Tuesday, February 12, 2013

အဘိုးကိုလည်း အလေးပြု မြေးကိုလည်း အလေးပြု ...

ဂျင်ဂလိ

ဂျင်ဂလိ မြန်မာပြည်မှာ ရှိစဉ်တုန်းက ဂျင်ဂလိနဲ့ ညီအစ်ကိုလိုရင်းနှီးတဲ့ နိုင်ငံခြားသတင်းထောက် မိတ်ဆွေတဦး ရှိတယ်။ သူက နိုင်ငံခြားသတင်းထောက်ဆိုတော့ သံတမန်တွေ၊ နအဖအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီး ၀န်ကလေးတွေနဲ့ ရင်းနှီးတယ်ဆိုပါတော့။ သံရုံးညစာစားပွဲတွေ၊ နအဖစစ်အစိုးရက ပြည်သူ့ဘဏ္ဍာငွေနဲ့ အလွဲသုံးစား တည်ခင်းတဲ့ ညစာစားပွဲတွေကို မကြာခဏ တက်ရောက်ခွင့်ရသူဆိုတော့ ဂျင်ဂလိ သူနဲ့ ဆုံဖြစ်တဲ့အခါ သူ့ဆီက နအဖအာဏာရူးတွေရဲ့ ကမောက်ကမ အတွင်းသတင်းတွေကို မကြာမကြာ ဆိုသလို ကြားရတတ်တယ်။

တရက်မှာတော့ နအဖရဲ့သတင်းညာရှင်းလင်းပွဲက သူပြန်အလာ အနော်ရထာလမ်းပေါ်မှာ သူနဲ့ ဂျင်ဂလိ တွေ့ကြပါလေရော။ တွေ့တွေ့ချင်းပဲ သူက “ဟေ့လူ … လာ … ခင်ဗျားကို သတင်းထူး ပြောပြစရာရှိတယ်၊ လက်ဖက်ရည်ဆိုင် သွားရအောင် ” ဆိုတာနဲ့ ဂျင်ဂလိတို့ နှစ်ယောက်သား ဘားလမ်းထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ လက်ဖက်ရည်နှစ်ခွက် မှာပြီးတာနဲ့ သူက မအောင့်အီးနိုင်တော့ဘဲ ဂျင်ဂလိကို လက်ကုပ်ပြီး ပြောပါတော့တယ်။

“ခင်ဗျားကို ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကြားခဲ့ရတဲ့ ရယ်စရာတခုကို ပြောပြရဦးမယ်” ဆိုပြီး မပြောခင်ကတည်းက သူတယောက်တည်း တဟားဟား ရယ်နေလေရဲ့။ ရယ်လို့ အားရတော့မှ “ဒီလို” ဆိုပြီး အစချီကာ ပြောပြပါလေတော့တယ်။

“ဒီလို … တရက်မှာ သန်းရွှေအိမ်ကို စစ်ရုံးက ဗိုလ်ချုပ်နှစ်ယောက် ရောက်လာတယ်တဲ့။ အဲဒီဗိုလ်ချုပ်နှစ်ယောက် ခြံထဲဝင်လာချိန်မှာ သန်းရွှေမြေး ဟို သတင်းစာထဲမှာ ပါပါလာတတ်တဲ့ မျောက်လောင်းလေးကလည်း ခြံထဲမှာ ဆော့နေတယ်တဲ့။ ဗိုလ်ချုပ်နှစ်ယောက်ကို တွေ့တွေ့ချင်း အဲဒီမျောက်လောင်းလေးက အလေးပြုလို့ အော်တယ်တဲ့။ အဲဒီတော့ ဗိုလ်ချုပ်တွေလည်း ဂွကျကုန်ပြီး မျောက်လောင်းလေးကို သားက လိမ္မာပါတယ် ဘာညာနဲ့ အမျိုးမျိုး ချော့တယ်တဲ့။ ဒါပေမယ့် ဘယ်လိုမှ ချော့လို့မရဘဲ မျောက်လောင်းလေးက ဘိုးဘိုးနဲ့ တိုင်ပြောမယ်ဆိုပြီး အိမ်ထဲပြေးဝင်သွားတယ်တဲ့။ ဗိုလ်ချုပ်နှစ်ယောက်လည်း ဧည့်ခန်းထဲကနေပြီး သန်းရွှေကို ထိုင်စောင့်နေတယ်တဲ့။ တော်တော်ကြာတော့မှ ဧည့်ခန်းထဲကို သန်းရွှေနဲ့ မျောက်လောင်းလေး ထွက်လာတယ်တဲ့။ သန်းရွှေ ထွက်လာလာချင်းပဲ ဗိုလ်ချုပ်နှစ်ယောက်က တပ်ထုံးစံအတိုင်း အလေးပြုကြတာပေါ့။ အဲဒီမှာ မျောက်လောင်းလေးက သူ့ကိုလည်း အလေးပြုဖို့ သူ့အဘိုး သန်းရွှေရှေ့မှာ ဂျီကျပြန်ရောတဲ့။ သန်းရွှေကိုယ်တိုင်လည်း သူ့မြေးကို ဘယ်လိုမှ ချော့မရတဲ့အဆုံး ကဲပါကွာ … ကလေး ကျေနပ်အောင် ပြုပေးလိုက်ကြစမ်းပါလို့ ပြောတယ်တဲ့။ သန်းရွှေကိုယ်တိုင်က လုပ်ခိုင်းမှတော့ ဟိုဗိုလ်ချုပ်နှစ်ယောက်လည်း မနေသာတော့ဘဲ မျောက်လောင်းလေးကို အလေးထပ်ပြုရပါလေရောတဲ့။ အဲဒီသတင်းကို ကြားပြီး တခြားဗိုလ်ချုပ်တွေလည်း သန်းရွှေအိမ်ကိုသွားရမှာ ကြောက်နေကြတယ်တဲ့။”

သူပြောလို့လည်း ပြီးရော ဂျင်ဂလိက “အဲဒီတော့ မြန်မာပြည်မှာ ဗိုလ်ချုပ်ဖြစ်ဖို့ တော်ရုံအရည်အချင်းနဲ့ မရဘူး၊ အဘိုးကိုလည်း အလေးပြု၊ မြေးကိုလည်း အလေးပြုနိုင်မှ ဆိုတဲ့သဘောပေါ့နော်” လို့ ဖြည့်ပြောပြီး နှစ်ယောက်သား မျက်ရည်ထွက်အောင်ပဲ ရယ်ဖြစ်ကြတော့တယ်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

14 comments:

မောင်ပြောချင် said...

အာဏာရှင်တွေဆိုတော့ဒီလိုပါပဲ။ဒါတောင်မှဒါတွေကအသေးအမွှားဖြစ်မှာပါ။
ဒါပေမယ့်ထူးဆနိးတာက သတင်းစာရှင်းလင်းပွဲကကြားလာတဲ့သတင်းတဲ့ သေချာတာကတော့ဒါကိုသတင်းစားရှင်းလင်းပွဲမှာတော့အမေးအဖြေလုပ်မှာမဟုတ်ဘူး။ အချင်းချင်းလက်တို့ပြောတဲ့သတင်းဆိုရင်လည်း ဒီဗိုလ်ချုပ် ၂ ယောက်လုံးကလည်းကိုယ့်သိက္ခာကျ မယ့် အကြောင်းကိုတော့ တော်ယုံလူကိုပြောပြမှာမဟုတ်သလို ဒီအဖြစ်အပျက်မှာလည်းတခြားအပြင်လူတစ်ယောက်မှမပါဘဲနဲ့ ကွက်ကွက်ကွင်းကွင်းမျက်လုံးထဲပေါ်အောင် ရပ်ကြည့်နေရသလို သိလာတာကတော့နည်းနည်းထူးဆန်းနေသလားလို့။
အဲဒီလိုလုပ်ခိုင်းတာကို ယုံလို့ရတယ်။ နိင်ငံခြားသတင်းထောက်တစ်ယောက်သိလာတာကတော့
နတ်မျက်စိရှင်ပဲ ဟဲဟဲဟဲ။

Unknown said...

ဗိုလ် ချုပ်နှစ် ယောက်ကလဲသူ့သိက္ခာ အကြခံပြီးပြောမှာမဟုတ်တလို ဘယ်သူမှမရှိဘဲနဲ့ ဒါကိုသိတယ် ဆိုတော့ လုပ်ကြံရေးမှန်း သိတာတယ် လွဏ်းဆွေဆို တဲ့ကောင်

Unknown said...

လုပ်ကြံရေး မှန်း သိတာတယ် လွဏ်းဆွေ

Uncle Chan's အမလ said...


အပေါ်က ဆရာသမားနှစ်ယောက် ခင်ဗျားတို့ ကိုလွဏ်းဆွေ ဘလော့ဘ်ကို အယုံအကြည်မရှိရင်လည် ၀င်မကြည့်နဲ့ပေါ့ဗျာ ၀င်ပြီးလည်ဘာမှ ဖတ်မနေနဲ့ ။ အခုဟာက ဘယ်ပိုစ့်မှ ၀င်မဖတ်ခင် ခင်များတို့ ရဲ့ အယုံအကြည်မဲ့တဲ့ ကော်မန်းတွေ ဆောင်းပါးရေးသူကို မထိတထိနဲ့ လေးစားသမှုမရှိတဲ့ ကော်မန်းအရေးအသားတွေကိုအရင်တွေ့နေရတယ်။သောက်အာရုံနောက်တယ် ကို့လူတို့ရေ။ ကိုလွဏ်းဆွေ မဟုတ်မမှန်ရေးမှန်းသိရင်လဲ အဟုတ်အမှန်တွေပဲ ရေးတဲ့ ခင်များတို့ original source ဆိုဒ်တခုဖြစ်တဲ့ myanmarexpress ကိုပဲ သွားဖတ်ကျပေါ့ဗျာ အဲဒီမှာ ခင်များတို့လိုလူတွေ စိတ်ကြိုက်သတင်းတွေ အကုန်ရှိတယ်။ ဆရာမောင်ပြောချင်ကတော့ ဆရာပါပဲ ခင်များအဲလောက် သိတတ်နေရင် ဒီမှာလာပြီး ဝေဖန်သုံးသပ်ပြမနေနဲ့ ကိုပိုင် ဘလော့ဘ်တခုထောင်ပြီးသာ ကိုထင်တာ စိတ်ကြိုက်ရေးတင်ပြစ်ပေါ့ဗျာ။ ကွဲတာတွေ လွဲတာတွေ မဟုတ်မမှန်ရေးတာတွေ လုပ်ကြံဇတ်တွေ ဘာဆိုပြီး ကော်မန်းကို စာတတန်ပေတတန်နဲ့ရေးလို့ ဝေဖန်လေကန်ပြမနေပါနဲ့ ကိုယ်တိုင်ဆိုဒ်ထောင်ပြီးတာ စိတ်ကြိုက်ပိုစ့်တွေ ရေးပြီး နေညမရှောင် မအိပ်မနေ ပိုစ့်တွေ အသာကုန်တာ တင်ပေတော့ဗျို့။

မောင်ပြောချင် said...

ဒေါသကြီးလှချေလားဗျ။မဟုတ်မမှန်တာတွေ၊ ဟုန်တာမှန်တာ တွေဆိုပြီးဘယ်သတင်းဘယ် ဆောင်းပါးကို စိတ်ထဲအရင်စွဲပြီးမဖတ်ပါဘူး။ ဖတ်ပြီးမှကိုယ့်ဘာသာ analysis လုပ်ကြည့်တာပါ။ဒါကလည်းလူပြောများနေတဲ့ human rights တစ်ခုပါပဲ။ခင်ဗျားစကားနဲ့ခင်ဗျားအကြံပေးချက်အရပဲ ခင်ဗျားကိုပြန်အကြံပေးရမယ်ဆိုရင် မောင်ပြောချင် ရေးတဲ့ comment ကိုတွေ့ရင် အာရုံနောက်လို့ဖတ်မနေနဲ့ကျော်သွားလိုက်ပေါ့။
သတင်းဆိုဒ်တွေအကုန်လိုက်ဖတ်ကြည့်ရင် အစွန်းတစ်ဖက် စီကျတဲ့ ၂မျိုး၂စားပဲတွေ့ရတယ်။
သတင်းမှန်တွေကို ဘယ်ဘက်မှမလိုက်ဘဲအရောင်မစွန်းအောင်တင်ပြတဲ့ဆိုဒ်မတွေ့မိသေးပါ။ဒါတောင် online media ပေါ်မှာတင်တဲ့သတင်းတွေနော်။စိတ်မကောင်းစရာသတင်း ဂျာနယ်လစ် လောကပဲ။(အယ်ဒီတာအာဘော်၊blogger အာဘော်တွေကတော့ကိုယ်ယုံကြည်တာကို တင်ပြလို့ရပါတယ် ) စာနယ်ဇင်းသမားတွေ၊media သမားတွေက ကိုယ့်ကိုကိုယ် စတုတ္ထမဏ္ဍိုင် လို့ယုံကြည်တယ်ဆိုရင်လည်းစာဖတ်သူအမြင် ၊commentator တွေကိုလည်း သူတို့ကို check and balance လုပ်ခံရတယ်လို့သဘောထားပေးရမယ်။ဒီလိုမှမဟုတ်ရင် စာပေအာဏာရှင် ဆိုတဲ့အာဏာရှင်အမျိုးအစားထဲကထွက်တော့ မှာမဟုတ်တော့ဘူး။
နောက် ခင်ဗျား ကျုပ်ကိုအကြံပေးသလို ခုချိန်မှာ ကျုပ်မလုပ်နိုင်သေးတဲ့အတွက် ကျုပ်ကပဲခင်ဗျားကို မောင်ပြောချင် ရေးတဲ့ comment တွေ့ရင် ကျော်သွားပါလို့ပဲအကြံပြုနိုင်မယ် နတ်သျှင်နောင်ရေ။

S.T said...

မောင်ပြောချင် ရေးထားတာဘာမှားလို့လဲ၊ သူက ဖြစ်နိုင်ခြေရှိတာကို ထောက်ပြတာပဲ၊ ဒါကို နတ်သျှင်နောင်ဆိုတဲ့လူက ဘာမဆိုင်၊ ညာမဆိုင် myanmar express ဆိုဒ်တွေ၊ ဘာတွေ ဆွဲထည့်နေရတာလဲ ...

Uncle Chan's အမလ said...


ပိုစ့်တိုင် ရဲ့ အောက်က ကော်မန်းတိုင်းကို ခင်များ လိုက်ဖတ်ကြည့်ရင်သိပါလိမ့်မယ် ။ မောင်ပြောချင် သုံးသပ်ဝေ ဖန်ချက်တွေဟာ ဆန့်ကျင်ဘက် အမြင်တွေနဲ့ စာရေးသူများကို အမှားပဲရေးသယောင် စာဖတ်သူကို သွေဝေစေတဲ့ အရေးအသား ၀ါဒဖြန့်မှုတွေတွေ့နေရတာ အသိသာကြီးတွေ့ပါလိမ့်မယ်။ အလကားနေ သူများကို အာချောင်ပြီး ဟီးရိုး
ဝင်မလုပ်တတ်ပါ မြင်နေတာတွေကို မြင်တဲ့အတိုင်းပြောပါတယ်။ ဒီ့အတွက် မောင်ပြောချင်ဘက်က မကျေမနပ် ဖြစ်နေတယ်ဆိုရင်တော့ ဆောရီးပါပဲ...

မောင်ပြောချင် said...

မှန်ပါတယ် နတ်သျှင်နောင်။ကျုပ် comment ပေးထားတဲ့ပိုစ့်တိုင်းမှာ ခင်ဗျားအပြောဆန့်ကျင်ဘက်အမြင်တွေဝေစေတဲ့အရေးအသားမျိုးဖြစ်စေတဲ့ သုံးသပ်ဝေဖန်ချက်တွေကိုပဲ တွေးမြင်ပြီးရေးတာပါ။ ဒါဟာလည်း စာရေးသူအမြင်၊တင်ပြသူတွေရဲ့ရှုထောင့်က ခွါပြီး အခြား point of view က ကြည့်ပြီးပြောတာပါ။ဒီလို lateral thinking နဲ့ တွေးထင်ရင်ကောမရနိုင်ဘူးလား၊ဒါကောမဖြစ်နိုင်ဘူးလားဆိုတဲ့အမြင်ကိုချပြတာပါ။ဒါကြောင့်ကျုပ်ပေးတဲ့comments တိုင်းဟာ ခင်ဗျားမျှော့်လင်သလို စာရေးသူ၊သတင်းတင်ပြသူတွေနဲအမြဲတထပ်တည်း ကျနေမှာမဟုတ်ပါ။
ကျုပ်comment မပေးတဲ့ပိုစ့်တွေက စာရေးသူ၊တင်ပြသူတွေနဲ့သဘောတထပ်တည်းလည်းဖြစ်ချင်ဖြစ်မယ်။ကျုပ်သေချာမသိမတွေးနိုင်တဲ့subject မျိုးလည်းဖြစ်နိုင်သလို ကျုပ်မဖတ်လိုက်ရတာလည်းဖြစ်မှာပါ။
ဒီတော့ကျုပ်ပေးတဲ့comment တွေကအများအကြိုက်လက်ခုပ်လိုက်တီးပေး မယ့်comment မျိုးတော့မဟုတ်တဲ့အတွက်ခင်ဗျားလည်းကြိုက်နိုင်မှာမဟုတ်ဘူး။lateral thinking အရတွေးမြင်ပြီးတော့ ပြောတာဖြစ်ပါတယ်။
အပြုသဘောမမြင်တတ်ဘူးလို့ထင်စေနိုင်ပေ မယ့်အများကအပြုသဘောလို့လက်ခံထားတဲ့အချက်တွေကြောင့်ဖြစ်လာနိုင်တဲ့risk ကို assessment လုပ်ပြီးပြောတဲ့အတွက် တိုင်းပြည်အပေါ်ထားတဲ့ကျုပ်ရဲ့စေတနာက ကျုပ်ရဲ့အရည်အသွေးညံ့ခဲ့မယ်ဆိုရင်စံချိန်မမှီနိုင်ပေမယ့် နိုင်ငံကိုချစ်တတ်တဲ့နိုင်ငံသားတွေနဲ့ယှဉ်ရင်မ လျော့ပါဘူး။

zczc said...

မောင်ပြောချင်=army Dog

မောင်ပြောချင် said...

တယ်လည်းခက်ကြပါလား ဘာလို့ကိုယ့်အတွေးအခေါ်တွေကိုချုပ်တီးကြပြီး လွတ်လွတ်လပ်လပ်မျက်စိရဲရဲဖွင့်ကြည့်ပြီးစွန့် မတွေးရဲကြလဲ။ခင်ဗျားတို့အဲလိုအတွေးအခေါ်ကမှခင်ဗျားတို့ပြောပြောနေတဲ့ army dog စစ်တပ်ဆန်တဲ့အတွေးအခေါ် no excuse ပဲ။
ပုံစံခွက်ထဲမှာမနေပါနဲ့။ ငါနဲ့မတူရင် အမှားပဲ ဆိုတဲ့အတွေးအခေါ်တွေနဲ့ကတော့ ခင်ဗျားထမင်းမငတ်ရင်သာနေမယ်။နိုင်ငံတကာအလယ်မှာလူလူသူသူရပ်တည်နိုင်ဖို့ကတော့ဖြစ်နိုင်မှာမဟုတ်ဘူး။

UShinGyi said...

ငါ့သားရာ မင်းဘာပြောပြော မင်းစစ်ခွေးဆိုတာ ငါမင်းအဖေ တယောက်လုံး သိပါတယ်ကွ ။

မောင်ပြောချင် said...

အဲဒါပဲကွ ပြောချင်တာပြောလို့ရတယ်ဆိုပြီး အခွင့်အရေးကိုအလွဲသုံးစားလုပ်ပြီးပြောတာ ရေးတာကမှ စစ်ခွေးစိတ်ဓာတ်ကွ။ comment ရေးတာတောင်မှ စိတ်ဓာတ်ကောင်းကောင်းရည်ရွယ်ချက်မှန်မှန်မထားနိုင်မှတော့ ဒီမိုကရေစီနိုင်ငံခေတ်ကိုရောက်ရင်တောင် ရောက်လို့ရောက်မှန်းသိမယ့်ကောင်တွေမ ဟုတ်ဘူး။
စိတ်ဓာတ်တွေပြင် ၊ကိုယ်ပိုင်ဥာဏ်သုံးပြီးစဉ်းစားတွေးခေါ်၊မဟုတ်တာလုပ်ရမှာပြောရမှာ လူမမြင်မသိပေမယ့်လည်း ရှက်တတ်တဲ့စိတ်လေးမွေးပြီး မလုပ်မိ မပြောမိအောင်ကြိုးစား။အချိန်မီပြင်နိုင်ရင် တိုင်းပြည်အတွက်ရော မောင်ရင်အတွက်ရောကောင်းတယ်။ဆန်ကုန်မြေလေးမဖြစ်ပါစေနဲ့။

haymar said...

Haha..........Crazy Than Shwe. He is always betrayers upon country and people.
Hi All Military troops why you still stand with him.
Pls. make a revolution to liberate
from this Than Shwe and partners's bad habits/attitude like Foxes.

မျီုး ချစ် said...

ဇာတ်လမ်း အတိအကျ မတူပေမဲ့ မြေးကို အ လေးပြု ခဲ့ ရ တယ်ဆိုတာ တကယ့် အဖြစ် အပျက် ပါ