မန္တလေးမြို့မှ လူရွှင်တော် ပါပါလေး ဒီကနေ့ (၃၁-၁၀-၀၇)နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံ ရာမှ ပြန်လည် လွတ်မြောက်လာ။
ခေတ္တ မေးမြန်းစရာရှိလို့ ဆိုပြီး ဒုတိယအကြိမ် ခေါ်ဆောင်သွားခြင်း ခံရတဲ့ လူရွှင်တော် ဇာဂနာ ၃၀-၁၀-၀၇ နေ့ မနက်က နေအိမ်သို့ ပြန်လည် ရောက်ရှိလာ။
နအဖ စစ်ဗိုလ်ချုပ်များ မတရားအမိန့်များ ထုတ်ပြန်နေဆဲဖြစ်
ငြိမ်းချမ်း(မျိုးဆက်သစ်)
ငြိမ်းချမ်း(မျိုးဆက်သစ်)
အမည် မဖော်လိုသူ ရုံးဝန်ထမ်း ဘဏ်မန်နေဂျာတဦး၏ ပြောပြချက်အရ -
နအဖ စစ်အာဏာရှင်များက ရုံးဝန်ထမ်းများ အနေဖြင့် ဘုန်းကြီးကျောင်းများသို့ ၀င်ထွက်သွားလာပြီး ရဟန်း သံဃာတော်များနှင့် ဆရာတပည့်ပုံစံရင်းရင်းနှီးနှီး မဆက်ဆံကြရန်၊ တပည့် သာဝကာများအဖြစ် မလုပ်ဆောင်ကြရန် အမိန့်များ ထုတ်ရှိထားကြောင်း သိရှိရပါသည်။ ဒါဟာ ဘာလဲဆိုရင် ဘာသာတရားကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လူတဦးချင်းစီရဲ့ ကိုယ်ပိုင် အခွင့်အရေးကို မတရားအမိန့်တွေ ထုတ်ပြီး ကန့်သတ် ချုပ်ချယ် လိုက်တာပဲ ဖြစ်တယ်။ ဒီထက် ပိုဆိုးတာက ရဟန်းသံဃာနဲ့ ပြည်သူ့ဝန်ထမ်း (အစိုးရ ၀န်ထမ်း မဟုတ်) တွေကို သွေးခွဲလိုက်တာပဲ ဖြစ်တယ်။ ရဟန်းသံဃာတွေကို လာဘ်လာဘ နည်းပါးအောင် လုပ်တာနဲ့ အတူတူပဲ။ ဒီလို မတရား အမိန့်တွေထုတ်ပြီး ကျွန်တော်တို့ ၀န်ထမ်းတွေကို အာဏာနဲ့ တားဆီး ပိတ်ပင်လို့ ရချင်ရမယ် ။ကျုပ်တို့ရဲ့ စိတ်တွေကိုတော့ သူတို့ ဘယ်တော့မှ အာဏာနဲ့ ထိန်းချုပ်လို့ မရဘူးဆိုတာ နအဖ စစ်အာဏာရှင်တွေက မသိတာဟာ တော်တော်လေး သနားစရာ ကောင်းတယ်။ သူတို့တွေဟာ ကျုပ်တို့ ပုထုစဉ် လူသားတွေရဲ့ အမြင့်မြတ်ဆုံး ဘုရား တရား သံဃာ ရတနာသုံးပါးထဲက တပါး အပါအ၀င်ဖြစ်တဲ့ ရဟန်း သံဃာတွေကို ကိုယ်ထိလက်ရောက် စော်ကားရုံတင်မကဘူး ရက်ရက်စက်စက် သေနတ်တွေနဲ့ ပစ်သတ်ခဲ့ကြပြီ။ သူတို့တွေဟာ အာဏာအတွက်ဆိုရင် ဘာသာမရှိ ၊ လူမျိုးမရှိဘူး သူတို့ကို ဆန့်ကျင်တဲ့ လူတွေဆိုရင် သူတို့ရဲ့ ရန်သူလို့ သတ်မှတ်တာပဲ။ အာဏာအတွက်ဆိုရင် ဘာမဆို လုပ်လဲ လုပ်ရဲတယ်၊ လုပ်လည်း လုပ်ရက်ကြတယ်ဗျာ၊ ကျုပ်တို့လည်း ၀န်ထမ်းဘ၀တွေကို စိတ်ကုန်နေပါပြီဗျာ၊ ဆုတောင်း ပေးလိုက်ချင်ပါရဲ့ဗျာ နအဖ စစ်အာဏာရှင်များကို….
ဘာသာ သာသနာကို စော်ကားသော သာသနာဖျက် ဘ၀မှ ကင်းဝေးကြပါစေ
ဒေါသ ခပ်သိမ်း ကင်းဝေးကြပါစေ
လောဘ ခပ်သိမ်း ကင်းဝေးကြပါစေ
မောဟ ခပ်သိမ်း ကင်းဝေးကြပါစေ
တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်ကြီး အမြန်ဆုံး တည်ဆောက် နိုင်ပါစေ လို့ပဲ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ။
ငြိမ်းချမ်း(မျိုးဆက်သစ်)
No comments:
Post a Comment