Wednesday, December 26, 2007

စကားတခွန်း

စကားတခွန်း
အောင်နှင်းသစ်

နေမှုထိုင်မှုဟာ
ကြုံရာမှာ ရှင်သန်ပွင့်ရတဲ့ တောပန်းလေးတွေလို
ခြောက်သွေ့ခြင်းနဲ့ စိုပြေနေရ
ရှည်လျားခြင်းနဲ့ပဲ ရှည်လျားရ။

အိမ်ပြန်မလာသူဟာ
ကွင်းပြင်ထဲမှာလည်း ရှိမနေခဲ့ဘူး
ဖွင့်ပြရင်လည်း
စိတ်ကို ပြန်ပိတ်လို့ရမှာ မဟုတ်ဘူး။

ဒီသစ်ကိုင်းက
ခုတ်ချမှ ကျိုးကျမယ့် သစ်ကိုင်းပဲ …။ ။

အောင်နှင်းသစ်

No comments: