* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Monday, September 7, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၉-၀၉)

- UWSA ကို တိုက်လျှင် လက်နက်ကြီး/စစ်လေယာဉ်သုံးမည်ဟု နေပြည်တော်အရာရှိပြော click
- ၀ စစ်ဦးစီးအဖွဲ့ အသက်ပေး ကာကွယ်သွားမည် click
- ကိုးကန့်အရေးနဲ့ စစ်အစိုးရလှည့်ကွက် click
- တရုတ်သြဇာသက်ရောက်မှု မရှိဘူးလား click
- ကိုးကန့်နဲ့ မြန်မာ့နိုင်ငံရေး အလားအလာ click
- KIO ဒု-ဥက္ကဌ အပါအ၀င် ခေါင်းဆောင်အချို့ နုတ်ထွက် click
- လာမယ့်နှစ် ရွေးကောက်ပွဲဝင်ဖို့ ဒေါက်တာတူးဂျာ ကေအိုင်အိုက ထွက် click
- ဒေါက်တာတူးဂျာ KIO အဖွဲ့က ထုတ်ပယ်ခံရတာမဟုတ်ကြောင်း ငြင်းဆို click
- ဒေါက်တာတူးဂျာ ဘာလို့နုတ်ထွက်လဲ (အင်တာဗျူး) click
- ကချင်ပါတီအဖွဲ့ဝင် (၈၀၀) ရပြီဟုဆို click
- မြန်မာ-တရုတ် စီးပွားရေးဆက်နွယ်နေမှု (မျက်မှောက်ရေးရာ) click
- သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုံခြုံရေးအတွက် တရုတ်စစ်တပ်များဝင် ရောက်လာနိုင် click
- ဓာတ်ငွေ့ပိုက်လိုင်းဖောက်မှု ရပ်ဖို့ တရုတ်ကို မြန်မာပတ်ဝန်းကျင်စောင့်ကြည့်ရေးအုပ်စု တိုက်တွန်း click
- ဓာတ်ငွေ့ပိုက်လိုင်း အာဏာစင်္ကြန် click
- ဓမ္မာစရိယ စာချဆရာတော် စစ်အစိုးရက ဖမ်းဆီး click
- နိုင်ငံရေးအရ အဖမ်းခံရသူ ပိုများလာ click
- ရွှေဝါရောင်နှစ်ပတ်လည်အထိမ်းအမှတ် click
- စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့သူ click
- လက်လုပ်လက်စားများကို စွမ်းအားရှင်အဖြစ် လိုက်လံစုဆောင်း click
- မြေမြှုပ်မိုင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်တစ်ဦး ခြေတဘက် အဖြတ်ခံရ click
- ရခိုင်ပြည်နယ်တွင် အမြောက်တပ်ရင်း (၅) ခုထိ အခြေစိုက်ထား click
- ပုသိမ်ဦးအေးဝင်း ပြန်လွတ်လာ click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို စာပို့ click
- ဆီးနိတ်တာဂျင်မ်ဝက်ဘ်ရဲ့ အကြံပေးချက်ကို လက်ခံသင့်မသင့် - အပိုင်း (၁) (တိုက်ရိုက်လေလှိုင်း) click
- ဆီးနိတ်တာဂျင်မ်ဝက်ဘ်ရဲ့ အကြံပေးချက်ကို လက်ခံသင့်မသင့် - အပိုင်း (၂) (တိုက်ရိုက်လေလှိုင်း) click
- ဗြိတိန်နိုင်ငံသား မွတ်ဆလင် (၃) ဦးကို တရားရုံးတော် ပြစ်မှုထင်ရှားတွေ့ရှိ click
- သမ္မတအိုဘားမား အမေရိကန်အလုပ်သမားတွေကို ဂုဏ်ပြု click
- အာဖဂန်ရွေးကောက်ပွဲ မဲမသမာမှုများ စွပ်စွဲခံရ click
- ရခိုင်ရိုးမမှာ ရှားပါးလိပ် တွေ့ရှိ click
- လပွတ္တာမြို့တွင် ရေကြီးနေ click
- မလေးရှားတွင် အဖမ်းခံနေရသူများကို ပြန်လည်လက်ခံ click
- ချန်ပီယံအိပ်မက်အတွက် အမှားခံ၍မရဟု ရန်ကုန်ယူနိုက်တက် ပြောဆို click
- ရန်ကုန်က ဒဲလ်တာကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံး click
- Crew from detained ship free to go home click
- Danger of border skirmishes escalating click
- Activists urge halt to pipeline click
- စစ်ရေးနည်းဖြင့် မဖြေရှင်းချင်ဟု ၀ခေါင်းဆောင် ပြောဆို click
- ကေအိုင်အိုကို ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အဖြစ် ပြောင်းရန် ကချင်လူထု ဆုံးဖြတ် click
- ကချင်လူထုက နယ်ခြားစောင့်တပ် လက်မခံ click
- စီးပွားရေးသမားများက ကေအိုင်အိုကို မျက်ခြေမပြတ် စောင့်ကြည့်နေ click
- သတင်းထောက်များကို လောက်ကိုင်သို့ ဖိတ်ခေါ် click
- ဒဗလျူအက်ဖ်ပီ ၀န်ထမ်း (၂၂) ဦး လောက်ကိုင်ဒေသမှ ပြန်ထွက်လာပြီ click
- တရုတ်နယ်စပ် တိုက်ပွဲများကြောင့် ဒေါ်လာလဲနှုန်းကျ click
- ကိုးကန့်ပြဿနာအပေါ် အဖွဲ့ချုပ်နှင့် မွန်ပြည်သစ်ပါတီတို့၏ အမြင် click
- နယ်စပ်ဒေသသွားခွင့် တရုတ်အစိုးရကို တောင်းဆို click
- စစ်အစိုးရ၏ နောက်ထပ်ပစ်မှတ်က ၀တပ်ဖွဲ့များ ဖြစ်မည်လော (ဆောင်းပါး) click
- မြန်မာ့တရားစီရင်ရေးစနစ်ကို မေးခွန်းထုတ်ခြင်း (ဆောင်းပါး) click
- ထထကြွကြွနှင့် ပြိုင်တူဝိုင်းကြပါစို့ (အယ်ဒီတာ့အာဘော်) click
- မဲ့ကသာကို နအဖတပ်များ ထပ်မံဝင်ရောက် click
- နအဖစစ်တပ်မှ ခရီးရှည်ချီတက်မှုပြုလုပ်၍ လူထုကို အင်အားပြ click
- ထိုင်းနှင့် တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာလျှပ်စစ်သုံးစွဲခွင့် လျော့နည်း click
- ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဆိုင်းငံ့ရန် တရုတ်ကို တောင်းဆို click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာသစ် click
- သံဃာများအား ရိုက်နှက်မှုကို ၀န်ချတောင်းပန်ရန် သံဃာတပ်ပေါင်းစု တောင်းဆို click
- ပုသိမ်မြို့ အဖွဲ့ချုပ်ဝင် ဦးအေးဝင်းကို မြင်းခြံထောင်မှ ပြန်လွှတ် click
- အမေရိကန်နိုင်ငံသား မြန်မာလူမျိုးတဦးကို စစ်အစိုးရ ဖမ်းဆီး click
- မိန်းကလေးတွေအိမ်ရှေ့ ဂစ်တာသွားတီးရာမှ ကလေးစစ်သားဖြစ်ခဲ့ရသူ click
- စားသုံးသူထံမှ အခွန်ကောက်သည့်စနစ်ကို သာယာဝတီ မယက ခေါ်ပြော click
- နာဂစ်စတိတ်ရှိုးတချို့ အရှုံးပေါ် click
- ပညာဒါနသင်တန်း တက်ရောက်သူများ စည်းကမ်းချက်များပါ လိုက်နာကြရ click
- အာဖဂန်လေကြောင်းတိုက်ခိုက်မှု စုံစမ်းရေး ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း click
- မြန်မာကလေးငယ်တဦးကို ထိုင်းယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေး click
- အိမ်အပြန် (ဆောင်းပါး) click
- ဟစ်ဟော့ပ်ရဲ့ မျက်နှာစာသစ် (ဆောင်းပါး) click
- ဧရာဝတီ e-ဂျာနယ် အတွဲ (၁) အမှတ် (၁၀) ကို ဖတ်ရှုနိုင်ပါပြီ click
- မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ ရန်ကုန်ယူနိုက်တက်အသင်း ပွဲဦးထွက်ရှုံး click
- မြန်မာနေရှင်နယ်လိဂ် ဒုတိယအကြိမ်မြောက်ပြိုင်ပွဲ ရန်ကုန်မြို့မှာ ဖွင့်လှစ် click

ရန်ကုန် (အမှိုက်ပုံ) မှကြိုဆိုပါ၏ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- Myanmar faces ethnic unrest click
- Junta Targets Ethnic Rebels to Forge Unity Ahead of Polls click
- Myanmar says market trading in Kokang capital returns to normal click
- Myanmar Fighting May Harm China Oil Plans, Exiles Say click
- China: Newly-Arrived Myanmar Refugees click
- Turtle Thought to Be Extinct Spotted in Burma click
- Myanmar activists urge China to halt pipeline project click
- ILO turns spotlight on officials to end forced labour click
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) မှ ထုတ်ဝေသည့် ‘သင့်ရဲဘော်ဂျာနယ်’ စက်တင်ဘာ (၁၀) ရက်နေ့တွင် ဖြန့်ချိမည်

အပြည့်အစုံသို့...

Sunday, September 6, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၉-၀၉)

- KIO ထိပ်တန်းခေါင်းဆောင် (၅) ဦး တာဝန်မှနားပြီး ပါတီသစ်ထောင်မည် click
- နိုင်ငံရေးအသွင်ကူးပြောင်းရေးကိုသာ ကေအိုင်အို လိုလား click
- ကေအိုင်အိုအဖွဲ့ သဘောထားကွဲလွဲမှုမရှိဟု ဆို click
- မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် ကုန်သည်တွေ နေရပ်ပြန် click
- ဗိုလ်ချုပ်ဟောင်း အောင်ကြီးနဲ့ ကိုးကန့်ပြဿနာ click
- မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အလားအလာ (တနင်္ဂနွေဆွေးနွေးပွဲ) click
- ကျောင်းသားတပ်မတော် ပေါ်ထွန်းလာခြင်း (အသံလွှင့်ဆောင်းပါး) click
- ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း click
- စီးပွားရေးပိတ်ဆို့မှု ဆင်ခြေနဲ့ ဒါ … ဒို့ ဗမာစစ်အစိုးရ click
- ရခိုင်နှင့် ကရင် (၃၄) ဦးအမူတွင် တရားလိုဘက်က သက်သေများ စစ်ဆေးပြီးစီး click
- သိန်းပေါင်း (၂၇၀) တန်ဖိုးရှိ ယာဘားဆေးပြားများကို မူးယစ်ခေါင်းဆောင် (၂) ဦးနှင့်အတူ ဖမ်းဆီးရမိ click
- ဖိလစ်ပိုင် ကမ်းရိုးတန်းသွားသင်္ဘော နစ်မြုပ်၊ လူပေါင်း (၆၀) ပျောက်ဆုံး click
- မြန်မာနိုင်ငံဖွံ့ဖြိုးမှုနှုန်း GDP ကို လျှပ်စစ်မီးအသုံးပြုနိုင်မှုနှင့် တိုင်းတာ click
- မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးခံရ click
- သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာ ပြုလုပ် click
- သတင်းထဲက ဂဏန်းများ၊ နေရပ်ရင်း ပြန်လာသူ အရေအတွက် click
- ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ (ဆောင်းပါး) click
- “အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာအောင် အင်အားကြီးနိုင်ငံတွေ ကြိုးပမ်း click
- စက်တင်ဘာလ ပထမပတ် တီဗွီမဂ္ဂဇင်း အစီအစဉ် click
- အမှန်တရားတို့ မှောက်ကျသွားခဲ့ပြီးနောက် (ကဗျာ) click
- Myanmar's ethnic challenges in elections: analysts click
- Over 12,000 Myanmar border inhabitants return to Kokang after fightings end click
- Burma: Italy gives $5.28 million to Burma's cyclone-hit areas click

အပြည့်အစုံသို့...

Freedom from Military dictators is the best hope for peace and democracy in Burma

Zaw Naing Wynn, Canberra, Australia
5 September 2009, u4097123@alumni.anu.edu.au

‘Freedom’ is one of the most contested concepts. My concept of freedom in this article is about freedom from the Military dictators; freedom to live our daily lives without from interference by the Military dictators; freedom to choose and define our own future without taking orders from the dictators and et cetera.

When our founding fathers and Bogyoke Aung San set our nation of Burma freed from the colonial and fascist rules; they set us freed from colonialism and fascism; they set us freed so that we, Burmese, can define and set our own future.

Based on that freedom they set a new order of the new dawn for Burma. For the first time ever in our history, Burma had Parliamentary democracy. The people had freedom of choice to choose their government and freedom to express and speak the truth.

Burma was known as “Rice Bowl of Asia’ at that time. Education system was one of the tops in all East Asia. Its economy was one of the tops in Asia with the most ever educated population, very well established institutions and infrastructures, and progressive societies. That were all due to the freedom our founding fathers fought for us, the freedom that their fore fathers fought generation after generation.

But that freedom was taken away from us on 2 March 1962 by the then dictator, Ne Win. Since then the new dawn of Burma has steadily been slaughtered by successive Military dictators.

The people defied military orders and rose up against their dictatorial rules since 1962. The 1988 people uprising was the largest and the most brutal crackdown by their own dictatorial rulers in the history of Burma. Thousands sacrificed their lives and many more are still paying their lives behind bars for lost freedom and democracy.

Again in the 2007 Saffron Revolution led by monks, the people rose up against the brutal Military dictators and sacrificed their lives for peace and democracy.

We learnt, through sacrifices and bitter experience, that ‘freedom’ is never willingly given by the oppressors; it has to be fought and won by the oppressed people.

And in all uprisings and revolutions, the people were marching on the hope that is freedom and democracy will be realised. We would be the most irresponsible and reckless human beings of all kinds to discard and wash away that hope, which is yet to be fulfilled.

The Military dictators may hold elections after elections (based on their deceptive constitution). But elections are not democracy since they are no freedom at all. It would be foolish and indeed suicidal for freedom fighters and democracy activists to identify elections as democracy.

We have seen dictators around the world hold elections and call themselves democratic. The Burmese Military dictators have learnt a great deal (from Robert Mugabe of Zimbabwe and many others).

At the same time, the dictators are expanding the military and modernising and industrialising its institutions, including nuclear facilities. They are not for defending the country from external threats (as there are none) but for preparing themselves for the long lasting military rule in Burma.

There are no such things like Military’s disciplined democracy.

Our effort now is to restore that freedom won by our founding fathers and to set a new dawn for Burma in the 21st century based on that freedom.

We are not alone. We have seen the emergence of the Great People Revolutions for freedom and democracy around the world. We have seen and witnessed the falls of repressive dictators and the rise of democracies all corners of the earth.

Conclusion

No matter how many elections will be held by the Military dictators, there will not be freedom and peace in Burma. There will not be genuine and meaningful democracy and hence there will not be prosperity at all.

The rulers may come and go but our struggle for freedom and democracy will remain until the sunrise of that freedom and democracy in Burma.

Zaw Naing Wynn

အပြည့်အစုံသို့...

Saturday, September 5, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၉-၀၉)

- ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင် (၆) ယောက် အထုတ်ခံရ click
- ဖုန်ကြားရှင်း ပြန်အပ်ဖို့ တောင်းဆိုချက် ၀ တပ်ဖွဲ့ အကြောင်းမပြန် click
- ဖောက်ခွဲယမ်းစက်ရုံ အကြောင်းပြချက်တခုသာ click
- တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU ပြောဆို click
- မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစု ထုတ်ပြန်မှု click
- အန်အယ်လ်ဒီ ပါတီတွင်းစည်းရုံးရေး ပြန်လည်တည်ဆောက်နေ click
- ကိုညီညီအောင်ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ click
- ထောင်ချနိုင်အောင် သန်းခေါင်စာရင်းမှာ အသက်ပြင် click
- ကုန်ဈေးနှုန်းကျဆင်းရေး ဆက်လက်ဆောင်ရွက်မည် click
- စီးပွားပျက်ကပ်လွန်ဂယက် အထူးအစီးအစဉ် (ဆွေးနွေးခန်း) click
- မလေးရှားအချုပ်ခန်းများမှ မြန်မာပြည်သား (၄၉) ဦး ရန်ကုန်သို့ရောက် click
- သံပရာသီးခွဆုံမှ လူကြီးများတွေ့ဆုံခွင့်ကို အာဏာပိုင်များက ပိတ်ပင် click
- ပညာအရည်အချင်း ကွာခြား၍ လက်ထပ်ရန် ငြင်းဆိုသူ တက္ကသိုလ်ကျောင်းသူကို သူမချစ်သူက ဓားနှင့် အ ချက်ပေါင်းများစွာ ထိုးသတ် click
- အငဲ ရဲ့ 'ကိုး' တေးစီးရီး ထွက်မည် click
- ဂီတသမား မိဖုရား၊ အနောက်နန်းမတော် မမြကလေး (အသံလွှင့်ဆောင်းပါး) click
- သတင်းထဲက ဂဏန်းများ၊ လမ်းဖောက် တံတားဆောက်ရန် လှူဒါန်းကြသည့် ဆံပင်အလေးချိန် click
- အိမ်ထောင်ဆက် များရခြင်းအကြောင်းကို ထက်ထက်မိုးဦး ထုတ်ပြော click
- ပရို MNL ပွဲ ရန်ကုန်၊ မန္တလေးတွင် ကွင်းဖွင့်မည် click
- Myanmar widens war on ethnic groups click
- Burmese Forces Seize Drugs Near China Border click
- Civil War Knocking At Burma’s Doors click
- Effect on Burmese living standard click
- China: UN Seeks Access To Newly- Arrived Myanmar Refugees click
- Security Tight on Anniversary of Monk-led Uprising click
- Burma’s Attack against Ethnics Poses China Dilemma click
- ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား click
- နအဖတပ်များ စွမ်းအားရှင်အသင်းဝင် စုဆောင်း click
- မယ်လဒုက္ခသည်စခန်းတွင် ၀က်သက်ရောဂါဖြစ်ပွားမှု များပြားလာ click
- မြန်မာအလုပ်သမားတဦးအတွက် နစ်နာကြေး ဘတ် (၂၅၀,၀၀၀) ပေးရန် တရားရုံး အမိန့်ချ click
- “ကြာပါတယ်ကွာ” ဆိုတဲ့ Jenny… (အင်တာဗျူး) click
- သောကြာစကားဝိုင်း (စက်တင်ဘာ ၄၊ ၂၀၀၉) click
- Explosives plant found near China border click
- Burma’s Attack against Ethnics Poses China Dilemma click

အပြည့်အစုံသို့...

ကိုဗဟိန်းသို့ စကားကြွေး

ကိုဗဟိန်းသို့ စကားကြွေး
လူထုဒေါ်အမာ
(သရုပ်ဖော်ပန်းချီ - မင်းကျော်ခိုင်)

မေလထုတ် မြန်မာ့ဓနမဂ္ဂဇင်းထဲမှာ ဆူးငှက်က မန္တလေးက ရွာဟိုင်းသင်္ချိုင်း နေရာဟောင်းမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေး ရှိသေးတယ်လို့ ဖတ်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တုန်းက အမေ ကိုဗဟိန်းအပေါ် မရိုးမ သား ရှိခဲ့တာကလေး ပြန်ပေါ်လာရတယ်။ ပြန်ပေါ်လာရုံ၊ အမှတ်ရရုံမက စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာ လို့လဲဆိုတော့ သူ့ကို ကိုယ်က ဘာမှ ပြောလို့ရတဲ့ ဘ၀မျိုးမှ မဟုတ်တော့ဘဲကိုး။

ကိုဗဟိန်းနဲ့ အမေတို့က မန္တလေးမှာ နေကြတာက ဂုန္တန်ဝင်းနဲ့ ယွန်းတန်းဆိုတော့ မန္တလေးလို တပြပဲ အိမ်ချင်း က ဝေးကြတာမို့ အိမ်နီးချင်းတွေပေါ့။ ပြီးတော့ နှစ်ယောက်စလုံးက ဆရာကြီး ဦးရာဇတ်တပည့် နေရှင်နယ် ကျောင်းသားတွေ။ အတန်းချင်းတော့ မတူပါဘူး။ သူက ငယ်တာကိုး။ နောက် ဦးလှနဲ့အမေနဲ့ အကြောင်းပါလာ တော့ ဦးလှနဲ့ ကိုဗဟိန်းက အရင်ကတည်းက သိကျွမ်းပြီးသားတွေ ဖြစ်တဲ့အပြင် ဦးလှ မန္တလေးသားဖြစ်လာ တော့ ကိုဗဟိန်းအဖေ ဦးလေးမှင်က ဦးလှကို ပိုပြီးခင်တယ်၊ ချစ်တယ်လေ။ ဦးလှက မန္တလေးမှာ သူ့အမျိုးရှိ တယ်ဆိုရင် အဲဒါ ဦးလေးမှင်ပဲလို့ အောက်မေ့တယ်။ ဒါကြောင့် သူ့သား သားဦး ကိုစိုးဝင်းမွေးတော့ လသားက လေး ရှိသေးတယ်။ မချီတတ် ချီတတ်နဲ့ အနှီးထုပ် ချိုင်းညှပ်ပြီး ထီးကြီးတချောင်းဆောင်းလို့ သူ့ ဦးလေးမှင်ကို သူ့သား သွားပြသတဲ့။

အမေ ဒီအကြောင်းတွေ ပြန်ရေးနေတာက အမေနဲ့ ကိုဗဟိန်းနဲ့ ရင်းနှီးပုံကို သိစေချင်လို့ပါ။ အမေက ၁၉၃၅ ခု နှစ်လောက်ကစပြီး ၀တ္ထုတိုကလေးတွေ ကြီးပွားရေးထဲမှာ ရေးနေတယ်။ အဲဒီလိုရေးရင်း တနေ့တော့ ကြီးပွား ရေးထဲမှာ မြမဉ္ဇူ ကလောင်အမည်နဲ့ အမေရေးတဲ့ “ဒေါသ” ဆိုတဲ့ ၀တ္ထုတိုကလေး ပါလာတယ်။ ဒီဝတ္ထုတိုက လေးကို ကိုဗဟိန်းက ကြိုက်လွန်းလို့တဲ့၊ အိမ်ကိုလာပြီး သူက သူ ဒီဝတ္ထုတိုကို ကြိုက်တဲ့အကြောင်း ချီးကျူး ၀မ်းသာစကား လာပြောတယ်။

ဒီဝတ္ထုတိုကလေးဟာ ၁၉၃၇ ခုနှစ်က ကြီးပွားရေး အောက်တိုဘာလထုတ်မှာ ပါတာပါ။ အဲဒီတော့ အမေ့အ သက်က (၂၂) နှစ်၊ စာရေးသက်က (၂) နှစ်ပေါ့။ ကိုဗဟိန်း ချီးမွမ်းတာကို အမေက သဘောကျပြီး အဲဒါ ကိုယ် ပိုင်အတွေးနဲ့ ရေးတာမဟုတ်ဘူး။ The Wrath ဆိုတဲ့ ၀တ္ထုတိုတပုဒ်ကို မှီးတာလို့ ဖွင့်မပြောဘူး။ တိတ်တိတ်က လေး မြုံပြီး သူ့အချီးအမွမ်းကို ခံနေလိုက်တယ်။ ဒါပေမယ့် ကိုဗဟိန်း ချီးမွမ်းတုန်းက ကိုယ်ပီတိဖြစ်လိုက်ရတာ က ဘယ်နှမိနစ် ကြာလေမယ်တော့မသိဘူး။ ငါ့နှယ်နော်၊ ကိုဗဟိန်းအပေါ် မရိုးသားလိုက်တာ တကယ်ဆိုတော့ ငါ ဖွင့်ပြောလိုက်ဖို့ကောင်းတာဆိုပြီး စိတ်မကောင်း ဖြစ်လိုက်ရတာဟာ အဲဒီအချိန်ကစပြီး ယနေ့ထက်ထိ သတိ ရတိုင်းဆိုပါတော့။

ကိုဗဟိန်း မကွယ်လွန်ခင်က မန္တလေးဆေးရုံကြီးပေါ်မှာ ဆေးရုံတက်နေရတယ်ဆိုတော့ အမေနဲ့ ဦးလှနဲ့ သွား မေးကြသေးတယ်။ မန္တလေးဆေးရုံကြီးက အဲဒီတုန်းက ဒေါက်တာမတ်ရဲ့ သံတဲကျောင်းနဲ့ စိန်ပီတာကျောင်း တွေမှာ ဆေးရုံလုပ်ထား၊ ဖွင့်ထားရတာ။ ကိုဗဟိန်းကို သံတဲကျောင်းက အဆောင်တခုမှာ တင်ထားတာ။ မှတ် မိသေးတယ်။ ကိုဗဟိန်းက နေမကောင်းတုန်းလည်း သူ့အပြုံးကလေးကတော့ ပျောက်ကွယ်မသွားဘူး။ အမေ တို့နှစ်ယောက်ကို ပြုံးပြီး ဧည့်ခံနေရှာတာ။ အဲဒီတုန်းကလည်း အမေက ကိုဗဟိန်းကို “ဒေါသ” ၀တ္ထုတိုဟာ ကျွန်မ original မဟုတ်ဘူး၊ မှီးတာလို့ ဖွင့်ပြောဖို့ သတိရတယ်။ နို့ပေမယ့် ရှက်လို့ မပြောဝံ့တာနဲ့ မပြောခဲ့ဘူး။ နောက် တော့ ကိုဗဟိန်း ဆုံးရှာပါရော။ သူဆုံးတာ ၁၉၄၆ ခု နိုဝင်ဘာ (၂၀) ရက်နေ့တဲ့။ သူ ဆုံးသွားပြီဆိုတော့ ပြီးပါရော၊ ငါ သူ့ကို ဘယ်တော့မှ ဖွင့်ပြောလို့ ရတော့မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်မရိုးသားလိုက်မှုအတွက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ကျန်ရစ်တယ်။

ခုဆိုရင် ရဲဘော်ဗဟိန်း မရှိရှာတာ (၅၂) နှစ် ရှိပြီပေါ့။ ဘယ်နှနှစ် ရှိရှိ၊ အမေ မသေသေးလို့ ရဲဘော်ဗဟိန်းအ ကြောင်း အမေ့အသိထဲ တနည်းနည်းနဲ့ ပေါ်လာတယ်ဆိုရင် ဒီကိစ္စပေါ်လာမှာပဲ။ ပေါ်လာရင်လည်း ကိုယ့်ဘာ သာ ငါသိပ်ညံ့တာပဲ၊ ရှော်တာပဲလို့ အပြစ်ဆိုမိတာပဲ။ ပြီးတော့ စိတ်ထဲ ရှက်နေပါရော။

အဲဒီတော့ သားတို့ သမီးတို့ကို အမေပြောချင်တာက ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန် မိပေစေနဲ့။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့် လိပ်ပြာက ကိုယ်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။

အမေကတော့ စိတ်ထဲမှာ “ကိုဗဟိန်းရေ .. အဲဒီတုန်းက ကျွန်မ ရှော်ခဲ့တာ၊ ဟန်လုပ်ချင်ခဲ့တာ၊ မရိုးသားခဲ့မိတာ ကို အတန်တန် ၀မ်းနည်းစကား ပြောမိပါတယ်။ ရှင် ကြားနိုင်တဲ့ ဘ၀ဆိုရင် ကောင်းပေစွ” လို့ ပြောစမ်းချင်လှ ပါတယ်။

လူထုဒေါ်အမာ
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အမှတ် ၇၄၊ ၁၉၉၈ - ဇူလိုင်)

အပြည့်အစုံသို့...

Friday, September 4, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၉-၀၉)

- သံဃာများညီညွတ်ဖို့ စာသင်သားရဟန်းများ တိုက်တွန်းလှုပ်ရှား click
- ဖုန်ကြားရှင်နဲ့ မူးယစ်ဆေးသတင်း နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖော်ပြ click
- မုန်းလားဒေသခံများ တရုတ်ပိုင်နက်ထဲ ပြေးဝင်နေကြ click
- မြန်မာ-တရုတ်နယ်စပ် ဒုက္ခသည်များ ပိုမိုထွက်ပြေးနေ click
- ကိုးကန့်ဒုက္ခသည် ကုလ တွေ့ခွင့်တောင်း click
- တရုတ်-မြန်မာနယ်စပ်မှ လက်နက်များဖြင့် ပါလက်စတိုင်း စစ်သွေးကြွများအား ပံ့ပိုး click
- ကချင်က အရေးပေါ် လူထုအစည်းအဝေး ကျင်းပမည် click
- ကချင်တပ်ဖွဲ့က နယ်ခြားစောင့်ရေး ထပ်မံစဉ်းစားဦးမည် click
- စစ်အစိုးရနှင့် KIO ကချင်အဖွဲ့ ဆွေးနွေးရန် ပြင်ဆင် click
- KIO ကချင်အဖွဲ့နှင့် စစ်အစိုးရတို့ နောက်အပတ်မှာ ဆွေးနွေးရန် ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကြားနာဖို့ တရားရုံး သဘောတူ click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်အယူခံမှု တရားရုံးလက်ခံ click
- တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့်ကို ထောင်ဒဏ် (၂) နှစ် စီရင် click
- စစ်တွေတွင် ထောက်လှမ်းရေးများ ဥပုသ်သည်ဟန်ဆောင်၍ သတင်းယူ click
- ဒီနေ့ အဓိကဦးတည်လုပ်သင့်တဲ့ လုပ်ငန်း (ဆောင်းပါး) click
- မြ၀တီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်နေ click
- တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သောကြောင့် တရုတ်ပစ္စည်းများ ဈေးတက် click
- ရန်ကုန်ဆင်ခြေဖုံး အမှိုက်တွေဖုံးလွမ်း (ဗွီဒီယိုသတင်း) click
- မြန်မာ့စာပေဆုရှင် ဒေါ်ခင်နှင်းယုနဲ့ သူ့ဝတ္ထုတွေအကြောင်း အတ္ထုပ္ပတ္တိ click
- မရှိလည်း ကောင်း ရှိမကောင်း သို့မဟုတ် စာပေကင်ပေတိုင် (ဆောင်းပါး) click
- NATO လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှာ လူ (၉၀) ကျော် သေဆုံး click
- ယူရေနီယံသန့်စင်မှု နောက်ဆုံးအဆင့် ရောက်နေပြီလို့ မြောက်ကိုရီယား ကြေညာ click
- အာဖဂန်အရပ်သား သေကြေမှု နေတိုး စုံစမ်းမယ် click
- ထိုင်းတောင်ပိုင်းက ကွန်မြူနစ်ဟောင်းကြီးတွေ click
- Burmese Court Agrees to Aung San Suu Kyi Appeal click
- WHO: H1N1 flu widespread in South Asia click
- Pandemic (H1N1) 2009 - update 64 click
- 10,731 Myanmar border inhabitants return to Kokang after fighting ends click
- A Tangled Webb in Burma click
- UNHCR urges China grant access to Myanmar refugees click
- More Chinese Flee Burma as Kokang Remain Stranded in China click
- တော်သလင်းလပြည့်နေ့တွင် သံဃာတော်များ ဆန္ဒပြရန် ကြိုးစား click
- သံဃာတော်တပါးကို အာဏာပိုင်များက လှည့်ဖြား၍ ဖမ်းဆီး click
- လောက်ကိုင်တွင် ကုလသမဂ္ဂ ၀န်ထမ်း (၈၀) ခန့်ကို နအဖက ပိတ်ဆို့ click
- ကိုးကန့်ပြဿနာ ပြည်မထဲသို့ ဆွဲသွင်းပါဟု ဗကပ ရဲဘော်ဟောင်း ပြော click
- နိုင်ငံရေးလိုအပ်ချက် မတူတော့သည့်အတွက် ကိုးကန့်အရေး စစ်အစိုးရ ဖန်တီးခဲ့ဟု ဗကပ ပြော click
- ကိုးကန့်နှင့် နအဖတိုက်ပွဲကြောင့် ကိုးကန့်နှင့် ၀ လုပ်ငန်းရှင်များ မထိခိုက်နိုင် click
- ဝေ နှင့် စစ်အစိုးရ ပေါင်းမိလျှင် UWSA မလွယ် click
- ဖုန်ကြားရှင်းတို့အား လွှဲအပ်ပေးရန် ၀ တပ်ဖွဲ့ထံ နအဖတပ်မှူး စာရေးတောင်း click
- မိုင်းလားတပ်ဖွဲ့ထံ စရဖ ညွှန်ချုပ် စာရေးချွေးသိပ် click
- စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့ပါက အသက်အန္တရာယ် စိုးရိမ်ရ click
- ကေအိုင်အိုကိုယ်စားလှယ်များ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့မည် click
- အပစ်ရပ် မွန်ဒေသတွင်လည်း မတည်မငြိမ်ဖြစ်နေ click
- တယောက်အားနဲ့ဆိုသော် မရ (အယ်ဒီတာ့အာဘော်) click

ဦးဖုန်ကြားရှင်၏ နေအိမ်နှင့် လောက်ကိုင်မြို့မြင်ကွင်း (ပေးပို့ - nyotun)
- ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ခွင့်ရ click
- ရန်ကုန်တိုင်းတရားရုံး ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာ တင်သွင်း click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ တိုင်းရုံးက လက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းတရားရုံးမှာ ဒီနေ့အယူခံတင်သွင်း click
- တကိုယ်တော်ဆန္ဒပြ ဗိုလ်ကြီးဟောင်း ထောင်ဒဏ် ၂ နှစ် click
- လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ မစ္စဆူဆန်ရိုက်စ် မြန်မာ့အရေး ဆွေးနွေးမည် click
- လေဒီရှရီရမ်ကောလိပ်ကျောင်းက မြန်မာ့ဒီမိုကရေစီအရေး မှတ်တမ်းရုပ်ရှင် ပြသ click
- ဦးရွှေအုန်းနှင့် တတိယအင်အားစု မဟာမိတ်အဖွဲ့ ဖွဲ့စည်းမည် click
- ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့ (ဆောင်းပါး) click
ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- မင်းသားကြီး ထွန်းဝေ၏ ဓာတ်ပုံနှင့် နာမည် ဖော်ပြခွင့်ရ click
- မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ (၆) သန်းခွဲဖိုး သဘောတူ click
- အမျိုးသမီးများ၏ မလုံမခြုံ ခန္ဓာပုံများ ခိုးရိုက်သူ ထောင်ကျ click
- ရန်ကုန်ရပ်ကွက်များစွာ ရေမရ ပြည်သူများ ဒုက္ခရောက် click
- တိုင်းရင်းဆေးနှင့် ငရုတ်ဆီများ ထပ်မံပိတ်ပင် click
- ရောင်းသူရော စားသုံးသူပါ ကုန်သွယ်ခွန်ပေးရမည် click
- မြန်မာလူငယ်လေး မောင်သောင်ဒီ ဂျပန်နိုင်ငံသို့ သွားခွင့်ရ click
- စက္ကူလေယာဉ်ချန်ပီယံ မြန်မာကလေးကို ထိုင်းဝန်ကြီးချုပ် တွေ့ဆုံ click
- စက္ကူလေယာဉ်ချန်ပီယံ မြန်မာကလေးငယ်ကို ထိုင်းက ပတ်စ်ပို့ ထုတ်ပေးပြီ click
- အသက် (၁၂) နှစ်အရွယ် မြန်မာနိုင်ငံသား ထိုင်းနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရ click
- သူခိုး (၀တ္ထုတို) click
ဘယ်သူပျက်ပျက် ဂက်စ်အတွက်ဆို Yes (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- Burma agrees to hear Aung San Suu Kyi's appeal against house arrest click
- Court Accepts Suu Kyi’s Appeal click
- Unhcr wants refugee access click
- Myanmar police seize drugs click
- Passport for stateless boy click
- Letter: Myanmar's Constitution click
- ILO Turns Spotlight on Burma to End Forced Labor click
- Junta paying greater attention to US concerns over narcotics production and smuggling click
- Over 9,300 Myanmar border inhabitants return to Kokang after fightings end click
- Myanmar seizes some stimulants in Kokang region click
- Foreign Weapons Kill the Blockade on Burma click
- Moderate earthquake hits NE India, 4th in one month click
- International red cross to help build schools in Myanmar cyclone-hit areas click

အပြည့်အစုံသို့...

Thursday, September 3, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၉-၀၉)

- စာသင်သံဃာများကို ၀ါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက် click
- ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အယူခံတင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာတင်သွင်း click
- အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့ click
- ကိုးကန့်ဒေသ ဖောက်ထွင်းလုယက်သူ စစ်အစိုးရတပ်သာဖြစ်နိုင် click
- ကိုးကန့်ပဋိပက္ခနဲ့ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် click
- ထိုးစစ်ကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်များ (ဗွီဒီယို) click
- စစ်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် နိုင်ငံခြားခရီးသည် လျော့ကျ click
- ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စစ်အစိုးရ ပြင်ဆင်နေ click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ စည်းရုံးရေးလိုက်ဆင်းနေ click
- မြန်မာ့စွမ်းအင်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု click
- မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲခံထားရသူကို ရုံးထုတ် (Update) click
- ဂျပန်ပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်းခရီးသွားလက်မှတ်ရပြီ click
- ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန်သွားနိုင်ပြီဟုဆို click
- မိုးရာသီ အီလက်ထရွန်းနစ် ပစ္စည်းရောင်းချပွဲ click
- ဒိုင်နာကို ကန့်သတ်ပြီး ကားကြီးများ အစားထိုးမည် click
- ဂက်တီ (ခရီးသွားဆောင်းပါး) click
- အာဖဂန်စစ် အနိုင်ရရေး အမေရိကန်ဗျူဟာသစ် အချိန်ပေးဖို့လို click
- တရုတ် ရှင်ဂျန်းပြည်နယ် လူမျိုးရေးအဓိကရုဏ်း ထပ်ဖြစ် click
- ၀က်တုပ်ကွေး ကာကွယ်ဆေး တရုတ် အတည်ပြု click
- ဆေးထိုးအပ်နဲ့ ထိုးလို့ ရှင်ဂျင်းမှာ ဆန္ဒပြပွဲတွေ ပြန်ဖြစ် click

ကာတွန်း စောငို (မိုးမခ၀က်ဘ်ဆိုက်)
- Aung San Suu Kyi to Appeal Conviction click
- Suu Kyi’s Lawyer Lodges Appeal against Her Conviction click
- Junta pressures Mon party leaders click
- Kokang Conflict Highlights Tatmadaw Xenophobia click
- China Fails to Prevent Myanmar’s Ethnic Clashes click
- Quake hits India, Myanmar click
- Who's next for the Rambo 'liberation' treatment? click
- Junta Continues its Campaign against Burmese Diversity click
- BURMA: ILO Turns Spotlight on Officials to End Forced Labour click
- မေတ္တာပို့လမ်းလျှောက်ဖူးတဲ့ သံဃာတော်များ ထိန်းသိမ်းခံနေရ click
- သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ မနက်ဖြန် တင်သွင်းမည် click
- ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတင် click
- ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ click
- ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ click
- ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း (ဆောင်းပါး) click
- ဝ ဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင် click
- အပစ်ခတ်ရပ်နယ်မြေအတွင်းရှိ ဒေသခံလူထု တိုက်ပွဲများအတွက် စိုးရိမ်နေ click
- KIO ဌာနချုပ်ရှိ ဒေသခံများ တရုတ်ပြည်သို့ ပစ္စည်းရွှေ့ပြောင်းမှု တရုတ်က လက်မခံ click
- ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း click
- ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန် click
- ကိုးကန့်ပဋိပက္ခ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကို ဖော်ပြ (ဆောင်းပါး) click
- ကိုးကန့်နှင့် နအဖစစ်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်တွင် မငြိမ်မသက်ဖြစ် click
- ကိုးကန့်နယ်မြေ တည်ငြိမ်အေးချမ်းပြီဟု အစိုးရပိုင် သတင်းစာက ဖော်ပြ click
- ဘူးသီးတောင်မြို့တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းမည် click
- ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက် click
- ငွေတောင်းခံခြင်းကြောင့် မွန်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွား click
- မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းနှင့် နအဖတိုင်းမှူး ထပ်မံတွေ့ဆုံ click
- စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ အပေါင်းလက္ခဏာ၊ အတုအယောင် ငြိမ်းချမ်းရေးဟာ အနှုတ်လက္ခဏာ (ဆောင်း ပါး) click
- လွှတ်တော်ဆောက်ရန် သိန်း (၅၀) အထက် အလှူခံ click
- ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် (၁၈) နှစ်အထက် လူဦးရေစာရင်း ကောက်ယူ click
- သတင်းပေးသင်တန်းအတွက် လူရှာရန် ကြံ့ဖွံ့ ညွှန်ကြား click
- ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ် click
- မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ် click
- နယ်ချဲ့တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့သူ ဗိုလ်မှူးစိုးလွင် ကွယ်လွန် click
- ထွက်ပြေးသည့် ကလေးစစ်သားကို ပြည်ခိုင်ဖြိုးက ဖမ်းဆီး၍ ဆုငွေယူရန် ကြိုးစား click
- အာဏာရှင်ဘောလုံးအသင်းနဲ့ ဒီမိုကရေစီဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ဘောပွဲ (အသံဖိုင်) click
- မြန်မာ့အဏုမြူစီမံကိန်းကို အနီးကပ်စောင့်ကြည့်ဖို့ အချိန်တန်ပြီ click
- ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ (ဆောင်းပါး) click
- ဓာတ်ခွဲခန်းကားဖြင့် အစားအသောက်များတွင် ဆိုးဆေးသုံးမှု ရှောင်တခင်စစ်ဆေး click
- ငွေချပေးမှု မလုံလောက်သဖြင့် လမ်းများ အချိန်မီမပြင်နိုင် click
- နာဂစ် (၁) နှစ်နှင့် (၄) လ ပြည့်ပြီ၊ လိုအပ်ချက်များ ရှိနေဆဲ click
- တနိုင်ငံလုံး ကြွပ်ကြွပ်အိတ်ကင်းစင်ရန် လုပ်ကိုင်သင့်ဟု FREDA ပြောဆို click
- ကြွပ်ကြွပ်အိတ်များက ရန်ကုန်အမှိုက်ပြဿနာကို ထပ်မံတိုး click
- စက်ရုံများတွင် ကိုယ်ပိုင် မီးအားထိန်းညှိစက် တပ်ရမည် click
- ရန်ကုန်အင်တာနေရှင်နယ်ကျောင်းသား (၅) ဦး လူတုပ်ကွေးရောဂါ ကူးစက်ခံရ click
- မြန်မာအလုပ်သမား (၂၄) ဦး အလုပ်ထုတ်ခံရ click
- မြန်မာမှ မှောင်ခိုစားဆီများ ဘင်္ဂလားက ဖမ်းဆီး click
- ထိုင်းသူဌေးများအလှူတွင် မြန်မာဆင်းရဲသားအများစု အလှူခံ click
- ထိုင်းနိုင်ငံဖွား မြန်မာကလေး ဂျပန်သွားရန် ထိုင်းအစိုးရ ခွင့်မပြု click
- အင်အားပြင်းငလျင်ကြီး အင်ဒိုနီးရှားမှ လှုတ်ခတ် click
- Burma's Suu Kyi appeals against conviction click
- Suu Kyi lawyers: Eleven reasons for appeal click
- Junta Targets Ethnic Rebels to Forge Unity Ahead of Polls click
- Analysis: US reignites debate over Myanmar sanctions click
- 26 Kokang local people arrested for looting during fightings click
- Burma's Rising Toll click
- The false and dangerous Allure of Nuclear Weapons click
- Over 7,800 Myanmar border inhabitants return to Kokang after fightings end click

အပြည့်အစုံသို့...

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ ဗကပ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန် ချက် + Poisonous political thinking (Zaw Naing Wynn)

Pr4-2009+Poisonous Political Thinking (Zaw Naing Wynn)

အပြည့်အစုံသို့...

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …

ဟိမ၀န္တာကျားသစ်နက်ကြီးသို့ လွမ်းဆွတ်ခြင်း …
ဒေါက်တာလွဏ်းဆွေ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ကျနော်ရောက်သွားချိန်တွင် လူငယ်ကဗျာဆရာတချို့ အချင်းချင်း ဖက်ငိုသူ ငို၊ ကဗျာရွတ်သူရွတ်နှင့် ပေါက်ကွဲနေကြသည်။ မြေလတ်သား ကဗျာဆရာလေးတစ်ဦးက “ဆရာလွဏ်းရေ … ဆရာချော မရှိတော့ဘူးဗျ” ဟု ငိုသံပါကြီးနှင့်ပြောကာ ကျနော့်ကို ပြေးဖက်သည်။ ထို့နောက် သူက ကျနော့်ကို ဆရာမောင်ချောနွယ် ရုပ်ကလာပ် ပြင်ထားသည့် နေရာဆီ ခေါ်သွားသည်။

အခန်းလေးထဲ ကျနော်ဝင်လိုက်ချိန်တွင် မမမြင့်နှင့် သမီးအလတ်က အငိုမျက်နှာကိုယ်စီနှင့်ထလာပြီး ကျနော့် ကို ဖက်ငိုပြန်လေသည်။ မည်သို့နှစ်သိမ့်ရမည်မှန်း ကျနော်မသိ၊ မျက်ရည်မကျမိအောင်လည်း တင်းထားရင်း ဇာပုဝါပါးအဖြူကိုကပ်၍ ဆရာချောကို ကျနော် ငုံ့ကြည့်နေမိသည်။ ဆရာချောမျက်နှာ တော်တော်ချောင်ကျ သွားသည်။ ခန္ဓာကိုယ်ထဲက ကဗျာဓာတ်တွေကို မြေကမ္ဘာပေါ် အကုန်အစင် သွန်ချပေးခဲ့၍လားမသိ၊ ဆရာ ချောကို ကြည့်ရတာ လူလုံးနည်းနည်းပိုသေးသွားသလို ခံစားရသည်။ “အကိုရေ ဒီမှာ အကို တမေးထဲမေးနေ တဲ့ ဒေါက်တာလွဏ်း လာပြီလေ၊ ထကြည့်ပါဦး” ဟု မမမြင့် ဟစ်ငိုလိုက်ချိန်မှာတော့ ကျနော် စိတ်မထိန်းနိုင် တော့ဘဲ မျက်ရည်ပေါက်တွေ စီးကျလာတော့သည်။ ဆရာချောရုပ်ကလာပ်ကို ခပ်ဝါးဝါးမြင်နေရင်း ခွင့်လွှတ်ပါ ဆရာချောရေလို့ပဲ ကျနော် အသံတိတ် တောင်းပန်နေမိတော့သည်။

တကယ်တမ်းလည်း ဆရာချော အခုလောက် ခပ်မြန်မြန်ကြီး ထွက်ခွာသွားလိမ့်မည်ဟု ကျနော်ထင်မထားခဲ့။ သို့သော် ဆရာချောကိုယ်တိုင်က ထိုနှစ်အတွင်း သူ့ကိုယ်သူသိနေသည့် အရိပ်အယောင်တွေ ပြနေခဲ့တာကို ကျနော်အမှတ်ရနေသည်။ ထိုဆုံးမည့်နှစ် ဖေဖော်ဝါရီ (၃) ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသည့် အဆိုတော် ခင်ဝမ်း ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အခမ်းအနား၌ ဆရာချောနှင့် ကျနော်တို့ ဆုံဖြစ်ကြသည်။ အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း ကျနော် ကင်မရာလွယ်ပြီး လျှောက်နေစဉ် ဆရာချောက ကျနော့်ကို လှမ်းခေါ်သည်။ ဘုန်းကြီးကျောင်းအတွင်းရှိ စေတီလေးကို နောက်ခံထားပြီး သမံတလင်းပေါ်ထိုင် လျက် ဒူးထောင်ပြီး ဒူးပေါ်ကနေ လက်နှစ်ဖက်ကို တွဲလောင်းချထားသည့် အနေအထားနှင့် သူ့ကို ဓာတ်ပုံ ရိုက်ခိုင်းသည်။

ဓာတ်ပုံရိုက်အပြီး ဆရာချော ပြောလိုက်သည့် စကားကြောင့် ကျနော်လန့်သွားသည်။ ဆရာချောက ထိုဓာတ် ပုံကို သူသေလျှင် အခေါင်းမှာ ကပ်ပေးဖို့ ကျနော့်ကို ပြောခြင်းဖြစ်သည်။ ကျနော်က နိမိတ်မရှိ နမာမရှိ ဆရာ ချောရယ်ဟု ခပ်ဖော့ဖော့ ပြန်ပြောလိုက်သည်။ ထိုနေရာတွင် ဆရာချော အချိန်အတော်ကြာ ငေးငေးငိုင်ငိုင် ဆက်ထိုင်နေသည်။ ထိုနေ့က အခမ်းအနားအပြီး ထမင်းစားခါးနီးတွင် ဆရာချော ရှိုက်ကြီးတငင် ငိုနေလေ သည်။ ဆရာချော ဘာဖြစ်လဲ မေးလို့မရ။ မရပ်မနား ငိုနေသည်။ ဆရာချော အငိုရပ်အောင် မနည်းလမ်းလွှဲပြီး ဆရာချောနှင့် ဓာတ်ပုံတွေ စုရိုက်ကြသည်။ ထိုကတည်းက ဆရာချော သူ့ကိုယ်သူ သိနေပုံရသည်။ ဟုတ် လည်း ဟုတ်သည်၊ ထိုနှစ် စက်တင်ဘာ (၃) ရက်နေ့မှာပင် ဆရာချော ကွယ်လွန်ခဲ့သည်လေ …။

♠ ♠ ♠ ♠ ♠

ဆရာချောမဆုံးမီ နှစ်ပတ်ခန့်တွင် မြောက်ဒဂုံ၌ အိမ်ငှားနေသည့် ဆရာချောထံမှ ကျနော့်ဆီ စာတိုတစ်စောင် ရောက်လာသည်။

ဒေါက်တာလွဏ်း …

ဒေါက်တာလွဏ်း တွန်းလွှတ်ရှန်တိန်လုပ်လိုက်တဲ့ မောင်ချောနွယ်ဆိုတဲ့ ရထားကြီး မြောက်ဒဂုံမှာ ဆိုက်ကပ် နေပါပြီ။ အသည်းအသန် နာမကျန်းဖြစ်နေပါတယ်။ အဆင်ပြေရင် ဟဲမင်းဝေနဲ့ ဆေးဖိုးဝါးခလေး မစပါဦး။

သင့် …
ချော

ဆရာချောရေးသည့် စာသားအတိအကျကို ကျနော်မမှတ်မိတော့။ သို့သော် စာက ယခုအဓိပ္ပါယ်အတိုင်း တိုတို တုပ်တုပ်ပင်။ ဆရာချောမဆုံးမီ နှစ်ပတ်လောက်တွင် ဟဲမင်းဝေဆိုသည့် စာပေ၀ါသနာရှင်လေးနှင့် ထိုစာတို လေး ကျနော့်ဆီ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုနေ့ညနေက ၀ပ်ကျင်းရှိရာ (၂၇) လမ်း အောက်ဘလောက်ရှိ မြားနတ်မောင်မဂ္ဂဇင်းတိုက်ဆီသို့ ကျနော် ခပ် စောစော ပြန်ရောက်နေသည်။ အခါတိုင်းနေ့များတွင် ညနေ (၅) နာရီခန့်ဆိုလျှင် စာပေသမားများ ဆုံဆည်းရာ လေထန်ကုန်း လက်ဖက်ရည်ဆိုင်သို့ ကျနော် ပုံမှန်ချီတက်နေကျ။ လေထန်ကုန်း လက်ဖက်ရည်ဆိုင်တွင် ချိန်းထားသည့် ဧည့်သည်များနှင့်ရော မချိန်းဘဲတွေ့ရသည့် အနယ်နယ်အရပ်ရပ်မှ ကြုံရာဆုံရာ စာပေမိတ် ဆွေများနှင့်ပါ စကားဖောင်ဖွဲ့နေကျ၊ သို့တည်းမဟုတ် မဂ္ဂဇင်းအတွက် လိုအပ်သည့် ကိစ္စ၀ိစ္စမှန်သမျှ လုပ်စရာရှိ သည်ကို လုပ်၊ ပြီးလျှင် ရင်ဘတ်တူသူ မိတ်ဆွေအနုပညာသမား တစ်ဦးမဟုတ် သုံးလေးဦးနှင့် နေညိုချိန်ကို ဖြတ်သန်းရန် သင့်တော်သည့် စားသောက်ဆိုင် သို့မဟုတ် သေတင်းကုပ်တွေဆီကီု ချီတက်နေကျ။ ညဥ့်နက် နေကျ။

ထိုနေ့က ဘာကြောင့်ရယ် မမှတ်မိတော့။ မြားနတ်မောင်ဝပ်ကျင်းဆီကို ကျနော် စောစောပြန်ရောက်နေခဲ့သည်။ ဟဲမင်းဝေပြသည့် စာတိုလေးကိုဖတ်ရင်း အယ်ဒီတာစားပွဲတွင် ကျနော် ခေတ္တငိုင်နေမိသည်။ ဆရာချောစာ ကိုဖတ်ရင်း မျက်စိထဲတွင် “သတိ ပေါက်ကွဲတတ်သည်၊ တွန်းလွှတ်ရှန်တိန် မလုပ်ရ” ဟု ရေးထားသည့် ရထားတွဲကြီးများကို ပြေးမြင်သည်။ ကျနော်အကြံပြုတာ မှားသွားပြီးလား၊ ဆရာချောကို တကယ်ပဲ တွန်း လွှတ်ရှန်တိန် လုပ်လိုက်မိသလား တမဟုတ်ချင်း အတွေးတွေ စီတန်းသွားတော့သည်။ ဖျတ်ကနဲ သတိပြန် အကပ်တွင် အံဆွဲထဲမှ ငွေနှစ်ထောင်ထုတ်ပြီး ဟဲမင်းဝေကို ပေးလိုက်သည်။ သူက ဆရာချောဆီ ဘာမှာဦး မလဲ မေးသည်။ ဆရာချောကို လာကြည့်ဦးမည့်အကြောင်း ကျနော့်ပျက်ကွက်မှုများအပေါ် ဟဲမင်းဝေမှတစ် ဆင့် တောင်းပန်စကား ပါးလိုက်ပါသည်။

ဟဲမင်းဝေး ပြန်သွားပြီးနောက် အယ်ဒီတာစားပွဲတွင် ပြန်ထိုင်ပြီး ဆရာချောပေးလိုက်သည့် စာတိုလေးကို ကျနော် ပြန်ဖတ်နေမိသည်။ ဖတ်နေရင်း စိတ်ထဲကြေကြေကွဲကွဲ ခံစားရသည်။ ထိုစာလေးရပြီး နှစ်ပတ် လောက်အကြာတွင် ဆရာချော ဆုံးသည်။ မဂ္ဂဇင်း ဖောင်ပိတ်ချိန်၊ ရုံးတင်ချိန်တွေနှင့် တိုက်ဆိုင်နေသဖြင့် မဂ္ဂဇင်းကိစ္စတွေ ခေါင်းရှင်းသွားမှ ဆရာချောဆီ အေးအေးဆေးဆေး သွားမည်ဟု ပိုင်းဖြတ်ထားသော်လည်း ကွယ်လွန်ချိန်အထိ ဆရာချောဆီ ကျနော် မရောက်ဖြစ်ခဲ့။

♠ ♠ ♠ ♠ ♠

ထို့နေ့က ကျနော်နှင့် ဆရာချောနှစ်ယောက်တည်း အေးကဖီးတွင် လက်ဖက်ရည်သောက်ရင်း စကားပြောနေ ခဲ့သည်။ အေးကဖီးဆိုသည်က မြားနတ်မောင်မဂ္ဂဇင်းတိုက်ရှိရာ ပထမထပ်နှင့် မျက်စောင်းထိုးရှိ မြေညီထပ် အိမ်ဆိုင်ကလေးဖြစ်သည်။ စကားပြောရတာ အေးအေးဆေးဆေးရှိသည်။ ကျနော်က ဆရာချောကို သူ့မိ သားစုအတွက် အကြံပြုစကားတွေ ပြောနေမိသည်။ ဆရာချောကလည်း ကျနော်ပြောသည်ကို အသံတိတ် နား ထောင်ပြီး ခေါင်းငိုက်စိုက်ချ စဉ်းစားနေသည်။

“ဒီလိုပါ ဆရာချော … အိမ်ငှားဖို့အတွက် ဆရာချော ခဏခဏ စိတ်ပင်ပန်းနေရတာကို ကျနော် မခံစားနိုင်ဘူး။ ကြည့်လည်း မကြည့်ရက်ဘူး။ ဆရာချောအတွက် ထည့်ဝင်တဲ့ ရဲဘော်အားလုံးက ဆရာချောအပေါ် ရက် ရောပြီးသား၊ ဒါကိုလည်း သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် တစ်ခေါက်တလေ ဆရာချောလိုတဲ့အချိန်မှာ အဆင်မပြေတဲ့သူက မပေးနိုင်ခဲ့ရင် ဆရာချောလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျနော် အခုလို အကြံပြုတာပါ။ ဆရာချော လက်မခံဘူးဆိုလည်း ဆရာချောလိုတဲ့ အိမ်ငှားခကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျနော်ထည့်ဝင်မှာပါ။ အဲဒီအတွက်တော့ ဆရာချော ကျနော့်အပေါ် သံသ ယမရှိပါနဲ့။ ဒါပေမယ့် စမ်းချောင်းမှာ တစ်လ နှစ်သောင်းနဲ့ ခြောက်လတစ်ခါ ဆရာချော စိတ်ပင်ပန်းနေ ရတာထက်စာရင် ဒီငွေပမာဏပဲလေ ဆရာချော၊ မြောက်ဒဂုံလို နေရာမျိုးမှာ ခြောက်ထောင်လောက်နဲ့ ငှားနေ မယ်ဆိုရင် တစ်နှစ်ခွဲလောက် ဆရာချော စိတ်မပင်ပန်းရတော့ဘူးပေါ့။ အဲဒါဆို ကျနော်တို့လည်း ဆရာချော အတွက် ပိုစိတ်ချမ်းသာရမယ်။ ကျနော်က ဒီသဘော ပြောတာပါ။ ကျနော်ဆိုလိုတာကို ဆရာချော နားလည် မယ်ထင်ပါတယ်”

စကားပြောနေရင်း ဆရာချောကို ကျနော် အကဲခတ်ကြည့်ရှူနေမိသည်။ ဆရာချောကို ကြည့်ရသည်မှာ အား နည်းနေပြီး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိပုံ မပေါ်။ တစ်စုံတစ်ခု ဖိစီးနေသည့် အသွင်ပေါ်နေသည်။ ကျနော့် စကားအဆုံးတွင် ခေါင်းငိုက်စိုက်ချပြီး နားထောင်နေသည့် ဆရာချော နဖူးမှ ချွေးစေးတွေကို လက်နှင့်သပ်ချ ရင်း တိုးတိုညှင်းညှင်း စကားဆိုသည်။

“ဒေါက်တာလွဏ်း စေတနာကို ကျနော်နားလည်ပါတယ်။ နောက်ပြီး ဒေါက်တာလွဏ်းရဲ့ အကြံပြုချက်ဆိုရင် တော့ မမမြင့်ရော သမီးတွေကော လက်ခံမှာပါ။ ကျနော် အိမ်ရောက်ရင် အမြန်ဆုံး အရေးပေါ် အစည်းအဝေး ထိုင်လိုက်ပါမယ်။ ပြီးရင် ဒေါက်တာလွဏ်းဆီကို ပြန်လာခဲ့မယ်”

တစ်ရက်ခြားအကြာ နေ့လည်ခင်းတွင် မဂ္ဂဇင်းတိုက်ပေါ်သို့ ဆရာချောနှင့် မမမြင့် တက်လာသည်။ လင်မယား နှစ်ယောက်စလုံး အခန်းကျဉ်းလေးထဲရှိ ကျနော့်အယ်ဒီတာစားပွဲရှေ့တွင် ကျပ်ကျပ်တည်းတည်း ထိုင်ကြ သည်။ ထိုင်ထိုင်ချင်းပင် ဆရာချောက “ဒေါက်တာလွဏ်း အကြံပေးတာကို သမီးတွေကော တအိမ်သားလုံး ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီ။ အခုမြောက်ဒဂုံမှာ အိမ်ငှားဖို့ သမီးအလတ် စုံစမ်းနေတယ်။ ရတာနဲ့ ပြောင်းကြမယ် … ဒေါက်တာလွဏ်း ၀မ်းသာရအောင် မမမြင့်ကိုပါ ခေါ်လာပြီး လာပြောပြတာ” ဟု ၀မ်းသာ အားရ ပြောလေသည်။ မမမြင့်ကလည်း ပြုံးပြုံးပြုံးပြုံးနှင့် ထောက်ခံပြောဆိုသည်။ ကျနော်လည်း အတိုင်းမသိ ၀မ်းသာသွားပြီး ဆရာချောအား ကတိပြုထားသည့်ငွေကို အံဆွဲထဲမှ ချက်ချင်းထုတ်ပေးလိုက်သည်။ ဆရာ ချောတို့လင်မယား ပြုံးပြုံးရွှင်ရွှင် ပြန်သွားသည်ကို ကြည့်ရင်း ကျနော်ကြည်နူးနေမိပါသည်။

ဆရာချောအိမ်ငှားခါနီးတိုင်း ၀ိုင်းဝန်းထမ်းပိုးကြသည့် ရဲဘော်တစ်ကျိပ်ကျော်လောက်ရှိသည်ဟု ကျနော်မှတ်မိ နေသည်။ ပြည်ကနေ ဖောင်ဖျက်လာပြီး ဆရာချောတို့မိသားစု ပထမဆုံးအခေါက် အိမ်ငှားနေဖို့ ကြိုးပမ်းစဉ်က ဖြစ်သည်။ တစ်ရက်တွင် ဆရာချောနှင့် မမမြင့် မဂ္ဂဇင်းတိုက်ပေါ်ရောက်လာသည်။ အခြေအနေကို အကျဉ်းရုံး ပြောပြသည်။ ထို့နောက် ဆရာချောက ကျနော့်ကို စာရွက်လေးတစ်ရွက် ပေးဖတ်သည်။ စာရွက်ပေါ်တွင် နာမည်တွေ တန်းစီရေးထားပြီး အမည်တစ်ခုချင်းဘေးတွင် ငွေပမာဏတွေကို စီရေးထားတာတွေ့ရသည်။ ကျနော့်နာမည်အပါအ၀င် နာမည်တစ်ဒါဇင်လောက် ရှိမည်ထင်သည်။ ဆရာမောင်သစ်မင်း၊ ဆရာသုခမိန်လှိုင်၊ ဆရာဝင်းမင်းထွေး၊ ဆရာမုတ်သုန်၊ ဆရာမောင်ပြည့်မင်းတို့၏ နာမည်တွေကိုတော့ ကျနော်မှတ်မိနေသည်။ စာဖတ်အပြီးတွင် ဆရာချောက “အဲဒါပဲ ဒေါက်တာလွဏ်းရေ … ကျနော့်မှာလည်း အရေးအကြောင်းဆို စိတ်ချလက်ချ ဖက်တွယ်ရဲတဲ့ ရဲဘော်က တစ်ကျိပ်ပိုပိုရယ်” ဟု ပြောပြီး ကျနော့်ကို နွမ်းနယ်သည့်အပြုံးနှင့် ကြည့်နေလေသည်။ ကျနော် ဆရာချောအပြုံးကို အလျင်အမြန် နားလည်လိုက်ပြီး “အိုကေ ဆရာချော၊ နိုးပရော်ဘလမ် … ဘယ်နေ့လောက်ရရင် ဆရာချော အဆင်ပြေမလဲ၊ အခုလောလောဆယ်တော့ မဂ္ဂဇင်းမဖြန့် ရသေးလို့” ဟု ပြောကာ ရက်ချိန်းသာ ပေးလိုက်ပါတော့သည်။

ထိုမှ တစ်ခေါက် … နှစ်ခေါက် … သုံးခေါက်မြောက်တွင် ဆရာချောအား အထက်က အကြံပြုစကားကို ကျနော် ပြောဖြစ်ခဲ့ခြင်း ဖြစ်မည်ထင်သည်။

♠ ♠ ♠ ♠ ♠

တကယ်တော့ ဆရာချောကို ကျနော်တို့ ထမ်းပိုးနိုင်ခဲ့သည်က နှမ်းတစ်စေ့လောက်တောင် ရှိမည်မထင်။ သို့ သော် ဆရာချော ကျနော်တို့အပေါ် ကြဲချပေးခဲ့သည့် ကဗျာကောင်း၊ စာကောင်းတွေကတော့ နှမ်းပုံကြီးတစ်ပုံ စာမက အတိုင်းအဆမရှိ ထုထည်ကြီးမားလွန်းခဲ့ပါသည်။ ဆရာချော၏ ကဗျာကျေးဇူးတွေကို ဆပ်မည်ဆိုလျှင် မိခင်နို့ဖိုးကို ကျေအောင်ဆပ်ဖို့ ကြိုးစားသလိုပင် ဖြစ်လိမ့်မည်ထင်သည်။ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နယ် တွင် ပေးဆပ်သူ သူရဲကောင်းများက ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်း မဖောက်မပြန် မွေးမြူပေးဆပ်ခဲ့ကြ သော်လည်း ရယူခဲ့ကြသည့် ကျနော်တို့က တာဝန်ကျေအောင် မထမ်းပိုးနိုင်ခဲ့ကြ။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ တွင် တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ခဲ့ကြရသည့် ကျနော်တို့အနေနှင့် ဆရာချောအပေါ် တာဝန်မကျေ နိုင်ခဲ့သလို အခြားအခြားသော ထမ်းပိုးထိုက်သူ အားလုံးအပေါ်လည်း ကျနော်တို့ တာဝန်မကျေနိုင် ဖြစ်ခဲ့ရ သည့်အတွက် တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသည်။ သို့ပေမယ့် ဆရာချောတို့လို ပေးဆပ်သူ တွေက ခွင့်လွှတ်နားလည်ပေးခဲ့ကြသည်လေ။

ဆရာချောတို့က ခွင့်လွှတ်လေလေ ကျနော်တို့မှာ ပိုကြေကွဲရလေ ပိုပြီးလွမ်းဆွတ်ရလေပါ ဆရာချော …
အဲဒီလွမ်းဆွတ်မှုတွေနဲ့ပဲ ဆရာချောတို့အပေါ် ကျနော်တို့ရဲ့ တာဝန်မကျေခဲ့မှုတွေကို ဖြေသိမ့်ပါရစေတော့ … မြားနတ်မောင်မှာ ရေးဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ တာဝန်ခံအယ်ဒီတာစကား (ကဗျာ) လေးနဲ့ပဲ ဆရာချောကို နှုတ် ဆက်ဂုဏ်ပြုပါရစေတော့ …

ကဗျာဆရာ မောင်ချောနွယ် (သို့မဟုတ်) ဟိမ၀န္တာကျားသစ်နက်

“ကဗျာဆရာဆိုတာ
ကမ္ဘာပေါ်မှာ အရှားပါးဆုံး
ဟိမ၀န္တာကျားသစ်နက် ဖြစ်ခဲ့ပါတယ်။”

မောင်ချောနွယ်
(ရေနံအစမ်းတွင်းတစ်တွင်းရဲ့ အိုင်ထွန်းမှုမှ …)

၅-၉-၂၀၀၂
‘ကိုချောရေ … သွားတော့’
ဒီအသံနက်ကြီးထဲ ကြက်သီးမွေးညင်းထခဲ့
မမေ့နိုင်စရာ
အဘိဓမ္မာတူသူတွေရဲ့ ဆို့နင့်သံ
ယုံကြည်ချက်တူသူတွေရဲ့ ကြေကွဲသံ
ခံစားချက်တူသူတွေရဲ့ ပင့်သက်ရှိုက်သံ
ကဗျာဆရာတွေရဲ့ ပေါက်ကွဲငိုကြွေးသံ
…………….. အသံတွေ
…………….. အသံတွေ
နျူကလီးယား မှိုပွင့်ကြီးအလား
ပေါင်းစည်းလွင့်တက်သွား
ဆရာချော ကောင်းရာသုဂတိလားပါစေ။

၅၃ နှစ်သား
ဟိမ၀န္တာကျားသစ်နက်ကြီးရေ …
မသေချာမှုတောနက်ထဲ ကျင်လည်ကျက်စားရင်း
ကဗျာမြားအစင်းစင်း ပစ်ခွင်းရင်း
သေချာမှုတစ်ခုနဲ့ ထွက်ခွာသွားခဲ့ပြီလား
ကျွန်တော်တို့ နှလုံးသားတွေထဲက
နားလည်မှုတေးသွားတွေကတော့
အပြာရောင်မိုးကောင်ကင်ထက်မှာ
ထာဝရ လွင့်ပျံနေမှာပါ။

ခွေးခြေပုကလေးတွေမှာ ထိုင်ရင်း
ကျွန်တော်တို့ ကျောချင်းကပ်ခဲ့ကြတယ်၊
ဖန်ခွက်ချင်း ထိခတ်သံတွေနဲ့
ကျွန်တော်တို့ ရင်ချင်းအပ်ခဲ့ကြတယ်လေ။

၃၃ လမ်း လေထန်ကုန်းမှာ
မြားနတ်မောင် အယ်ဒီတာစားပွဲမှာ
၂၇ လမ်းက အေးကဖီးမှာ
စမ်းချောင်းက ဆရာချောနဲ့ မမမြင့်တို့ရဲ့ ချစ်ရိပ်မြုံမှာ
၃၅ လမ်းက ငွေနှင်းဖြူနဲ့ ရှမ်းရိုးရာမှာ
ကဗျာစကား စာစကားတွေ
ထွေရာလေးပါး ပြောကြရင်း
နှလုံးသားချင်း ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ရင်း
ကျွန်တော်တို့ နွေးထွေးခဲ့ကြတယ်လေ။

သေခြင်းနဲ့ ရှင်ခြင်းအကြား
ရယူခြင်းနဲ့ ပေးဆပ်ခြင်းအကြား
ဗျာများနေကြတဲ့ လူတွေထဲမှာ
ဆရာချောဟာ
မြေကမ္ဘာကို ကဗျာတွေနဲ့
သေတစ်ပန်သက်တစ်ဆုံး အလုပ်အကျွေးပြုခဲ့သူပါ။

အဖိုးမဖြတ်နိုင်တဲ့
ဆရာချောရဲ့ ကဗျာကျေးဇူးတွေဟာ
တန်ဖိုးသိသူတွေရဲ့ နှလုံးသားမှာ
ထာဝရ မှတ်ကျောက်တင်ရစ်နေမှာပါ။

ကြေကွဲခြင်းများစွာနဲ့
နောက်ဆုံးနှုတ်ဆက်ဆုတောင်းလိုက်ပါတယ်
‘ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှု
ရိုးသားမှုနဲ့ အမှန်တရား
စာနာမှုတရားနဲ့ ချစ်ခြင်းမေတ္တာ
ကဗျာနဲ့ အလှသစ္စာတရား
တစ်ဘ၀လုံး ဖက်တွယ်သွားတဲ့ ဆရာချော
မြင့်မြတ်သောဘုံသို့ ရောက်ရှိစံပျော်နိုင်ပါစေ’ ။ ။

(၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလထုတ် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းမှ …)

ဒေါက်တာလွဏ်းဆွေ

(ဒုတိယအကြိမ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)

အပြည့်အစုံသို့...