Friday, November 23, 2007

န.အ.ဖ ရဲ့ သံဖိနပ်

န.အ.ဖ ရဲ့ သံဖိနပ်
တော်ကီ

ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
နှင်းငွေ့တွေ မှုန်၊ ချမ်းချမ်းတုန်လို့
ငါတို့ တိုင်းပြည်၊ ယမ်းငွေ့ဝေခိုက်
တောင်တန်းတွေ တုန်၊ ပြည်သူတွေလည်း
မျက်ရည်ကုန်ပြီ။

မင့်ကိုယ်မင်းလည်း၊ သံခင်း တမန်ခင်း
အမတ်မင်းဟု၊ ကုလသမဂ္ဂ
ထိုင်ပြ ဟန်လုပ်၊ မျိုးယုတ်တရား
စကား အညာ၊ အားမပါဘဲ
ရမ်းလည်း ရမ်းတုတ်၊ သွေးဆုပ် ဖြူရော်
လိမ်သော်လိမ်ငြား၊ မင့်ကိုယ်မင်းများ
ယုံသလား။

ကျော်တင့်ဆွေရေ၊ လိမ်သာလိမ်ကွယ့်
ညာရင်း ၀ါရင်း၊ ဖြီးဖြန်းခြင်းနဲ့
ဖားခြင်း အကျင့်၊ အခွင့်နောက်လိုက်
လူမိုက်စကား၊ ပြောသော်ငြားလည်း
မရဲမှန်းသိ၊ သနားမိတယ်
နွားငတိရယ် ။ ။

တော်ကီ

(ကုလသမဂ္ဂဆိုင်ရာ မြန်မာသံဖိနပ် ကျော်တင့်ဆွေသို့ …)

No comments: