Thursday, December 20, 2007

ရွှေဝါရောင် အချိန်ပို

ရွှေဝါရောင် အချိန်ပို
ပင့်ကူ
ပန်းချီ-စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ

ပါလက်စတိုင်းတွေအဖို့ လူဟာ လက်နက်တဲ့
ကျုပ်တို့ မြန်မာတွေအတွက်တော့
မေတ္တာတရားဟာ လက်နက်
ဘာပဲပြောပြော
သေနတ်ခေတ်ကုန်ပြီ
ဥာဏ်ပညာ စစ်တလင်းမှာ
လူယဉ်ကျေးတို့ရဲ့ တဘောင်
အစိမ်းကို အ၀ါလွှမ်းမည်
ဘုရားစင်ပေါ်က
ဖက်ဆစ်တွေရဲ့ သေနတ်
ကလေးတွေလက်ထဲက ကစားစရာဖြစ်ရမည်
သေနတ်ခေတ်ကုန်ပြီ
အရာရာကို သေနတ်နဲ့ ဆုံးဖြတ်လို့
မရတော့တဲ့ နေ့တနေ့
ရွှေဝါရောင် ဒုတိယတော်လှန်ရေး ဇာတ်သိမ်းဟာ
တရားအတိုင်း လာနေပြီ
ငရဲနဲ့ နိဗ္ဗာန်ကို မယုံကြည်သူတွေအတွက်
အန္ဓတွေအတွက်
အောင်ခြင်း(၈)ပါးဟာ လင်းလက်မြဲ လင်းလက်ဆဲ
အဖိနှိပ်ခံ ပြည်သူအားလုံးရဲ့ ကိုယ်စား
ဘုရားရဲ့ ကိုယ်ပွား
ရွှေဝါရောင်သပိတ်
ကျုပ်တို့ မြန်မာလူမျိုးတွေအတွက်
ဒါဟာ … သမိုင်းဝင်လှုပ်ရှားမှုတခု ဖြစ်ခဲ့ရုံမက
ဗုဒ္ဓသာသနာဝင် မှတ်တမ်းတခုလည်း
ဖြစ်ခဲ့ရဲ့... ၀မ်းနည်းစရာ
ဓမ္မနဲ့ အဓမ္မပြိုင်ပွဲ
နာကျင်အချိန်ပို ရောက်နေပါပေါ့ ...။ ။

ပင့်ကူ (မန္တလေးသား ကဗျာဆရာ)

(http://bigbbrown.blogspot.com မှ ကူးယူ ဖော်ပြပါသည်)

No comments: