တင်မိုး
ဘ၀ကို သံပတ်ပေးနေတဲ့
အရေးတော်ပုံစိတ်နဲ့ ငါ။
ဘယ်နေရာမှာ ချောက်ကမ်းပါးဆိုလဲ
ကျောက်အားပိုစရာ ငါ့မှာမရှိ။
ဘယ်သောင်ကွေ့မှာ
မိချောင်းတွေ တွေ့တယ်ဆိုလဲ
မမေ့မလျော့ အပ္ပမာဒစိတ်နဲ့
ရိပ်ကနဲဆို သတိမောင်းတင်ပြီး
အောင်မြင်အောင် ရင်ဆိုင်မယ်။
အစာတဖက်ရှာ ရန်သူတဖက်ကြည့်တဲ့
ကျီးကန်းရဲ့ သတိမျိုးနဲ့
မုဆိုးရဲ့လေးအ၀င့်ကိုလဲ
နားစွင့်လို့ နေဦးမယ်။
ဘ၀ဆိုတာ ကစားကွင်း
ခြေပြင်းတိုင်းမနိုင်
ဂိုးသွင်းပိုင်မှ အောင်ပွဲရ
အလွန်လှတဲ့ ပွဲကြီးပါ။ ။
Saturday, October 6, 2007
ပွဲကြီးပွဲကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment