Friday, September 21, 2007

မှတ်သားစရာ (၁)

သစ္စာဖောက် လောက်ကောင်ဆိုတာ (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)

ကျွန်တော် စဉ်းစားမိသည်မှာ ကျွန်တော်တို့ လှုပ်ရှားလုပ်ကိုင်နေသော နိုင်ငံရေးမှာ ပြည်သူလူထုအတွက်၊ လူ ထုအကျိုးစီးပွားအတွက်ဖြစ်လေရာ လူထုကို ဆန့်ကျင်သော၊ လူထုကို ရန်သူလို သဘောထားသောသူများ (ဥပမာ- ထောက်လှမ်းရေး၊ သူလျှို၊ သတင်းပေးများ) ၏ အပြောအဆို၊ အပြုအမူများမှာ ဘယ်လောက်ပင် ဟန် ဆောင်ကောင်းစေကာမူ၊ တကွက်မဟုတ် တကွက်မှာ ပေါ်လာတတ်ပါသည်။ ကျွန်တော့် အတွေ့အကြုံအရ တော့ အထူးသဖြင့် လူထု၏ ဒုက္ခဝေဒနာကို မခံစားနိုင်၊ မစာနာနိုင်နှင့် လက်လွတ်စပယ် ပြောတတ်ဆိုတတ်၊ လုပ်တတ်ကိုင်တတ်သူများသည် လက်ရှိထောက်လှမ်းရေးသော်လည်းကောင်း၊ နောင်တနေ့ ဖောက်ပြန်သွား သူများသော်လည်းကောင်း ဖြစ်နေတတ်ပါသည်။ ဗမာပြည် နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်လေ ရာ အခြေခံစိတ်များ တကွေ့မဟုတ်တကွေ့ ဖျတ်ခနဲဖျတ်ခနဲ ပေါ်လာတတ်ပြီး အဆင့်တဆင့်ရောက်သည့်အခါ သစ္စာဖောက်များ ဖြစ်သွားကြပါတော့သည်။ နိုင်ငံရေးခံယူချက် ပြတ်သားပြင်းထန်ပါက၊ သတိအလွန်ထားပါ က အတော်စောစောကပင် လူတယောက်၏ စိတ်နေစိတ်ထားကို အကဲဖြတ်နိုင်ပါသည်။
(ကိုယ်တိုင်ရေး အတ္ထုပတ္တိ အပိုင်း-၅မှ)

နောင်အခါလာ နောင်အခါဈေး လုပ်လို့မရ (၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး)

နိုင်ငံရေးဖြေရှင်းမှုဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တ ယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ချုပ်ဆိုကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မ လုပ်နိုင်ဘဲကွာ အရှုံးသာပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည်မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက်အလော မကြီးဘူး။ တ ဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုးတွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေ တယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအား ဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘော တူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေးဆိုရင် တဖက်က တပ်မတော်ရဲ့အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်လို့ သူကပြောထားတယ်။ အဲဒီတော့ နောင်တချိန်ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေကလည်း အသက်နဲ့လဲပြီးတော့ပြင်ကြဆိုပြီးတော့ ကျနော်တို့ကလေးတွေကို ဒီလိုမျိုး သေကြေ ဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင် အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။
(ဘီဘီစီ၏ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’အစီအစဉ်တွင် ဖြေကြားချက်)

No comments: