
ဒေါင်းတမန်
ကိုယ့်လူရယ်
အကယ်ဒမီရှော့နဲ့
ရင်ကော့ပြီး ပြမနေစမ်းပါနဲ့
အလွန်ပြင်းတဲ့ ၀ိုက်လက်သီး
အရှိုက်တည့်တည့်ကြီး ထိခဲ့မင့်ဟာ
ဘယ်လောက်ထိ ခံနိုင်မှာတဲ့တုန်း
ဒိုင်ပွဲရပ် အဖြေသာ
လက်ခံလိုက်ပါတော့။
အဲဒီလက်သီးဟာ
ဟိုလီဖီး ထိုးသလောက်
မိုဟာမက်အလီ ထိုးသလောက်
မိုက်တိုင်စန်တို့ ထိုးခဲ့သလောက်သာ
ပြင်းထန်တယ် မထင်ပါနဲ့။
အဲဒီလက်သီးချက်မှာ
၄၅နှစ်စာ အမုန်းများပါသကွဲ့
ဆုံးရှုံးခဲ့ လူ့အခွင့်အရေးတွေအတွက်
တောင်းဆိုချက်တွေလည်း ပါသကွဲ့
မမက်ခဲ့ရဖူးသေးတဲ့
ငါတို့ရဲ့ ဒီမိုကရေစီ အိပ်မက်များလည်း ပါသေး
ဆိုတော့
ခင်ဗျားအတွက် ပွဲသိမ်းချက်ပေါ့ဗျာ။
ဗျာ …
အရှုံးမပေးသေးဘူး ဟုတ်စ
ကောင်းပါ့ဗျား
ကိုင်း … မိတ်ဆွေများရေ
အသည်းကောင်းလို့ ပွဲတောင်းနေသတဲ့။
အဲဒီဖုတ်ဝင်သည် သဘောက်သား
နောက်ကောက်ကျသွားအောင်
လက်သီးမိုး ထပ်ရွာကြစို့ရဲ့
လာဟဲ့ တချီတမောင်း
ကဲ … ရွာစားရေ … မတိမ်းမစောင်းနဲ့ ဗိန်းဗောင်း။ ။
ဒေါင်းတမန်
2 comments:
very good , more & more write
Excellent!
vielen dank
sehr, sehr gut.
Post a Comment