အာဖ်ံကြီး

ဒါပေမယ့် အဲဒီလို လက်အုပ်ချီ ကန်တော့ခိုင်းတာကို မြင်ရရင် အာဖျံကွီးတို့မြို့က နိုင်ငံရေးသမားကြီး တယောက် ပြောပြတဲ့ မြင်ကွင်းနဲ့ ယှဉ်ထိုးစဉ်းစားမိပြီး နှာခေါင်းအခါခါရှုံ့မိရဲ့။ အာဖျံကွီးကို ပြောပြတယ်ဆိုတဲ့ နိုင်ငံရေးသ မားကြီးက အရင် ပါလီမန်ဒီမိုကရေစီ ခေတ်တုန်းက ပမညတ အမတ်လောင်းအနေနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ဖူးတဲ့ သူခင်ဗျ။ သူပြောပြတာက ဒီလို … ။ ၁၉၆၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပမညတ အမတ်လောင်းအနေနဲ့ သူက ၀င်ပြိုင်သတဲ့။ အဲဒီတုန်းက သူ့အသက်က (၃၀)၀န်းကျင်လောက်ပဲ ရှိသေးသတဲ့။ လူကလည်းလူပျို၊ တက်ကြွတဲ့ ကြက်ဖ အရွယ်ကလည်း ဖြစ်ဆိုတော့ ရွေးကောက်ပွဲ မတိုင်မီကာလမှာ မြို့ပေါ်မှာလည်း တရားဟောပွဲတွေ လုပ် ပြီး အာပေါင်အာရင်းသန်သန်နဲ့ အမြှုပ်ထွက်မတတ် စည်းရုံး၊ ကျေးလက် တောကြိုအုံကြားကိုလည်း စက်ဘီးတ တန်၊ နွားလှည်းတတန်၊ ကုန်းကြောင်းတတန်နဲ့ နေရာအနှံ့ ရောက်အောင်သွားပြီး လှည့်လည်စည်းရုံးနဲ့ အနိုင်ရဖို့ ဇောကပ်နေခဲ့သတဲ့။ ဒါပေမယ့် သူစည်းရုံးလို့ မလွယ်တာက အနီးကပ်ဆုံးမှာရှိတဲ့ အိမ်က သူ့အဖေနဲ့အမေ ဖြစ်နေ သတဲ့။
ရွေးကောက်ပွဲနေ့ မနက်ရောက်တော့ သူက ခေါင်းပေါင်းစ တလူလူနဲ့ ရှိုးစမိုးထုတ်ရင်း သူ့အဖေနဲ့အမေကို ခြိမ်း ခြောက်ပြောလေးပြောပြီး နောက်လိုက်သတဲ့။ ‘အဖေနဲ့အမေနော် သားမဲပုံးကို မထည့်လို့ကတော့ အမွေမယူတော့ ဘဲ ရှက်ရှက်နဲ့ အိမ်က ဆင်းသွားမိလိမ့်မယ်၊ အဖေနဲ့အမေ မဲထည့်တာကို မဲရုံးဘေးကနေ သားလူတွေကို ချောင်း ကြည့်ခိုင်းထားတယ်။ သားမဲပုံးကို ထည့်ရမယ်နော်၊ ထည့်မယ်မဟုတ်လား’ လို့ပြောတော့ သူ့ အဖေက ‘အေးပါ ကွာ၊ မင်းဘာသာ သွားမှာသာသွားစမ်းပါ၊ တကတည်း’ လို့ နားအေးပြီးရော ပြောလိုက်သတဲ့။ မကြာခင်မှာပဲ သူ့ အဖေနဲ့အမေ မဲပေးဖို့ စုံတွဲလျှောက်အလာ မဲရုံးနားကို ရောက်တာနဲ့ သူ့တပည့် တယောက်ကို မဲရုံးဘေး ပြေးခိုင်း ပြီး မဲထည့်တာကို ချောင်းကြည့်ခိုင်းသတဲ့။ ခဏအကြာမှာ ပြန်ရောက်လာတဲ့ တပည့်ကျော်ကို ‘ဘယ်လိုလဲ ငါ့မဲပုံး ကိုပဲ အဖေနဲ့အမေ ထည့်တယ်မဟုတ်လားကွ’ လို့ အားတင်းပြီး မေးလိုက်သတဲ့။ ဒါပေမယ့် တပည့်ကျော်ရဲ့ အ ဖြေကို နားထောင်အပြီးမှာပဲ ဟိုက်ရှာလပတ်လို့ သူတလိုက်ပြီး စိတ်ဓာတ် တော်တော်ကျသွားသတဲ့။ တပည့် ကျော်ပြောလိုက်တဲ့ အဖြေစကားက ‘ဘယ်ကလာ ထည့်ရမှာလဲဆရာ၊ သန့်ရှင်းဖဆပလ ကိုယ်စားလှယ်ရဲ့ မဲပုံး ထဲကို မဲထည့်တဲ့အပြင် မဲပုံးနောက်မှာ ထောင်ထားတဲ့ ဦးနုပုံကြီးကိုတောင် နှစ်ယောက်သား ထိုင်ပြီး ရှိခိုးနေသေး’ တဲ့။
ဒါနဲ့ မဲရေတွက်တာကို မစောင့်တော့ဘဲ အိမ်ကိုစောပြန်သွားပြီး စိတ်ဓာတ်ကျကျနဲ့ ထိုင်နေမိသတဲ့။ သူ့ အဖေနဲ့အ မေလည်း ပြန်ရောက်လာရော ပုဆိုးနဲ့ထမီရဲ့ ဒူးခေါင်းနေရာမှာ မြေကြီးကွက်တွေ ပေနေတာကို သူတွေ့တော့ ရယ်ချင်စိတ် ဖြစ်သွားသတဲ့။ ဒါပေမယ့် သူက မသိချင်ယောင်ဆောင်ပြီး ‘ဘယ်လိုလဲ၊ ဒီနေ့ အဖေနဲ့အမေ ဘယ် သူ့ကို မဲထည့်ခဲ့သလဲ သားကို မှန်မှန်ပြောနော်၊ သား အကုန်သိပြီးပြီ’လို့ အတည်ပေါက် ပြောလိုက်သတဲ့။ သူ့အ ဖေက ‘မသိပါဘူးကွာ ငါတို့လည်း မျက်စိက မှုန်မှုန်ဆိုတော့ မမြင်မစမ်းနဲ့ နီးရာမဲပုံးထဲပဲ ထည့်ခဲ့လိုက်မိတယ်။ မင့် ပုံးက အစွန်ကပုံး မဟုတ်လားကွ’ လို့ ဖြေသတဲ့။ အမေကရောလို့ ထပ်မေးလိုက်တော့ ‘မသိပါဘူးဟယ်၊ ငါ လည်း မင်းအဖေ ထည့်တဲ့ပုံးဆိုတော့ မင့်ပုံးထင်ပြီးတော့ ထည့်ခဲ့တာပါပဲ’ လို့ဖြေသတဲ့။ အဲဒါနဲ့ သူလည်း ရယ်ချင် စိတ်ကို မအောင့်နိုင်တော့ဘဲ ‘သြော် အဖေနဲ့ အမေတို့ သားကို မဲပေးတာက ဒူးမှာလည်း မြေကြီးတွေ ပေလို့ပါ လား’ လို့ပြောပြီး စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်မိတာ ရွေးကောက်ပွဲရှုံးတာတောင် ဘယ်ရောက်သွားမှန်း မသိ ဖြစ်ခဲ့ရလေသတဲ့။
အာဖျံကွီးလည်း ရောက်လေရာအရပ်မှာ နအဖစစ်အာဏာရူးတွေက ပြည်သူတွေကို အတင်းအဓမ္မ လက်အုပ်ချီ ကန်တော့ခိုင်းတာကို မြင်ရတိုင်း အဲဒီနိုင်ငံရေးသမားကြီး ပြောပြတာကို သတိရပြီး ‘ဦးနုနဲ့များ ကွာပါ့’ လို့ စိတ်ထဲ ကလည်းပြော နှာခေါင်းလည်း အခါခါရှုံ့မိလေရဲ့။
(ဟစ်တိုင်အင်တာနက်စာမျက်နှာနှင့် mizzima ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
1 comment:
အတင်းလက်အုပ်ချီခိုင်းတာက ကပ်ဖါးတွေ ပါ
ကပ်ဖါးတွေ ကိုက လက်အုပ်ချီ ချင်ကြတာ
သာယာတဲ့လူတွေကလည်းသာယာကြတယ်
အမှန်မှာ သူ တို့  ယိုးဒယားပုံကြိုက်ရင် ပြန်လှန်လက်အုပ်ချီ ရမယ်
ဂျပန်တွေလဲအပြန်အလှန် ခါးကုန်းကြရတာ
ဒါတွေသာယာ နေရင် အလုပ် မဖြစ်ပါဘူး
အကျင့် လုပ် မနေကြရင် ကောင်းတာဘဲ။
Post a Comment