Monday, October 15, 2007

လူသတ်ကောင်စိုးဝင်း အသုဘ မနေ့ကချ

ဝန်ကြီးချုပ်စိုးဝင်း၏ နိုင်ငံတော်ဈာပနကို ယမန်နေ့ကကျင်းပ
NEJ / ၁၅ အောက်တိုဘာ ၂၀၀၇

နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ နိုင်ငံတော် ဈာပနအခမ်းအနားကို နအဖစစ်အစိုးက ယမန်နေ့က ကျင်းပ ပြုလုပ်သည်။
ယမန်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံရှိ ငြိမ်းအေးဇရပ်၌ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဈာပနကို ကျင်းပပြုလုပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ပါ ၀င်တက်ရောက်ကြောင်း ယနေ့ထုတ်သတင်းများတွင် ဖော်ပြထားသည်။
အသက် (၅၉) နှစ်ရှိသည့် ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ခုလက (၁၂)ရက်နေ့ ညနေ (၅)နာရီခွဲတွင် ရန်ကုန်မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ယခုနှစ် မတ်လအစောပိုင်းမှစ၍ စင်င်္ကာပူ အထွေထွေဆေးရုံသို့ သွားရောက် ဆေးကုသ မှု ခံယူနေပြီး သွေးကင်ဆာရောဂါ ခံစားနေရသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စစ်အစိုးရက သတင်းလျှို့ဝှက်ထားသည်။
ဗိုလ်ချုပ်ကြီးစိုးဝင်း သေဆုံးသည့် ယခုလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၀မ်းနည်းကြောင်း အထိမ်းအမှတ် ကာလအဖြစ် သတ်မှတ်ပြီး နို်င်ငံတော်လံကို တ၀က်လွှင့်ထူရန်လည်း နအဖအစိုးရက ထုတ်ပြန်ကြေညာသည်။
၎င်း၏ ရုပ်အလောင်းကို ယမန်နေ့က (၂) နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်ကြောင်းနှင့် ယင်း ဈာပနအခမ်းအနားသို့ ကြွရောက်လာသည့် သံဃာတော်ဆရာတော်ကြီးများ၏ ဘွဲ့နာမည်များကိုလည်း သတင်း တွင် အသေးစိတ် ရေးသားဖော်ပြထားသည်။
၂၀၀၄ခုတွင် ရာထူးမှဖယ်ရှားခံရသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသူ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဆန္ဒပြတောင်းဆိုသူများအား ဖြိုခွဲခဲ့သူအဖြစ် နာမည်ကြီးသည်။
စစ်ကိုင်းတိုင်းမှူးအဖြစ် ၎င်းတာဝန်ယူခဲ့စဉ် ၂၀၀၃ ခု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအား ဒီပဲယင်းခရိုင်၌ တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ်စိုးဝင်း၏ ရာထူးနေရာတွင် အတွင်းရေးမှူး(၁) ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်အား မြန်မာနိုင်ငံ၏ ခေတ္တ၀န်ကြီး ချုပ်အဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့သည့် မေ(၁၈)ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့်လက ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရိုးတွင်းချဉ်ဆီ အစားထိုးကုသပေးနေသည့် အမြွှာညီအစ်ကိုဖြစ်သူ စစ် အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်ထွန်း သေဆုံးသွားပြီးနောက် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်ခဲ့ခြင်းဖြစ် သည်။

လူသတ်ကောင်စိုးဝင်းအတွက် နအဖက ရုံးတွေကို အလံတိုင်ဝက်လွှင့်ထူခိုင်း

ဖုန်းဖြင့် ဆက်ပြောသဖြင့် အလံတိုင် တ၀က်ထူခဲ့ရ
ရိုးမ ၃/အောက်တိုဘာ ၁၅၊ ၂၀၀၇

စစ်အစိုးရက ပြီးခဲ့သည့် ၁၂ ရက်နေ့က ဗိုလ်ချုပ်ကြီးစိုးဝင်း သေဆုံးခြင်းအတွက် နိုင်ငံအ၀ှမ်းရှိ ဌာနဆိုင်ရာများ အား အလံတ၀က်ထူရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဆိုးဝါးနေသည့် စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း စင်္ကာပူတွင် ဆေးဝါးကုသမှု ခံယူပြီးနောက် နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ ယခုလ (၁၂) ရက်နေ့က ကွယ်လွန်သွားကြောင်း စစ်အစိုးရက ပြောဆိုခဲ့ပြီး နောက် အလံတ၀က်ထူရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမိန့်အမှတ် (၄/၂၀၀၇)ဖြင့် ဗိုလ်မှူးကြီးသန့်ရှင်း လက်မှတ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ၃ရက်ကြာ အလံ တိုင်ဝက် လွှင့်ထူရန် ထုတ်ပြန်ခဲ့သည်။
“အဲဒီနေ့က စာမထွက်သေးဘူး၊ (၁၃)ရက်နေ့ နေလည်(၂)နာရီ(၂၅)မိနစ်အချိန်မှာ (တယက)က ဖုန်းဆက်တယ်။ နေ့လည်(၂)နာရီ (၃၅)မိနစ်မှာ (ခယက)က ဖုန်းဆက်တယ်။ ၀န်ကြီးချုပ်ကွယ်လွန်တဲ့ အထိမ်းအမှတ်ပေါ့၊ အလံ တိုင်တ၀က် လွှင့်ထူရန်တဲ့၊ (၂)ရက် လွှင့်ထူဖို့ အကြောင်းကြားပါတယ်၊ စနေတနင်္ဂနွေ ဌာနဆိုင်ရာများကိုလည်း ပြောကြားရန်လို့ ဆိုတာ” ဟု ကျောက်တံတားမြို့နယ် (မယက)မှ တာဝန်ရှိသူတဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဇူလိုင်လ(၁၉)ရက်နေ့တွင်သာ ကျဆုံးသွားသည့် အာဇာနည် ခေါင်းဆောင်များကို အောက်မေ့ ၀မ်းနည်းခြင်းအားဖြင့် အလံကိုတိုင်ဝက် လွှင့်ထူခဲ့ရာ ယခုကိစ္စကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း (မယက) ရုံးဝန်ထမ်းတဦးက ဆိုသည်။
ယင်းအမိန့်ကြေညာစာတွင် ဌာနဆိုင်ရာများကိုသာ အလံတိုင်တ၀က်လွှင့်ထူရန် ပြောကြားထားပြီး ပြည်သူများအ တွက် အမိန့်မပါရှိသဖြင့် ရပ်ကွက်အတွင်း လိုက်လံလွှင့်ထူခိုင်းစေခြင်း မရှိဟု ဆိုသည်။
“ရပ်ကွက်ထဲကတော့ သူ့စာသားအတိုင်းပဲ လုပ်တာဆိုတော့ ဌာနဆိုင်ရာလို့ ပြောတဲ့အတွက် ရပ်ကွက်တွေကို တော့ မပြောပါဘူး၊ ပြည်သူတွေ မေးမှာ စိုးလို့လေ၊ အဲ့လိုပဲ ဖြေလိုက်တယ်”ဟု ကျောက်တံတားမြို့နယ် (မယက) ၀န်ထမ်းတဦးက ပြောသည်။
“အာဇာနည်နေ့ကိုပဲ သိတာလေ၊ သုံးရက်ဆက်တိုက်လွှင့်ဖို့ ဖုန်းနဲ့ပြောတော့ နားမလည်ပါဘူး၊ ဖုန်းပြောတဲ့ လူ တွေကလည်း နာမည်မပြောဘူး၊ ကျနော်တို့လည်း ဘာပြောရမယ်ဆိုတာ မသိဘူး”ဟု ဆိုသည်။

No comments: