ကျောင်းသားတပ်မတော် (ABSDF)ဖွဲ့စည်းခြင်း (၁၉)နှစ်မြောက် အခမ်းအနား လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပပြုလုပ် (၁-၁၁-၂၀၀၇)
မြန်မာ့ အင်တာနက်လိုင်း ပြတ်သွားပြန်ပြီ
သတင်း - မဇ္ဈိမ (၁-၁၁-၂၀၀၇)
မြန်မာပြည်သားများ အတွက် နိုင်ငံတကာနှင့် ဆက်သွယ်ရာ လမ်းကြောင်းတခု ဖြစ်သည့် အင်တာနက်လိုင်းမှာ ယနေ့ မနက်ပိုင်းမှ စတင်ကာ ပြန်လည် ပြတ်တောက်သွားပြန်သည်။သတင်း - မဇ္ဈိမ (၁-၁၁-၂၀၀၇)
ပြီးခဲ့သည့် လနှောင်းပိုင်းမှ စတင်ကာ ပြတ်တလှည့် လာတလှည့် ဖြစ်နေပြီး၊ လာပြန်သည့် အခါတွင် လိုင်းပြေးနှုန်း နှေးကွေးနေလေ့ ရှိသော အင်တာနက်လိုင်းသည် ယနေ့နံနက် ၈ နာရီခန့်မှ စတင်ကာ ပြန်လည် ပြတ်တောက် သွားပြန်သဖြင့် သုံးစွဲသူများ စောင့်ဆိုင်း နေကြရပြန်သည်။
စက်မှုနည်းပညာ ချို့ယွင်းချက်ကြောင့် ပြတ်တောက် သွားရခြင်း ဖြစ်ကာ မည်သည့် အချိန်တွင် ပြန်လည် ကောင်းမွန်မည်ကို မသိရသေးကြောင်း မြန်မာ တယ်လီပို့က ပြောဆိုသည်။
“အင်တာနက်က Oversea Gateway ဒေါင်းနေလို့ရှင့်။ ဘယ်တော့လောက် ပြန်ရမလဲ ဆိုတာ မသိရသေးဘူး။ ဒီမနက်က စဒေါင်းသွားတာ ဆိုတော့လေ။” ဟု ဝန်ထမ်းတဦးက မဇ္ဈိမ သို့ ပြောသည်။
အောက်တိုဘာနှင့် စက်တင်ဘာလ ဆန္ဒပြ ကာလအတွင်း စစ်အစိုးရ၏ အကြမ်းဖက်မှု ဓါတ်ပုံ မှတ်တမ်းများ၊ သတင်း အချက်အလက်များ အင်တာနက်မှတဆင့် ကမ္ဘာအနှံ့ ပြန့်နှံ့သွားခဲ့သည်ကြောင့် ယခုအခါ ကြိုတင်ပိတ်ဆို့မှု လုပ်လာခြင်း ဖြစ်သည်ဟု ယူဆ နေသူများလည်း ရှိသည်။
“ကျနော် ထင်တာကတော့ သူတို့ အစီအစဉ် တခုခုရှိလို့ ကြိုပြီး ဖြတ်ထားတာ နေမှာပေါ့။ အရင်တုန်းကတော့ ဘာမှ မလုပ်ထားတော့ ဓါတ်ပုံတွေ ဘာတွေ အပြင်ကို ထွက်ကုန်တာလေ။ ကျနော်ကတော့ အဲလိုပဲ ယူဆတာပဲ။ ပခုက္ကူမှာ မနေ့က ဖြစ်တယ် မဟုတ်လား၊ ဒီနေ့လည်း ပြန်ဖြစ်တယ်ဆိုရင် ဖြိုတာတွေ လုပ်ချင်လို့ အင်တာနက်လိုင်းကို ဖြတ်ထားတာ နေမှာပေါ့” ဟု အင်တာနက်သုံးသူ လူငယ်တဦးက တယ်လီဖုန်းမှတဆင့် ပြောသည်။
အင်တာနက်လိုင်း ပြတ်တောက်သွားသဖြင့် ပြည်တွင်းတွင် သုံးစွဲသူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။
“အခက်အခဲ ကတော့ဗျာ၊ မိသားစုဝင်တွေ နိုင်ငံခြား ရောက်နေတာတွေ ရှိမယ်ဗျာ။ သူတို့နဲ့ အဆက်အသွယ် ပြတ်တာပေါ့။ ဒါကတော့ အဲလောက်ကြီး မဟုတ်ပါဘူး။ နောက်ပြီး နိုင်ငံခြား ထွက်ချင်တဲ့ လူတွေအတွက် Online D (Departure) Form ရှိတယ်ဗျ။ သူတို့က အဲဒါကို အွန်လိုင်းမှာပဲ ဖြည့်ရတာ ဆိုတော့ ဒုက္ခ ရောက်တာပေါ့” ဟု အခြား လူငယ်တဦးက ပြောသည်။
ပခုက္ကူ သံဃာတော်များကို ထိန်းရန် ဂေါပကများကို အာဏာပိုင် မေတ္တာရပ်
သတင်း - မဇ္ဈိမ (၁-၁၁-၂၀၀၇)
ပခုက္ကူမြို့တွင် ယမန်နေ့က သံဃာတော်များ ဆန္ဒပြမှုအပြီး အာဏာပိုင်များက မြို့နယ် ဂေါပက အဖွဲ့ဝင်များကို ခေါ်ယူကာ သံဃာတော်များကို ထိန်းသိမ်း ပေးပါရန်အတွက် မေတ္တာ ရပ်ခံခဲ့သည်။သတင်း - မဇ္ဈိမ (၁-၁၁-၂၀၀၇)
မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ သိန်းဆွေက ဘုန်းကြီးကျောင်းများ အုပ်ချုပ်ရေး ကော်မတီ ဖြစ်သည့် ဂေါပက အဖွဲ့ဝင်များကို ယမန်နေ့ နေ့လည်က ဆင့်ခေါ်ကာ ဆန္ဒပြပွဲ ဆက်လက် မဖြစ်ပွားရန် အတွက် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
“ဥက္ကဌက အဓိကအားဖြင့် ဂေါပကကို ပြောတာက သံဃာတွေကို ထိန်းပေးဖို့နဲ့ နောက်တကြိမ် ဆန္ဒပြမှုမျိုး မဖြစ်အောင်လို့ပါ” ဟု အမည် မဖော်လိုသူ ဒေသခံ သံဃာတော် တပါးက ပြောကြားသည်။
ယမန်နေ့က သံဃာတော် ၇၃ ပါးက နောက်တကြိမ် စုဝေး ဆန္ဒပြခြင်းအားဖြင့် မြန်မာ စစ်အစိုးရကို ပွင့်လင်းစွာ ဖီဆန်ခဲ့သည်။ ဤသည်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ များကို နအဖ က အကြမ်းဖက် နှိမ်နင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယမန်နေ့က ဆန္ဒပြပွဲကို သံဃာတော်များ ပိုမို ပူးပေါင်းကာ ထပ်မံ၍ အရှိန်မြှင့်လာနိုင်ခြင်းနှင့် တိုင်းပြည်၏ အခြား နေရာများသို့ပါ ပြန့်နှံ့လာကာ တိုင်းပြည်တဝှမ်း သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများအဖြစ် ကူးစက်သွားမည်ကို အာဏာပိုင်များက စိုးရိမ်ခဲ့သည်။
သို့သော်လည်း ပခုက္ကူတွင် တည်ရှိသည့် ဘုန်းကြီးကျောင်းတိုက်ကြီး ၄ ခုမှ သံဃာတော်များ အနေဖြင့် မိမိတို့၏ အသက်ကို ပဓာန မထားဘဲ ဆက်လက်၍ တိုက်ပွဲဝင်သွားမည့် အနေအထားရှိကြောင်း အဆိုပါ သံဃာက ဆက်လက် မိန့်ကြားခဲ့သည်။
မြန်မာနိုင်ငံကို လက်နက် မရောင်းရေး လုံခြုံရေး ကောင်စီသို့
လူ့အခွင့်အရေး လှုပ်ရှားသူများ တောင်းဆို
သတင်း - မဇ္ဈိမ (၃၁-၁၀-၂၀၀၇)
လူ့အခွင့်အရေး လှုပ်ရှားသူများ တောင်းဆို
သတင်း - မဇ္ဈိမ (၃၁-၁၀-၂၀၀၇)
ကလေးစစ်သား အသုံးပြုနေသော မြန်မာ အစိုးရကို လုံခြုံရေး ကောင်စီအနေဖြင့် လက်နက်နှင့် စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။ နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ အင်္ဂါနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာနှင့် မရှေးမနှောင်းတွင်ပင် တောင်းဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
"ပိတ်ဆို့မှုက လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တယ်။ ကောင်စီက အတည်ပြုထားတဲ့ ၁၆၁၂ ဖြေရှင်းချက် အရဆိုရင် လက်နက်နှင့် စစ်အစိုးရကို ကူညီမှုတွေ၊ နအဖ ခေါင်းဆောင်တွေရဲ့ ခရီး သွားလာခွင့်တွေ၊ နအဖကို အားဖြည့်နေသော အရင်းမြစ်တွေအပေါ် အသစ် ပိတ်ဆို့မှုတွေကို ပိတ်ဆို့ အရေးယူနိုင်ပါတယ်" ဟု လူ့အခွင့်အရေး ပညာပေးဋ္ဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ အောင်မျိုးမင်း က ပြောကြားသည်။
အင်အား ၃၅၀၀၀၀ ရှိသော မြန်မာစစ်တပ်မှာ ခလေးစစ်သား ၇၀၀၀၀ နီးပါး ရှိသော်လည်း ယခုအချိန်ထိ လုံခြုံရေး ကောင်စီမှ အရေးယူမှု မရှိသေးကြောင်း လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဆိုသည်။
"ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းပြီးတာတောင် မြန်မာစစ်တပ်ရဲ့ရက်စက် ကြမ်းကြုတ်မှုက ရပ်တန့် မသွားပါဘူး" ဟု ကလးအခွင့်အရေး လှုပ်ရှားသူ ဂျိုဘက္ကာမှ ပြောကြားသည်ကို ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည်။
"စစ်သား စုဆောင်းသူတွေက စစ်တပ်အင်အားကို ဖြည့်တင်းဖို့ ခလေးတွေကို အရောင်းအဝယ် လုပ်နေကြတယ်" သူက ဆက်ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်သည့် ဆွေးနွေးမှုကို နိုဝင်ဘာတွင် ကျင်းပရန် ရှိသည်။
ကလေးစစ်သား အသုံးပြုနေသည် ဆိုသည့် စွပ်စွဲချက် လုံးဝ မမှန်ကန်ကြောင်းနှင့် ကုလသမဂ္ဂ အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်နေပါသည် ဟု စက်တင်ဘာ ၁၈ မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြခဲ့သည်။
ကလေးစစ်သား သုံးမှုအပေါ် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ဖို့် အထူးအဖွဲ့တစ်ခု ဖွဲ့စည်းရန် စစ်ခေါင်းဆောင်များမှ သဘောတူညီခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် ဝပြည်နယ် ပေါင်းစည်းရေးတပ် (UWSA)၊ ကချင် လွတ်လပ်ရေး တပ် (KIA)၊ ရှမ်းပြည်နယ်တပ် (တောင်ပိုင်း) (SSA-South)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ် (KNLA) နှင့် ကယား တပ်မတော် (KNA) အဖွဲ့တို့တွင်လည်း ကလေးစစ်သား အသုံးပြုမှုများ ရှိသည်ဟု အစီရင်ခံစာများက ဖော်ပြခဲ့ကြသည်။ ၎င်းတို့အနက် KNLA နှင့် KNA သည် ကလေးစစ်သား အသုံးပြုမှု ရပ်ဆိုင်းရန် လက်မှတ်ထိုးထားပြီး ဖြစ်သည်။
မြန်မာအစိုးရသည် ၂၀၀၄ ခုနှစ်တွင် ကလေးစစ်သား အသုံးပြုမှု ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှုနှုန်းသည် လွန်ခဲ့သော လေးနှစ်ကအတိုင်း မပြောင်းမလဲ ဖြစ်နေကြောင်း လူ့အခွင့်အရေး ပညာပေးဋ္ဌာန (မြန်မာနိုင်ငံ) မှ ၂၀၀၆ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။
၁၉၄၇ မြန်မာ့ ကာကွယ်ရေး ဥပဒေကပင် ကလေးစစ်သား အသုံးပြုမှုကို ရှင်းရှင်းလင်းလင်း တားဆီးထားခဲ့ပြီး တည်ဆဲ ဥပဒေများတွင်လည်း ၁၈ နှစ်အောက် ကလေးများကို စစ်တပ်သို့ မသွတ်သွင်းရန် တားမြစ်ထားသည်။
မြန်မာစစ်တပ်သည် ၁၉၈၈ မှစ၍ အင်အားနှစ်ဆ တိုးချဲ့ပြီး အရှေ့တောင်အာရှတွင်း စစ်တပ်အင်အား အကြီးဆုံးများထဲမှ တခု ဖြစ်သည်။
No comments:
Post a Comment