ်ခုပဲ ပါတာဆိုတော့ ထောင်ကကျွေးတဲ့ ဟင်းပဲ အကောင်းအကန်း လုပ်စားရတာပ။
စစ်ခွေးတိုက်မှာ ပိုင်ဆိုင်သမျှ
မနက် ပဲဟင်းတဲ့။ ကိုယ်ပျောက်ပဲ။ လူကြီး အငိုတိတ်အောင် အရိပ်အရောင် မမြင်ရတဲ့ ပဲ ဆိုမှ ပဲဟင်းပါ ခမျ။
ညနေကျတော့ တာလပေါ ဟင်း။ ထောင်စည်းရိုးနားမှာ သန့်ရှင်းရေး ကောင်းနေပုံရတယ်။ ဘာပင် ဘာရွက်မှန် မသိတဲ့ အလေ့ကျတွေလည်း ဖြစ်နိုင်ပါရဲ့။ တွေ့ရာအရွက် ထည့်လို့သာ ချက်ထားတဲ့ တာလပေါနဲ့ မကြာမျှောပြီးရင်ပဲ လာပကောလို့သာ ရေရွတ်လိုက်ပါတော့။ ဂွီဂွီဂွမ်ဂွမ် အသံတွေပေးလို့ လုပ်သားမောင် ၀မ်းနှုတ်ဆေး အမလေး အဘလေး တ သွားလောက်ပါရဲ့။ အိုဘယ့် တာလပေါ။ ကိုယ့်မှာသာ အစားခက် အပေါက်ခက် အပါခက် အနေခက်နေတာ အောင်မာ ထောင်ကျတွေကတော့ ပျော်လို့ဗျား။ ဇာဂနာ တည်းခိုနေရာ စစ်ခွေး နံဘေးက ကွက်လပ်ထဲမှာ မိန်းမ ဘော်လီဘောပြိုင်ပွဲနဲ့ ယောင်္ကျားဘောပွဲ လာလို့များတောင် ကျင်းပနေသေးရဲ့။ တရွှီးရွှီး တဖြောင်းဖြောင်းနဲ့ အာဆီယံမှာ အလံမလွှင့်နိုင်တဲ့ မြန်မာအသင်းတောင် မျက်ရည်ဘူးသီးလောက် ကျသွားလောက်ပါရဲ့။ မှောင်တဲ့အထိ ကန်နေလိုက်ကြတာ။
အော် သူတို့တွေ ခမျာလည်း ဒီလိုမှမနေရင် ဘယ်လိုနေကြမလဲ ထိုင်ငိုနေလို့မှ ထောင်က လွတ်မှာ မဟုတ်ပဲ လို့ တွေးပြီး မြန်မာ့အသံကလွှင့်တဲ့ ဘောပွဲလို အသံသာ နားထောင်ပြီး တနေကုန် လိုက်ရပါတော့တယ်။ ကိုင်း … နေ၀င်ပြီဆိုတာနဲ့ တပ်ထောင်ထာ ခြင်ထု အင်အားစုလို့ လာပြန်တော့ တို့တာဝန်အရေးရယ်ကြောင့် ခြင်နှိမ်နှင်းရေး လုပ်ငန်း စလိုက်ရပါတော့တယ်။ လိုက်သတ်တာတော့ မဟုတ်ပါ။ ပုဆိုးနဲ့ ခါထုတ်ရတာပေါ့။ မရိုသေ့စကား အဲဒီအချိန်မှာတော့ ဇာဂနာ ဖင်တုန်းလုံးလေးနဲ့ ခမျ။ ဟီဟိ ချစ်စရာလေး။ ဒီလို ခါထုတ်မှ မကိုက်ရတဲ့ ခြင်တွေခမျာ တဖြေးဖြေး တပ်ကွဲသွားပြီး ည ၁၁ နာရီလောက်မှာ ပျောက်ဆုံးသွားပါလေရော။ ဒီလိုနဲ့ပဲ ဇာဂနာ့ တစ်နေတာဟာ ပြီးဆုံးခဲ့ရပါတယ်။ သူများတကာ အိပ်ချိန်ရောက်ပြန်လဲ မအိပ်နိုင် နံရံမှီပြီး လုပ်စရာမရှိ ရေပဲသောက်လို့ ခြင်တပ်ကြီး မပျောက်မချင်း ထိုင်လို့သာ စောင့်နေရပါတော့တယ်။

ဘုရားရိုက်မည့် နွားငမိုက်များသို့ …
ဇာဂနာ
အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။

(ဇာဂနာ ၀က်ဘ်ဆိုက်မှ ...)

အပြည့်အစုံသို့...

မည်သူ ယုံကြည် မယုံကြည်၊ ကျနော် ယုံကြည်သည်

နေလင်း (လူရှင်သချုင်္ီင်းများအကြောင်း စာအုပ်ရေးသားသူ)

အပြည့်အစုံသို့...

ထိန်းသိမ်းခံရာမှ ပြန်လွတ်လာတဲ့ သက်တော်(၇၆)နှစ်ရှိ ဆရာတော် ဦးတေဇော ဘာသကို ကိုဇာဂနာ ဖူးတွေ့နေပုံ

ဓာတ်ပုံ-မန္တလေးဂေဇက်

အပြည့်အစုံသို့...

Friday, October 26, 2007

ဒကာ ကိုသူရ (ကိုဇာဂနာ)သို့ ...

အပြည့်အစုံသို့...

မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆုတောင်းပွဲနှင့် သီ တင်းကျွတ် နိဗ္ဗာန်ဈေးပွဲတော် မယ်တော်ဆေးခန်းတွင် ကျင်းပ (၂၆-၁၀-၀၇)

ဓာတ်ပုံ-ကိုလတ်

အပြည့်အစုံသို့...

တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပို့ဖို့ လက်မှတ် ၁သန်း ပြည့်အောင် မြန်မြန် ထိုးကြစို့

http://www.avaaz.org/en/burma_hope_lives/98.php/?cl_tf_sign=1" ကို click ၍ လက်မှတ်ထိုးကြပါ။

ကျန်းမာရေးဝန်ထမ်းတွေ ပါးလိုက်တဲ့ သတင်းစကား

They SHOT.
We SAVED.
But, we felt so sorry.
How many can we save?
Some injured people could not come to hospital.
Yangon General Hospital is under control of Junta.
That 's TERRIBLE.

နောက်ထပ်ရရှိတဲ့ နအဖစစ်ခွေးတွေရဲ့ လူမဆန်တဲ့ လုပ်ရပ် မှတ်တမ်းဓာတ်ပုံများ

အပြည့်အစုံသို့...

A Monk’s Tale of Protest and Escape From Myanmar
By THOMAS FULLER (The New York Times)
October 26, 2007
MAE SOT, Thailand, Oct. 25 — A 24-year-old Buddhist monk who says he was one of the leaders of the recent protests in Myanmar and escaped last week painted a picture on Thursday of a bare-bones group of young monks planning and organizing what became a nationwide uprising.

During a six-hour interview in this border town, the monk, Ashin Kovida, said he had been elected the leader of a group of 15 of his fellows and led daily protests in Yangon from Sept. 18 through Sept. 27, the day after the authorities began raiding monasteries.

He said he was inspired by the popular uprisings in Yugoslavia against the government of Slobodan Milosevic, videos of which were circulated by dissident groups in Myanmar.

Eight members of his organizing committee are “missing” and six others are hiding in Yangon, he said. He described escaping to Thailand by using a false identification card, dyeing his hair blond and wearing a crucifix.

Many details of Mr. Kovida’s account could not be independently confirmed, but his role as an organizer was well known among nongovernmental organizations in Myanmar, formerly Burma, and Western human rights groups.

Hlaing Moe Than, 37, a leading organizer of students in the September demonstrations who also fled to Thailand, was shown a picture of Mr. Kovida on Thursday and confirmed his identity.

“He is one of the famous leaders among the Buddhist monks during the protests,” Hlaing Moe Than said.

Mr. Kovida’s group received financial help from three well-known Burmese dissidents — an actor, a comedian and a poet — but it did not receive foreign aid during the protests, he said.

One of his main preoccupations, he said, was providing food for the thousands of monks who came to Yangon, Myanmar’s main city, to join the protests. He said he also worried about what he called “fake monks,” whom he suspected the military government had planted.

The spark for the demonstrations came on Sept. 5, when the police fired warning shots at protesting monks in Pakokku, in central Myanmar, Mr. Kovida said.

“The first time I heard the information, I was speechless,” he said. “It was an unbelievable thing.”

Older monks and abbots urged the monks to protest in the monasteries, but the younger monks thought protesting in their cloistered world would do no good, he said.

He reached out to students he had met during alms collections and began to plan marches in Yangon.

“We realized that there was no leadership — a train must have a locomotive,” he said.

He said he helped supervise the printing of hundreds of pamphlets, titled, “The Monks Will Come Out Onto the Streets.”

“We delivered to all the monasteries.” in Yangon, he said. “We tried to distribute to other regions as much as possible.”

On Sept. 18, he led the first column of monks through the streets in Yangon, he said.

On Sept. 19, about 2,000 protesters, including 500 monks, sat on the tiled floor in Sule Pagoda, a focal point of the protests. “To continue demonstrations in a peaceful way we must have leadership,” Mr. Kovida said he told them. “I call on 10 monks to come join me in the front.”

Fifteen monks came forward, he said, to form what they called the Sangga Kosahlal Apahwe, the Monks Representative Group.

“In this country at present we are facing hardships,” he said he told the crowd, after he was elected chairman of the group. “People are starving; prices are rising. Under this military government there are so many human rights abuses. I call on people to come to join together with us. We will continue these protests peacefully every day until we win. If there are no human rights, there is no value of a human.”

He said that, for a week, he met with his group of organizers in the morning and led marches at noon. He said he heard reports on the Burmese-language service of the BBC about other monks who had organized themselves but he had never met them.

Then, on Sept. 26, the government began a violent crackdown. Security forces clubbed and tear-gassed protesters, blocked their path and arrested hundreds.

“The police pulled the monks’ robes and beat them,” Mr. Kovida said. “Nuns were stripped of their sarongs.”

He said he escaped by climbing over a brick wall.

The next day, as the crackdown intensified, he said he changed out of his robes and fled to a village about 40 miles away where, with the help of relatives and friends, he hid in an abandoned wooden hut.

He was so afraid of attracting the attention of neighbors that he suppressed his coughs and never left the dark hut for two weeks, he said. He relieved himself using a plastic bucket, he said, and friends occasionally dropped off food.

On Oct. 12, his adoptive mother, whom he called Daw Thin Thin Khaing, was detained, news that was immediately relayed to him. He fled into the night, barefoot.

“I ran down a large road,” he said. “Whenever a car came I hid in the bushes.”

He headed back to Yangon, he said, where he dyed his hair blond. He bought a crucifix in a local market and, several days later, boarded a bus heading toward the Thai border.

Using a false identity card, he passed about eight checkpoints and reached Myawadi, a border town, on Oct. 17. The next morning, he said, he crossed the Moei River to Thailand in a boat, bypassing the official border post.

An Oct. 18 article in The New Light of Myanmar, the state-run newspaper, accused him of hiding “48 yellowish high-explosive TNT cartridges” in his monastery.

Now, facing almost certain detention in Myanmar, Mr. Kovida said he would request refugee status in Thailand.

“I have been in the monkhood since I was so young,” he said. “My whole life, I have been studying only Buddhism and peaceful things.”

အပြည့်အစုံသို့...

The Resurrection of Myanmar Yellow Blood Revolution
Aung Way (from a bomb-shelter)
We, the Mass's Alliance for Democracy, try to resuscitate the idea for our “saffron solidarity – yellow blood” revolution 2007.

We will bring our pro-democracy movement in three ways. Those are following:
(1) Military way (way of mutiny)
(2) Diplomatic way (way of diplomacy)
(3) Propaganda way (way of counter-art)

(1) Military way (way of mutiny)

We want friendship between our army and our protesters.
We must know the soldiers. We must organize the soldiers. We must urge them to save the people and sanghas and students.

We understand that next “third and last” revolution is going to be led by the soldiers who love their country and their army. They will be revolutionary forces for democracy soon.
In our history, it'll be soldiers-led, 2007 (or) 2008 … and previous were students-led, 1988 and sanghas-led, 2007.

We hope there will be “three Ss” combination – soldiers, sanghas and students. “Three Ss” means, in myanmar language, “thar thone thar” (three kinds of son)
1. Kyaung thar – son of school = student
2. Phayar thar – son of Buddha = sangha
3. Sit thar (Tatmadaw thar) = soldier

We hope, in Myanmar army, a mutiny will be followed soon.

(2) Diplomatic way (way of diplomacy)

Why is the voice of Indian democracy silent about momentous struggle for liberty and rights in Myanmar?
And also, why is the voice of Russians and Chinese?

We recognize, in China, Russia and India, their governments are different from their people.
Those three governments are usual supporters of Myanmar military regime. Myanmar generals are backed by those three foreign governments.
But those people of those countries are opposite of their governments.

We try, diplomatically, those people, to condemn their own governments, supporting for Myanmar government and persuade to halt it urgently.

(3) Propaganda way (way of counter-art)

We use some methods of – “Psycu-war to Psych-war”. (Psychological warfare)
We must criticize all their writings in the government mouth-piece newspapers.
We should requite all their policy media work and pro-junta art.
We will attack the enemy propaganda.
We drive them into trouble mud.
Their propaganda campaign in crisis must be broken down.

And then, most important thing we face is just to do record exactly and write down detail the lists (names and bio-datas) of Union Solidarity and Development Association's members and its villains those who, together with military bulldogs and security polices, cracked down on the pro-democracy protesters during August-September 2007 movement.

We believe, the revolutionary art which we use to counter-attack the regime is totally devastating counter-art.
Let freedom flows in the Irrawaddy River violently.

Aung Way (11-10-07)
Poet of Myanmar
(From a bomb-shelter)

အပြည့်အစုံသို့...

ယမန်နေ့ နေ့လည် ၁နာရီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်သွယ်ရေး အရာရှိ ဦးအောင်ကြည်တို့ တွေ့ဆုံကြစဉ်
ဒီမိုကရေစီရေး တိုက်ပွဲဝင်ရန် ကျောင်းသားတပ်မတော်သို့ မြန်မာနိုင်ငံ အမျိုးသားရေး လှုပ်ရှားမှု မြှင့်တင်ရေး ကော်မတီ (ကိုရီးယား)မှ ဒေါ်လာနှစ်သောင်း လှူဒါန်း
စက်တင်ဘာ အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ သံဃာ့အာဇာနည် ကျောင်းသား ပြည်သူများအတွက် မစုစုနွေး တလပြည့်အထိမ်းအမှတ် လွမ်းသူ့ပန်းခြင်းချ
ဓာတ်ပုံပေးပို့သူ-မဆုမွန်
ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးရဲ့ ၄၂နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့ မစုစုနွေးတို့ လူအိုရုံမှာ ကျင်းပပြုလုပ်
အောက်တိုဘာ ၂၃ရက် ညနေ ၄နာရီက လန်ဒန်မြို့ အမျိုးသားပန်းချီခန်းမရှေ့ ထရာဖာဂါရင်ပြင်တွင် မြန်မာပန်းချီဆရာ ထိန်လင်းနှင့် ဂျပန် ပန်းချီဆရာမ ကီကီ (ကီရီကာ ကီကီ တိုင်ရာ)တို့ မြန်မာ့အရေး နိုးကြားစေရန် အနုပညာ သရုပ်ပြပွဲ ကျင်းပပြုလုပ်
ဓာတ်ပုံ-မိုးမခ

အပြည့်အစုံသို့...